ဘုရား၏နာမတော်သည် လုံးဝမပြောင်းလဲနိုင်ဟု သင်အခိုင်အမာ ဆိုဝံ့သလောကျူး
၁ ဘုရားသခင်၏ အမည်နာမသည် ပြောင်းလဲခြင်းမရှိဟု အချို့ကပြောသည်၊ သို့ဖြစ်လျှင် ယေဟောဝါ၏အမည်မှာ မည်ကဲ့သို့ ယေရှုဖြစ်လာခဲ့သနည်း။ မေရှိယ ကြွလာခြင်းကို ကြိုတင်ဗျာဒိတ်ပေးခဲ့သော်လည်း ယေရှုဟူသော အမည်ရှိသည့် အမျိုးသားတစ်ယောက်သည် အဘယ်ကြောင့် ကြွလာခဲ့သနည်း။ ဘုရားသခင်၏ နာမသည် အဘယ်ကြောင့် ပြောင်းလဲခဲ့သနည်း။ အဆိုပါအမှုကို ကြာမြင့်စွာကတည်းကပင် ဆောင်ရွက်ခဲ့သည် မဟုတ်ပေလော။ ယနေ့ဘုရားသခင်က အမှုသစ်တစ်ခုကို မဆောင်ရွက်နိုင်သလော။ ယမန်နေ့က အမှုကို ပြောင်းလဲခြင်းပြုနိုင်သကဲ့သို့ ယေဟောဝါ၏ အမှုကို ယေရှု၏အမှုအဖြစ် ခြေရာခံဆက်လုပ်နိုင်သည်။ ထိုသို့ဆိုလျှင် ယေရှု၏အမှုကိုလည်း နောက်ထပ်အမှုတစ်ခုဖြင့် မဆက်ခံနိုင်ပေလော။ ယေဟောဝါ၏နာမကို ယေရှုအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပါလျှင် ယေရှု၏နာမကိုလည်း မပြောင်းလဲနိုင်ပေလော။ ယင်းက ထူးဆန်းမှုမရှိပေ၊ လူအများကသာ ၎င်းတို့၏ ရိုးရှင်းသော စိတ်သဘောထားကြောင့် ထိုသို့က ထင်နေခြင်းဖြစ်၏။
၂ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်မည်။ သူ၏အမှုနှင့် နာမတို့ မည်သို့ပင် ပြောင်းလဲနေစေကာမူ၊ သူ၏စိတ်သဘောထားနှင့် ဉာဏ်ပညာတို့မှာ ထာဝရမပြောင်းလဲဘဲ တည်ရှိနေမည်ဖြစ်၏။ ဘုရားသခင်ကို ယေရှု၏နာမဖြင့်သာ ခေါ်တွင်နိုင်သည်ဟု သင်ယုံကြည်နေပါက သင်သည် အနည်းငယ်မျှသာ သိရှိခြင်း ဖြစ်သည်။ ယေရှုမှာ ဘုရားသခင်၏ အစဉ်အမြဲဖြစ်သော အမည်နာမဖြစ်သည်၊ ဘုရားသခင်သည် ယေရှုဟူသော အမည်ဖြင့်သာ ထာဝရအစဉ်အမြဲနာမတွင်၍ ထိုနာမက မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ် စသည်ဖြင့် သင်အခိုင်အမာ ပြောဆိုဝံ့သလော။ ပညတ်တော်ခေတ်နှင့် နိဂုံးကမတ် ချုပ်ပေးခဲ့ပြီး နောက်ဆုံးသောကာလကို နိဂုံးကမတ် ချုပ်ပေးမည့်သူမှာ ယေရှု၏ နာမဖြစ်သည်ဟု သင်သေချာစွာဖြင့် အခိုင်အမာ ပြောဆိုဝံ့သလော။ ယေရှု၏ ကျေးဇူးတော်က ခေတ်ကာလကို အဆုံးသတ်ပေးနိုင်သည်ဟု အဘယ်သူ ဆိုနိုင်သနည်း။ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်မည်။ သူ၏အမှုနှင့် နာမတို့ မည်သို့ပင် ပြောင်းလဲနေစေကာမူ၊ သူ၏စိတ်သဘောထားနှင့် ဉာဏ်ပညာတို့မှာ ထာဝရမပြောင်းလဲဘဲ တည်ရှိနေမည်ဖြစ်၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများထဲတွင် ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်တော်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။