၂၃၈ “သခင်ယေရှု ကယ်တင်ရှင်”ကို လူသားက မည်သို့ မြင်နိုင်မည်နည်း။ ကောင်းကင်ဘုံမှ ဆင်းကြွသလော
၁ လူသားသည် ငါ့ကို ယေရှုခရစ်တော်ဟု အမြဲခေါ်သော်လည်း၊ နောက်ဆုံးသော ကာလအတွင်းတွင် ခေတ်သစ်တစ်ခုကို ငါအစပြုပြီးဖြစ်သကဲ့သို့၊ အမှုသစ်တစ်ခုကို စတင်ပြီးဖြစ်သည်ကို လူသားက မသိရှိသကဲ့သို့၊ လူသည် ကယ်တင်ရှင်ယေရှု၏ ကြွရောက်ခြင်းကို သဲသဲမဲမဲ ဆက်လက် စောင့်ဆိုင်းမည်ဆိုပါက၊ ဤကဲ့သို့သော လူများကို ငါ့ကို မယုံကြည်သောသူများဟု ငါ ခေါ်မည်။ ၎င်းတို့သည် ငါ့အား မသိကျွမ်းသော လူများဖြစ်ပြီး ငါ၌ ၎င်းတို့၏ ယုံကြည်မှုသည် မှားယွင်းပေသည်။ ထိုသို့သော လူများသည် ကယ်တင်ရှင်ယေရှု ကောင်းကင်မှ ကြွရောက်ခြင်းကို တွေ့မြင်နိုင်ကြမည်လော။ ၎င်းတို့ စောင့်ဆိုင်းသည်မှာ ငါ၏ ကြွရောက်ခြင်း မဟုတ်ဘဲ၊ ယုဒရှင်ဘုရင်၏ ကြွရောက်ခြင်းသာ ဖြစ်သည်။ မသန့်စင်သော ဤအိုဟောင်းသည့် ကမ္ဘာလောကကို အမြစ်ဖြတ်ချေမှုန်းရန် ငါ့ကို ၎င်းတို့ မတမ်းတကြဘဲ၊ ယင်းအစား၊ ၎င်းတို့ ရွေးနုတ်ခြင်းခံရမည် ဖြစ်သည့် ယေရှု၏ ဒုတိယကြိမ်မြောက် ပြန်ကြွလာခြင်းအား တမ်းတနေကြပေသည်။ ၎င်းတို့သည် ဤညစ်ညမ်းပြီး မဖြောင့်မတ်သည့် နယ်မြေမှ လူသားမျိုးနွယ်အားလုံးကို ယေရှု နောက်တစ်ကြိမ် ရွေးနုတ်ပေးခြင်းကို မျှော်လင့်စောင့်စားနေကြပေသည်။ ထိုသို့သောလူများသည် နောက်ဆုံးသော ကာလ၌ ငါ၏အမှုကို ပြီးစီးစေသည့်သူများ အဘယ်သို့ ဖြစ်လာနိုင်ကြမည်နည်း။
၂ လူသားသည် ယခင်က ငါ လုပ်ဆောင်ပြီးဖြစ်သည့် အမှုကို လေးစားရုံမျှ လေးစားပြီး၊ သို့မဟုတ် မြတ်နိုးရုံမျှ မြတ်နိုးပြီး၊ ငါသည် အမြဲ သစ်လွင်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို ၎င်းတို့ မသိကြသည့်အတွက်၊ လူသား၏ စိတ်ဆန္ဒများသည် ငါ၏အလိုဆန္ဒများကို ဖြည့်ဆည်းနိုင်စွမ်းမရှိပေ၊ သို့မဟုတ် ငါ၏ အမှုကို ပြီးမြောက်စေနိုင်စွမ်း မရှိပေ။ လူသားက ငါသည် ယေဟောဝါ ဖြစ်ပြီး ယေရှုဖြစ်သည်ကိုသာ သိပြီး၊ ငါသည် လူသားမျိုးနွယ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းမည့် နောက်ဆုံးသောသူ ဖြစ်သည်ကို အရိပ်အမြွက်မျှ မသိရှိချေ။ လူသားက တမ်းတပြီး သိရှိသည့်အရာအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများမှ လာပြီး ၎င်းတို့ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်နိုင်သည့်အရာမျှသာ ဖြစ်သည်။ ယင်းက ငါလုပ်ဆောင်သော အမှုနှင့် မကိုက်ညီဘဲ၊ ယင်းနှင့် သဟဇာတလည်း မဖြစ်ပေ။ ငါ၏အမှုကို လူသား၏ စိတ်ကူးများအတိုင်း စီမံဆောင်ရွက်ခဲ့မည်ဆိုပါက၊ ယင်းသည် မည်သည့်အချိန်တွင် အဆုံးသတ်မည်နည်း။ လူသားမျိုးနွယ်သည် မည်သည့်အချိန်တွင် ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်နိုင်မည်နည်း။ ပြီးလျှင် ငါသည် ဥပုသ်နေ့ဖြစ်သည့် သတ္တမမြောက်နေ့ရက်ထဲသို့ အဘယ်သို့ ဝင်ရောက်နိုင်မည်နည်း။ ငါသည် လူသား၏ ရည်ရွယ်ချက်များအတိုင်း မဟုတ်ဘဲ- ငါ၏ အစီအစဉ်အတိုင်းနှင့် ငါ၏ ရည်ရွယ်ချက်အတိုင်း အမှုပြုပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကယ်တင်ရှင်သည် ‘ဖြူသောမိုးတိမ်’ စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်