၁၀၀၀ လမ်းခွဲရန်အချိန်ကျူး

၁ နောက်ဆုံးသောကာလတွင် ငါ၏စိတ်နှင့် တစ်ညီတစ်ညွတ်တည်းဖြစ်သော လူတစ်စုကို ဖန်တီးမည်ဟု ငါသည် ဖန်ဆင်းခြင်းအချိန်က ပရောဖက်ပြုခဲ့ပြီးဖြစ်သည်။ နောက်ဆုံးသောကာလတွင် ကမ္ဘာမြေပေါ်၌ စံတစ်ခုကို ဆောက်တည်ပြီးနောက် ငါ၏နေအိမ်တော်သို့ ပြန်မည်ဟု ငါကြိုတင်ပြောခဲ့ပြီးဖြစ်သည်။ လူတို့အားလုံးက ငါ့ကို စိတ်ကျေနပ်မှုပေးပြီးနောက်တွင် သူတို့ထံမှ ငါ၏တောင်းဆိုချက်များကို သူတို့ဖြည့်စွမ်းပြီး ဖြစ်လိမ့်မည် ဖြစ်ကာ ငါသည် ၎င်းတို့ထံမှ အဘယ်အရာကိုမျှ လိုအပ်တော့မည် မဟုတ်။ ယင်းအစား လူတို့နှင့် ငါသည် ငါတို့၏အတိတ်ကာလနေ့ရက်များက ဇာတ်ကြောင်းများကို ဖလှယ်ကြမည်ဖြစ်ပြီး၊ ယင်းနောက်တွင် လမ်းခွဲကြလိမ့်မည်။ ငါတို့လမ်းခွဲပြီးနောက် လူတို့အနေဖြင့် ငါ၏ “အမွေဥစ္စာ” ကို ဆက်လက်ထမ်းရွက်နိုင်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ၏အသက်တာတစ်လျှောက်တွင် ငါပေးခဲ့သော သွန်သင်ချက်များကို မေ့လျာ့ခြင်းရှိလိမ့်မည်မဟုတ်ဟု ငါမျှော်လင့်သည်။ ငါ၏နာမကို အသရေပျက်စေမည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြရန်နှင့် ငါ၏နှုတ်ကပတ်တော်ကို သတိရှိကြရန် ငါမျှော်လင့်၏။ ငါစွန့်ခွာပြီးနောက်တွင် လူတို့သည် ငါ့ကို စိတ်ကျေနပ်မှုပေးရန် အကောင်းဆုံးကြိုးစားမည်ဟု ငါမျှော်လင့်သည်။ လူတို့သည် ငါ၏နှုတ်ကပတ်တော်ကို ၎င်းတို့အသက်တာများ၏ အခြေခံအုတ်မြစ်တစ်ခုအဖြစ် အသုံးပြုကြပြီး၊ ငါ၏မျှော်လင့်ချက်များပြည့်မီအောင် အသက်ရှင်ရန် ပျက်ကွက်မည်မဟုတ်ဟု ငါမျှော်လင့်၏။ အကြောင်းမူကား ငါ၏စိတ်နှလုံးသည် လူတို့အပေါ် အမြဲစိုးရိမ်ပူပန်မှုရှိပြီး၊ ငါသည် ၎င်းတို့အပေါ် အမြဲသံယောဇဉ်ရှိခဲ့သောကြောင့် ဖြစ်သည်။

၂ တစ်ချိန်က လူသားမျိုးနွယ်နှင့် ငါသည် အတူတကွစုဝေးခဲ့ပြီး၊ ကောင်းကင်ဘုံ၌ရှိသည့် ကောင်းချီးမင်္ဂလာများကိုပင် မြေကြီးပေါ်တွင် ခံစားခဲ့ကြရ၏။ ငါသည် လူတို့နှင့်အတူ အသက်ရှင်ပြီး ၎င်းတို့နှင့်အတူ နေထိုင်ခဲ့သည်၊ လူတို့က ငါ့ကို အမြဲချစ်ခဲ့ပြီး၊ ငါသည် သူတို့ကို အမြဲချစ်ခဲ့၏။ ငါတို့သည် အချင်းချင်း ရင်းနှီးမှုရှိခဲ့ကြသည်။ လူတို့နှင့်အတူရှိခဲ့သည့် ငါ၏အချိန်ကို ပြန်အမှတ်ရသောအခါ၊ ငါတို့၏နေ့ရက်များ ရယ်မောခြင်းနှင့် ဝမ်းမြောက်ခြင်းများ ပြည့်နေခဲ့သည်ကို ငါပြန်သတိရမိပြီး၊ စကားများမှုများလည်း ရှိခဲ့သည်။ မည်သို့ပင်ဆိုစေ၊ ငါတို့ကြားက ချစ်ခြင်းမေတ္တာသည် ဤအခြေခံအကြောင်းအရင်းအပေါ် တည်ခဲ့ပြီး ငါတို့အချင်းချင်း ဆက်ဆံရေးမှာ မည်သည့်အခါမျှ ပြတ်တောက်ခဲ့ခြင်း မရှိပေ။ ငါတို့ထိတွေ့မှုရှိခဲ့သည့် နှစ်များစွာအတွင်း၊ လူတို့သည် ငါ့အပေါ်တွင် နက်ရှိုင်းသည့်ထင်မြင်ချက်တစ်ခုကို ချန်ရစ်ခဲ့ပြီး၊ လူတို့ပျော်မွေ့ဖို့ ကြီးမားသောအရာများစွာကိုလည်း ငါပေးခဲ့ကာ၊ ၄င်းတို့အတွက် လူတို့သည် အမြဲပင် နှစ်ပြန် ကျေးဇူးတင်ရှိခဲ့ပေသည်။ ယခုတွင် ငါတို့၏ တွေ့ဆုံပွဲများသည် ယခင်ကကဲ့သို့ မည်သည့်အခါမျှ တူညီတော့မည် မဟုတ်ပေ၊ အဘယ်သူသည် ငါတို့၏ ဤခွဲခွာခြင်းအခိုက်အတန့်မှ ထွက်ပြေးနိုင်သနည်း။ လူတို့သည် ငါ့အပေါ်တွင် လေးနက်သည့်ချစ်ခင်မှုရှိပြီး၊ ငါသည် ၎င်းတို့အပေါ်တွင် အဆုံးမဲ့ ချစ်ခြင်းမေတ္တာရှိ၏၊ သို့သော် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာ ပြုလုပ်နိုင်မည်နည်း။ အဘယ်သူသည် ကောင်းကင်ဘုံ၌ရှိသော ဖခမည်းတော်၏ သတ်မှတ်ချက်များကို ချိုးဖောက်ဝံ့သနည်း။

၃ ငါ့အမှု၏ အစိတ်အပိုင်းနောက်တစ်ခုကို ငါပြည့်စုံစေမည့်နေရာဖြစ်သည့် ငါ၏နေအိမ်တော်သို့ ငါပြန်မည်။ ပြန်လည်ဆုံတွေ့ဖို့ အခွင့်အလမ်းတစ်ခု ငါတို့ ရကောင်းရပါလိမ့်မည်။ လူတို့အနေဖြင့် ပူဆွေးသောကကို လွန်စွာမခံစားဘဲ ကမ္ဘာမြေပေါ်တွင် ငါ့ကို စိတ်ကျေနပ်မှုပေးလိမ့်မည်ဟု ငါမျှော်လင့်သည်။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ဝိညာဉ်တော်သည် ၎င်းတို့အပေါ် မကြာခဏ ကျေးဇူးတော်ကို အပ်နှင်းလိမ့်မည်။ ငါတို့ကြားတွင်ဖြစ်ပျက်ခဲ့သော မနှစ်မြို့ဖွယ်သောအရာ အားလုံးတို့သည် အတိတ်တွင် ကျန်ရစ်စေလော့၊ ငါတို့ကြားတွင် ချစ်ခြင်းမေတ္တာ အစဉ်အမြဲ ရှိစေလော့။ ငါသည် လူတို့ကို ချစ်ခြင်းမေတ္တာများစွာ ပေးခဲ့ပြီးဖြစ်သကဲ့သို့ ၎င်းတို့သည် ငါ့ကိုချစ်ရန် ကြီးမားလှသည့် အဖိုးအခတစ်ခုကို ပေးခဲ့ပြီးဖြစ်၏။ ထို့ကြောင့် ငါတို့၏ ချစ်ခြင်းမေတ္တာသည် လူ့လောကတစ်ခုလုံးဆီသို့ ရောက်ရှိသွားပြီး၊ ထာဝရ လက်ဆင့်ကမ်းဖို့အလို့ငှာ လူတို့သည် ငါတို့ကြားတွင် စစ်မှန်ပြီး ဖြူစင်သောချစ်ခြင်းမေတ္တာကို တန်ဖိုးထားမည်ဟု ငါမျှော်လင့်၏။ ငါတို့ပြန်ဆုံချိန်တွင်၊ ငါတို့၏ချစ်ခြင်းမေတ္တာသည် ထာဝရဆက်လက်တည်ရှိပြီး လူအားလုံးက ချီးကျူးထောမနာပြုကာ ဖြန့်ဝေကြရန်အလို့ငှာ ငါတို့သည် ချစ်ခြင်းမေတ္တာ၌ ဆက်လက်၍ ချိတ်ဆက်လျက်ရှိကြစို့။ ဤအရာက ငါ့ကို စိတ်ကျေနပ်စေမည်ဖြစ်ပြီး၊ ငါ၏အပြုံးမျက်နှာကို လူတို့အား ငါပြမည်။ လူတို့သည် ငါ၏တိုက်တွန်းနှိုးဆော်ချက်များကို မှတ်မိကြလိမ့်မည်ဟု ငါမျှော်လင့်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၄၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၉၉ သမ္မာတရားကို လက်တွေ့မကျင့်သုံးသော သူအားလုံးတို့သည် ဖျက်ဆီးခြင်းနှင့် ရင်ဆိုင်ရမည်

နောက်တစ်ခုသို့- ၁၀၀၁ ဘုရား၏မိန့်မြွက်ချက်များသည် လူအတွက် အကောင်းဆုံးတိုက်တွန်းချက်ဖြစ်၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

၂၀၆ ဘုရားသခင်၌သာ အသက်လမ်းရှိ

၁ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူးလူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူးအသက်မှာ ဘုရားဆီကသာ လာသည်မို့ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။