ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့မကျင့်သုံးသူတို့သည် သုတ်သင်ခြင်းခံရလိမ့်မည်ကျူး
၁ ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်တို့သည် သင်တို့ ၏ စိတ်သဘောထား ကို ပြောင်းလဲမှုဖြစ်စေရန် ရည်ရွယ်သည်။ ကိုယ်တော်၏ ရည်ရွယ်ချက်မှာ သူ၏ အမှုတော်နှင့် နှုတ်ကပတ်တော်ကိုသင်တို့ နားလည်ရုံသက်သက် သို့မဟုတ် သိရုံသက်သက် မဟုတ်၊ ယင်းသည် အ ဆုံးသတ် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်အများစုတို့သည် လူသားဘာသာစကားဖြင့် ရေးသားထားသည်ဖြစ်ရာ လက်ခံ ရရှိ နိုင်စွမ်းရှိသူတစ်ဦး အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကိုနားလည်ရန် သင်တို့တွင် အခက်အခဲရှိမည်မဟုတ်ပေ။ သို့ဖြစ်ရာဘုရားသခင်က သင်တို့ကို မည်သည့်အရာကို နားလည်စေပြီး ကျင့်သုံးစေချင်သည်ကို သင်တို့သည် နားလည် နိုင်ပေးသည်။ ယင်းသည် ပုံမှန်နားလည် နိုင်စွမ်းရှိသူ တစ်ဦးအနေဖြင့် သာမာန် လူတစ်ဦးနားလည် နိုင်စွမ်းသောအရာ ဖြစ်ပေသည်။
၂ မျက်မှောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှာ အထူးသဖြင့် ရှင်းလင်း၍ ပွင့်လင်းမြင်သာပြီး လူတို့ မစဉ်းစားသော အရာအများအပြားနှင့် လူတို့၏ အခြေအနေအမျိုးမျိုးကို ဘု ရားသခင်က ထောက်ပြထားသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့သည် ပြည့်စုံမှုရှိပြီး လပြည့်ည အလင်းရောင်ကဲ့သို့ ရှင်းလင်းလှပေသည်။ သို့ဖြစ်ရာ မျက်မှောက်တွင် လူအများသည် အကြောင်းအရာ အများအပြားကို နားလည်သည်။ သူတို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို လက်တွေ့ကျင့်သုံးရန် ချို့ယွင်းအားနည်းနေခြင်း ဖြစ်သည်။ လူတို့သည် သမ္မာတရား၏ ရှုထောင့်ပေါင်းစုံကိုလေ့ကျင့်ပြီး ယင်းတို့ ၏ အသေးစိတ်ကို စူးစမ်းရှာဖွေရမည်။ သူတို့ အားပေးထားသည်ကို အလိုက်သင့် စောင့်စားနေရန် မဟုတ်ပေ။ သို့မဟုတ်ပါက သူတို့သည် ပျင်းရိသူတို့ထက် အနည်းငယ်သာ ရုံသာရှိပေမည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သိသော်လည်းလက်တွေ့ မကျင့်သုံးသူများ ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်သည် သမ္မာတရားကို ချစ်မြတ် နိုးသူမဟုတ်လိုပဲ အဆုံးတိုင် ဖယ်ရှားခြင်းကိုခံကြရမည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကိုသင်တို့ နားလည်သည်နှင့်တပြိုင်နက် ကျင့်သုံးကြပါ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။