အောင်နိုင်သူများသည် ဘုရားသခင် အတွက် ထူးကဲလှစွာ သက်သေခံသူများဖြစ်ကြသည်
၁
ဘုရားကိုယုံကြည်ခြင်းမှာ နာခံခြင်းနှင့်
ဘုရား၏အလုပ်ကို တွေ့ကြုံခြင်းတို့ လိုပါသည်
သူသည် များစွာ လုပ်ဆောင်ခဲ့တယ်
သူ့အလုပ်သည် အလုံးစုံ စုံလင်အောင်ပြုခြင်း၊ စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းများသာ
လူသား မျှော်လင့်ထားတဲ့အရာမဟုတ်ပါ
သူတို့ သာယာသောအရာမှာ ဘုရား၏ပြင်းထန်သော နူတ်ကပတ်တော်များပါ
ဘုရား ကြွလာသောအခါ လူသားသည် သူ၏ အမျက်နှင့် ဘုန်းတန်ခိုးကို လိုလားသင့်ပေသည်။
သူ၏နူတ်ကပတ်တော်များက ပြင်းထန်သော်လည်း သူက လူသားများအား ကယ်တင်၍ စုံလင်စေသည်
၂
ဖန်ဆင်းခြင်းခံအနေနှင့် လူသားသည် သူတို့၏တာဝန်ကို ထမ်းဆောင်ပြီး
စစ်ဆေးခြင်း၌ ဘုရားကို သက်သေခံသင့်ပါသည်
စုံစမ်းခြင်းအ မှု၌ လူသည် ဘုရားအတွက် ပြတ်သားစွာ သက်သေခံခြင်းကို ပြုသင့်သည်။
ဘုရားအတွက် ထူးကဲလှစွာ သက်သေခံခြင်းပြုသင့်တာ
ဘယ်လောက်ပင် စစ်ဆေးခြင်းခံရပါစေ၊ ဘုရားအပေါ် ယုံကြည်စိတ်ချပါ
ဘယ်တော့မှ ယုံကြည်ခြင်း မဆုံးရှုံးပါစေနှင့်။ သင်လုပ်သင့်တာကိုသာ လုပ်ဆောင်ပါ
လူသားဆီမှ ဘုရားလိုအပ်တာ ဒီအရာပါ
သင့်နှလုံးသားကို သူ့အား အပြည့်အဝ ပြန်ပေးပါ။
အချိန်တိုင်း သူ့နံဘေးမှာ ရှိနေပါ
ဤသည်မှာ အောင်နိုင်သူတစ်ယောက်ဖြစ်သည်
၃
အောင်နိုင်သူများသည် ဘုရားအတွက် သက်သေခံ၍
ယုံကြည်မှုထားကာ အလုံးစုံ ဆည်းကပ်သူများသာ
စာတန်ရဲ့စွမ်းအားအောက်ရောက်သောအခါတောင်
စာတန်သည် သူတို့အား အမှောင်စွမ်းအားနှင့် ၀ိုင်းရံထားသော်လည်း
သင်သည် သန့်စင်သော နှလုံးသားနှင့် ဘုရားအတွက် စစ်မှန်သောအချစ်ကို
ဘာလိုဖြစ်ဖြစ် ဆက်လက်ထိန်းသိမ်းထားမည်ဆိုပါက
သင်သည် ဘုရား၏မျက်မှောက်တော်ရှေ့တွင် သက်သေခံနေခြင်းသာဖြစ်သည်
သင်သည် ဘုရားကိုယ်တိုင် အောင်နိုင်သူလို့ခေါ်သောသူတစ်ယောက်သာ
၄
သင်၏ရပ်တည်မှုသည် ဘုရားသခင်မှ သင့်ကို စုံလင်အောင်ပြုလုပ်ခြင်းတွင် အရေးပါသည်
သူ၏အလုပ်ကို သံသယမဖြစ်နဲ့၊ သင်၏တာဝန်ကို ထမ်းဆောင်ပါ
ဘုရား သင့်ကို လက်တွေ့ကျင့်သုံးစေချင်သည်ကို ထိန်းသိမ်းပါ
ဘုရား တိုက်တွန်းချက်ကို သတိရပါ
သူ ဘယ်အမှုကို ပြုပြု
သူ့တိုက်တွန်းချက်ကို မမေ့ပါနှင့် ဤသို့ဆက်လက်၍ရပ်တည်ပါ။
သက်သေခံလျက်၊ အောင်မြင်စွာ လျှောက်လှမ်းပါ။
ဘုရားသင့်ကို အောင်နိုင်သူဖြစ်စေရန် စုံလင်စေမည်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည်ဘုရားသခင်ကိုဝတ်ပြုဆည်းကပ်ခြင်းအစဉ်ပြုသင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။