၂၃၇ ဘုရား၏ခြေလှမ်းများနောက်လိုက်ရန် ဘာသာရေးအယူအဆများကို စွန့်လွှတ်လော့ကျူး
၁ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ဘုရားသခင်ကို မည်သို့ သိရှိသင့်သနည်း။ လူတစ်ဦးသည် သွေဖည်မှု သို့မဟုတ် အတွေးမှားခြင်း မရှိဘဲ၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို အခြေခံ၍ ဘုရားသခင်ကို သိရှိလာသင့်ပြီး၊ အဓိကအားဖြင့်၊ ဘုရားသခင်၏အမှုကို သိကျွမ်းသင့်သည်။ ဤသည်မှာ ဘုရားသခင်ကို သိကျွမ်းခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စစ်မှန်သော သိနားလည်မှုမရှိသည့် အတွေးမှားခြင်း မျိုးစုံတို့သည် ဘာသာရေးအယူအဆများ ဖြစ်ကြ၏။ ထိုအရာများသည် သွေဖည်ပြီး မှားယွင်းသော သိနားလည်မှုများ ဖြစ်သည်။ ဘာသာရေးပုဂ္ဂိုလ်တို့၏ အကြီးမားဆုံးသော စွမ်းရည်မှာ အတိတ်က နားလည်ထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယူကာ ဘုရားသခင်၏ ယနေ့နှုတ်ကပတ်တော်များကို ထိုအရာများနှင့်ယှဉ်၍ စဉ်းစားချင့်ချိန်ခြင်း ဖြစ်သည်။ သင်သည် ယနေ့၏ ဘုရားသခင်ကို အစေခံနေချိန်တွင်၊ အတိတ်က သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအားဖြင့် ထုတ်ဖော်ပြခဲ့သည့်အရာများကို ဖက်တွယ်ထားပါက၊ သင်၏ အစေခံခြင်းသည် အနှောင့်အယှက်ဖြစ်စေလိမ့်မည် ဖြစ်ပြီး၊ သင်၏လက်တွေ့လုပ်ဆောင်ခြင်းသည် ဘာသာရေး ဟိတ်ဟန်များထက် ဘာမျှမပိုဘဲ၊ ခေတ်နောက်ကျနေလိမ့်မည်။
၂ ဘာသာရေး အယူအဆများရှိကြသော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်၏ အဆင့်များကို အမီလိုက်ရန် မည်သို့မျှမဖြစ်နိုင်ပေ- ၎င်းတို့ ခြေတစ်လှမ်း နောက်ကျ ကျန်ရစ်ပြီးနောက်၊ ခြေနှစ်လှမ်း နောက်ကျကျန်ရစ်ကြလေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤဘာသာရေး အယူအဆများသည် လူသားအား မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု အလွန့်အလွန် မှတ်ယူစေပြီး မာနထောင်လွှားစေကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အတိတ်က သူပြောဆိုခဲ့ပြီး လုပ်ဆောင်ခဲ့သည့် အရာများကို တသလွမ်းဆွတ်ခြင်း မခံစားရပေ၊ တစ်စုံတစ်ခုသည် ခေတ်မမီတော့ပါက၊ ယင်းကို သူဖယ်ရှားလိုက်လေသည်။ သင်သည် သင်၏အယူအဆများကို အမှန်တကယ် လက်မလွှတ်နိုင်သလော။ သင်သည် အတိတ်က ဘုရားသခင် ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို ဖက်တွယ်ထားပါက၊ ဘုရားသခင်၏အမှုကို သင်သိသည်ဟု ဤအရာက သက်သေပြသလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့အလင်းကို လက်မခံနိုင်ဘဲ၊ ယင်းအစား အတိတ်က အလင်းကို ဖက်တွယ်ထားပါက၊ ဤအရာက သင်သည် ဘုရားသခင်၏ ခြေလှမ်းများနောက်ကို လိုက်လျှောက်သည်ဟု သက်သေပြသလော။ ဘာသာရေး အယူအဆများကို သင် လက်မလွှတ်နိုင်ဘဲ ရှိသေးသလော။ ထိုသို့ဖြစ်ပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သူတစ်ဦး ဖြစ်သွားလိမ့်မည်။
၃ လူတို့သည် ဘာသာရေး အယူအဆများကို လက်လွှတ်နိုင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်များနှင့် အမှုကို စဉ်းစားချင့်ချိန်ဖို့ မိမိတို့၏ ဉာဏ်များကို အသုံးပြုလိမ့်မည်မဟုတ်ဘဲ၊ ယင်းအစား တိုက်ရိုက်နာခံကြလိမ့်မည်။ ဘုရားသခင်၏ ယနေ့ အမှုသည် အတိတ်ကနှင့် သိသိသာသာကို မတူညီသော်လည်း၊ သင်သည် အတိတ်၏ အမြင်များကို လက်လွှတ်ကာ ဘုရားသခင်၏ ယနေ့ အမှုကို တိုက်ရိုက် မနာခံနိုင်သေးပေ။ အတိတ်၌ ဘုရားသခင် မည်သို့ အမှုပြုခဲ့စေကာမူ၊ ဘုရားသခင်၏ ယနေ့ အမှုကို သင် အသားပေးထားရမည်ဟူသော သိနားလည်နိုင်စွမ်းရှိပါက၊ သင်သည် မိမိ၏အယူအဆများကို လက်လွှတ်ပြီးသူ၊ ဘုရားသခင်ကို နာခံသူနှင့် ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များကို နာခံနိုင်ကာ သူ၏ ခြေလှမ်းများနောက် လိုက်သောသူတစ်ဦး ဖြစ်ပေသည်။ ဤအရာတွင်၊ သင်သည် ဘုရားသခင်ကို အမှန်တကယ် နာခံသူတစ်ဦး ဖြစ်လိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်