ဤသည်မှာ စာတန်၏ စံပြ ပုံရိပ်ပင် ဖြစ်သည်
လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်၊ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် အတူတကွ ဆုံစည်းခြင်းကို နှစ်သက်ကြသည်၊ သူတို့သည် လူတို့ကို နားထောင်စေခြင်းငှာ၊ သူတို့ကို ကိုးကွယ်စေခြင်းငှာနှင့် ခြံရံစေခြင်းငှာ အလိုရှိကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့၏ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိပ်ဖြာကြပါစို့- ထိုကဲ့သိုအပြုအမူများရှိသော လူများ၌ မည်သည့် သဘာဝဗီဇမျိုး ရှိသနည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူသည် မောက်မာ၍ ထောင်လွှားသောသူဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူသည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ထိုသူတို့၏ စိတ်များထဲ၌ ဝိညာဉ်အသက်တာ ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံပြ ပုံရိပ်ပင် ဖြစ်သည်။ သူ့သဘာဝနှင့်ပတ်သက်၍ ပိုမိုပေါ်လွင်နေသည့်အရာမှာ မောက်မာမှုနှင့် ထောင်လွှားမှုဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ဤအပြုအမူများမှ သူ၏သဘာဝကို သင် ရှင်းလင်းစွာ မြင်နိုင်သည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။