ဤနေရာရှိ မိုးကောင်းကင်သည် အလွန်ပြာနေသည်
၁
ဒီက ကောင်းကင်သည် အလွန်ထူးခြားလှ၏
မြေပြင်ဝယ် နှစ်လိုဖွယ်ရနံ့ သင်းပျံ့ကာ
လေသည်လည်း သန့်ရှင်း။
အနန္တတန်ခိုးရှင်ဘုရား လူ့ဇာတိခံယူခဲ့ပြီး ကျွန်ုပ်တို့အထဲ အသက်ရှင်
သမ္မာတရားကို ဖော်ပြကာ နောက်ဆုံးအပြစ်စီရင်ခြင်းနေ့ရက်စတင်
နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်
စစ်ကြောပဲ့ပြင်ခြင်းနှင့် စုံစမ်းခြင်း အမျိုးမျိုး တို့ ကြောင့်
ကျွန်ုပ်တို့သည် စင်ကြယ်ခြင်းနှင့် ကယ်တင်ခြင်းကို ရရှိ။
၂
ဆုတ်ယုတ်တဲ့ကျွန်ုပ်တို့ဘဝကို နှုတ်ဆက်စကားဆိုပြီး
အသစ်သောအသွင်ပြင်အတွက် ကျွန်ုပ်တို့ရဲ့ အသွင်ဟောင်းကိုပြောင်းလဲ
မူအားဖြင့် ကျွန်ုပ်တို့ ပြုမူပြောဆို
ဘုရားစကားသည် ကျွန်ုပ်တို့ကို လွှမ်းမိုးအုပ်စိုး
ဘုရာပေါ်ထားတဲ့ ကျွန်ုပ်တို့ချစ်ခြင်းမီးလျှံ ကျွန်ုပ်တို့နှလုံးသားထဲ လောင်ကျွမ်း
နှုတ်ကပတ်တော်ကို ဖြန့်ဝေပြီး ဘုရားအတွက် သက်သေခံ၊
နိုင်ငံတော်ရဲ့သတင်းကောင်းကို ကြွေးကြော်
ကျွန်ုပ်တို့ ကိုယ်စိတ်ဝိညာဉ်ကို ဘုရားကျေနပ်စေရန် ဆက်ကပ်ပြီး
ပို၍နာကျင်မှုများလည်း ခံစားဖို့ လိုလား
ကျွန်ုပ်တို့ကံကြမ္မာကို ပြောင်းလဲပေးတဲ့အတွက် အနန္တတန်ခိုးရှင်ဘုရားကို ကျေးဇူးတင်
ဘဝသစ်မှာရှင်သန်ပြီး အသစ်သောမနက်ဖြန်ကို ကြိုဆို
နှုတ်ကပတ်တော်သည် သူ့ခွန်အားကို ဖွင့်ပြ
အောင်မြင်သောသူတို့ကို လွှမ်းမိုးဖြစ်ပေါ်စေ
ဘုရားရွေးကောက်ထားသူများ ပြန်လာကြကာ
သူရဲ့ရှေ့သို့ တိုင်းနိုင်ငံအားလုံးမှ လာကြ
ဘုရားရဲ့လူတို့ သူနှင့်အသက်ရှင်
သူ့ကို အစဉ်မမြဲ ချီးမွမ်းကိုးကွယ်ကြတာ
ဘုရားရဲ့အလိုတော် ကို ဆောင်ရွက်
ခရစ်တော်ရဲ့နိုင်ငံတော် မြေကြီးပေါ် မှာပြည့်စုံပြီး
ဘုရား၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်း ထင်ရှားစေခဲ့ပြီး
ကောင်းကင်နှင့်မြေကြီးသည် အသစ်ဖြစ်ခဲ့
နိုင်ငံတော်ရှိလူများ ဘုရားကိုကြောက်ရွံ့ကာ ဒုစရိုက်မှ ရှောက်ကြဉ်၍
အလင်းထဲ၌ အသက်ရှင်ကြ
၃
ညီကို မောင်နှမတို့ အတူစုံဆည်း ကြချိန်
သူတို့ရဲ့မျက်နှာမှာ ပျော်ရွှင်မှုပေါ်လွင်
နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ဖတ်ကာ သမ္မာတရားကို ဝေမျှ
ဘုရားမေတ္တာတော်အောက်မှာ ပေါင်းစည်း
ကျွန်ုပ်တို့သည် အချင်းချင်း မလိုမုန်းထားမူ မရှိဘဲ၊ရိုးသား၊ပွင့်လင်း သူများ ဖြစ်သည်။
တစ်ဦးကိုတစ်ဦးချစ်လျှက် သမ္မာတရားဖြင့် အသက်ရှင်။
တစ်ဦးစီ၏အားသာချက်များမှ သင်ယူကြပြီး
ကျွန်ုပ်တို့အမှား၊ အပြစ်များအတွက် နောင်တဖြင့်ပြုပြင်
ကျွန်ုပ်တိုသည် ပေါင်းစည်းလျက် တာဝန်များကို ပြီးမြောက်ပြီး၊ ဆပ်ကပ် အပ်နှံကြသည်။
နိုင်ငံတော်သို့ သွားရာလမ်းတွင်
နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ကိုလမ်းပြ
နှုတ်ကပတ်တော်သည် သူ့ခွန်အားကို ဖွင့်ပြ
အောင်မြင်သောသူတို့ကို လွှမ်းမိုးဖြစ်ပေါ်စေ
ဘုရားရွေးကောက်ထားသူများ ပြန်လာကြကာ
သူရဲ့ရှေ့သို့ တိုင်းနိုင်ငံအားလုံးမှ လာကြ
ဘုရားရဲ့လူတို့ သူနှင့်အသက်ရှင်
သူ့ကို အစဉ်မမြဲ ချီးမွမ်းကိုးကွယ်ကြတာ
ဘုရားရဲ့အလိုတော် ကို ဆောင်ရွက်
ခရစ်တော်ရဲ့နိုင်ငံတော် မြေကြီးပေါ် မှာပြည့်စုံပြီး
ဘုရား၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်း ထင်ရှားစေခဲ့ပြီး
ကောင်းကင်နှင့်မြေကြီးသည် အသစ်ဖြစ်ခဲ့
နိုင်ငံတော်ရှိလူများ ဘုရားကိုကြောက်ရွံ့ကာ ဒုစရိုက်မှ ရှောက်ကြဉ်၍
အလင်းထဲ၌ အသက်ရှင်ကြ
ဒီက ကောင်းကင်သည် အလွန်ထူးခြားလှ၏