၇၇၇ ပေတရု၏အတွေ့အကြုံအား အတုယူခြင်း
၁
ကြီးမြတ်သည့်စစ်ဆေးခြင်း ပေတရုရရှိခဲ့ခြင်းမှာ
သူလုပ်ဆောင်ခဲ့သည့် အရာများကြောင့် ဖြစ်သည်။
ဘုရားသခင်ကို များစွာအကြွေးတင်ခဲ့သည်ဟု သူခံစားခဲ့ရ၊
ကိုယ်တော်ကို သူပြန်ပြီးမပေးဆပ်နိုင်။
လူသားမျိုးနွယ် အကျင့်ပျက်သည်ကို သူမြင်ခဲ့သည့်အတွက်
သူ့တွင် အပြစ်ရှိသည်ဟု ခံစားရ။
ယေရှုသူ့အား အရာများစွာပြောခဲ့၊
သူနားလည်နခဲ့သည်မှာ သေးငယ်လှသည်။
တစ်ခါတစ်ရံ သူဆန့်ကျင်ခဲ့ပြီး ပုန်ကန်ခဲ့။
ယေရှု လက်ဝါးကားတိုင်ပေါ် သံမှိုရိုက်ခံခဲ့သည်ထိ၊
ပြီးနောက် ပေတရု အပြစ်ရှိသည်ဟုခံစားရပြီး နိုးထလာခဲ့။
နောက်ဆုံးမှာ မှားယွင်းသည့်အတွေး တစ်ခုကိုမျှ သူခွင့်မပြုခဲ့။
ဘုရားသခင် အမှုတော်ကို သူကြုံဆုံခဲ့ရပြီးနောက်၊
အမြော်အမြင်နှင့် ထိုးထွင်းသိမြင်မှုတွေ သူရရှိခဲ့၊
အစေခံသည့် အခြေခံစည်းမျဉ်းများကို နားလည်ခဲ့ပြီး၊
ယေရှု ပေးခဲ့သည့်တာဝန်ကို လေးစားခဲ့။
အများဆုံး ဝေဒနာ ခံစားခဲ့ရသည့်အတွက်၊ သူစံနမူနာဖြစ်ခဲ့ရ၊
သူကျော်ဖြတ်ခဲ့ရသည်မှာ အောင်မြင်မှုဖြစ်ခဲ့။
ထို့ကြောင့် သင်သည် ထိုနည်းဖြင့် လမ်းကြောင်းကို လျှောက်လျှင်၊
မည်သည့် သတ္တဝါတစ်ခုမျှ သင့်ကောင်းချီးများကို မယူသွားနိုင်၊
မည်သည့် သတ္တဝါတစ်ခုမျှ သင့်ကောင်းချီးများကို မယူသွားနိုင်။
၂
ပေတရု သူ၏အခြေအနေကို ကောင်းစွာသိပြီး၊
သခင်၏ သန့်ရှင်းခြင်းကို
နက်ရှိုင်းစွာ သတိမူမိ၊
ထို့အတွက် ပေတရု၏ သိနားလည်မှု အားလုံးမှ၊
သခင်အတွက် သူ့ချစ် နှလုံးသား ကြီးထွားခဲ့ပြီး၊
သူ့ဘဝကို ပိုပြီး အာရုံစိုက်ခဲ့။
ဤအတွက် သူဆင်းရဲဒုက္ခ ခံစားခဲ့ရသည်။
တစ်ခါတစ်ရံ သူနာမကျန်းခဲ့ပုံပေါက်ခဲ့ပြီး၊
သေခြင်းတံခါးကို သူရောက်လုနီးပါးပုံပေါက်ခဲ့ရ။
ကြိမ်ဖန်များစွာ စစ်ဆေးခံခဲ့ရသည့်အတွက်၊
သူ့ကိုယ်သူ ပိုမိုနားလည်ခဲ့၊
သခင်အတွက် စစ်မှန်သည့် ချစ်ခင်ကြင်နာမှု ပေါက်ဖွားကြီးထွားနေ။
သူ့အသက်တာ စစ်ဆေးခြင်းကို ကျော်ဖြတ်ခဲ့ရပြီး၊
ပြစ်တင်ဆုံးမခြင်းထဲ အသုံးခံခဲ့ရ။
သူ့အတွေ့အကြုံ တမူထူးခြားခဲ့၊
သူ့အချစ်က စုံလင်ခြင်းမခံရသူများအား ရိုက်နှက်။
အများဆုံး ဝေဒနာ ခံစားခဲ့ရသည့်အတွက်၊ သူစံနမူနာဖြစ်ခဲ့ရ၊
သူကျော်ဖြတ်ခဲ့ရသည်မှာ အောင်မြင်မှုဖြစ်ခဲ့။
ထို့ကြောင့် သင်သည် ထိုနည်းဖြင့် လမ်းကြောင်းကို လျှောက်လျှင်၊
မည်သည့် သတ္တဝါတစ်ခုမျှ သင့်ကောင်းချီးများကို မယူသွားနိုင်၊
မည်သည့် သတ္တဝါတစ်ခုမျှ သင့်ကောင်းချီးများကို မယူသွားနိုင်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းခရီး၏နောက်ဆုံးခရီးတစ်ထောက်ကို မည်ကဲ့သို့ သင်လျှောက်လှမ်းသင့်ပုံ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။