၈၂၈ အဆင်းနီသော နဂါးကြီးရှေ့တွင် ဘုရားကို သင်သက်သေခံနိုင်သလောကျူး
နောက်ဆုံးသောကာလ၏ လူစုထဲက ငါ၏အမှုသည် မကြုံစဖူးသော လုပ်ငန်းတစ်ခု ဖြစ်ပြီး၊ ထို့ကြောင့်၊ ငါ၏ဘုန်းအသရေသည် စကြဝဠာကို ပြည့်နိုင်ဖို့အလို့ငှာ၊ လူအားလုံးသည် ငါ့အတွက် နောက်ဆုံးသော ဆင်းရဲဒုက္ခကို ခံစားကြရမည်။ သင်တို့သည် ငါ၏ အလိုကို နားလည်ကြသလော။ ဤသည်မှာ လူသားနှင့်သက်ဆိုင်သည့် ငါပြုသော နောက်ဆုံးသတ်မှတ်ချက်ဖြစ်သည်၊ လူအားလုံးသည် အဆင်းနီသောနဂါးကြီးရှေ့တွင် အားကောင်းသည့်၊ ထူးကဲသော သက်သေကို ခံနိုင်ကြရန်၊ ၎င်းတို့သည် နောက်ဆုံးသော အကြိမ် မိမိတို့ကိုယ်ကိုယ် ငါ့အတွက် ပူဇော်နိုင်ပြီး၊ နောက်ဆုံးအကြိမ် ငါ၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ငါမျှော်လင့်သည်။ သင်တို့သည် ဤအရာကို အမှန်တကယ် လုပ်ဆောင်နိုင်ကြသလော။ အတိတ်တွင် သင်တို့သည် ငါ၏စိတ်နှလုံးကို ကျေနပ်စေနိုင်စွမ်း မရှိခဲ့ကြချေ- နောက်ဆုံးအကြိမ်တွင် သင်တို့သည် ဤပုံစံကို ချိုးဖျက်နိုင်ကြမည်လော။ ငါသည် လူတို့ကို ဆင်ခြင်သုံးသပ်ရန် အခွင့်အရေး ပေးသည်။ ငါ့ကို နောက်ဆုံး အဖြေတစ်ခု မပေးမီ ၎င်းတို့အား သေချာစွာ တွေးဆခွင့်ပေးသည်။ သင်တို့သည် ငါ၏သတ်မှတ်ချက်များကို ဖြည့်ဆည်းရန် ယုံကြည်ခြင်းရှိကြသလော။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၃၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်