၈၉၀ ခရစ်တော်၏ အနှစ်သာရမှာ ချစ်ခြင်းမေတ္တာ ဖြစ်သည်
၁ လူတို့အနေဖြင့် ခရစ်တော်၏ အနှစ်သာရမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်၊ သူ့နောက်လိုက်သောသူများအတွက်မူ ၎င်းမှာ အကန့်အသတ်မဲ့ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ အကယ်၍ သူ၌ ချစ်ခြင်းမေတ္တာ သို့မဟုတ် သနားခြင်းကရုဏာ မရှိခဲ့ပါက လူတို့သည် သူ့နောက်သို့ လိုက်လျှောက် လိမ့်မည် မဟုတ်ပေ။ လူ့ဇာတိခံယူသည့် အချိန်အတောအတွင်း လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြုသောအမှုထဲတွင် သူ၏ အသိသာဆုံးနှင့် အရေးပါဆုံးသော အနှစ်သာရမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်၊ ၎င်းမှာ အနန္တသည်းခံခြင်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာမဟုတ်ဘဲ သင်ထင်မြင်သကဲ့သို့ ဘုရားသခင်သည် လူတစ်ဦးကို ဆုံးပါးစေရန် ရည်ရွယ်ပါက သူသည် ထိုသို့ပြုလုပ်သည်၊ သူသည် လူတစ်ဦးကို မုန်းပါက သူသည် ထိုလူကို အပြစ်ဒဏ်ပေးခြင်း၊ ကျိန်ဆဲခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ပြုလိမ့်သည် ဆိုလျှင် သူသည် မည်မျှ တင်းကြပ်သောသူ ဖြစ်နေမည်နည်း။ သူသည် လူတို့ကို ဒေါသထွက်ပါက လူတို့သည် ကြောက်ရွံ့မှုဖြင့် တုန်လှုပ်ကြမည်ဖြစ်ပြီး သူ၏မျက်မှောက်တွင် မတ်တတ်ရပ်နိုင်စွမ်း ရှိကြမည်မဟုတ်ပေ။” ဟူ၍ သင်တို့ စိတ်ကူးသကဲ့သို့ မဟုတ်ပေ။ သို့သော် ထိုအရာမှ မှန်ကန်မှုမရှိပါ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြရန်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ နောက်ဆုံးတွင် သူ၏ ရည်ရွယ်ချက်မှာ ကယ်တင်ခြင်းပင် ဖြစ်သေးသည်။ သူ၏ ချစ်ခြင်းမေတ္တာသည် သူ၏ စိတ်သဘောထား ထုတ်ဖော်ခြင်းများအားလုံး၌ စိမ့်ဝင်ပျံ့နှံ့လျက်ရှိသည်။
၂ လူ့ဇာတိ၌ အမှုပြုနေစဥ်အတွင်း လူတို့အတွက် ဘုရားသခင် အများဆုံးထုတ်ဖော်သောအရာမှာ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ စိတ်ရှည်ခြင်း ဆိုသည်မှာ အတွင်းရှိ ချစ်ခြင်းမေတ္တာကြောင့် သနားကရုဏာရှိခြင်း ဖြစ်ပြီး ၎င်း၏ရည်ရွယ်ချက်မှာ လူတို့ကို ကယ်တင်ရန်ပင် ဖြစ်သည်။ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိသောကြောင့် လူတို့အပေါ် သူ သနားခြင်းကရုဏာ ရှိနိုင်သည်။ အကယ်၍ ဘုရားသခင်၌ အမုန်းတရားနှင့် အမျက်ဒေါသသာ ရှိခဲ့ပါက၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုသာ ချမှတ်ပြီး ယင်းတို့အထဲတွင် မည်သည့်ချစ်ခြင်းမေတ္တာမျှ မရှိခဲ့ပါက အခြေအနေသည် သင်တို့ ယခုမြင်ရသောအရာ ဖြစ်လိမ့်မည်မဟုတ်ဘဲ ကပ်ဘေးဒုက္ခသည် သင်တို့လူတွေအပေါ် ကျရောက်လေမည်။ သူသည် သင်တို့အား သမ္မာတရားကို ပေးမည်လော။ လူတို့သည် ပြစ်တင်ဆုံးမခံရပြီး တရားစီရင်ခံရပြီးနောက်၊ ကျိန်ဆဲခြင်းခံခဲ့ရမည်ဆိုလျှင်၊ ၎င်းတို့ လုံးဝ ကျဉ်းထဲကျပ်ထဲ ကျသွားလိမ့်မည်ဖြစ်သည်။ သို့ဆိုလျှင်၊ ယနေ့ လူသားမျိုးနွယ်သည် မည်သို့ တည်ရှိလိမ့်ဦးမည်နည်း။ ဘုရားသခင်၏ မုန်းတီးမှု၊ အမျက်ဒေါသနှင့် ဖြောင့်မတ်ခြင်း အားလုံးတို့ကို ဤလူအုပ်စုကို ကယ်တင်ခြင်း၏ အခြေခံအုတ်မြစ်ဖြင့် ထုတ်ဖော်ပြသည်။ ဤစိတ်သဘောထားက ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာအပြင် အလွန်ကြီးမားသော သည်းခံခြင်းတစ်ခုလည်း ပါရှိလေသည်။ ဤအမုန်းက အခြားရွေးချယ်စရာမရှိခြင်း သဘောတစ်ခု ရှိသည်၊ ယင်းတွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အကန့်အသတ်မဲ့ ပူပန်ခြင်းနှင့် မျှော်လင့်စောင့်စားချက် ပါဝင်သည်။
၃ ဘုရားသခင်၏ မုန်းတီးမှုသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကို ရည်ရွယ်သည်။ လူသားမျိုးနွယ်၏ ပုန်ကန်ခြင်းနှင့် အပြစ်များကို ရည်ရွယ်သည်။ ယင်းသည် တစ်ဖက်သတ်ဖြစ်ပြီး ချစ်ခြင်းမေတ္တာ၏ အခြေခံအုတ်မြစ်အပေါ် တည်ဆောက်ထားသည်။ ချစ်ခြင်းမေတ္တာရှိသည့်အခါမှသာ အမုန်းရှိသည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ မုန်းတီးမှုသည် စာတန်အပေါ် သူ၏ မုန်းတီးမှုနှင့် မတူပေ၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့ကို ကယ်တင်ပြီး စာတန်ကို မကယ်တင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်သောစိတ်သဘောထားသည် အမြဲ ရှိနေပြီးဖြစ်သည်။ သူ၌ အမျက်ဒေါသ၊ ဖြောင့်မတ်ခြင်းနှင့်၊ စီရင်ခြင်းတို့က အစအဦးကတည်းက ရှိပြီးဖြစ်သည်။ အမှန်တွင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဖြစ်စေ၊ ဘုန်းအာနုဘော်တော် ရှိသည်ဖြစ်စေ သို့မဟုတ် အမျက်ဒေါသထွက်သည်ဖြစ်စေ၊ သူပြုသမျှ အမှုများ အားလုံးသည် ချစ်ခြင်းမေတ္တာမှ ရရှိလာသည့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ ယင်းက ပမာဏနှင့် သက်ဆိုင်သည့်ကိစ္စ မဟုတ်ပေ။ ယင်း၏ ရာခိုင်နှုန်းပြည့်သည် ချစ်ခြင်းမေတ္တာဖြစ်သည်။ ထို့ထက်နည်းပါက၊ လူသားများသည် ကယ်တင်ခြင်း ခံရမည် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ ချစ်ခြင်းအားလုံးကို လူများအတွက် ရည်စူးထားသည်။
“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ခရစ်တော်၏ အနှစ်သာရသည် ချစ်ခြင်းမေတ္တာတည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်