မိမိစိတ်သဘောထား မပြောင်းလဲပါက ဘုရားကို အစေမခံနိုင်ကျူး
၁ ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိရစ်နေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေခံနိုင်မည် မဟုတ်ပေ။ သင့်စိတ်သဘောထားသည် ဘုရားသခင့်နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးလျှင် သင့်စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေသေးသည်။ ထိုအရာကပင် သင်သည် သင့်ကိုယ်ကျိုးအတွက်သာ ဘုရားသခင်ကို အစေခံခြင်းဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ ယင်းသည် ဆိုးယုတ်သော သင်၏သဘာဝအပေါ် အခြေခံထားသည့် အစေခံခြင်းပင် ဖြစ်သည်။ သင်သည် သင့်သဘာဝ ပင်ကိုစရိုက်နှင့် သင့်ပုဂ္ဂိုလ်ရေး အကြိုက်များအရသာ ဘုရားသခင်အား အစေခံခြင်း ဖြစ်သည်၊ ထို့အပြင် သင်လုပ်ချင်သည့် အရာတိုင်း၌ ဘုရားသခင် ကျေနပ်ပြီး သင်လုပ်ချင်စိတ် မရှိသည့် အရာတိုင်းကို မုန်းသည်ဟု တွေးထင်လျက်ရှိနေသည်၊ ထို့အပြင် သင်၏ လုပ်ဆောင်မှုထဲတွင် သင်သည် မိမိကိုယ်ပိုင် ကြိုက်နှစ်သက်မှုများ၏ လုံးလုံးလျားလျား လမ်းညွှန်ခြင်းကို ခံနေရသည်။ ထိုအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်နိုင်မည်လော။
၂ နောက်ဆုံး၌ သင့်အသက်တာ၏ စိတ်သဘောထားသည် ဆံခြည်တစ်မျှင်မျှပင် ပြောင်းလဲလိမ့်မည် မဟုတ်၊ ယင်းအစား သင်သည် ဘုရားသခင်ကို အစေခံနေပြီ ဖြစ်သည့်အတွက် ပို၍ပင် ခေါင်းမာလာလိမ့်မည် ဖြစ်ပြီး ထိုအရာက သင်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို နက်ရှိုင်းစွာ အရိုးစွဲသွားစေလိမ့်မည်။ ထိုနည်းအားဖြင့် သင်၏ ကိုယ်ပိုင် ပင်ကိုစရိုက်အပေါ်နှင့် မိမိကိုယ်တိုင်၏ စိတ်သဘောထားနှင့်အညီ အစေခံခြင်းမှ ရရှိလာသည့် အတွေ့အကြုံအပေါ် အဓိကအားဖြင့် အခြေခံထားသည့် ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်၍ စည်းမျဉ်းများကို အတွင်းကျိတ် ချမှတ်လိမ့်မည်။ ထိုအရာသည် လူ့အတွေ့အကြုံအားဖြင့် ရလာသော သင်ခန်းစာဖြစ်ပေသည်။ ယင်းသည် လူသား၏ ဘဝဒဿန ဖြစ်ပေသည်။ ထိုသို့သောသူတို့သည် ဖာရိရှဲနှင့် ဘာသာရေး အမှုဆောင်တို့နှင့် သက်ဆိုင်ကြသည်။ သူတို့သည် မည်သည့်အခါမျှ နိုးထ၍ နောင်တမရလျှင်မူ အဆုံး၌ နောက်ဆုံးသော ကာလတွင် ပေါ်လာမည့် ခရစ်တော်အတုအယောင်များ ဖြစ်သွားကြပြီး၊ လူသားများကို လှည့်ဖြားသောသူများ ဖြစ်သွားကြမည်။ ပြောခဲ့ပြီးသည့် ခရစ်တော်အတုအယောင်များနှင့် လှည့်ဖြားသောသူတို့သည် ထိုသို့သော ပုဂ္ဂိုလ်မျိုးကြားမှ ပေါ်လာမည် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘာသာရေးအမှုဆောင်ခြင်းကို သန့်စင်ရမည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။