ဘုရား၏မိန့်မြွက်ချက်များသည် လူအတွက် အကောင်းဆုံးတိုက်တွန်းချက်ဖြစ်၏ကျူး
၁ ယနေ့ သင်တို့အထဲ၌ ငါပြုသောအမှုသည် လျော်ကန်သော လူ့သဘာဝထဲသို့ သင်တို့ ၀င်ရောက်ရန် ဦးဆောင်ခေါ်သွားဖို့ လုပ်ဆောင်ခြင်း ဖြစ်သည်၊ ယင်းသည် ခေတ်အသစ်တစ်ခုကို ဆောင်ကျဉ်းလာ သောအလုပ်နှင့် လူသားမျိုးနွယ်အား ခေတ်သစ်၏အသက်အတွင်းဝင်ရောက်ရန် ဦးဆောင်လမ်းပြသော အလုပ် ဖြစ်သည်။ တစ်ဆင့်ပြီး တစ်ဆင့်ပြီးမြောက်သည့် ဤအမှုကို သင်တို့အကြားတွင် တိုက်ရိုက် လုပ်ဆောင်၍ ဖော်ဆောင်သည်၊ သင်တို့အား ငါမျက်နှာချင်းဆိုင်ပြီး လက်တွဲ သင်ကြားပေးခဲ့သည်၊ သင်တို့၌ မရှိသည့် အရာမှန်သမျှကို ပေးသနားပြီး သင်တို့နားမလည်သည့် အရာမှန်သမျှကို ငါပြောသည်။ သင်တို့အတွက်တော့ ဤအမှုများအားလုံးသည် အသက်၏ အထောက်အပံ့ဖြစ်ပြီး လျော်ကန်သော လူ့သဘာဝ၏ အသက်တာထဲသို့ သင်တို့ကို လမ်းပြသည့် အလုပ်ဖြစ်သည်ဟု ပြောနိုင်သည်၊ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူတစ်စု၏အသက်အတွက် သီးသန့် အထောက်အပံ့ပေးရန် ဖြစ်သည်။
၂ သင်တို့အကြား၌ ငါလုပ်သောအမှုသည် ယနေ့အတွက် အထောက်အပံ့နှင့် အချိန်ကိုက်ပေးသည့် ကယ်တင်ခြင်းဖြစ်သည်၊ သို့သော် ဤတိုတောင်းသောနှစ်အနည်းငယ်အတွင်း၌ သမ္မာတရားအားလုံးကိုသာမက အသက်လမ်းနှင့် အနာဂတ်၌ လုပ်မည့်အမှုကိုပင် သင်တို့အား ငါပြောပြပြီး ထိုသို့ပြောခြင်းသည် အနာဂတ်၌ သင်တို့လျော်ကန်စွာ တွေ့ကြုံခံစားဖို့ရန်အတွက် လုံလောက်လိမ့်မည်။ ငါပြောသည့် နှုတ်ကပတ်တော်များအားလုံးသည် သင်တို့အတွက် ငါ၏တစ်ခုတည်းသော တိုက်တွန်းချက်ဖြစ်သည်။ တခြားဘယ်အရာကိုမျှ ငါမတိုက်တွန်းပေ။ ယနေ့ ငါပြောသည့် နှုတ်ကပတ်တော်များကို ကြုံတွေ့ခံစားရသည့် အတွေ့အကြုံ သင်တို့၌ လုံးဝ မရှိသလို၊ ထိုနှုတ်ကပတ်တော်များ၏ အတွင်းပိုင်း အဓိပ္ပာယ်ကို နားမလည်ကြသောကြောင့် ယနေ့ ငါပြောသည့် နှုတ်ကပတ်တော်များ အားလုံးသည် သင်တို့အတွက် ငါ၏တိုက်တွန်းချက်ဖြစ်သည်။ တစ်နေ့တွင် ယနေ့ငါပြောသည့်အတိုင်း သင်တို့၏ အတွေ့အကြုံများမှ အသီးအပွင့်များ ဖြစ်ထွန်းလာလိမ့်မည်။ ဤနှုတ်ကပတ်တော်များသည် ယနေ့သင်တို့ ရရှိသော ရူပါရုံများဖြစ်ပြီး အနာဂတ်တွင် သင်တို့မှီခိုအားထားမည့် အရာများဖြစ်၏၊ ၎င်းတို့သည် ယနေ့ အသက်အတွက် အထောက်အပံ့နှင့် အနာဂတ်အတွက် တိုက်တွန်းချက် ဖြစ်သည်၊ ပို၍ကောင်းသော တိုက်တွန်းချက် မရှိပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။