လူသည် နှုတ်ကပတ်တော်အပေါ် စစ်မှန်သောနှလုံးသားရှိရန် ဘုရား မျှော်လင့်
၁
သင်၏ပန်းတိုင်၊ သင်၏ ကံကြမ္မာ တို့သည်
သင့် အတွက် အရေးကြီးသည်ဟု သင်တို့ထင်
၎င်းတို့ကို အရေးမပေးလျှင် ၎င်းတို့သည်
ပျက်ဆီးမည်ဟု သင်တို့ နားလည်
သင်၏ပန်းတိုင်သက်သက်အတွက်သာ လုံ့လစိုက်ခြင်း၊
အားထုတ်ခြင်းသည် အချည်းနှီးသာဖြစ်ကြောင်း
သင်သိသလား၊ ထိုအရာတို့သည်
လှည့်စားမှု အတုအယောင်သာဖြစ်သည်။
ရည်မှန်းချက် အတွက် လုပ်ဆောင်သောသူများသည်
သူတို့၏နောက်ဆုံးရှုံးနိမ့်ခြင်းကို မြင်ရလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် လူတို့၏ယုံကြည်ခြင်းသည်
သူတို့၏ လှည့်စားမှုကြောင့် ကျရှုံးရသည်။
ဘုရားသခင်သည် မျက်နှာချိုသွေးသောသူ သို့မဟုတ် မြှောက်ပင့်သောသူ၊
စိတ်ထက်သန်စွာ ဆက်ဆံသောသူကို နှစ်သက်သည်မဟုတ်။
သူသည် သူ၏ သမ္မာတရား ကို လက်ခံဖို့၊ သူ၏ မျှော်လင့်ချက်များ ကို
ဖြည့်ဆည်းဖို့ ရိုးသားသော လူစုကိုသာ လိုအပ်သည်။
ဘုရားသည် သူ့စိတ်တော်ကို အရေးပေးကာ၊
ထောက်ထားတတ်ပြီး၊ အရာအားလုံးအား
သူ့အတွက် ပေးဆပ်ခြင်းကို နှစ်သက်၏
ဤနည်းဖြင့်သာ ဘုရား၏နှလုံးသားကို ကျေနပ်မှုပေးနိုင်သည်။
၂
ဘုရားသခင်သည် တိုးတက်ခြင်းကို တက်တက်ကြွကြွ
ရှာဖွေသောနှလုံးသား၊
ကိုယ့်တာဝန်ကို သစ္စာရှိစွာထမ်းရွက်နေသော သူ၏ တက်ကြွနေသော
မည်သို့သောစိတ်ကိုမဆို မသေးသိမ်စေလိုပါ။
မည်သို့ပင်ဖြစ်စေ သင်တို့၏ လိုအပ်ချက် နှင့် သင်တို့ နှလုံးသားထဲ၏
သင်တို့နှလုံးသား၏ နက်ရှိုင်းသောနေရာတွင် ညစ်ညမ်းသော ဝိညာဉ် ရှိသည်ကို
ဘုရားသည် သတိပေးရမည်။
ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်အား
စစ်မှန်သော နှလုံးသားနှင့် သင်တို့လက်ခံနိုင်ဖို့ မျှော်လင့်ပါသည်။
အဘယ့်ကြောင့်ဆိုသော် သူသည် သူ့ကို လိမ်ညာခြင်းဖြင့်
သူ့ကိုဆက်ဆံသောသူများအား စက်ဆုပ်ရွံ့ရှာ၊ အမုန်းဆုံး ဖြစ်သည်။
ဘုရားသခင်သည် မျက်နှာချိုသွေးသောသူ သို့မဟုတ် မြှောက်ပင့်သောသူ၊
စိတ်ထက်သန်စွာ ဆက်ဆံသောသူကို နှစ်သက်သည်မဟုတ်။
သူသည် သူ၏ သမ္မာတရား ကို လက်ခံဖို့၊ သူ၏ မျှော်လင့်ချက်များ ကို
ဖြည့်ဆည်းဖို့ ရိုးသားသော လူစုကိုသာ လိုအပ်သည်။
ဘုရားသည် သူ့စိတ်တော်ကို အရေးပေးကာ၊
ထောက်ထားတတ်ပြီး၊ အရာအားလုံးအား
သူ့အတွက် ပေးဆပ်ခြင်းကို နှစ်သက်၏
ဤနည်းဖြင့်သာ ဘုရား၏နှလုံးသားကို ကျေနပ်မှုပေးနိုင်သည်။
၃
ဘုရားသခင်သည် ဤကြီးမားသော နောက်ဆုံးအမှုအဆင့်တွင်၊
သင်တို့ အကြွင်းမဲ့ဆက်ကပ်ထားသည့်အမှုကို
သင်တို့လုပ်ဆောင်နိုင်မည်ကို မျှော်လင့်ပါသည်။
စိတ်တစ်ဝက်ဖြင့်သာ မလုပ်ဆောင်ပါနှင့်။
သင်တို့၏ ရည်မှန်းချက် ကောင်းမွန်ဖို့ ဘုရားမျှော်လင့်သည်။
သူ၏ သတ်မှတ်ချက်မှာ
သင်တို့သည် အကောင်းဆုံးရွေးချယ်မှုကို ပြုလုပ်ကာ
သင်တို့ သူ့ကို အပြည့်အဝ ဆပ်ကပ်ခြင်း ဖြစ်သည်။
ဘုရားသခင်သည် မျက်နှာချိုသွေးသောသူ သို့မဟုတ် မြှောက်ပင့်သောသူ၊
စိတ်ထက်သန်စွာ ဆက်ဆံသောသူကို နှစ်သက်သည်မဟုတ်။
သူသည် သူ၏ သမ္မာတရား ကို လက်ခံဖို့၊ သူ၏ မျှော်လင့်ချက်များ ကို
ဖြည့်ဆည်းဖို့ ရိုးသားသော လူစုကိုသာ လိုအပ်သည်။
ဘုရားသည် သူ့စိတ်တော်ကို အရေးပေးကာ၊
ထောက်ထားတတ်ပြီး၊ အရာအားလုံးအား
သူ့အတွက် ပေးဆပ်ခြင်းကို နှစ်သက်၏
ဤနည်းဖြင့်သာ ဘုရား၏နှလုံးသားကို ကျေနပ်မှုပေးနိုင်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပန်းတိုင်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။