ဘုရားအရွံရှာဆုံးသောအရာမှာ လူ၏ စိတ်နှလုံးခိုင်မာခြင်းနှင့် ခွေးမြီးကောက် ကျည်တောက်စွပ်သဘောတို့ပင်တည်းကျူး
၁ လူသား၏ သဘောသဘာဝမှာ မပြောင်းမလဲဘဲ ရှိရစ်သည်။ ၎င်းတို့၏ နှလုံးသားများထဲ၌ ရှိသော အရာသည် ငါ၏ အလိုတော်နှင့် ကိုက်ညီခြင်းမရှိ၊ ထိုအရာသည် ငါလိုအပ်သော အရာမဟုတ်။ ငါအရွံရှာဆုံးသောအရာမှာ လူသား၏ စိတ်နှလုံးခိုင်မာခြင်းနှင့် ခွေးမြီးကောက် ကျည်တောက်စွပ် သဘောတို့ ဖြစ်သည်၊ သို့သော်လည်း လူသားမျိုးနွယ်ကို ငါ့အားသိရန် ဆက်လက်ပျက်ကွက်နေ စေရန်၊ ငါ့ကို အဝေးတွင်ထားစေရန်နှင့် ငါ၏ရှေ့မှောက်၌ ငါ့အလိုတော်နှင့်အညီ လုံးဝ မဆောင်ရွက်ဘဲ ယင်းအစား ငါ၏ နောက်ကွယ်တွင် ငါ့ကို ဆန့်ကျင်စေရန် နှိုးဆွနေသော အင်အားစုမှာ အဘယ်အရာနည်း။ ဤသည်မှာ ၎င်းတို့၏ သစ္စာစောင့်သိခြင်းလော။ ဤသည်မှာ ငါ့ကိုချစ်သော ၎င်းတို့၏ ချစ်ခြင်း မေတ္တာလော။ အဘယ်ကြောင့် ၎င်းတို့သည် နောင်တရ၍ ဒုတိယအကြိမ် မွေးဖွားခြင်း မရှိနိုင်ရသနည်း။ အဘယ်ကြောင့် လူတို့သည် ရွှံ့နှင့် ကင်းလွတ်ရာ၌ နေရန်အစား ရွှံ့ညွှန်တွင် ထာဝရ နေရန် လိုလိုလားလားရှိ သနည်း။ ငါသည် ၎င်းတို့ကို နှိပ်စက်ခဲ့၍များ ဖြစ်နိုင်သလော။ ငါသည် ၎င်းတို့ကို မှားယွင်းသော ဦးတည်ရာအရပ်သို့ လမ်းညွှန်ပြခဲ့၍များ ဖြစ်နိုင်သလော။ ငါသည် ၎င်းတို့ကို ငရဲသို့ ဦးဆောင်နေ၍များ ဖြစ်နိုင်သလော။
၂ လူတိုင်းသည် “ငရဲ”တွင် နေထိုင်ရန် လိုလားကြသည်။ ၎င်းတို့အတွင်း၌ ရှိသော အရာခပ်သိမ်းသည် ငရဲမှ လာခြင်းဖြစ်သည့် အားလျော်စွာ အလင်းကြွလာသောအခါ ၎င်းတို့၏ မျက်လုံးများသည် ချက်ချင်းပင် ကန်းသွားကြသည်။ သို့သော်လည်း လူသားမျိုးနွယ်သည် ဤအချက်ကို မသိမိုက်မဲလျက်ရှိပြီး “ငရဲနှင့်ဆိုင်သော ကောင်းချီးများ” ကိုသာ ပျော်မွေ့လျက်ရှိသည်။ ၎င်းတို့သည် ထိုကောင်းချီးများကို ရတနာများအလား ဖက်ယမ်း၍ပင် ထားလေသည်၊ ၎င်းတို့“ဖြစ်တည်ခြင်း၏ အရင်းအမြစ်”မရှိဘဲ ဖြစ်စေလျက် ငါသည် ထိုအရာများကို အတင်းအကြပ် လုယူသွားမည်ကို ပူပန်ထိတ်လန့်လျက် ရှိကြသည်။ လူတို့သည် ငါ့ကို ကြောက်ရွံ့ကြသည်၊ ထိုအကြောင်းကြောင့်ပင် ငါသည် ကမ္ဘာမြေကြီးသို့ ကြွဆင်းလာသောအခါ ၎င်းတို့သည် ငါထံသို့ ချဉ်းကပ်ရန် မုန်းတီးလျက် ငါနှင့်ဝေးရာတွင် နေကြခြင်းဖြစ်သည်၊ အကြောင်းမှာ ၎င်းတို့သည် “မိမိတို့ကိုယ်မိမိ ဒုက္ခရောက်စေခြင်း”ငှာ မလိုလားကြဘဲ ထိုအစား “ကမ္ဘာမြေကြီးပေါ်၌ ပျော်ရွှင်ခြင်း”ကို ခံစားရစိမ့်သောငှာ မိသားစုအတွင်း စိတ်သဘောထား ညီညွတ်ခြင်းကို ထိန်းသိမ်းရန်သာ အလိုရှိကြသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၇” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။