ဘုရားကိုချီးမွမ်းဖို့ ကျွန်ုပ်တို့ ဝမ်းမြောက်စွာစုရုံး
ဝမ်းမြောက်လျက် ချီးမွမ်းပါ
အောင်မြင်ခြင်းဖြင့် ဘုရားရှင်ပြန်လာပြီ။
ဘုရားကိုချီးမွမ်းဖို့နှင့် ဘုရားအဖို့သက်သေခံခြင်းသည်
ကျွန်ုပ်တို့၏ တာဝန်ဖြစ်၏
၁
ဘုရားကိုချီးမွမ်းဖို့ ကျွန်ုပ်တို့ ဝမ်းမြောက်စွာစုရုံး
ဘုရား၏ခြေရာ တော်နောက်ကိုလိုက်ကာ ပွဲတော်ကို တက်ရောက်။
လူ့ဇာတိခံဘုရားသည် ခေတ်သစ်ကိုစတင်ခိုက်
ကျွန်ုပ်တို့သည် လူ့ကိုချီးမွမ်း
ဘုရားကိုယ်တော်တိုင် ကျွန်ုပ်တို့အကြား အမှုတော်ဆောင်ကာ
လူသား၏ မတရားမှုကို တရားစီရင်ပြီး သူတို့ဖောက်ပြန် ခြင်းကို ဖော်ထုတ်
ဘုရား၏ပေါ်ထွန်းခြင်းကို မျက်မြင်ကိုယ်တွေ့ ကျွန်ုပ်တို့ ကြုံရသည်။
ဘုရား၏ စိတ်သဘောထားသည် ကရုဏာတော်နှင့်ပြည့်ဝ၍ ဖြောင့်မတ်ကာ မြင့်မြတ်ပေသည်
ဝမ်းမြောက်လျက် ချီးမွမ်းပါ
အောင်မြင်ခြင်းဖြင့် ဘုရားရှင်ပြန်လာပြီ။
၂
နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့စားသုံး၊ ဘုရားထံ ဆုတောင်းကာ ကျွန်ုပ်တို့စိတ်နှလုံးတွင်ခွန်အားရှိ
သမ္မာတရားကို နားလည်ခြင်းဖြင့် ကျွန်ုပ်တို့သည် နိုးကြားကာ လျှောက်ရမည့်လမ်းကိုတွေ့မြင်
ဘုရားစိတ်ကျေနပ်စေဖို့ သမ္မာတရားကို ကျင့်သုံးကာ ကျွန်ုပ်တို့စိိတ်နှလုံး ၌ ငြိမ်သက်ခြင်းရှိ
ဘုရားကိုချီးမွမ်းပြီး သက်သေခံတဲ့အခါ ကျွန်ုပ်တို့သည် မင်္ဂလာရှိ၏
ဘုရားသခင်၏ စစ်ကြောခြင်း ကျွန်ုပ်တို့ခံရပြီး ကျွန်ုပ်တို့၏
ဖောက်ပြန်မှုများ သန့်စင်ခဲ့ပြီ။
ဘုရား၏ ဖြောင့်မတ်စိတ်သဘောထားသည် ချစ်ဖွယ် ကောင်းလွန်းမှန်း ကျွန်ုပ်တို့မြင်တွေ့
ဘုရား၏စစ်မှန်သောချစ်ခြင်း ကျွန်ုပ်တို့မြည်းစမ်းခဲ့ပြီး -
သူ၏ကြီးမားသောကယ်တင်ခြင်း ရရှိခဲ့ပြီ။ ဝမ်းမြောက်လျက် ချီးမွမ်းပါ။ အောင်မြင်ခြင်းဖြင့် ဘုရားရှင်ပြန်လာပြီ။
၃
ဘုရားသည် စာတန်ကို အနိုင်ယူပြီး အောင်မြင်သော လူတစ်စုကို ရရှိခဲ့ပြီ။
ကြီးမားသောနဂါးနီကြီးသည် ကမ်းကုန်အောင် အရှက်ကွဲရှုံးနိမ့်ခဲ့ပါပြီ။
ဘုရား၏လုပ်ဆောင်မှုများ ကို လူသားမျိုးနွယ်၌ အပြည့်အဝ ဖွင့်ပြခဲ့ပြီးဖြစ်သည််။
ဘုရားရှင်သည် လွန်စွာ အမြော်အမြင် တန်ခိုးကြီးသည်ကို ကျွန်ုပ်တို့ သိမြင်သည်။
ဘုရားရှင်သည် သူ၏ ကယ်တင်ခြင်းနှင့်အတူ သူ၏ ကျေးဇူးတော်ကို လူသားတို့အားပြသ။
လုံးလုံးလက်ခံယုံကြည်ကာ ကျွန်ုပ်တို့စိတ်နှလုံးအကြွင်းမဲ့ ကိုးကွယ်ဦးညွှတ်။
ဖန်းဆင်ခံ ကျွန်ုပ်တို့သည် သူ့ကို ထာဝရချစ်လျက်နေမည်။
နာခံလျက်နေမည်။
ဝမ်းမြောက်လျက်နေပါ ချီးမွမ်းလျက်နေပါ
အောင်မြင်ခြင်းဖြင့် ဘုရားရှင်ပြန်လာပြီ။ဘုရားသခင်ပြန်လာသည်