၃၃၂ ဆိုရိုးလေးရပ်ကျူး
၁ လူသား ငါ့ကို “ချစ်သည်” မှာ ငါ့အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် မွေးရာပါဖြစ်သောကြောင့်မဟုတ်ဘဲ ပြစ်တင်ဆုံးမမှုကို ၎င်းတို့ ကြောက်ရွံ့ကြသောကြောင့် ဖြစ်၏။ အဘယ်သူသည် ငါ့ကို ချစ်လျက် မွေးဖွားခဲ့သနည်း။ ငါသည် ၎င်းတို့၏ ကိုယ်ပိုင် နှလုံးသားဖြစ်ခဲ့ဘိကဲ့သို့ အဘယ်သူ ငါ့ကို ဆက်ဆံသနည်း။ ထို့ကြောင့် လူ့လောကအတွက် ဤအရာကို ဆိုရိုးတစ်ခုဖြင့် ငါအကျဉ်းချုပ်၏- လူများအကြား ငါ့ကို ချစ်သောသူ တစ်ဦးမျှမရှိ။ ငါသည် လူသားကို အဆုံးမရှိသောကာလအထိ ချစ်နိုင်သည်။ ထို့အပြင် အဆုံးမရှိသော ကာလအထိလည်း မုန်းတီးနိုင်သည်။ ငါသည်ဇွဲလုံ့လရှိသောကြောင့် ဤအချက်သည် ဘယ်သောအခါမှ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော် လူသားသည် ဤဇွဲလုံ့လကို မပိုင်ဆိုင်သည့်အတွက် သူသည် ငါ့အပေါ် စိတ်သဘောထား အမြဲပြောင်းလဲနေသည်။ ထို့ကြောင့် ဤအရာကို ငါသည် နောက်ထပ် ဆောင်ပုဒ်တစ်ခုအဖြစ် အကျဉ်းချုံးမည်။ လူတို့သည် ဇွဲလုံ့လ မရှိကြသောကြောင့် ၎င်းတို့သည် ငါ၏ နှလုံးသားကို ဖြည့်ဆည်းမစွမ်း ဖြစ်ကြသည်။
၂ လူသားသည် မိမိ၏တာဝန်ကို အဘယ်ကြောင့် မလိုက်နာကြောင်း၊ ထို့ပြင် သူ၏ဝိညာဉ်အသက်တာမှာ မည်မျှထူးကဲပုံအား အဘယ်ကြောင့် သူမသိကြောင်းကို ယနေ့တိုင် ငါမသိသေးချေ။ လူတို့သည် ၎င်းတို့၏ ဝိညာဉ်အသက်တာမှာ ဂရမ်အချို့၊ သို့မဟုတ် လီယန်က အချို့ အလေးချိန်ရှိကြောင်းကိုပင်လျှင် မသိကြပေ။ ထို့ကြောင့် ၎င်းတို့သည် ငါ့ကို ဆက်၍ နှုတ်ချိုသွေးကြသည်။ ငါ၏အမှုအားလုံးမှာ အချည်းနှီးဖြစ်နေခဲ့ဘိသည့်အလား၊ ငါ၏ နှုတ်ကပတ်တော်များမှာ ဧရာမတောင်များ၌ ပဲ့တင်ထပ်သံ တစ်သံကဲ့သို့သာ ဖြစ်နေဘိသည့်အလား ငါ၏နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များ၏ အရင်းအမြစ်များကို မည်သူကမျှ သတိပြုမိခဲ့ဖူးခြင်းမရှိပေ။ ငါသည် တတိယဆောင်ပုဒ်ကို အကျဉ်းရုံးရန် အခြေခံအုတ်မြစ်အဖြစ် ဤအရာကို အသုံးပြုသည်- “လူတို့သည် ငါ့ကို မမြင်ကြခြင်းကြောင့် ငါ့ကို မသိကြ။”
၃ ငါ၏နှုတ်ကပတ်တော်များကြောင့် လူတို့သည် အော်ဟစ်ကြပြီး ၎င်းတို့၏တောင်းပန်မှုများတွင် ငါ၏အကြင်နာမဲ့ခြင်းနှင့်ပတ်သက်၍ မကျေနပ်ချက်များ အမြဲလိုလို ပါဝင်သည်။ ၎င်းတို့အားလုံးသည် လူသားအပေါ် ငါ၏စစ်မှန်သော "ချစ်ခြင်းမေတ္တာ" ကို ရှာဖွေနေကဲ့သို့ ဖြစ်သည်၊ သို့သော် ၎င်းတို့သည် ငါ၏ချစ်ခြင်းမေတ္တာကို ငါ၏ခက်ထန်သောနှုတ်ကပတ်တော်များထဲတွင် အဘယ်သို့ ရှာတွေ့နိုင်မည်နည်း။ ရလဒ်အနေဖြင့် ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များကြောင့် အမြဲတစေ မျှော်လင့်ချက် ပျောက်ဆုံးကြသည်။ ၎င်းတို့ပြောသောအရာတွင် လူတို့သည် ငါ့အကြောင်းကို အဘယ်ကြောင့် အမြဲ ညည်းတွားကြသနည်း။ ထို့ကြောင့် လူတို့သည် ငါ့အပေါ် အနည်းငယ်မျှသာ နာခံကြသဖြင့် ၎င်းတို့သည် ငါ့ကို အစဉ်မုန်းတီးကြသည်ဟူ၍ လူ့ဘဝအတွက် စတုတ္ထမြောက် ဆောင်ပုဒ်ကို ငါအကျဉ်းချုပ်သည်။
၄ လူတို့အား ငါ တောင်းဆိုမှုများပြုသည့်အခါ ၎င်းတို့ အံ့အားသင့်ကြသည်- နှစ်ပေါင်းများစွာ စိတ်ထားကောင်းပြီး ကြင်နာပြီးဖြစ်သည့် ဘုရားသခင်သည် သနားကြင်နာမဲ့ပြီး တရားနည်းလမ်းမကျသည့် ထိုသို့သော နှုတ်ကပတ်တော်များကို ဆိုနိုင်မည်ဟု ၎င်းတို့ မည်သည့်အခါကမျှ မတွေးခဲ့ဖူးကြချေ၊ ထို့ကြောင့် ၎င်းတို့ မှင်တက်ကြလေသည်။ ထိုသို့သော အချိန်များတွင် လူတို့သည် ညည်းတွားခြင်း အလုပ်ကို တစ်ဖန် စတင်ကြပြီးဖြစ်သောကြောင့်၊ ၎င်းတို့၏ စိတ်နှလုံးများထဲရှိ ငါ့အား မုန်းတီးခြင်းသည် နောက်တဖန် ကြီးထွားလာပြီးဖြစ်သည်ကို ငါ မြင်ရသည်။ ၎င်းတို့သည် ကမ္ဘာမြေကြီးကို အမြဲ ကြိမ်းမောင်းကြပြီး၊ ကောင်းကင်ကို ကျိန်ဆဲကြသည်။ သို့သော် ငါသည် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ချစ်ခြင်း အလွန် ကြီးမားသောကြောင့် ၎င်းတို့၏ စကားများတွင် မိမိတို့ကိုယ်ကိုယ် ကျိန်ဆဲသည့် မည်သည့်အရာကိုမျှ ငါ ရှာမတွေ့ပေ။ ထို့ကြောင့် ငါသည် လူ့ဘဝ၏ အဓိပ္ပာယ်ကို ပေါင်းရုံသုံးသပ်၏။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အလွန် ချစ်ကြသောကြောင့်၊ ၎င်းတို့၏ ဘဝများတစ်ခုလုံးသည် အလွန် မချိတင်ကဲ ဝေဒနာဖြစ်ပြီး အနှစ်သာရမဲ့ကာ၊ ၎င်းတို့သည် ငါ့အား မုန်းတီးခြင်းကြောင့် မိမိတို့ကိုယ်တိုင်၏ ခေါင်းပေါ်သို့ ပျက်စီးခြင်း ဆောင်ကြဉ်းကြလေသည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်