အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၇၇ ပလ္လင်တော်ရှေ့သို့ ကျွန်ုပ်တို့ချီဆောင်ခံရကျူး

၁ ဖီလာဒဲဖီးယားအသင်းတော်သည် ရုပ်လုံးပေါ်လာခဲ့သည်မှာ ဘုရားသခင်၏ကျေးဇူးနှင့် ကရုဏာတော်ကြောင့်လုံးလုံးဖြစ်၏။ သန့်ရှင်းသူတို့မှာ ဘုရားသခင်အတွက် ၎င်းတို့၏မေတ္တာကို ရှေ့တော်သို့ဆောင်ယူခဲ့ကြပြီး ၎င်းတို့၏ ဝိညာဥ်ရေးလမ်းကြောင်းမှ ဘယ်သောအခါမျှ မယိမ်းယိုင်ခဲ့ကြ။ ၎င်းတို့သည် တစ်ပါးတည်းသော စစ်မှန်သောဘုရားသခင်မှ လူသားအဖြစ်ကို ခံယူခဲ့သည့်အကြောင်းကို ခိုင်မြဲစွာယုံကြည်ကြကာ ကိုယ်တော်သည် စကြဝဠာ၏ ဦးဆောင်သူ ဖြစ်ပြီး၊ အရာရာတိုင်းကို အုပ်ချုပ် လျက်ရှိ၏။ ယင်းအကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်ကလည်း အတည်ပြု၍ ယင်းအတွက် အလွန်တရာခိုင်မာသော သက်သေပြချက်၏ ပံ့ပိုးမှု လည်းရှိပေ၏။ ၎င်းသည် ဘယ်သောအခါမျှ မပြောင်းလဲနိုင်ပေ။ အိုး၊ အနန္တတန်ခိုးရှင်ဘုရားသခင်၊ ယနေ့တွင် ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာမျက်စိတို့ကို ကိုယ်တော်သည် ဖွင့်တော်မူလျက်၊ မျက်မမြင်များကို မြင်ခွင့်ပြုတော်မူခြင်း၊ ခြေမသန်သောသူများကို လမ်းလျှောက်စေခြင်းနှင့် နူနာရှိသူများကို အနာငြိမ်းစေခြင်းများပြုတော်မူ၏။ ကိုယ်တော်သည် မိုးကောင်းကင် ပြတင်းပေါက်ကို ဖွင့်လှစ်ပေးတော်မူခြင်းကြောင့် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာလောက၏ နက်နဲမှုများကို မြင်ခဲ့ကြရပါ၏။ ကိုယ်တော်၏သန့်ရှင်းသောနှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့ကို စိမ့်ဝင်ပျံ့နှံ့ကာ ကိုယ်တော်သည် ကျွန်ုပ်တို့အား စာတန်မှဖြစ်ပေါ်စေသော ဖောက်ပြန်ပျက်စီးသည့် လူ့သဘာဝမှ ကယ်တင်တော်မူခဲ့၏။ ၎င်းမှာ ကိုယ်တော်၏မဟာအမှုတော်နှင့် အံ့မခန်းသော ကရုဏာတော်ပင် ဖြစ်တော်မူ၏။ ကျွန်ုပ်တို့သည် ကိုယ်တော့်အတွက် သက်သေဖြစ်ကြပါ၏။

၂ ကိုယ်တော်သည် နှိမ့်ချကာ တိတ်ဆိတ်မှု၌ ကွယ်ဝှက်၍နေလာခဲ့သည်မှာ အတန်ကြာခဲ့ချေပြီ။ ကိုယ်တော်သည် ကားတင်ခံရခြင်းဒုက္ခနှင့် ရှင်ပြန်ထမြောက်ခြင်းတို့ကို ကြုံခဲ့ရပါ၏။ ကိုယ်တော်သည် လူသားဘဝ၏ဝမ်းမြောက်မှုနှင့်ဝမ်းနည်းမှုအပြင် ညှဉ်းဆဲခံရခြင်းနှင့် ဘေးဒုက္ခတို့ကိုလည်း သိခဲ့ပြီးဖြစ်၏။ ကိုယ်တော်သည် လူ့လောက၏ နာကျင်မှုကို မြည်းစမ်းခဲ့ရပြီး ခေတ်ကာလ၏ ပစ်ပယ်မှုကို ခံခဲ့ရပါ၏။ လူ့ဇာတိကိုခံယူသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင်ပင်ဖြစ်တော်မူ၏။ ဘုရားသခင်၏ အလိုတော်အဖို့ ကိုယ်တော်သည် ကျွန်ုပ်တို့ကို နွားချေးပုံမှ ကယ်တင်တော်မူခဲ့၍ ကိုယ်တော်၏ လက်ျာလက်တော်နှင့် ကျွန်ုပ်တို့အား ချီပင့်တော်မူ၏၊ ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်ုပ်တို့အား အခမဲ့ ပေးအပ်တော်မူခဲ့၏။ ကိုယ်တော်၏အသက်ကို ကျွန်ုပ်တို့အတွင်း ပုံဖော်ရန် မတွန့်မဆုတ် ကြိုးပမ်း၏၊ ကိုယ်တော်၏ သွေး၊ ချွေးနှင့် မျက်ရည်တို့ဖြင့် ပေးဆပ်ခဲ့သော အဖိုးအခသည် သန့်ရှင်းသူတို့အထဲတွင် ရှိနေပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်မှ အပင်ပန်းခံထားသောအားထုတ်မှုများ ပြုလုပ်ခံရာဖြစ်၏။ ကျွန်ုပ်တို့သည် ကိုယ်တော်ပေးဆပ်သည့် အဖိုးအခဖြစ်သည်။ အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်၏ချစ်ခြင်းမေတ္တာနှင့် ကရုဏာတော်၊ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်၊ ကိုယ်တော်၏ သန့်ရှင်းခြင်းနှင့် နှိမ့်ချခြင်းတို့ကြောင့် လူအားလုံးသည် ကိုယ်တော်ရှင်၏ ရှေ့၌ ထာဝရ ပျပ်ဝပ်၍ ကိုးကွယ်ကြလိမ့်မည်။

၃ ယနေ့၊ ကိုယ်တော်သည် အလုံးစုံသော အသင်းတော်တို့ကို ပြည့်စုံစေရာတွင်၊ ဖီလာဒဲဖီးယား အသင်းတော်သည် ကိုယ်တော်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ် ၏ အကောင်အထည်ဖော်မှုဖြစ်၏။ ယခု၊ ကိုယ်တော်၏ရှေ့တွင် သန့်ရှင်းသူတို့သည် နှိမ့်ချစွာဖြင့်နာခံနိုင်ကြ၏၊ ထိုသူတို့သည် တစ်ဦးနှင့်တစ်ဦး ဝိညာဉ်တော်၌ ဆက်သွယ်လျက်ရှိကြပြီး၊ ချစ်ခြင်းမေတ္တာဖြင့် တစ်ဦးနှင့်တစ်ဦး အတူပါရှိကြ၏။ ထိုသူတို့သည် စမ်းရေ၏မူလအရင်းအမြစ်နှင့် ဆက်သွယ်လျက်ရှိကြ၏။ ဘဝ၏ အသက်စမ်းရေသည် မရပ်မနား စီးဆင်းနေလျက် အသင်းတော် အတွင်းရှိ ညစ်ညမ်းမှုများနှင့် အနည်အနှစ်များအားလုံးကို သန့်စင်ဖယ်ရှား၍ ဆေးကြောလျက် ကိုယ်တော်၏ဗိမာန်တော်ကို တစ်ဖန်ထပ်၍ သန့်စင်၏။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝိညာဉ်များအတွင်းတွင် ဘုရားသခင်ကို အုပ်စိုးခွင့်ပြုပြီး ကိုယ်တော်နှင့်အတူ လျှောက်လှမ်းကြ၍၊ လူ့သဘာဝကိုကျော်လွန်သော အစွမ်းကိုရရှိပြီး၊ လောကကိုအောင်နိုင်ကာ၊ ကျွန်ုပ်တို့၏ဝိညာဉ်များသည် လွတ်လပ်စွာ ပျံသန်းလျက် လွတ်ခြင်းအခွင့်ကိုရရှိ၏၊ ၎င်းတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ရှင်ဘုရင်ဖြစ်ခြင်း၏ အကျိုးရလဒ်ပင် ဖြစ်ပေ၏။ ဘုရားသခင်နှင့်တက်ကြွစွာပူးပေါင်းဆောင်ရွက်လော့၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် အစေခံ၍ တစ်လုံးတစ်ဝတည်း ဖြစ်လော့၊ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းလော့၊ သန့်ရှင်းသောဝိညာဉ်တော်ဆိုင်ရာ ကိုယ်ခန္ဓာဖြစ်ရန် လျင်မြန်စွာဆောင်ရွက်လော့၊ စာတန်အား နင်းခြေ၍ ၎င်း၏ခရီးပန်းတိုင်ကို အဆုံးသတ်လော့။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ဘုရားသခင်၏တရားစီရင်ခြင်းကို အပြည့်အဝထုတ်ဖော်ပြီကျူး

နောက်တစ်ခုသို့:အနန္တတန်ခိုးရှင်ဘုရား၏ နာမတော် အကြောင်းကို တိုင်းနိုင်ငံအားလုံး၌ သက်သေခံပြီ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ