ဘုရားရဲ့နိုင်ငံတော် မြေကြီးပေါ်တွင် ပေါ်ထွန်းပြီ
၁
စစ်မှန်တဲ့ဘုရားသခင် အနန္တတန်ခိုးရှင် စကြဝဠာတစ်ခုလုံးအုပ်စိုး၊ လူအပေါင်းနှင့် တိုင်းနိုင်ငံအားလုံးရှေ့ ထင်ရှား ကမ္ဘာတစ်ဝှမ်း သူ့ဘုန်းနှင့်တောက်ပ နေရာတိုင်းမှ သက်ရှိအားလုံးနှင့် စကြဝဠာ၌ရှိ အရာအားလုံးတို့သည် မြင်လိမ့်မည် တောင်တန်းနှင့် မြစ်၊ မြေပြင်၊ ပင်လယ်၊ အင်းအိုင် သက်ရှိသတ္တဝါအားလုံး ဘုရား၏ရှေ့မှောက်အလင်းအောက်တွင် သူတို့ ၏ ကန့်လန့်ကာဖွင့်ပြီး အင်အား ပြန်ပြည့် အိပ်မက်ထဲမှ နိုးထရသလို မြေမှ အညွန့်များ အလင်းဆီ တိုးထွက်တဲ့အလား အို စစ်မှန်တဲ့တစ်ဆူတည်းဘုရား ကမ္ဘာမှာ ပေါ်ထွက်ပြီ ဘယ်သူများ၊ ဘယ်သူကသူ့အား ဆန့်ကျင် ရဲမလဲ အားလုံး ကြောက်ရွံ့တုန်လှုပ်၊ လက်ခံ ယုံကြည်ပြီ ဘုရားရဲ့ရှေ့ ဘုရားရဲ့ရှေ့မှောက်မှာ ဒူးထောက် ဘုရားရဲ့ ခွင့်လွှတ်ခြင်းရဖို့ အဆက်မပြတ် သူတို့ အသနားခံ ကိုးကွယ်ကြ လူသားတိုင်း လူသားတိုင်း
၂
တိုက်ကြီးများနှင့် ပင်လယ်၊ တောင်တန်း၊ မြစ်များ အရာအားလုံး အဆက်မပြတ် ချီးမွမ်း မိုးဖွဲများ နွေလေပြေသယ်ဆောင်လို့လာ လူတွေလိုဘဲ စမ်းချောင်းစီးကြောင်းသည် ဝမ်းနည်းခြင်းနှင့်ဝမ်းမြောက်ခြင်းတွေရောနှော ပြစ်တင်ခြင်းများ နောင်တနှင့်အတူ သူတို့ ငိုကြွေး သန့်ရှင်းတဲ့ဘုရား၏နာမမြတ် ကို လှိုင်းတပိုး၊ မြစ်၊ အင်းအိုင် ချီးမွမ်း စာတန် ညစ်ညမ်းစေတဲ့ ဟောင်းနွမ်းတဲ့အရာ တစ်ခုစီတိုင်း အသစ်ပြန်ဖြစ်မည် ပျက်စီးခဲ့တဲ့ အရာအားလုံး ပြောင်းလဲ၊ အခြေနေသစ်သို့ ဝင်ရောက်မည် အို စစ်မှန်တဲ့တစ်ဆူတည်းဘုရား ကမ္ဘာမှာ ပေါ်ထွက်ပြီ ဘယ်သူများ၊ ဘယ်သူက သူ့အား ဆန့်ကျင် ရဲမလဲ အားလုံး ကြောက်ရွံ့တုန်လှုပ်၊ လက်ခံယုံကြည်ပြီ ဘုရားရဲ့ရှေ့ ဘုရားရဲ့ရှေ့မှောက်မှာ ဒူးထောက် ဘုရားရဲ့ ခွင့်လွှတ်ခြင်းရဖို့ အဆက်မပြတ် သူတို့ အသနားခံ ကိုးကွယ်ကြ လူသားတိုင်း လူသားတိုင်း
၃
သန့်ရှင်းတဲ့တံပိုးသံ ကျယ်စွာထွက်ပေါ် နားစိုက်ပြီး နားထောင်ကြ ပလ္လင်ထက်မှ ချိုသာတဲ့ အသံလာ တိုင်းနိုင်ငံအားလုံးကို ကြေငြာ ထိုအချိန်သည် ရောက်လာခဲ့ပြီ နောက်ဆုံးအဆုံးသတ်သည် ရောက်လို့လာပြီ ဘုရားစီမံခန့်ခွဲခြင်းအစီအစဉ် ပြီးဆုံးလို့ မြေပေါ်တွင် နိုင်ငံတော်တည်ပြီ ကမ္ဘာ့မှာရှိတဲ့နိုင်ငံအားလုံး ဘုရားရှင်ရဲ့ နိုင်ငံ ဖြစ်လာပြီ ပလ္လင်တော်မှ တံပိုးခုနှစ်ခု အသံထွက်လို့လာ အံ့ဖွယ်အရာများ ယခု ဖြစ်လိမ့်မည် ဘုရားသည် သူ့အသံကြားတဲ့ သူ့လူတွေမြင်လို့ သူဝမ်းမြောက် သူတို့စုဝေး အရပ်ရပ် တိုင်းနိုင်ငံအားလုံးမှ စစ်မှန်တဲ့ဘုရားသည် လူအားလုံးရဲ့နှုတ်ဖျားမှာရှိ အဆက်မပြတ် ကခုန်ရင်း ချီးမွမ်း စီးဆင်းနေတဲ့ ရေကဲ့သို့ ကမ္ဘာကို စစ်မှန်တဲ့၊ စစ်မှန်တဲ့ ဘုရားရဲ့ အကြောင်း သက်သေခံ ဘုရား နိုင်ငံတော်ထဲ အားလုံးစုဝေးကြမည်
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃ ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။