၈၇၈ ဘုရားအမှု၏ အဆင့်တိုင်းသည် လူသား၏အသက်အတွက်ဖြစ်သည်
၁
ဤအချိန် ဘုရား လူ့ဇာတိခံယူခဲ့သည်မှာ
မပြီးသေးသော သူ၏အမှုကို ပြည့်စုံစေရန်
ဤခေတ်ကို တရားစီရင်ရန်၊ အဆုံးသတ်ရန်၊
နာကျင်ရသည့် လောကမှ အပြစ်ရှိသူများကို ကယ်တင်ကာ
လုံးဝ အသွင်ပြောင်းလဲရန် ဖြစ်သည်။
လူ၏အလုပ်အတွက် အိပ်မပျော်သော ညများစွာ
ဘုရားသခင် ကုန်လွန်သည်
အမြင့်ဆုံးအရပ်မှ အနိမ့်ဆုံးသို့၊
လူတို့နှင့်အတူ အချိန်ကုန်ဆုံးရန် လူ့ငရဲသို့
သူ ဆင်းသက်ခဲ့သည်။
လောက၏ ညစ်ညမ်းမှုကို သူ ဘယ်တော့မှ မညည်းညူခဲ့ဘူး
လူ၏ မနာခံမှုကို သူသည် ဘယ်တော့မှ အပြစ်မတင်ဘဲ
ကိုယ်တိုင် အမှုတော်ထမ်းဆောင်ရင်း အောက်ကျခံလေသည်။
၂
ဘုရားသည် ငရဲနှင့် မသက်ဆိုင် ငရဲ့၌ အချိန် မဖြုန်းနိုင်
လူသားမျိုးနွယ်အတွက် ငြိမ်သက်ခြင်း အမြန်ရဖို့
လူကို ကယ်ဖို့၊ အရှက်ကွဲခြင်းနှင့် မတရားမှု ကြံ့ကြံ့ခံကာ
လောကသို့ ဆင်းကြွပြီး “ငရဲ”ထိ သွားခဲ့သည်
သူသည် လူကို ကယ်တင်ခြင်းအတွက်
ဘုရားကို ဆန့်ကျင်ရန် လူမှာ ဘာအရည်အချင်းများရှိသလဲ
လူတို့ သူ့အား ဘယ်လိုညည်းညူနိုင်မလဲ
သူ့ကို ဗြောင်တိုက်ကာကြည့်ဝံ့သလဲ
ကောင်းကင်ဘုံမှ ညစ်ညမ်းသော ဤဒုစရိုက်ပြည်သို့
ဘုရား လာရောက်ခဲ့သည်
ထွက်ပေါက်ရှာခြင်း သို့မဟုတ် လူသားကို
ညည်းညူခြင်းများ ဘယ်တော့မှ မရှိခဲ့။
၃
လူတို့၏ ဖိနှိပ်မှုနှင့် နှိပ်စက်မှုကို တိတ်ဆိတ်စွာ လက်ခံကာ
တောင်းဆိုမှုကို ဘယ်တော့မှ မဆန့်ကျင်၊
လူထံမှ မလျော်ကန်သောအရာများ ဘယ်တော့မှ မတောင်းခဲ့ပေ။
လူတို့ လိုအပ်သည့်အမှုကို မညည်းညူဘဲ သူလုပ်ဆောင်၏။
သူ၏ ဘယ်အဆင့်က လူအတွက် မဟုတ်သနည်း
ဉာဏ်အလင်းရစေသည်၊ နှုတ်ကပတ်တော်အားဖြင့် စစ်ဆေးသည်၊
သတိပေးနှစ်သိမ့်ကာ၊ တရားစီရင်ထုတ်ဖော်သည်။
လူ၏ ကံကြမ္မာကို ဖယ်ရှားခဲ့သော်လည်း
ဘယ်အဆင့်များက လူတို့ရှင်သန်နိုင်ရေးအတွက်
သို့မဟုတ် နာကျင်မှုနှင့် အမှောင်ထုမှ လူအား
လွတ်မြောက်စေရန် မဟုတ်ခဲ့သနည်း
ကြင်နာသော မိခင်၏ နှလုံးသားလိုဖြစ်သည့်
ဘုရား၏ စိတ်ထက်သန်သောနှလုံးသားကို
ဘယ်သူနားလည်သနည်း
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်