၆၂၂ ဘုရားကို ပြင်းပြသောအစေခံမှု၏ အကျိုးဆက်များကျူး

၁ ဘုရားသခင်ကို မကြည်ညိုဘဲ၊ ကြောက်ရွံ့တုန်လှုပ်သည့် စိတ်နှလုံးမရှိသူ မည်သူမဆိုသည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အလွယ်တကူ ချိုးဖောက်ဖြစ်လိမ့်မည်။ လူအများအပြားက ၎င်းတို့၏စိတ်အားထက်သန်မှု အင်အားကြောင့် ဘုရားသခင်ထံတွင် အစေခံကြသော်လည်း၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို နားမလည်ကြဘဲ၊ သူ၏ နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်ပြောဆိုမှုကို အရိပ်အမြွက်မျှ သိနားလည်ဖို့ သာ၍ နည်းပါးနေသေးသည်။ ထို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်ကောင်းများဖြင့် အဆုံး၌ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မကြာခဏ နှောင့်ယှက်တတ်သည့် အရာများလုပ်ဆောင်ကြပေသည်။ ပြင်းထန်ဆိုးရွားသော ကိစ္စများ၌ ထိုသူတို့ကိုဖယ်ရှားပြီး ဘုရားသခင်၏နောက်သို့ထပ်မံ လိုက်ပါ ခွင့်မပြုတော့ဘဲ၊ အဆုံး၌ ဘုရားသခင်၏ အိမ်တော်နှင့် ဆက်နွှယ်မှု အားလုံးတို့ကို ဖြတ်တောက်ကာ ငရဲသို့ပစ်ချခံရသည်။ ဤလူများသည် ဘုရားသခင်၏ အိမ်တော်၌ ၎င်းတို့၏ မသိနားမလည်သော ရည်ရွယ်ချက်ကောင်းများ၏ ခွန်အားဖြင့် လုပ်ကိုင်ကြပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဒေါသဖြစ်စေခြင်းဖြင့် အဆုံးသတ်ကြ၏။

၂ လူတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ၎င်းတို့၏အကြီးအကဲများနှင့် သခင်များကို အလုပ်အကျွေး ပြုပုံများ ယူဆောင်လာပြီး၊ ဤနေရာ၌ ၎င်းတို့ကို သက်သောင့်သက်သာ အလွယ်ကလေးနှင့် အသုံးချနိုင်မည်ဟု အချည်းနှီးတွေးထင်ကြကာ ထည့်သွင်း လုပ်ဆောင်ရန် ကြိုးပမ်းကြသည်။ ဘုရားသခင်ထံတွင် သိုး၏ စိတ်သဘောထားမရှိဘဲ၊ ခြင်္သေ့၏ စိတ်သဘောထားသာ ရှိသည်ကို ထိုသူတို့ မည်သည့်အခါမျှ မတွေးမိခဲ့ကြပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ပထမဦးဆုံး ပတ်သက်သူများသည် ဘုရားသခင်နှင့် ဆက်သွယ်ပြောဆို၍ မရနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှလုံးသားသည် လူသား၏နှလုံးသားနှင့် မတူသောကြောင့်ဖြစ်သည်။ သမ္မာတရား များစွာကို သင်နားလည်ပြီးသည့် နောက်မှသာ ဘုရားသခင် အကြောင်းကို သင် အဆက်မပြတ် သိနိုင်လာလိမ့်မည်။ ဤအသိသည် စကား အသုံးအနှုန်းများ၊ အယူဝါဒများတို့ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ၊ ဘုရားသခင်က သင့်ကို ကျေနပ်ပီတိဖြစ်သည့် သက်သေ အဖြစ်လည်းကောင်း၊ ဘုရားသခင် ထံပါးသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်နိုင်ခြင်းအတွက် ရတနာတစ်ပါး အနေဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။ သင့်ထံတွင် လက်တွေ့ကျသော အသိမရှိ၊ သမ္မာတရားနှင့် ပြည့်စုံခြင်းလည်း မရှိပါက၊ သင်၏ ပြင်းပြသော အစေခံမှုသည် သင့်ထံသို့ ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ရွံရှာမှုတို့သာ ယူဆောင်လာ ပေးနိုင်သည်။ ယခုဆိုလျှင် ဘုရားသခင်အား ယုံကြည်ခြင်းသည် ဓမ္မပညာကို လေ့လာခြင်းသက်သက် မဟုတ်ကြောင်း ကို သင် သိရှိပြီးလောက်ပြီ ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၂၁ မိမိစိတ်သဘောထား မပြောင်းလဲပါက ဘုရားကို အစေမခံနိုင်ကျူး

နောက်တစ်ခုသို့- ၆၂၃ ဤသို့သော စိတ်သဘောထားမျိုးသည် ဘုရားကိုအစေခံရန် သင့်လျော်သလောကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။