ဘုရားဘုန်းတော်၏ သရုပ်သကန်ဖြစ်ရန် ကြိုးစားလော့ကျူး
၁ ခန္ဓာနှင့်အသွေးအသားတို့နှင့် သက်ဆိုင်သောသူအားလုံးသည် ဘုရားသခင်၏ လမ်းပြခြင်းကို ခံရသော်လည်း စာတန်၏ကျွန်အဖြစ်နှင့်လည်း နေကြသဖြင့် တပ်မက်ခြင်းကြောင့်ဖြစ်စေ၊ ကြည်ညိုမှုကြောင့်ဖြစ်စေ၊ ၎င်းတို့၏ပတ်ဝန်းကျင်၏ အစီအမံများကြောင့်ဖြစ်စေ လူတို့အချင်းချင်း မည်သည့်အခါကမျှ ပုံမှန်ဆက်ဆံရေး မရှိဖူးပေ။ ထိုသို့သော မူမမှန်သည့်ဆက်ဆံရေးများသည် ဘုရားသခင် အမုန်းတီးဆုံးဖြစ်သဖြင့် ထိုကဲ့သို့သော ဆက်ဆံရေးများကြောင့် “ငါလိုချင်သော အရာမှာ အသက်နှင့် ပြည့်ဝသော ရှင်သန်နေသည့် ဖန်ဆင်းခံအရာများပင် ဖြစ်ပြီး၊ သေခြင်းတရားထဲတွင် နစ်မွန်းနေခဲ့ကြသည့် အလောင်းကောင်များ မဟုတ်။ နိုင်ငံတော်၏စားပွဲ၌ ငါသည် လဲလျောင်းနေသည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်မှ လူများအားလုံးကို ငါ၏ စစ်ဆေးခြင်းအား လက်ခံရန် ငါမိန့်ကြားမည်” ဟူသည့် နှုတ်ကပတ်တော်များ ဘုရားသခင်၏နှုတ်မှ ထွက်ခြင်းဖြစ်သည်။
၂ ဘုရားသခင်သည် စကြဝဠာတစ်ခုလုံး၏အထက်၌ ရှိသည့်အခါ သူသည် နေ့စဉ် ဇာတိခန္ဓာနှင့်အသွေးအသားနှင့် သက်ဆိုင်သူများ၏ လုပ်ဆောင်ချက်တိုင်းကို ကြည့်၍ တစ်ခုကိုမျှ သတိမမူမိခြင်း မရှိပေ။ ဤသည်တို့မှာ ဘုရားသခင်၏လုပ်ဆောင်ချက်များ ဖြစ်သည်။ ထို့ကြောင့် ငါသည် လူအားလုံးအား ၎င်းတို့၏ အတွေးများ၊ အကြံဉာဏ်များနှင့် ပြုလုပ်မှုများကို စစ်ဆေးရန် တိုက်တွန်း၏။ သင်သည် ဘုရားသခင်အတွက် အရှက်၏သင်္ကေတလက္ခဏာတစ်ရပ်ဖြစ်ရန် ငါမတောင်းဆိုသော်လည်း ဘုရားသခင်၏ ဘုန်းတော်၏သရုပ်သကန်တစ်ရပ်ဖြစ်ရန်နှင့် သင်၏လုပ်ဆောင်မှု၊ စကားများနှင့် အသက်တာများအားလုံး၌ သင်သည် စာတန်၏ လှောင်စရာများ မဖြစ်ရန်သာ ငါတောင်းဆို၏။ ဤသည်မှာ လူတိုင်းအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။