၆၇ ဘုရားသခင်အား ချီးမွမ်းလျက် သီဆိုကခုန်ပါ

အမှုတော် ဆောင်ရွက်ကာ လူကို ကယ်တင်ဖို့

နောက်ဆုံးသောကာလ၏ ခရစ်တော် ပေါ်ထွန်းခဲ့ပြီ။

လူကို ရေလောင်းခြင်း၊ ကျွေးမွေးခြင်းနဲ့ လမ်းပြခြင်းအားဖြင့်

ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို သူ ထုတ်ဖော်ပြသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည်

နွေးထွေးမှုနှင့် တန်ခိုးကို ပိုင်ဆိုင်သည်။

ကျွန်ုပ်တို့ နှလုံးသားကို သိမ်းပိုက်တော်မူသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အား ကျွန်ုပ်တို့ စားသောက်ပြီး

ခံစားနှစ်သက်ကြသည်။ စားသောက်ပွဲကို ကျွန်ုပ်တို့ တက်ရောက်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်း၊

ဆင်ခြင်တွေးတောခြင်း၊ မိတ်သဟာယဖွဲ့ခြင်းအားဖြင့်

သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို ဉာဏ်အလင်းဖွင့်ပြပြီး

သမ္မာတရားကို ကျွန်ုပ်တို့ နားလည်ကြသည်။

လောကီရေးရာ နှောင်ကြိုးများကို ကျွန်ုပ်တို့ ဖယ်ရှားပြီး

ကျွန်ုပ်တို့ တာဝန်ကို ထမ်းဆောင်သည်။

ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ရောက်ရသည်မှာ

ကောင်းမြတ်လှသည့် ကောင်းကြီးမင်္ဂလာ တစ်ပါးဖြစ်ပေ


ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည်

ကျွန်ုပ်တို့၏ သဘာဝကို အရှိအတိုင်း ချပြသည့်

ဓားတစ်လက်နှင့်တူသည်။

ကျွန်ုပ်တို့၏ မာနထောင်လွှားမှု၊

ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည် မှတ်ယူမှုနှင့် လှည့်စားမှုတို့သည်

အလင်းဆီသို့ ဖော်ထုတ်ခံရသည်

တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို ကြုံတွေ့ခြင်အားဖြင့်

ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် သိလာကြသည်။

ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသည်

သန့်စင်ပြီး အသစ်သောလူတစ်ယောက် ဖြစ်လာကြသည်။

အခြားသူများနှင့် လိုက်ဖက်ညီစွာ လုပ်ဆောင်လျက်

ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ကြသည်။

ကျွန်ုပ်တို့ ကျရှုံးပြီး လဲကျပြီး သမ္မာတရားကို ရှာဖွေကြသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားသည်

အလွန်အဖိုးတန်သည်။ ကျွန်ုပ်တို့ကို သန့်စင်ပေးသည်။

စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ခဲ့ပြီး

ဘုရားသခင်၏ ချီးကျူးခြင်းကို ကျွန်ုပ်တို့ ရရှိသည်။


ခရစ်တော်သည် သမ္မာတရားဖြစ်သည်မှာ သေချာပေသည်။

ချိုးဖျက်မရနိုင်သည့် စိတ်ပိုင်းဖြတ်မှုနှင့်

ကိုယ်တော် နောက်သို့ ကျွန်ုပ်တို့လိုက်သည်။

ဘုရားသခင်အား သက်သေခံရန်အတွက်

ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ကြပြီး

ကိုယ်တော်အပေါ်သို့ လုံးဝ ဆက်ကပ်အပ်နှံထားသည်။

ဘယ် လှောင်ပြောင်ခြင်း၊ အသေရဖျက်ခြင်း ရှုတ်ချခြင်းကမှ

ကျွန်ုပ်တို့ကို နောက်ပြန်မလှည့်စေနိုင်ပါ။

ဘုရားသခင် ကျေနပ်စေရန်အတွက်

ကျွန်ုပ်တို့၏ တာဝန်ကို လုပ်ဆောင်ကြသည်။

ဘုရားသခင်၏ ဘုန်းတော်သည် ပထမဦးစားပေးဖြစ်သည်။

စာတန်၏ ဖမ်းဆီးခြင်းနှင့်ရင်ဆိုင်ရသည့်အခါတွင်

ကျွန်ုပ်တို့ တွန့်ဆုတ်မည်မဟုတ်ပါ။

ကြီးစွာ ဖိနှိပ်ခံရသော်လည်း ကျွန်ုပ်တို့ အစဉ် သစ္စာရှိမည်။

စမ်းသပ်မှုများနှင့် ဒုက္ခဆင်းရဲမှုတို့မှ တစ်ဆင့်

ဘုရားသခင်အတွက် ကျွန်ုပ်တို့ချစ်ခြင်းသည် ပိုပိုခိုင်မာသည်။

အဆင်းနီသောနဂါးကြီးကို ကျွန်ုပ်တို့ လုံးဝ စွန့်ပစ်ပြီး

ထူးကဲလှသည့် သက်သေကို ခံကြသည်။

ဘုရားသခင်အား ချီးမွမ်းလျက်

ဘုရားသခင်အား ချီးမွမ်းလျက် သီဆိုကခုန်ပါ

အသက်တာလမ်းကြောင်းပေါ်သို့

လမ်းပြခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပါ

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို

ကျွန်ုပ်တို့ နေ့စဉ် နှစ်သက်ခံစားပြီး

သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ကြသည်။

ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအား ချီးမွမ်းခြင်း သက်သေခံခြင်းတို့ကို

ကျွန်ုပ်တို့ ဘယ်တော့မှ ရပ်မည်မဟုတ်ပေ။

အရှေ့သို့- ၆၆ နိုင်ငံတော်၌ အသစ်ပြုပြင်သော အသက်တာအတွက် ချီးမွမ်းပါ

နောက်တစ်ခုသို့- ၆၈ ကောင်းသောခါနာန်ပြည်၌ ဝမ်းမြောက်ပျော်ရွှင်မှု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၆၅ ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင် ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး ဘုရားသည် ကျွန်ုပ်တို့ထဲ၌...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။