၁၄၃ ဘုရား၏နာမတော်ကို ဖန်ဆင်းခံများက ဆုံးဖြတ်ပေးနိုင်သလောကျူး
၁ ဘုရားသခင်သည် နာမ အများအပြား ရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားက ကြွယ်ဝလွန်းသည်မှာ လူသား၏ သူ့ကို သိရှိနိုင်စွမ်းအား တကယ်ကို ကျော်လွန်သည့်အတွက် ဤနာမ အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်းစွာ မဖော်ပြနိုင်ပေ။ လူသားသည် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုလျက်၊ ဘုရားသခင်ကို အပြည့်အဝ အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန် မဖြစ်နိုင်ပေ။ လူသားမျိုးနွယ်ထံတွင် ဘုရားသခင်၏ စိတ်သဘောထား နှင့်ပတ်သက်၍ ၎င်းတို့သိသမျှအားလုံးကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန် အကန့်အသတ်ရှိသော ဝေါဟာရသာ ရှိသည်။ သီးခြား စကားတစ်လုံး၊ သို့မဟုတ် နာမတစ်ခုသည် ဘုရားသခင်ကို သူ၏ အလုံးစုံဖြင့် ကိုယ်စားပြုဖို့ စွမ်းရည် မရှိပေ၊ ထို့ကြောင့် သူ၏နာမကို ပုံသေထား၍ ရနိုင်မည်ဟု သင်ထင်ပါသလော။ ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး အလွန် သန့်ရှင်းလွန်းသော်လည်း၊ သင်သည် ခေတ်သစ်အသီးသီးတွင် သူ၏နာမကို ပြောင်းလဲရန် ခွင့်မပြုဘဲနေမည်လော။
၂ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သော ခေတ်တိုင်းတွင် သူသည် သူလုပ်ဆောင်ရန် ရည်ရွယ်သော အမှုကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန်အလို့ငှာ ထိုခေတ်နှင့် သင့်တော်သော နာမကို အသုံးပြုပေသည်။ ထိုခေတ်ထဲက သူ၏ စိတ်သဘောထားကို ကိုယ်စားပြုရန် သူသည် ယာယီ အရေးပါမှုကို ပိုင်ဆိုင်သော နာမတစ်ခုဖြစ်သည့် သီးသန့် နာမကို အသုံးပြုသည်။ ဤသည်မှာ ဘုရားသခင်က သူ၏ ကိုယ်ပိုင်စိတ်သဘောထားကို ဖော်ပြရန် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုခြင်းဖြစ်သည်။ ဘုရားသခင်ကို ယေဟောဝါ၊ ယေရှု၊ သို့မဟုတ် မေရှိယဟု မခေါ်သည့်နေ့ရက်သည် ရောက်လာလိမ့်မည်- သူသည် ဖန်ဆင်းရှင်သက်သက် ဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှုသည် အဆုံးသတ်သို့ ရောက်ရှိလာပြီး ဖြစ်ကာ၊ ယင်းနောက်တွင် သူ၏နာမများလည်း ရှိတော့မည် မဟုတ်သည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်တွင် သူရယူခဲ့သည့် နာမများ အားလုံးသည် အဆုံးသတ်သို့ ရောက်ပေလိမ့်မည်။
၃ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ အရာခပ်သိမ်း ရောက်လာချိန်တွင်၊ အလွန်သင့်လျော်သော်လည်း မပြည့်စုံသည့် နာမတစ်ခုကို သူသည် အဘယ်သို့ လိုအပ်သေးသနည်း။ သင်သည် ယခု ဘုရားသခင်၏ နာမကို ရှာဖွေနေဆဲလော။ ဘုရားသခင်ကို ယေဟောဝါဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့ဆဲဖြစ်သလော။ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့ဆဲလော။ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း အပြစ်ကို သင်ခံနိုင်သလော။ ဘုရားသခင်သည် မူလအစက နာမ မရှိခဲ့သည်ကို သင်သိသင့်သည်။ သူသည် လုပ်ဆောင်ရမည့် အမှုရှိခဲ့ပြီး လူသားမျိုးနွယ်ကို စီမံခန့်ခွဲရမည်ဖြစ်သောကြောင့်၊ သူသည် နာမ တစ်ခု၊ သို့မဟုတ် နှစ်ခု၊ သို့မဟုတ် နာမများစွာကို ယူခဲ့ရခြင်းသာ ဖြစ်သည်။ သူ့ကို မည်သည့်နာမဖြင့် ခေါ်သည်ဖြစ်စေ- ယင်းကို သူကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခဲ့ခြင်း မဟုတ်လော။ ယင်းကို ဆုံးဖြတ်ပေးရန် သူသည်- သူ၏ဖန်ဆင်းခြင်းထဲမှ တစ်ဦးဖြစ်သည့်- သင့်ကို လိုအပ်သလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်