၉၉၉ သမ္မာတရားကို လက်တွေ့မကျင့်သုံးသော သူအားလုံးတို့သည် ဖျက်ဆီးခြင်းနှင့် ရင်ဆိုင်ရမည်

၁ လူ့ဇာတိခံ ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ် ပြုသော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသောသူ မည်သူမဆိုသည် နောက်ဆုံးတွင် ဖယ်ရှားခံရပြီး ဖျက်ဆီးခံရမည့် အရာများ ဖြစ်လာကြလိမ့်မည်။ ထို့အပြင် သူဖော်ပြသည့် သမ္မာတရားကို စားသောက်သော်လည်း၊ မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုလည်း ရှာဖွေရင်း၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုသူ မည်သူမဆိုသည် အနာဂတ်တွင် သာ၍ပင် ဖျက်ဆီးခံရဖို့ အလားအလာ ရှိလိမ့်မည်။ ဤလူများထဲမှ မည်သူမျှသည် ဘုရားသခင်၏အမှု ပြီးစီးသည့်နောက် လာမည့် အနားယူခြင်း အချိန်ကာလရောက်သည်အထိ ကျန်ရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ထိုသို့သော လူများနှင့်အလားတူသည့် သူတစ်ဦးတစ်ယောက်မျှသည် ထိုအနားယူခြင်း အချိန်ကာလတွင် မကျန်ရှိနိုင်ပေ။ မကောင်းဆိုးဝါးဆန်သော လူတို့မှာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့် မနာခံခြင်း အနှစ်သာရတစ်ခု ဖြစ်ပြီး၊ ၎င်းတို့သည် သူ့ကို ကျိုးနွံနာခံခြင်း ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိကြပေ။ ထိုသို့သော လူများအားလုံးသည် ဖျက်ဆီးခံကြရလိမ့်မည်။

၂ သင်သည် သမ္မာတရား ရှိပြီး၊ ဘုရားသခင်ကို ခုခံခြင်း ရှိမရှိဆိုသည်မှာ သင်၏ သွင်ပြင် သို့မဟုတ် အခါအားလျော်စွာ သင် မည်သို့ စကားပြောမည် သို့မဟုတ် မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင်မည်ဆိုသည်တို့အပေါ် မဟုတ်ဘဲ၊ သင်၏ အနှစ်သာရပေါ်တွင် မူတည်ပေသည်။ တစ်ဦးတစ်ယောက်သည် ဖျက်ဆီးခံရခြင်း ရှိမည်၊ မရှိမည်မှာ မိမိ၏ အနှစ်သာရအားဖြင့် သတ်မှတ်ခံရပေသည်။ ယင်းကို မိမိ၏ အပြုအမူနှင့် မိမိ၏ သမ္မာတရား လိုက်စားမှုက ထုတ်ဖော်ပြသည့် အနှစ်သာရနှင့်အညီ ဆုံးဖြတ်ပေသည်။ ၎င်းတို့ အလုပ်လုပ်ရာတွင် အချင်းချင်းကဲ့သို့ တူညီသူများနှင့် တူညီသော အလုပ်ပမာဏများကို လုပ်ဆောင်ကြသူ လူများထဲတွင်၊ မိမိ၏ လူသားအနှစ်သာရ ကောင်းမွန်ပြီး၊ သမ္မာတရားကို ပိုင်ဆိုင်သောသူများသည် ကျန်ရှိမည့်သူများ ဖြစ်သော်လည်း၊ မိမိ၏ လူသားအနှစ်သာရများ ဆိုးယုတ်ပြီး၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို မနာခံသူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများဖြစ်လိမ့်မည်။ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် ဆက်နွှယ်သည့် ဘုရားသခင်၏အမှု သို့မဟုတ် နှုတ်ကပတ်တော်များသည် တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ လူတို့ကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်း လိမ့်မည်။ အမှားအယွင်း စိုးစဉ်းမျှ ဖြစ်ပွားမည် မဟုတ်သကဲ့သို့၊ အမှားတစ်ခုကိုမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင် ပြုသော အမှုသည် အသင့်လျော်ဆုံး ဖြစ်သည်။ သူသည် မည်သည့် ဖန်ဆင်းခံသတ္တဝါထံကိုမျှ မှားယွင်းသည့် တောင်းဆိုမှုများ လုံးဝ မဆောင်ကြဉ်းချေ။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၉၈ ဘုရား၏သတင်းစကား

နောက်တစ်ခုသို့- ၁၀၀၀ လမ်းခွဲရန်အချိန်ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။