ဘုရား၏လူမျိုးအားလုံး ကိုယ်တော်ကို အစွမ်းကုန် ချီးမွမ်း
၁
ဘုရားရှေ့မှောက် ကျွန်ုပ်တို့ ချီဆောင်ခြင်းခံရပြီ
လျှံပယ်သောပွဲတော်မှာ ပါဝင်ရလို့ ကျွန်ုပ်တို့ ဝမ်းမြောက်ပျော်ရွှင်
နှုတ်ကပတ်တော်၌ မွေ့လျော်၍ သမ္မာတရားကို နားလည်ကြတယ်
ကျွန်ုပ်တို့ ဝိညာဉ် ချုပ်နှောင်ခြင်းမှ လွတ်မြောက်
ကျွန်ုပ်တို့နှလုံးသားများတွင် ကျေးဇူးတင် ချီးမွမ်းခြင်းနဲ့ ပြည့်လျှံ
ချီးမွမ်သီဆို၍သာ နေချင်သည်။
ကျွန်ုပ်တို့နှလုံးသားထဲက ဝမ်းမြောက်မှုကို ဖော်ပြ၍မရနိုင်ဘူး
ကခုန်ချီးမွမ်း မြူးပျော်ပါ
ဘုရားသခင်ဟာ ဘုန်းတော်နဲ့ ဂုဏ်တော်ကို ရထိုက်တယ်
မြေကြီးပေါ်တွင် ဘုရားအလိုတော်ကို ဆောင်ရွက်
ဘုရား၏လူမျိုးအားလုံး ကိုယ်တော်ကို အစွမ်းကုန် ချီးမွမ်းကြသည်
၂
နှုတ်ကပတ်တော်၌ ငါတို့ နေ့စဉ် မွေ့လျော်
နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံး၊ သမ္မာတရားနှင့် လက်ချင်းယှက်
စီရင်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်း ခံကြပါတယ်
လူသားမျိုးနွယ်အသစ်ကဲ့သို့ ကျွန်ုပ်တို့ အသက်ရှင်
အနန္တတန်ခိုးရှင် ဘုရားသခင် ကျွန်ုပ်တို့ကို စာတန်ရဲ့ဖျက်ဆီးခြင်းမှ ကယ်တင်ခဲ့ပြီ
ငါတို့ စစ်မှန်စွာ ပြောင်းလဲပြီ
အနန္တတန်ခိုးရှင် ဘုရားသခင်ဘုန်းကြီးပါစေသော်
ကခုန်ချီးမွမ်း မြူးပျော်ပါ
ဘုရားသခင်ဟာ ဘုန်းတော်နဲ့ ဂုဏ်တော်ကို ရထိုက်တယ်
မြေကြီးပေါ် ဘုရားအလိုတော် ပြည့်စုံ
ဘုရား၏လူမျိုးအားလုံး ကိုယ်တော်ကို အစွမ်းကုန် ချီးမွမ်း
၃
အနန္တတန်ခိုးရှင် ဘုရားသခင် စာတန်ကို အနိုင်ရပြီ
လူတစ်စုကို အောင်မြင်သူများ ဖြစ်စေပြီ
စုံစမ်းခြင်းနှင့်ဆင်းရဲဒုက္ခတွေကြောင့် စုံလင်စေပြီ
စာတန်ရှေ့မှာ ထိုသူတို့ အောငနိုင်သောသူတွေ
ဘုရားရဲ့ ဖြောင့်မတ်သောစိတ်သဘော ထင်ရှားပြီ
ဘုရားသခင်ကို အာခံသူအားလုံး ပျက်စီးခြင်းသို့ရောက်လိမ့်မယ်
အနန္တတန်ခိုးရှင် ဘုရားသခင် စာတန်ကို အောင်နိုင်ပြီ
ကခုန်ချီးမွမ်း မြူးပျော်ပါ
ဘုရားသခင်ဟာ ဘုန်းတော်နဲ့ ဂုဏ်တော်ကို ရထိုက်တယ်
မြေကြီးပေါ် ဘုရားအလိုတော် ပြည့်စုံ
ဘုရား၏လူမျိုးအားလုံး ကိုယ်တော်ကို အစွမ်းကုန် ချီးမွမ်း
၄
သမ္မာတရားကို ကြိုးစားရှာသူများ ကယ်တင်ခြင်းကို ရတယ်
ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းရှိသူများ ကျေးဇူးတော်ကို ရရှိကြတယ်
ဘုရားရဲ့ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်တို့ ချီးမွမ်း
ကျွန်ုပ်တို့ချီးမွမ်းသီချင်းသံများ မိုးကောင်းကင်ထိ လွင့်ပျံ
အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှု တကယ် အံ့သြဖွယ်ပေ
နှုတ်ကပတ်တော်ဟာ အရာအားလုံးကို ဖြစ်မြောက်စေတယ်
လူသားတစ်ရပ်လုံး ဘုရားသခင်ဆီ ပြန်လာ
တန်ခိုး ထင်ရှားပြသော နှုတ်ကပတ်တော်ကို ချီးမွမ်းကာရယ်
ကခုန်ချီးမွမ်း မြူးပျော်ပါ
ဘုရားသခင်ဟာ ဘုန်းဂုဏ်တော်နဲ့ ဂုဏ်ပြုခြင်း ခံထိုက်တယ်
မြေကြီးပေါ် ဘုရားအလိုတော် ပြည့်စုံ
ဘုရား၏လူမျိုးအားလုံး ကိုယ်တော်ကို အစွမ်းကုန် ချီးမွမ်း