၃၃၅ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏မူလကို မည်သူမျှ ဉာဏ်ဖြင့်စဉ်းစား၍မမီနိုင်ရာ
၁ လောကကမ္ဘာကြီးပေါ်ရှိ လူများအားလုံးအနက် မည်သူသည် ငါ၏ကျေးဇူးတော်အတွင်း၌ မနေထိုင်ကြသနည်း။ အကယ်၍ လူတို့ကို ငါသည် ရုပ်ပိုင်းဆိုင်ရာကောင်းချီးများကို မအပ်နှင်းခဲ့ပါက မည်သူသည် လောကကြီးထဲတွင် အလျှံပယ် ခံစားနိုင်ခဲ့လိမ့်မည်နည်း။ ငါ၏လူများအဖြစ် သင်တို့အား နေရာယူရန် အခွင့်ပေးခြင်းမှာ ကောင်းချီးတစ်ခုများ ဖြစ်နိုင်သလော။ သင်တို့သည် ငါ၏လူများမဟုတ်ဘဲ အစေခံများသာ ဖြစ်ခဲ့သည်ဆိုပါလျှင် သင်တို့သည် ငါ၏ကောင်းချီးများအတွင်းတွင် တည်ရှိနေမည် မဟုတ်လော။ ငါ့နှုတ်ကပတ်တော်များ၏ မူလအစကို သင်တို့ထဲက မည်သူတစ်ဦးကမျှ နားလည်သဘောပေါက်ခြင်းငှာ မတတ်စွမ်းနိုင်ကြ။ လူသားမျိုးနွယ်သည် ၎င်းတို့အပေါ် ငါအပ်နှင်းခဲ့သော အမည်နာမများကို တန်ဖိုးထားရန်ဝေးစွ၊ ၎င်းတို့အထဲမှ များစွာတို့သည် “အစေခံသူများ” ဟူသော ဂုဏ်ပုဒ်ကြောင့် သူတို့၏ နှလုံးသားများထဲ၌ မကျေမချမ်းစိတ် သိုထားကြပြီး၊ များစွာတို့သည် “ငါ၏လူများ” ဟူသော ဂုဏ်ပုဒ်ကြောင့် ၎င်းတို့၏ နှလုံးသားများထဲ၌ ငါ့အတွက် ချစ်ခြင်းမေတ္တာကို ပေါက်ဖွားစေကြသည်။ ငါ့အားလှည့်ဖြားရန် မည်သူမျှ မကြိုးစားသင့်ပေ၊ ငါ၏မျက်လုံးများသည် အရာအားလုံးကို မြင်တွေသည်။ သင်တို့အထဲမှ မည်သူသည် လိုလားစွာနှင့် လက်ခံသနည်း၊ သင်တို့အထဲမှ မည်သူသည် နာခံခြင်းအပြည့်အဝ ရှိသနည်း။ အကယ်၍ နိုင်ငံတော်အား အလေးပြုသံ မြည်ဟီးခြင်း မရှိခဲ့ပါက သင်တို့သည် အဆုံးတိုင်အောင် နာခံခြင်းငှာ တကယ်ပင် တတ်စွမ်းနိုင်မည်လော။ လူတို့သည် အဘယ်အရာကို လုပ်နိုင်စွမ်းသည်၊ တွေးနိုင်စွမ်းသည်၊ ၎င်းတို့သည် အဘယ်ထိတိုင်အောင် သွားနိုင်သည်၊ ဤအရာအားလုံးတို့ကို ရှေးကတည်းကပင် ငါ ခွဲခန့်မှတ်သားထားခဲ့၏။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၀)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်