၅၂၉ ဘုရားက သည်းခံသောကြောင့် သင့်ကိုယ်သင် အလိုမလိုက်နှင့်ကျူး

၁ ငါ့အား သိကျွမ်းသော လူများမှာ နည်းပါးသော်ငြားလည်း၊ လူများသည် ချို့တဲ့လွန်းပြီး ၎င်းတို့အား ငါတောင်းဆိုသော အဆင့်ကို ကြိုးပမ်းရရှိရန် ၎င်းတို့အတွက် ခဲယဉ်းသောကြောင့်၊ ငါသည် လူသားအပေါ်သို့ ငါ၏အမျက်ဒေါသကို မထုတ်လွှတ်ပေ။ ထို့ကြောင့် ငါသည် လူသားတို့အပေါ် နှစ်ထောင်ပေါင်းများစွာပင် သည်းခံနေခဲ့သည်မှာ မျက်မှောက်ကာလ ထိတိုင်ပင် ဖြစ်တော့သည်၊ သို့သော်လည်း ငါ၏သည်းခံမှုကြောင့် သင်တို့သည် မိမိတို့ကိုယ်ကိုယ် သက်ညှာမနေကြဖို့ ငါမျှော်လင့်သည်။ ပေတရုမှတစ်ဆင့် သင်သည် ငါ့အား သိကျွမ်းလာပြီး ငါ့ကိုရှာဖွေကြသင့်သည်။ ပေတရု၏ ရဲရင့်သော စွမ်းဆောင်မှု အားလုံးမှတစ်ဆင့် သင်သည် ယခင်က မကြုံစဖူးသကဲ့သို့ ဉာဏ်အလင်းရရှိသင့်သည်၊ ထိုသို့ဖြင့် ယခင်က လူသားက တစ်ခါမျှ မရောက်ရှိဖူးသည့် လောကတို့ကို ရောက်ရှိသင့်ပေသည်။

၂ အာကာသနှင့် မိုးမျက်နှာကြက်အနှံ့အပြားတွင်၊ ကောင်းကင်နှင့် မြေကြီး၌ ရှိကြကုန်သော အရာများ အားလုံးအကြား၊ ကမ္ဘာမြေကြီးနှင့် ကောင်းကင်ဘုံမှ အရာခပ်သိမ်းတို့သည် ငါ့အမှု၏ နောက်ဆုံးသော အဆင့်အတွက် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှု အလုံးစုံကို ပေးလေသည်။ သင်တို့သည် စာတန်၏အင်အားစုများ၏ အမိန့်ပေးသည်ကို ခံရလျက်၊ ဘေးစည်းမှ ပွဲကြည့်ပရိသတ်များ အဖြစ်သာ မဖြစ်လိုသည်မှာ သေချာသည် မဟုတ်လော။ စာတန်သည် နောက်ဆုံးသော သေခြင်း၏ မချိတင်ကဲဝေဒနာကို ခံစားချိန်တွင် သွားများကြိတ်လျက်၊ ခြေသည်းလက်သည်းများကို ကုပ်ထားလျက်နှင့် လူများ၏ စိတ်နှလုံးများရှိ ငါနှင့်ပတ်သက်သည့် အသိပညာကို ဝါးမြိုလျက် အစဉ်အမြဲရှိနေသည်။ သင်တို့သည် ယခုအချိန်၌ ၎င်း၏စဉ်းလဲသော အကြံအစည်များ၏ အန္တရာယ်ပြုခြင်းခံရရန် အလိုရှိကြသလော။ ငါ့အမှုသည် နောက်ဆုံးတွင် ပြီးဆုံးသောအချိန်၌ သင်တို့သည် မိမိတို့၏ အသက်ကို ဖျက်ဆီးပစ်ရန် အလိုရှိကြသလော။ ငါ၏သည်းခံခြင်းကို နောက်ထပ်တစ်ကြိမ် ပြဖို့ သင်တို့သည် ငါ့အား စောင့်နေကြသလော။ ငါနှင့် သက်ဆိုင်သည့် အသိပညာကို ရှာဖွေခြင်းသည် အခရာကျသည်၊ သို့သော်လည်း လက်တွေ့လုပ်ဆောင်မှုကို အာရုံစိုက်ခြင်းမှာ မရှိမဖြစ်ပေ။ ငါ၏နှုတ်ကပတ်တော်များကို သင်တို့အား တိုက်ရိုက် ထုတ်ဖော်ပြနေပြီး၊ သင်တို့သည် ငါ၏လမ်းပြမှုနောက်ကို လိုက်လျှောက်နိုင်ကာ၊ သင်တို့ကိုယ်တိုင်အတွက် အစီအစဉ်များ သို့မဟုတ် ရည်မှန်းချက်များ နောက်ထပ် မရှိတော့ဖို့ ငါမျှော်လင့်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၆)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၂၈ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဧကန်ပင် လက်တွေ့မကျင့်သုံးကြကျူး

နောက်တစ်ခုသို့- ၅၃၀ ဘုရားအရွံရှာဆုံးသောအရာမှာ လူ၏ စိတ်နှလုံးခိုင်မာခြင်းနှင့် ခွေးမြီးကောက် ကျည်တောက်စွပ်သဘောတို့ပင်တည်းကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။