ဇာတိပကတိသည် သင့်ပန်းတိုင်ကို ဖျက်ဆီးနိုင်၏ကျူး
၁ အကယ်၍ လူများသည် လူ့အသက်တာ၏ လမ်းကြောင်းမှန် သာမက ဘုရားသခင်၏ လူသားမျိုးနွယ် ကို စီမံခန့်ခွဲသည့် ရည်ရွယ်ချက်ကိုပါ အမှန်တကယ် အပြည့်အဝ နားလည်ပါက၊ ၄င်းတို့အနေဖြင့် တစ်သီး ပုဂ္ဂလအနာဂတ်နှင့် ကံကြမ္မာကို ၄င်းတို့၏ နှလုံးသားတွင် ရတနာတစ်ပါးအဖြစ် ကိုင်စွဲထားမည် မဟုတ်ပေ။ ၄င်းတို့သည် ဝက်များနှင့် ခွေးများထက် ဆိုးဝါးသည့် ၄င်းတို့၏ မိဘများကို ဆက်လက်၍ အစေကျွန်ခံရန် ဆန္ဒရှိမည် မဟုတ်တော့ပါ။ ၄င်းတို့အနေဖြင့် မည်သည့်အရာအထဲသို့ ဝင်ရောက်သင့် ကြောင်း၊ ကြီးစွာသော ဆင်းရဲဒုက္ခ ကျရောက်ချိန်တွင် (မီးဖိုကြီး၏ စစ်းဆေးပြုပြင်ခြင်း အတောအတွင်းကို ဆိုလိုသည်) မည်သည့်အရာအထဲသို့ ဝင်ရောက်သင့်သည်ကို အထူးသဖြင့် ဝေခွဲသင့်ကြောင်းနှင့် မီးဖြင့် စမ်းသပ်စစ်ဆေးမှုတွင် မည်သည့်အရာကို ယူတင်ဝတ်ဆင် ထားသင့်ကြောင်း စသည်တို့နှင့် ပတ်သက်သော စေ့စပ်သေချာသည့် နားလည်မှုကို ၎င်းတို့အားလုံး၌ ရှိသင့်သည်။ ဝက်များနှင့် ခွေးများပမာ သို့မဟုတ် ပုရွက်ဆိတ်များနှင့် ပိုးကောင်များထက် ဆိုးဝါးသည့် သင်၏ မိဘများ (ဇာတိပကတိကို ဆိုလိုပါသည်) ကိုသာ အစဥ်တစိုက် အစေကျွန် ခံမနေပါနှင့်။ ယင်းအပေါ်ကို သောကပွားပြီး ပြင်းပြင်းထန်ထန် စဉ်းစားကာ သင်၏ ဦးနှောက်ကို ခြောက်အောက်လုပ်နေခြင်းမှာ အဘယ်ကျေးဇူး ရှိသနည်း။
၂ ဇာတိပကတိသည် သင်နှင့် မသက် ဆိုင်သော်လည်း၊ ယင်းသည် သင့်ကို ထိန်းချုပ်ရုံသာမက စာတန်ကိုပင် အမိန့်ပေးသော ဘုရားသခင်၏ လက်၌ ရှိသည်။ (ဇာတိပကတိကို စာတန်မှ ပိုင်သည်ဟု နဂိုကဆိုလိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စာတန် သည်လည်း ဘုရားသခင်၏ လက်၌ ရှိသည့်အတွက်ကြောင့် ဤကဲ့သို့သာ ဆိုနိုင်ပါသည်။ ယင်းကို ဤသို့သော နည်းလမ်းနှင့် ပိုဆွဲဆောင်အောင် ပြောနိုင်သည့်အတွက် ဖြစ်သည်- ယင်းက လူများသည် စာတန်၏ အုပ်စိုးမှု အောက်တွင် လုံးဝရှိနေခြင်း မဟုတ်ပဲ၊ ဘုရားသခင်၏ လက်၌ရှိသည်ဟု ဆိုလိုပါသည်။) သင်သည် ဇာတိ ပကတိ၏ နှိပ်စက်မှု အောက်၌ အသက်ရှင်နေသော်လည်း၊ ဇာတိပကတိသည် သင်နှင့် သက်ဆိုင်ပါ၏လော။ ယင်းသည် သင်၏ ထိန်းချုပ်မှု အောက်၌ ရှိပါ၏လော။ အဘယ့်ကြောင့် ထိုအပေါ်တွင် သင်၏ ဦးနှောက်ကို အခြောက်ခံ နေရသနည်း။ ကြာမြင့်စွာ ကတည်းမှ ရှုတ်ချခြင်း ခံထားရကာ ကျိန်ခြင်းခံထားရသော မသန့်ရှင်း သည့် ဝိညာဉ်များကြာင့် ညစ်ညမ်းနေသော သင်၏ ပုပ်ပျက်နေသည့် ဇာတိပကတိအတွက် ဘုရားသခင်ထံမှာ အဘယ်ကြောင့် လွန်လွန်ကဲကဲ အသနားခံနေရသနည်း။ စာတန်၏ အပေါင်းအပါများကို သင်၏ နှလုံးသား အနီး၌ အမြဲထားဖို့ အဘယ့်ကြောင့် အပင်ပန်းခံ နေမည်နည်း။ ဇာတိပကတိက သင်၏ စစ်မှန်သော အနာဂတ်၊ အံ့သြဖွယ် မျှော်လင့်ချက်များနှင့် သင့်ဘဝ၏ ခရီးပန်းတိုင် အစစ်အမှန်အား ဖျက်ဆီးမည်ကို သင်မစိုးရိမ် သလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။