၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ
၁
အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -
အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်
ထိုအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေပင်
သူသည်နေရာတိုင်းတွင် အမှုတော်ဆောင်ရွက် သက်သေခံလျက်ရှိသည်
အဘယ်သူမျှ သံသယဝင်မည်မဟုတ်၊ အောင်နိုင်သူ ရှင်ဘုရင်
အနန္တတန်ခိုးရှင် ဘုရား လောကကို အောင်နိုင်ခဲ့ပြီ
သူသည် အပြစ်ကို အနိုင်ယူပြီး၊ ကယ်တင်ခြင်းအမှုကို အောင်နိုင်ခဲ့ပြီ
စကြဝဠာ၏အောင်နိုင်သူ ရှင်ဘုရင်ကို ချီးမွမ်းပါ
တစ်လောကလုံး ဝမ်းမြောက်ရွှင်လန်းခြင်းရှိကြလော့၊
အနန္တတန်ခိုးရှင် ဘုရားသခင် ချီးမွမ်းထိုက်ပေသည်
စကြဝဠာ၏ ကြီးမြတ်သော ရှင်ဘုရင်၌ ဘုန်းတော်ဂုဏ်တော် ရှိပါစေ
၂
ကျွန်ုပ်တို့ အကျင့်ပျက်စေကာမူ
အလိုတော်ဆောင်ရွက်ဖို့ ကယ်တင် စုံလင်စေသည်
သူသည် လောကကို အုပ်စိုး၍ စာတန်လက်မှ ပြန်ယူကာ
အသူတစ်ရာနက်သော ချောက်ကြီးထဲသို့ ပို့ဆောင်သည်
သူသည် ကမ္ဘာလောကကို တရားစီရင်တော်မူမည်၊
သူ့လက်နှင့် ဘယ်သူမှ မလွဲမရှောင်နိုင်
ထိုသူသည် ရှင်ဘုရင်အဖြစ် အစဉ်စိုးစံ
တစ်လောကလုံး ဝမ်းမြောက်ရွှင်လန်းခြင်းရှိကြလော့၊
အနန္တတန်ခိုးရှင် ဘုရားသခင် ချီးမွန်းထိုက်ပေသည်
စကြဝဠာ၏ကြီးမြတ်သော ရှင်ဘုရင်၌ ဘုန်းတော်ဂုဏ်တော်ရှိပါစေ
တစ်လောကလုံး ဝမ်းမြောက်ရွှင်လန်းခြင်းရှိကြလော့၊
အနန္တတန်ခိုးရှင် ဘုရားသခင် ချီးမွမ်းထိုက်ပေသည်
စကြဝဠာ၏ကြီးမြတ်သော ရှင်ဘုရင်၌ ဘုန်းတော်ဂုဏ်တော်ရှိပါစေ
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်