၁၉၈ သမ္မာတရားကို နားလည်ကာ လွတ်လပ်ပါစေ

၁ သခင့်ကို ယုံကြည်သည့် နှစ်များစွာအတွင်း စကားလုံးများနှင့် အယူဝါဒများကိုသာ ကျွန်ုပ်ပြောဆိုခဲ့၊ စည်းမျဉ်းများကို ဖက်တွယ်ခဲ့ကာ ဘာသာရေးအခမ်းအနားကို ဆောင်ရွက်ခဲ့သည်။ ကျွန်ုပ်၏ ဆုတောင်းချက်တိုင်းက အနှစ်မဲ့သော ဝါကြွားမှုတစ်ခု ဖြစ်ခဲ့ပေ၊ ကျွန်ုပ် စိတ်နှလုံးထဲရှိ စကားများကို ဘုရားသခင်ထံ ဘယ်သောအခါမျှ ကျွန်ုပ်မပြောခဲ့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ သမ္မာတရားကို ကျွန်ုပ်မရှာဖွေခဲ့ပေ။ ဘုရားသခင်၏ အလိုတော်ကို တွေးဆခြင်းငှာ ကျွန်ုပ်မစွမ်းနိုင်ခဲ့။ ထင်ရှားသည့် ကျမ်းပိုဒ်များကို အလွတ်ကျက်ခြင်းနှင့် ကျမ်းစာအကြောင်း ပြောဆိုခြင်းတို့က သမ္မာတရား၏ စစ်မှန်မှုအား ကျွန်ုပ်ပိုင်ဆိုင်ကြောင်း ဆိုလိုသည်ဟု ကျွန်ုပ်တွေးမိခဲ့။ လိမ်ညာခြင်းမှ မိမိကိုယ်ကို တားဆီးဖို့သာ ကျွန်ုပ်အာရုံစိုက်ခဲ့ပြီး ထိုသို့ဖြင့် မိမိကိုယ်ကို ရိုးသားသည်ဟု ကျွန်ုပ်တွေးထင်ခဲ့။ ကောင်းကင်နိုင်ငံထဲသို့ ကျွန်ုပ် ဝင်ရောက်နိုင်ပြီး ဆုချီးမြင့်ခံရနိုင်ဖို့ရာ နှစ်များစွာ မမောနိုင်မပန်းနိုင်နှင့် ဝမ်းသာအားရ ကျွန်ုပ် အားစိုက်လုပ်ဆောင်ခဲ့။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို ဆင့်ခေါ်သည်မှာ အဘယ်မျှ ကံကောင်းလိုက်လေ။ ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်ကြားရပြီး ဘုရားသခင်ထံ ပြန်လာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားများစွာ ကျွန်ုပ် နားလည်ပြီ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတို့ကို ကျွန်ုပ် ရှုမြင်ရပြီ။

၂ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းက ကျွန်ုပ်ကို ရုတ်တရက် နိုးထစေခဲ့။ သမ္မာတရားကို လိုက်စားဖို့ရန်မှာ ဘုရားသခင်၏ စိတ်နှလုံးတော်နှင့် ညီညွှတ်ပေ။ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သော်လည်း ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို မတွေ့ကြုံလျှင် ကျွန်ုပ်၏ ယိုယွင်းသောစိတ်သဘောထား မပြောင်းလဲနိုင်။ ဘုရားသခင်ကို ကျွန်ုပ် မသိကျွမ်းသကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့မှုမရှိလျှင် ကျွန်ုပ်၏ အပြုအမူကောင်းမှာ အတုအယောင်သာ။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားမှာ လူ့အားဖြင့် ချိုးဖောက်မရနိုင်ပေ၊ လှည့်ဖြားတတ်သောလူ၏ နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ဆန္ဒမှာ အိပ်မက်တစ်ခုသာ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျင့်သုံးကာ တွေ့ကြုံဖို့၊ သမ္မာတရားကို ရရှိဖို့နှင့် ကျွန်ုပ်၏ ယိုယွင်းခြင်းကို ခွာချဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်သည်။ အရာခပ်သိမ်းတွင် သမ္မာတရားကို ကျွန်ုပ်ရှာဖွေပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးသည်၊ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ငြိမ်းချမ်းကာ အေးချမ်းသည်ဟု ခံစားရ။ ကျွန်ုပ်၏ တာဝန်ကို သစ္စာရှိရှိ ဆောင်ရွက်ကာ ဘုရားသခင်ထံ အစေခံမှုကို ကျွန်ုပ် ပျော်ရွှင်စွာ ထမ်းဆောင်သည်။ ကောင်းချီးမင်္ဂလာများ မဟုတ်၊ ဘုရားသခင်ကို ကျွန်ုပ်ချစ်နိုင်ဖို့သာ ကျွန်ုပ်တောင်းလျှောက်သည်။ ယခုတွင် သမ္မာတရားကို ကျွန်ုပ်နားလည်သည်၊ စည်းမျဉ်းများကို ကျွန်ုပ် မဖက်တွယ်တော့။ ဘုရားသခင်ရှေ့မှောက်တွင် အသက်ရှင်လျက် ကျွန်ုပ်လွတ်မြောက်လေပြီ။

အရှေ့သို့- ၁၉၇ ဘုရားသခင်ကို ချစ်ဖို့ ကြိုးစားရန် ကျွန်ုပ် သန္နိဌာန်ချထားသည်

နောက်တစ်ခုသို့- ၁၉၉ ရီဝေဝေ ကျွန်ုပ်နိုးထစဉ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။