၈၇၇ ဘုရားသခင်သည် လူသားများကို ကယ်တင်ဖို့ ကြီးမားသည့် အရှက်ရခြင်းကို သည်းခံသည်

၁ လူသားနှင့် ဘုရားသခင်သည် အခြေခံအားဖြင့် ခြားနားပြီး မတူညီသော နယ်ပယ်နှစ်ခုတွင် နေထိုင်ကြသည်။ လူသားသည် ဘုရားသခင်၏ ဘာသာစကားကို နားလည်နိုင်ခြင်းမရှိ၊ ဘုရားသခင်၏အတွေးများကို သိရန်မှာ ပို၍ပင်မဖြစ်နိုင်ပေ။ ဘုရားသခင်သည်သာ လူသားကို နားလည်နိုင်ပြီး လူသားက ဘုရားသခင်ကို နားလည်ရန် မဖြစ်နိုင်ချေ။ ဘုရားသခင်သည် လူ့ဇာတိခံပြီး လူသားနှင့် တစ်မျိုးနွယ်တည်း ဖြစ်ရန်လိုအပ်ခြင်း ဖြစ်၍၊ လူသားမျိုးနွယ်ကို ကယ်တင်ရန်အတွက် ကြီးစွာသောအရှက်ကွဲခြင်းနှင့် နာကျင်ခြင်းကို သည်းခံလျက်နေ၏၊ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်၏အမှုကို နားလည်ပြီး သိနိုင်ကြမည်။ ဘုရားသခင်သည် လူသားကို အဘယ်ကြောင့် အစဉ်ကယ်တင်ပြီး မည်သည့်အခါမျှ လက်မလျှော့သနည်း. ၎င်းမှာ လူသားအပေါ် သူ၏ချစ်ခြင်းမေတ္တာကြောင့် ဖြစ်သည်မဟုတ်လော။ လူသားမျိုးနွယ်သည် စာတန်၏ဖျက်ဆီးခြင်းကို ခံနေရကြောင်းကို သူမြင်ပြီး သူသည် စွန့်လွှတ်ရက်မည် သို့မဟုတ် လက်လျှော့ရက်မည်မဟုတ်ပေ။ ထို့ကြောင့် သူ၌စီမံခန့်ခွဲမှုအစီအစဉ်တစ်ခု ရှိခြင်းဖြစ်၏။

၂ အကယ်၍ လူတို့စိတ်ကူးသကဲ့သို့ ဖြစ်ပြီး သူသည် ဒေါသထွက်သည်နှင့်တစ်ပြိုင်နက် လူသားမျိုးနွယ်ကို ဖျက်ဆီးခဲ့မည်ဆိုပါက လူသားကိုကယ်တင်ရန်အတွက် ဤပုံစံဖြင့် ဒုက္ခဆင်းရဲခံရန် လိုအပ်မည်မဟုတ်ပေ။ သူ၏ ချစ်ခြင်း ပေါ်လွင်လာသည်မှာ သူ၏လူဇာတိခံခြင်းအားဖြင့် ခံစားရသောနာကျင်မှုကြောင့်ဖြစ်ပြီး သူ၏ချစ်ခြင်းမေတ္တာကို လူသားတို့ တဖြည်းဖြည်း တွေ့မြင်လာပြီး လူအပေါင်း သိလာခြင်းမှာ ဧကန်အမှန်ဖြစ်၏။ အကယ်၍ ဘုရားသခင်သည် ဤကဲ့သို့သောအမှုကို ယခု မလုပ်ဆောင်ပါက ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိပြီး သူသည် လူသားမျိုးနွယ်အပေါ် ချစ်ခြင်းမေတ္တာရှိကြောင်းကိုသာ လူတို့သိကြမည် ဖြစ်သည်။ အကယ်၍ ယင်းကဲ့သို့ ဖြစ်ခဲ့သော် ၎င်းမှာ သြဝါဒသာဖြစ်၍ လူတို့သည် ဘုရားသခင်၏စစ်မှန်သောချစ်ခြင်းမေတ္တာကို မည်သည့်အခါမျှ လေ့လာနိုင်ခြင်းနှင့် ကြုံတွေ့နိုင်ခြင်းရှိလိမ့်မည်မဟုတ်ပေ။

၃ ဘုရားသခင်သည် လူ့ဇာတိ၌ သူ၏အမှုကို လုပ်ဆောင်ခြင်းဖြင့်သာ လူတို့သည် သူ့အကြောင်း စစ်မှန်သောနားလည်မှုတစ်ခုကို ရနိုင်ကြမည်။ ဤနားလည်မှုမှာ မရေမရာ သို့မဟုတ် အချည်းနှီး မဟုတ်သည့်အပြင် တစ်စုံတစ်ဦးက နှုတ်ပြောမျှသာ ဖြစ်သောသြဝါဒတစ်ခု မဟုတ်ဘဲ ၎င်းမှာ အလွန်စစ်မှန်သောနားလည်မှုတစ်ခု ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသားကို ဘုရားသခင်ပေးသော ချစ်ခြင်းမေတ္တာတွင် ထိရောက်သောအကျိုးကျေးဇူးရှိသောကြောင့်ဖြစ်၏။ လူတို့ကို ယေရှုပေးသည့် ချစ်ခြင်းမေတ္တာ အဘယ်မျှ ကြီးမားခဲ့သနည်း။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ကိုယ်စား သူ ကားစင်တင်ခံခဲ့ရပြီး၊ အပြစ်ဖြေရာယဇ်တစ်ခုအဖြစ် အသုံးတော်ခံခဲ့သည်။ သူ ကားစင်တင်ခံခဲ့ရသည်အထိတိုင် သူသည် လူသားမျိုးနွယ်အတွက် ရွေးနုတ်ခြင်းအမှုကို ပြည့်စုံစေဖို့ ကြွလာခဲ့သည်။ ဤချစ်ခြင်းမေတ္တာသည် အကန့်အသတ်မဲ့ဖြစ်ပြီး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုသည် လေးလေးနက်နက် အရေးပါပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သင်သိသလော” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၇၆ လူသား၏ နာကျင်မှုကို ဘုရားသခင် တွေ့ကြုံခြင်းသည် နက်ရှိုင်းစွာ အဓိပ္ပါယ်ရှိသည်

နောက်တစ်ခုသို့- ၈၇၈ ဘုရားအမှု၏ အဆင့်တိုင်းသည် လူသား၏အသက်အတွက်ဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

၄၆၄ ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်

၁ဘုရားမျှော် လင့်တာကသင်သူ့သဘောထားအမှန်ကိုသိချိန် သင် ဘုရားနဲ့ပိုနီးစပ်လာမယ်သူ့မေတ္တာနဲ့ လူတို့အတွက် ပူပန်မှုကို...

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။