၇၁၂ စိတ်သဘောထားပြောင်းလဲပြီးသူများ၏ ဖော်ပြချက်များကျူး

၁ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်းကို တွေ့ကြုံပြီးသော လူများသည် သမ္မာတရားကို နားလည်ကြပြီး၊ ၎င်းတို့သည် ကိစ္စအားလုံးကို သိမြင်တတ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်နှင့် အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်နှင့် ဘုရားသခင် ကျေနပ်စေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်တို့ကို သိကြပြီး ၎င်းတို့ ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးခြင်း သဘာဝကို နားလည်ကြသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အယူအဆများ ထုတ်ဖော်ခြင်းခံရသောအခါ ၎င်းတို့သည် သိမြင်နိုင်ပြီး လူ့ဇာတိကို စွန့်ပယ်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ စိတ်သဘောထား အပြောင်းအလဲတစ်ခုကို ဖော်ပြပုံပင် ဖြစ်သည်။ စိတ်သဘောထား၌ အပြောင်းအလဲတစ်ခုကို ကြုံရပြီးဖြစ်သည့် လူများနှင့်ပတ်သက်သည့် အဓိကအရာမှာ ၎င်းတို့သည် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်လာကြပြီး၊ အမှုအရာများကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့သည် သမ္မာတရားကို အတော်အတန် တိကျမှန်ကန်မှုဖြင့် လက်တွေ့လုပ်ဆောင်ကြပြီး ဖောက်ပြန်ပျက်စီးခြင်းကို မကြာခဏ ထုတ်ဖော်မပြကြချေ။

၂ မိမိတို့၏စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အထူးသဖြင့် ယုတ္တိတန်ပြီး ထိုးထွင်းသိမြင်တတ်သည်ဟု ထင်ရကာ၊ သမ္မာတရားကို ၎င်းတို့ သိနားလည်ခြင်းကြောင့်၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်း သို့မဟုတ် မာနထောင်လွှားခြင်းတို့ကို များစွာ ထုတ်ဖော်မပြကြချေ။ ၎င်းတို့သည် ၎င်းတို့အထဲတွင် ထုတ်ဖော်ထားသော ဖောက်ပြန်ပျက်စီးမှုများစွာကို ရိပ်မိကာ သိမြင်နိုင်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် မာနထောင်လွှားလာခြင်း မဖြစ်ပေါ်စေကြပေ။ လူသား၏ နေရာမှာ မည်သည့်အရာ ဖြစ်ကြောင်း၊ ကျိုးကြောင်းဆီလျော်စွာ မည်ကဲ့သို့ ပြုမူပုံ၊ မည်ကဲ့သို့ တာဝန်သိတတ်ပုံ၊ မည်သည့် အရာကို ပြောရမည်နှင့် မပြောရမည်ကို သာမက၊ မည်သူ့ကို မည်သည့် အရာကို ပြောရပြီး မည်သည့်အရာကို လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ ၎င်းတို့၌ ချင့်ချိန်တတ်သော နားလည်သဘောပေါက်မှု ရှိနိုင်ကြသည်။ ဤသည်မှာ ဤကဲ့သို့သော လူများသည် အတော်အတန် ယုတ္တိတန်သည်ဟု ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်း ကြုံပြီးသောသူများသည် လူသား ပုံသဏ္ဌာန်ကို အမှန်တကယ် အသက်ရှင်နေထိုင်ကြလေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၁၁ အပြုအမူကောင်းသည် စိတ်သဘောထား အပြောင်းအလဲနှင့် မတူညီကျူး

နောက်တစ်ခုသို့- ၇၁၃ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၏ အင်္ဂါရပ်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။