ယောဘနှင့် ပေတရုကဲ့သို့ သက်သေခံများ ဖြစ်လော့
၁
သင်သည် သိမ်းပိုက်ခြင်းကို ခံရပြီဟု ဆိုကောင်းဆိုနိုင်သော်လည်း သင်သည် သေသည့်တိုင်အောင် နာခံနိုင်သလော။
သင်၏အလားအလာများကို ပဓာနမထားဘဲ အဆုံးအထိ သင် လိုက်နာရမည်။
ပတ်ဝန်းကျင်အခြေအနေ မည်သို့ပင် ရှိစေကာမူ၊ သင်၏ပတ်လည်၌ မည်သည့်အရာ ဖြစ်ပျက်စေကာမူ၊
သင်၏ယုံကြည်ခြင်းကို မပျက်ပြားစေရ။
သေသည့်တိုင်အောင် နာခံခြင်း ရှိသည့် ယောဘကဲ့သို့ ဖြစ်လော့။
ဘုရားသခင်အပေါ် ကြီးမြတ်သောချစ်ခြင်းမေတ္တာရှိသည့် ပေတရုကဲ့သို့ ဖြစ်လော့။
၂
သင်သည် ယောဘကဲ့သို့ ဖြစ်ရမည်။
ဆင်းရဲပြီး ဇာတိပကတိ၌ ဝေဒနာခံစားရသောအခါ၊
သူသည် ယေဟောဝါ၏ နာမကို မည်သည့်အခါမျှ ကျောခိုင်းခဲ့ခြင်း မရှိပေ။
သင်သည် ဘုရားသခင်ကို သေသည့်တိုင် ချစ်သော ပေတရုကဲ့သို့ ဖြစ်ရမည်၊
လက်ဝါးကပ်တိုင်ပေါ်၌ သူ၏နောက်ဆုံးထွက်သက်အထိပင်ဖြစ်၏။
ပတ်ဝန်းကျင်အခြေအနေ မည်သို့ပင် ရှိစေကာမူ၊ သင်၏ပတ်လည်၌ မည်သည့်အရာ ဖြစ်ပျက်စေကာမူ၊
သင်၏ယုံကြည်ခြင်းကို မပျက်ပြားစေရ။
သေသည့်တိုင်အောင် နာခံခြင်း ရှိသည့် ယောဘကဲ့သို့ ဖြစ်လော့။
ဘုရားသခင်အပေါ် ကြီးမြတ်သောချစ်ခြင်းမေတ္တာရှိသည့် ပေတရုကဲ့သို့ ဖြစ်လော့။
၃
ပေတရုသည် အနာဂတ်တွင် မည်သို့ ဖြစ်လိမ့်မည်၊
သူ၏ဘုန်းထင်ရှားသော မျှော်လင့်ချက်များ၊ လွန်ကဲသောအတွေးများကို မတွေးခဲ့ပေ၊
သူ အစေခံခဲ့သော ဘုရားသခင်ကိုသာ ချစ်ရန် ကြိုးပမ်းခဲ့ပြီး
ကိုယ်တော်၏ စီမံမှုအားလုံးကို နာခံခဲ့၏။
ပတ်ဝန်းကျင်အခြေအနေ မည်သို့ပင် ရှိစေကာမူ၊ သင်၏ပတ်လည်၌ မည်သည့်အရာ ဖြစ်ပျက်စေကာမူ၊
သင်၏ယုံကြည်ခြင်းကို မပျက်ပြားစေရ။
သေသည့်တိုင်အောင် နာခံခြင်း ရှိသည့် ယောဘကဲ့သို့ ဖြစ်လော့။
ဘုရားသခင်အပေါ် ကြီးမြတ်သောချစ်ခြင်းမေတ္တာရှိသည့် ပေတရုကဲ့သို့ ဖြစ်လော့။
၄
ဤအရာမှာ သင် သက်သေခံရန်၊
သိမ်းပိုက်ခြင်းကို ခံရပြီးနောက် စုံလင်စေခြင်းကို ခံရပြီးသော သူတစ်စုံတစ်ဦး သင် မဖြစ်မီ၊ သင် ရရှိရမည့် စံနှုန်း ဖြစ်သည်။
ပတ်ဝန်းကျင်အခြေအနေ မည်သို့ပင် ရှိစေကာမူ၊ သင်၏ပတ်လည်၌ မည်သည့်အရာ ဖြစ်ပျက်စေကာမူ၊
သင်၏ယုံကြည်ခြင်းကို မပျက်ပြားစေရ။
သေသည့်တိုင်အောင် နာခံခြင်း ရှိသည့် ယောဘကဲ့သို့ ဖြစ်လော့။
ဘုရားသခင်အပေါ် ကြီးမြတ်သောချစ်ခြင်းမေတ္တာရှိသည့် ပေတရုကဲ့သို့ ဖြစ်လော့။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။