၈၂၉ ဘုရားအတွက် သက်သေခံရန် သင်အမှန်တကယ် ယုံကြည်ချက်ရှိသလောကျူး
သင်တို့၏ ယုံကြည်ခြင်းသည် လွန်စွာစစ်မှန်သော်လည်း၊ သင်တို့အထဲမှ မည်သူမျှ ငါ့အကြောင်းကို အပြည့်အဝ မပြောပြနိုင်ကြ၊ မည်သူမျှ သင်တို့ မြင်သည့် အချက်အလက်များအားလုံးကို အပြည့်အဝ သက်သေမခံနိုင်ကြချေ။ ယနေ့တွင်၊ သင်တို့အများစုသည် သင်တို့၏ တာဝန်များကို ပျက်ကွက်နေကြ၏၊ ယင်းအစား ဇာတိပကတိကို လိုက်စားနေကြသည်၊ ဇာတိပကတိကို ဆန္ဒဖြည့်နေကြပြီး ဇာတိပကတိကို လောဘတကြီး မွေ့လျော်ခံစားနေကြ၏။ သင်တို့သည် မပြောပလောက်သော သမ္မာတရား ပိုင်ဆိုင်ကြ၏။ သို့ဆိုလျှင် သင်တို့ မြင်ပြီးသမျှအားလုံးအဖို့ မည်သို့ သက်သေခံနိုင်မည်နည်း။ သင်တို့သည် ငါ၏သက်သေများဖြစ်နိုင်သည်ဟု အမှန်တကယ် မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချနိုင်ကြသလော။ ယနေ့ သင် မြင်တွေ့ပြီးသမျှအားလုံးကို သင် သက်သေမခံနိုင်သည့်နေတစ်နေ့ ရောက်လာပါက၊ သင်သည် ဖန်ဆင်းခံသတ္တဝါများ၏ အသုံးဝင်မှု ဆုံးရှုံးပြီး ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်၏ တည်ရှိခြင်းအတွက် မည်သည့်အဓိပ္ပါယ်မျှ ရှိမည်မဟုတ်ပေ။ သင်သည် လူသားတစ်ဦး ဖြစ်ထိုက်လိမ့်မည် မဟုတ်။ သင်သည် လူသားတစ်ဦး ဖြစ်လိမ့်မည် မဟုတ်ဟုပင် ပြော၍ရနိုင်သည်။ ငါသည် သင့်အပေါ် အတိုင်းမသိ အမှုကို လုပ်ဆောင်ပြီးဖြစ်သော်လည်း၊ သင်သည် လောလောဆယ်တွင် မည်သည့်အရာကိုမျှ သင်ယူမနေ၊ မည်သည့်အရာမျှ မသိသကဲ့သို့ သင်၏ အားထုတ်မှုများ မထိရောက်သောကြောင့်၊ ငါ၏အမှုကို တိုးချဲ့ရန် ငါ့အတွက် အချိန်ကျလာသည့်အခါတွင်၊ သင်သည် အာစေးထည့်ထား၍ လုံးဝ အသုံးမကျဘဲ ငေးကြောင်ကြည့်ရုံသာ ကြည့်လိမ့်မည် ဖြစ်သည်။ ယင်းက သင့်ကို အစဉ်အမြဲ အပြစ်သား ဖြစ်စေမည် မဟုတ်လော။ အချိန်ကျသည့်အခါ၊ သင်သည် အကြီးမားဆုံးသော နောင်တ ခံစားရမည် မဟုတ်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်