၁၀၀၂ ဇိအုန်သို့ ဘုရားသခင်ပြန်သွားသောခါကျူး

၁ အရာခပ်သိမ်းတို့ အဆင်သင့်ရှိသည့်အချိန်သည် ငါ့အနေဖြင့် ဇိအုန်သို့ ပြန်မည့် နေ့ရက်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူအပေါင်းတို့က ဤနေ့ရက်ကို အထိမ်းအမှတ်အဖြစ် ကျင်းပကြလိမ့်မည်။ ဇိအုန်သို့ ငါ ပြန်သည့်အခါ၊ မြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် တိတ်ဆိတ်နေကြလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေပေါ်ရှိ အရာခပ်သိမ်း ငြိမ်းချမ်း နေကြလိမ့်မည် ဖြစ်သည်။ ဇိအုန်သို့ ငါ ပြန်သည့်အခါ၊ အရာခပ်သိမ်းတို့သည် ၎င်းတို့၏ မူရင်း သွင်ပြင် ပြန်ဆောင်ကြလိမ့်မည်။ ထိုအခါတွင် ငါသည် ဇိအုန်၌ ငါ၏ အမှုကို စတင်လုပ်ဆောင်မည်။ ငါသည် မတရားသော သူတို့ကို အပြစ်ပေး၍၊ တရားသောသူတို့ကို ဆုလာဘ်ပေးမည် ဖြစ်ပြီး၊ ငါ၏ ဖြောင့်မတ်ခြင်းတရားကို တည်စေကာ၊ တရားစီရင်ခြင်းကို ငါ ဆောင်ရွက်မည်။ အရာရာကို ပြီးမြောက်အောင်မြင်စေရန် ငါ၏ နှုတ်ကပတ်တော်များကို ငါအသုံးပြုမည်ဖြစ်ပြီး၊ အယောက်တိုင်းနှင့် အရာခပ်သိမ်းတို့အား ငါ၏ ပြစ်တင်ဆုံးမတတ်သော လက်နှင့် တွေ့ကြုံစေကာ၊ လူအပေါင်းတို့အား ငါ၏ ပြည့်ဝသော ဘုန်းအသရေ၊ ငါ၏ ပြည့်ဝသော ဉာဏ်ပညာနှင့် ငါ၏ ပြည့်ဝသော ကြွယ်ဝလျှံပယ်ခြင်းကို ငါမြင်စေမည်။ အရာခပ်သိမ်းသည် ငါ့အထဲ၌ ပြီးမြောက်ကြသည့်အတွက် မည်သူမျှ တရားစီရင်ခြင်း၌ ပုန်ကန်ဝံ့မည် မဟုတ်သကဲ့သို့၊ ခပ်သိမ်းသောအရာတို့သည် ငါနှင့်အတူ ထင်ရှားကြသည့်အတွက် ဤတွင် လူအယောက်တိုင်းသည် ငါ၏ ပြည့်ဝသော ဂုဏ်အသရေကို မြင်ရလိမ့်မည် ဖြစ်ကာ၊ ငါ၏ ပြည့်ဝသော အောင်မြင်ခြင်းကို မြည်းစမ်း ကြရလိမ့်မည်။

၂ ဤအရာမှ ငါ၏ ကြီးမြတ်သော တန်ခိုးနှင့် ငါ၏ သြဇာအာဏာတို့ကို မြင်ရဖို့ ဖြစ်နိုင်သည်။ ငါ့အား မည်သူမျှ ပုန်ကန်ပြစ်မှားဝံ့လိမ့်မည် မဟုတ်သကဲ့သို့၊ ငါ့အား မည်သူမျှ တားဆီးဝံ့လိမ့်မည် မဟုတ်။ ငါ့အထဲတွင် အရာခပ်သိမ်း ဖွင့်ဟခြင်း ခံရလိမ့်မည်။ မည်သူသည် တစ်စုံတစ်ရာကို ကွယ်ဝှက်ဝံ့လိမ့်မည်နည်း။ ငါသည် ထိုသူအား သက်ညှာမည် မဟုတ်သည်မှာ သေချာ၏။ ထိုသို့သော လူယုတ်များသည် ငါ၏ ပြင်းထန်သော အပြစ်ပေးခြင်းကို ခံရကြမည် ဖြစ်ပြီး၊ ထိုသို့သော လူဖျင်းသည် ငါ၏ မြင်ကွင်းမှ ဖယ်ရှားခြင်းကို ခံရမည်။ ငါသည် စိတ်ခံစားချက် မရှိဘဲ၊ ဘုန်းအာနုဘော်ရှိပြီး၊ ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည့်အတွက်၊ ၎င်းတို့ကို သက်ညှာခြင်း အနည်းငယ်မျှ မရှိသကဲ့သို့၊ ၎င်းတို့၏ ခံစားချက်များအပေါ် လုံးဝ ညှာတာခြင်း မရှိဘဲ၊ ၎င်းတို့အား သံလှံတံဖြင့် အုပ်စိုးမည် ဖြစ်ပြီး ၎င်းတို့အား တရားစီရင်ရန်အတွက် ငါ၏ သြဇာအာဏာကို အသုံးပြုမည်။ အနှစ်သာရအားဖြင့် ငါသည် သိုးသငယ် တစ်ကောင် မဟုတ်၊ ခြင်္သေ့တစ်ကောင် ဖြစ်သည်။ ငါ့အား မည်သူမျှ ပုန်ကန်ပြစ်မှားခြင်း မပြုဝံ့ပေ။ ငါ့ကို ပုန်ကန်ပြစ်မှားသောသူ မည်သူ့ကိုမဆို ငါသည် သက်ညှာခြင်း မရှိဘဲ သေခြင်းဖြင့် ချက်ချင်း အပြစ်ပေးမည်။ ယင်းမှာ ငါ၏ စိတ်သဘောထား ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၂၀)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၀၀၁ ဘုရား၏မိန့်မြွက်ချက်များသည် လူအတွက် အကောင်းဆုံးတိုက်တွန်းချက်ဖြစ်၏ကျူး

နောက်တစ်ခုသို့- ၁၀၀၃ ဇိအုန်သို့ ဘုရားပြန်ပြီးနောက်ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။