စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၏ အင်္ဂါရပ်များ
၁ စိတ်သဘောထားအတွင်း ပြောင်းလဲမှုများတွင် ဝိသေသလက္ခဏာတစ်ခုရှိသည်။ ၎င်းမှာ သမ္မာတရားကို လက်ခံနိုင်ခြင်းနှင့် မှန်သောအရာများနှင့် သမ္မာတရားနှင့်ညီသော အရာများကို နာခံနိုင်ခြင်း ဖြစ်၏။ သင့်ကို မည်သူက အကြံဉာဏ်များပေးပါစေ၊ သူတို့မှာ အသက်ငယ်ရွယ်သည်ဖြစ်စေ အိုမင်းသည်ဖြစ်စေ၊ သင်နှင့် အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ၊ သင်တို့ကြားတွင် အာဃာတများ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့သည် မှန်ကန်ပြီး သမ္မာတရားနှင့်ညီကာ ဘုရားသခင့်မိသားစု၏ အလုပ်အတွက် အကျိုးရှိသည့် အရာတစ်စုံတစ်ခုကို ပြောသရွေ့ သင်သည် ယင်းကို ခံယူပြီး လက်ခံနိုင်ကာ အခြားသော မည်သည့်အကြောင်းရင်းများ၏ ထိခိုက်လွှမ်းမိုးမှုကို မခံရနိုင်ပေ။ ဤသည်မှာ ထိုဝိသေသလက္ခဏာ၏ ပထမရှုထောင့် ဖြစ်၏။ အခြားရှုထောင့်မှာ သင်သည် ပြဿနာတစ်ခုကို ကြုံတွေ့သည့်အခါတိုင်း သမ္မာတရားကို ရှာဖွေနိုင်စွမ်းရှိခြင်းဖြစ်၏။ ဥပမာအားဖြင့် သင်သည် မည်သူမျှ နားမလည်နိုင်သည့် အသစ်သော ပြဿနာတစ်ခုကို ကြုံတွေ့ရပါက သင်သည် သမ္မာတရားကို ရှာဖွေနိုင်သည်၊ ထိုအကြောင်းကိစ္စကို သမ္မာတရား၏ အခြေခံသဘောတရားများနှင့် ကိုက်ညီစေရန်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းပေးရန် ဘာလုပ်သင့်သည်ကို သိမြင်နိုင်၏။
၂ သို့သော်လည်း အခြားရှုထောင့်မှာ ဘုရားသခင်၏အလိုတော်အား အရေးထားနိုင်သောစွမ်းရည်ကို ရရှိခြင်းဖြစ်၏။ကိုယ်တော်၏အလိုတော်ကို သင် မည်ကဲ့သို့ အရေးထားသင့်သည်မှာ မည်သည့်တာဝန်ကို သင် ဆောင်ရွက်နေခြင်းနှင့် သင်၏တာဝန်၌ သင့်အပေါ် ဘုရားသခင် မည်သည့်သတ်မှတ်ချက်များ ထားရှိခြင်းအပေါ်၌ မူတည်ပေသည်။ ဤအခြေခံသဘောတရားကို သင် မလွတ်တမ်းအသုံးချရမည်- ဘုရားသခင် သတ်မှတ်သည့်အတိုင်း သင်၏တာဝန်ကို လုပ်ဆောင်လော့၊ ထို့ပြင် ဘုရားသခင်ကို ကျေနပ်စေရန် ယင်းကို လုပ်ဆောင်လော့။ ဘုရားသခင်၏ အလိုတော်နှင့် သင့်တာဝန်၏ လိုလားသောရလဒ်မှာ အဘယ်အရာဖြစ်သည်ကိုလည်း သင် နားလည်ရမည်ဖြစ်ပြီး တာဝန်ရှိမှုနှင့် သစ္စာစောင့်သိမှုဖြင့် ပြုမူဆောင်ရွက်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤအရာများအားလုံးမှာ ဘုရားသခင်၏အလိုတော်ကို အရေးထားခြင်း နည်းလမ်းများပင်ဖြစ်၏။ သင်ပြုလုပ်နေသော ထိုအရာတွင် ဘုရားသခင်၏အလိုတော်အား မည်ကဲ့သို့ အရေးထားရမည်ကို သင်မသိပါက ၎င်းကို ပြီးမြောက်စေရန်နှင့် သူ့ကိုကျေနပ်စေရန်အလို့ငှာ ရှာဖွေမှုအနည်းငယ် သင်လုပ်ရမည်။ ဤအခြေခံသဘောတရား သုံးခုကို သင်တို့ လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ ၎င်းတို့အားဖြင့် သင် တကယ် အသက်ရှင်နေသည့် လမ်းများကို အကဲဖြတ်နိုင်ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာတွေ့နိုင်လျှင်၊ အရေးကိစ္စများကို ကိုယ်ကျင့်တရားကောင်းသော ပုံစုံတစ်ခုဖြင့် သင် ကိုင်တွယ်နေလိမ့်မည်ဖြစ်သည်။ မည်သည့်အရာကို သင် ကြုံရပါစေ၊ မည်သည့် ပြဿနာများကို သင် ကိုင်တွယ်ဖြေရှင်းဖို့ ရှိပါစေ၊ မည်သည့် အခြေခံသဘောတရားများဖြင့် သင် လက်တွေ့လုပ်ဆောင်နေသင့်သည်၊ ဤအရာများအသီးသီးက မည်သည့် အသေးစိတ်အချက်အလက်များ ပါဝင်သည်ဆိုသည်နှင့် ဤအခြေခံသဘောတရားများကို သင် ချိုးဖောက်မိမနေဖို့ ၎င်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်တို့ကို သင် အမြဲရှာဖွေရမည်။ ဤအရာများကို သင် ရှင်းရှင်းလင်းလင်း နားလည်သည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားကို သင် အလိုအလျောက် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့်သာ သင်သည် ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်းများကို ဖယ်ရှားပစ်နိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။