ကိုယ်တော်၏ဆုံးမခြင်းနှင့်စီရင်ခြင်းကြောင့် ကျွန်ုပ် အကျိုးများစွာ ရရှိ
၁ ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ကြင်နာစွာဆက်ဆံပါက ကျွန်ုပ်ဝမ်းမြောက်ပြီး နှစ်သိမ့်မှုကို ခံစားရသည်၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမပါက ပို၍ပင် နှစ်သိမ့်ခြင်းကိုခံစားရပြီး ဝမ်းမြောက်လှပါသည်။ ကျွန်ုပ်သည် အားနည်းပြီး များလှစွာသော ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံသော်လည်း၊ မျက်ရည်များနှင့် ဝမ်းနည်းမှုများ ရှိသော်လည်း၊ ဤဝမ်းနည်းမှုမှာ ကျွန်ုပ်၏ မနာခံမှုကြောင့်နှင့် ကျွန်ုပ်၏ အားနည်းချက်ကြောင့်ဖြစ်ကြောင်း ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ်မဖြည့်ဆည်းနိုင်သောကြောင့် ကျွန်ုပ်ငိုကြွေးပါ၏။ ကိုယ်တော်၏ တောင်းဆိုချက်များအတွက် ကျွန်ုပ်သည် မပြည့်စုံမလုံလောက်သောကြောင့် ကျွန်ုပ်ဝမ်းနည်းပြီး စိတ်ထိခိုက်ပါ၏။ သို့သော် ဤနယ်ပယ်သို့ ရောက်ရှိရန် ကျွန်ုပ်လိုလားပြီး ကိုယ်တော်ကျေနပ်စေရန် ကျွန်ုပ်တတ်စွမ်းသမျှအားလုံးကို လုပ်ဆောင်ရန်လည်း ကျွန်ုပ်လိုလားပါသည်။
၂ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုက ကျွန်ုပ်အား ကာကွယ်ပေးပြီး အကောင်းဆုံးသော ကယ်တင်ခြင်းကို ပေးခဲ့ပါသည်။ ကိုယ်တော်၏ တရားစီရင်ခြင်းက ကိုယ်တော်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ဖုံးအုပ်သွားစေသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မရှိဘဲ ကိုယ်တော်၏ကရုဏာနှင့် ချစ်ကြင်နာမှုကို ကျွန်ုပ်ခံစားနိုင်မည် မဟုတ်ပါ။ ယနေ့၊ ကိုယ်တော်၏ မေတ္တာသည် ကောင်းကင်ဘုံသို့ ကျော်လွန်ပြီး အကောင်းတကာ့ အကောင်းဆုံးဖြစ်ကြောင်း ကျွန်ုပ် ပိုမိုမြင်လာရပါသည်။ ကိုယ်တော်၏ မေတ္တာသည် ကရုဏာနှင့် ချစ်ကြင်နာရုံသာမကပါ။ ထို့ထက်ပိုပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းလည်း ပါပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို များစွာပေးခဲ့ပြီးပါပြီ။ ကိုယ်တော်၏ ပြစ်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မပါဘဲ မည်သူတစ်ဦးတစ်ယောက်မျှ သန့်ရှင်းနိုင်မည်မဟုတ်ပါ၊ မည်သူတစ်ဦးတစ်ယောက်မျှ ဖန်းဆင်းရှင်၏ မေတ္တာကို တွေ့ကြုံခံစားနိုင်လိမ့်မည် မဟုတ်ပါ။