၃၃၄ ဘုရားသခင်၏နေ့ရက်ကာလ ရောက်လာသောအခါကျူး
၁ လူအများစုသည် ဘုရားသခင်ကို ၎င်းတို့အစေခံမှုတွင် သတ်မှတ်ချက်များနှင့် ပတ်သက်၍ပင် ပြောဆိုကြသည်- သူသည် လူသားဖြစ်သည်ဖြစ်စေ သို့မဟုတ် ဘုရားသခင် ဖြစ်သည်ဖြစ်စေ သူတို့ အလေးမထားကြပေ၊ ပြီးလျှင် သူတို့ကိုယ်တိုင်၏ အခြေအနေများ အကြောင်းကိုသာ ပြောကြပြီး၊ ၎င်းတို့ကိုယ်တိုင်၏ အလိုဆန္ဒများကို ဖြည့်ဆည်းဖို့ကိုသာ ကြိုးစားကြသည်။ သင်တို့သည် ငါ့အတွက် အစားအစာချက်သောအခါ၊ ဝန်ဆောင်ခ တောင်းကြသည်။ ငါ့အတွက် ပြေးလွှားရသောအခါ၊ ပြေးလွှားခ တောင်းကြသည်၊ ငါ့အတွက် အလုပ်လုပ်သောအခါ၊ လုပ်အားခ တောင်းကြသည်၊ အသင်းတော်ကို သင် ထောက်ပံ့သောအခါ ပြန်ထေမိရန် ကုန်ကျစရိတ်များ တောင်းခံကြသည်၊ စကားပြောရသောအခါ၊ ဟောပြောခ တောင်းကြသည်၊ ငါ ကိုင်တွယ်ဖြေရှင်းခဲ့သော သူများသည် ငါ့ထံမှ လျော်ကြေးငွေပင် တောင်းခံကြသည်။ ဤသည်မှာ သင်တို့၏ မြင့်မြတ် ကြီးမားသော လူ့သဘာဝနှင့် သင်တို့၏ နွေးထွေးသောအသိစိတ်က သတ်မှတ်ပေးသည့် လုပ်ရပ်များပေတည်း။ သင်တို့၏ အသိစိတ် ဘယ်မှာနည်း။ သင်တို့၏ လူ့သဘာဝ ဘယ်မှာနည်း။
၂ သင်တို့ကို ငါကျောခိုင်းသည့်နေ့သည် သင်တို့သေရမည့်နေ့ ဖြစ်သည်၊ ယင်းမှာ သင်တို့အပေါ် အမှောင်ထု ကျရောက်သည့်နေ့၊ အလင်းသည် သင်တို့အား စွန့်ခွာသည့်နေ့ ဖြစ်သည်။ ငါ၏နေ့ရက်ကာလ ကျရောက်လာသောအခါ၊ ကြောက်မက်ဖွယ်ကောင်းသော ငါ၏အမျက်ဒေါသကို တစ်ချိန်က ဆွခဲ့သည့် ငြင်းဆန်သောသူတို့အပေါ် ငါ၏ ပူပြင်းလှသော မီးလျှံကို ထာဝရ ငါရွာသွန်းမည်၊ တစ်ချိန်က ငါ့ကို ဆဲရေးပြီး ငါ့ကို ပစ်ပယ်သွားသော ထိုတိရစ္ဆာန်များကို ငါ၏ထာဝရ ပြစ်ဒဏ်ချမှတ်မည်၊ တစ်ချိန်က ငါနှင့်အတူ နေထိုင်စားသောက်ခဲ့သော်လည်း၊ ငါ့ကိုမယုံကြည်သည့်အပြင် ငါ့ကို စော်ကားပြီး သစ္စာဖောက်သွားသော ငြင်းဆန်သောသူတို့ကို ငါ၏ ဒေါသမီးဖြင့် အချိန်ပြည့် လောင်ကျွမ်းစေမည်။
၃ ငါ၏ အမျက်ဒေါသကို ဆွခဲ့သူ အားလုံးကို ငါ၏အပြစ်ဒဏ် ခံစားစေမည်၊ တစ်ချိန်က ငါ၏ တန်းတူရည်တူများအဖြစ် ငါ့အပါးတွင် ရပ်တည်လိုသော ဆန္ဒရှိသော်လည်း၊ ငါ့ကိုကိုးကွယ်ခြင်းနှင့် နာခံခြင်းမရှိခဲ့သော ထိုသားရဲများအပေါ် ငါ၏အမျက်ဒေါသ အကုန်အစင် သွန်းမည်၊ တစ်ချိန်က ငါ၏ပြုစုစောင့်ရှောက်မှု၊ ငါပြောကြားခဲ့သည့် နက်နဲမှုများကို မွေ့လျော်ခဲ့သူများနှင့် ငါ့ထံမှ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများကို ရယူရန် ကြိုးပမ်းခဲ့သော ထိုတိရစ္ဆာန်များအပေါ် လူသားကိုရိုက်နှက်သော ငါ၏တုတ်သည် ကျရောက်လိမ့်မည်။ ငါ့နေရာကို ယူရန် ကြိုးပမ်းသည့် မည်သူကိုမျှ ငါခွင့်လွှတ်မည် မဟုတ်ပေ။ ငါ့ထံမှ အစားအစာနှင့် အဝတ်အထည်များကို ဆွဲလုရန် အားထုတ်ကြိုးပမ်းသူများကို ငါချမ်းသာပေးမည် မဟုတ်ပေ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်