၄၄ ဘုရားသခင်၏ အိမ်တော်တွင် ကျွန်ုပ်တို့ စုဝေးကြသည်

၁ အနီး အဝေး၊ နေရာများစွာမှ ကျွန်ုပ်တို့ ခရီးနှင်ကြသည်၊ ဘုရားသခင်၏ အိမ်တော်တွင် စုဝေးဖို့လေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရင်းနှင့် အသင်းတော် အသက်တာကို နေ့စဉ် အသက်ရှင်ရင်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံကြပေ။ သမ္မာတရားကို သိနားလည်ရန်မှာ အမှန်တကယ် ဝမ်းမြောက်မှုတစ်ခု ဖြစ်ပေ။ အနှစ်မဲ့ခြင်း၊ နာကျင်ခြင်း၊ အရှုပ်အယှက်- အားလုံး အတိတ်တွင် ရှိပေ။ ဘုရားသခင်နှင့် နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို အတူတကွ ဆက်စပ်စေ။ ကျွန်ုပ်တို့၏ နှလုံးသားများ၌ ဤနှုတ်ကပတ်တော်များကို မွေ့လျော်ရန်မှာ ချိုမြိန်လှသည်တကား။ ခရစ်တော်၏ ထိန်းကျောင်းခြင်းခံရဖို့ ကျွန်ုပ်တို့ ကံကောင်းထောက်မကြသည်။ သမ္မာတရားကို သနားလည်ရင်းနှင့် ဘုရားသခင်ကို ချီးမွမ်းရင်း၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများ လွတ်မြောက်ခြင်းခံရပေ။

၂ ဘုရားသခင်၏ အိမ်တော်ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုရင်း ကျွန်ုပ်တို့ စုဝေးကြပေ။ သမ္မာတရားကို သိနားလည်ရင်း၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများထဲတွင် အလင်းရှိကာ အရာခပ်သိမ်းတွင် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု ရှိပေ။ ကျွန်ုပ်တို့ အချင်းချင်း ကူညီကာ အားပေးကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ကျိုးနွံနာခံကြသည်။ မှားယွင်းမှုနှင့် လှည့်ဖြားမှုတို့ကို ခါချရင်း၊ ကျွန်ုပ်တို့ မိမိတို့ကိုယ်ကိုယ် ရိုးသားရန် လေ့ကျင့်ကြသည်။ ဘုရားသခင်နှင့် နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို အတူတကွ ဆက်စပ်စေ။ ကျွန်ုပ်တို့၏ စိတ်နှလုံးများ ဆက်နွှယ်ကာ တတ်နိုင်သမျှ ရင်းနှင်းကြလျက် အကျွန်ုပ်တို့ အချင်းချင်း ချစ်ကြသည်။ စိတ်သဘောထားညီညွှတ်မှုဖြင့် အတူတကွ အလုပ်လုပ်ရင်း၊ ကျွန်ုပ်တို့၏ တာဝန်ကို သစ္စာရှိစွာ ကျွန်ုပ်တို့ ကောင်းကောင်းလုပ်ဆောင်။ ကျွန်ုပ်တို့၏ စိတ်နှလုံးများက ဘုရားသခင်ကို ချစ်ကာ ချီးမွမ်းကြသည်။ ကျွန်ုပ်တို့ ကောင်းချီးခံစားရလေစွတကား။

၃ ကျွန်ုပ်တို့၏ အတူတကွ ရှိခဲ့ချိန်များကို ပြန်စဉ်းစားကြည့်ရင်း၊ ကြည်နူးဖွယ် ဝမ်းနည်းဖွယ် ရောပြွမ်းလျက် ခံစားရသည်။ ထိုအရာတို့သည် မေ့မရနိုင်သည့် အမှတ်တရများ ဖြစ်လာလေပြီ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို ကျွန်ုပ်တို့ ကြုံရပြီးဖြစ်ကာ သူ၏ ချစ်ခြင်းမေတ္တာကို အလွန်များစွာ ကျွန်ုပ်တို့ တွေ့ကြုံကြပြီး ဖြစ်သည်။ စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို တွေ့ကြုံပြီးသည့်နောက်တွင်၊ ကျွန်ုပ်တို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု ရှိပြီးဖြစ်သည်။ ဘုရားသခင်ကို သက်သေခံရန်ဖြစ်သော တာဝန်ကို ဆောင်ရွက်ရင်း၊ ကျွန်ုပ်တို၏ မတူကွဲပြားသော လမ်းများကို ကျွန်ုပ်တို့ သွားကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ အစဉ်ထာဝရ ရှေ့ဆက်ဦးဆောင်သည်။ သူ၏ သတင်းကောင်းကို ကမ္ဘာမြေပေါ် ကျွန်ုပ်တို့ ဖြန့်ဝေသည်။ ဘုရားသခင်နှင့် နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို အတူတကွ ဆက်စပ်စေ။ ဘုရားသခင်ကို ချစ်ခြင်းမှာ သူ၏အလိုတော်ကို အလေးဂရုပြုခြင်း ဆိုလိုပေ။ ဆင်းရဲဒုက္ခ မည်မျှ ကြီးမားသည်ဖြစ်စေ၊ ကျွန်ုပ်တို့ မည်သည့်အခါတွင်မျှ တပ်ခေါက်မည်မဟုတ်။ ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်ထာဝရ ချစ်ကာ သူ့ကို သက်သေခံမည်။ သူ့ကို တကယ့်အဆုံးထိ ကျွန်ုပ်တို့ သစ္စာစောင့်သိမည်။ ဘုရားသခင်နှင့် နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို အတူတကွ ဆက်စပ်စေ။ နိုင်ငံတော်၏ ဧဝံဂေလိတရားကို ကျွန်ုပ်တို့ ဖြန့်ဝေပြီး ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သည်။ ဘုရားသခင်၏ ဘုန်းအသရေတော်နေ့ကို ကျွန်ုပ်တို့ တမ်းတကြသည်၊ ဘုရားသခင်နှင့်အတူတကွ ကျွန်ုပ်တို့ တစ်ဖန် စုဝေးနိုင်ချိန်တွင်၊ မည်သည့်အခါတွင်မျှ မကွဲကွာပေ။

အရှေ့သို့- ၄၃ ဇိအုန်သို့ ဘုရားရှင်ပြန်ကြွလာခြင်းကို ချီးမွမ်း

နောက်တစ်ခုသို့- ၄၅ အသင်းတော်ထဲမှာ ငါတို့ အတူစုဝေး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။