၉၃ အိမ်ပြန်ခြင်း
၁
လောကကြီးတွင် ငါ့အိပ်မက်အားလုံးရှိတယ်
လို့ ငါ ရိုးအစွာ ထင်ခဲ့
ကြိုးစား ရုန်းကန်မှုတွေနဲ့ တောက်ပတဲ့ ဘဝတစ်ခု ငါဆွတ်ခူးမယ်
အကြိမ်ကြိမ် ရှုံးနိမ့်ပြီးနောက်
ငါ့စိတ်ကူးတွေ ယုတ္တိမရှိပုံပေါက်။
ဆိုးယုတ်ခြင်းနှင့် ကြံစည်မှုများ ပြည့်နှက်နေတဲ့ ဒီလောကကြီးမှာ
ငါ၏ဖြူစင်ကောင်းမြတ်မှု ဆုံးရှုံးခဲ့ပြီ
ကျော်ကြားမှုနှင့် ငွေကြေးနောက် လိုက်ရင်း
တိရစ္ဆာန်ကဲ့သို့ အသက်ရှင်ခဲ့
ကမ္ဘာကြီးရဲ့ မေတ္တာခေါင်းပါးမှု
အေးစက်မှုုတွေက ငါ့နှလုံးသားကို ထုထောင်း
လူသားများ အချင်းချင်း ရိုက်ပုတ်သတ်နေကြ
လှည့်ဖြားမှုနှင့်ကြမ်းကြုတ်မှုများ ပြည့်နှက်
အထောက်အပံ့၊ ကြံစည်မှုတွေမရှိဘဲ ရှင်သန်ဖို့ လမ်းစမရှိ
လမ်းမှန်ကို လျှောက်လို့
ဘုရားကို ယုံကြည်ခြင်းသည်ပင််
ခွဲခြားဆက်ဆံမှုနှင့်
အကျဉ်ချခံရမှုတို့ ဖြစ်စေတယ်
ငါ ရှင်းလင်းစွာ မြင်ရပြီ
လောကကြီးသည် မကောင်းမှုနှင့်မှောင်မိုက်ခြင်း ပြည့်နှက်
ငါဟာ ခိုကိုးရာမဲ့၊ နာကျင်နေသည်
ငါ့နှလုံးသားထဲ ဒဏ်ရာတွေ ပြည့်နှက်
ငါ ဦးတည်ချက် ပျောက်ဆုံး
အဖော်ကင်းပြီး ကြိုးစားရှာဖွေပေမဲ့
ဘယ်မှာလဲ
ငါတောင့်တတဲ့ အိမ်လှလှလေးရယ်
၂
ရင်းနှီးတဲ့ အသံတစ်ခုက ငါ့ကို ခေါ်နေ
ဘုရားရဲ့ကြင်နာစကားများ ငါ့နှလုံးသားကို နွေးထွေးမှုတွေပေး
စကားဆိုလို့ တံခါးခေါက်နေတဲ့ လူသားကို ငါ မြင်တွေ့
ဘုရားရှေ့မှောက်လာခြင်းဖြင့် ငါသိမြင်ရတာက
အသင်းတော်ဆိုတာ ကောင်းကင်နှင့်မြေကြီးသစ်ပဲ
ဒီက လူတွေ ဖြူစင် ကောင်းမြတ် ကြတယ်
အခြားသူများထံ ရိုးသားမှု ပြကြတယ်
ဒီနေရာမှာ မျှတခြင်း ဖြောင့်မတ်ခြင်းတွေ
နှုတ်ကပတ်တော်၊ သမ္မာတရားထဲမှာ အားကြီးသောတန်ခိုးရှိ
နှုတ်ကပတ်တော်သည် ဘဝရဲ့နက်နဲသော အရာများကို ဖော်ပြ
ငါ့နှလုံးသားကို လှုပ်နိုး၊ ဘဝက ရှင်းလင်းလာတယ်
သမ္မာတရားကို နားလည်ခြင်းသည်
အဆိုးနဲ့ အကောင်း ခွဲခြားတတ်စေတယ်
ကျော်ကြားမှု၊ ငွေကြေးနောက် တကောက်ကောက် မလိုက်တော့ဘဲ
စာတန်ရဲ့ပိုက်ကွင်ထဲကှလွတ်မြောက်ဖို့ ကြိုးစား
စစ်မှန်မှုကြောင့် ဘုရား ငါ့ကို ကောင်းချီးပေးတယ်
ငါ့နှလုံးသား ငြိမ်းအေးပြီ၊ ငြိမ်ဝပ်ခြင်း ရှိပြီ
ငါ ဘုရားကို ကြောက်ရွံ့ပြီး ုဒုစရိုက်ကို ရှောင်ဖယ်ပါ၏
ဘဝလမ်းမှန်ကို ငါလျှောက်လှမ်းနေ
ဘုရားသခင်သည် အလွန်မြတ်နိုးဖွယ်ကောင်းပေ၏
ငါ့နှလုံးသား ကိုယ်တော့်ကို လွန်စွာ တမ်းတပါ၏
ယခု အလင်းမှာ နေီနိုင်သည်
ဘုရားကို နားထောင်ပြီး အစဉ် ချစ်ရင်း
ဘုရားရှေ့မှောက်လာခြင်းဖြင့် ငါသိမြင်ရတာက
အသင်းတော်ဆိုတာ ကောင်းကင်နှင့်မြေကြီးသစ်ပဲ
ဒီက လူတွေ ဖြူစင် ကောင်းမြတ် ကြတယ်
အခြားသူများထံ ရိုးသားမှု ပြကြတယ်
ဒီနေရာမှာ မျှတခြင်း ဖြောင့်မတ်ခြင်းတွေ
ဘုရားကို နာထောင်ပြီး အစဉ် ချစ်ပါမယ်