ကျွန်တော်တို့က အရာအားလုံးကို စွန့်တယ်။ သခင့်ဧဝံဂေလိတရားကို ဖြန့်ဝေတယ်။ အသင်းတော်ကို လမ်းပြတယ် ဒီလိုအားထုတ်တာတွေက ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်တာပဲလေ ကျွန်တော်တို့ကျင့်သုံးတဲ့ ဒီလမ်းစဉ်က ဘာများမှားလို့လဲ။

08.06.2019

အဖြေ- သခင့်ဧဝံဂေလိတရားကို ဖြန့်ဝေတာ၊ သူ့အတွက် အမှုထမ်းတာတွေက ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်နေတာပါဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး ကောင်းကင်ဘုံက အဖရဲ့အလိုကို အမှန်တကယ် ဆောင်ဖို့ဆိုရင်၊ လူတွေဟာ သခင့်လမ်းခရီးကို လိုက်ပြီး၊ ပညတ်တွေကို လိုက်နာရမှာဖြစ်ပါတယ် လူသားဟာ သူ့ရဲ့တာဝန်ကို သခင့်ရဲ့တောင်းဆိုချက်တွေအတိုင်း လုပ်ဆောင်ရမယ်။ သခင်ယေရှုပြောထားတဲ့အတိုင်းပဲ၊ "သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။" (ရှင်မဿဲခရစ်ဝင် ၂၂:၃၇-၃၉) ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ခြင်းနဲ့ပတ်သက်လို့၊ အရေးကြီးဆုံးလိုအပ်ချက်က သခင်ယေရှုရဲ့လက်ရှိနှုတ်ကပတ်တော်တွေကို နာခံခြင်း၊ ကျင့်သုံးခြင်းပဲ ဖြစ်ပါတယ် ဒါက အခြေခံအကျဆုံး စည်းမျဉ်းပါ လူတွေဟာ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကို လိုက်နာဖို့ အလေးမထားပဲနဲ့ သမ္မာကျမ်းထဲက လူတွေရဲ့စကားတွေကိုပဲ အလေးထားလိုက်နာနေမယ်ဆိုရင် သူတို့ဟာ ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်နေတာ မဟုတ်ပါဘူး ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ဖို့ဆိုတာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို လိုက်နာဖို့ပါပဲ လူတွေက သခင်ယေရှုကိုယ်တော်တိုင်ရဲ့နှုတ်ကပတ်တော်တွေကို ချီးမွမ်းပြီး သက်သေခံရမယ့်အစား၊ သမ္မာကျမ်းမှာပါတဲ့ တမန်တော်တွေရဲ့စကားတွေကိုပဲ အမြဲတမ်းချီးမွမ်းကြတယ် အဲလိုလုပ်ကြခြင်းအားဖြင့် သူတို့ဟာ ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်ရွက်နေတာမဟုတ်ပဲ အဲဒီအစား၊ သူ့ကိုဆန့်ကျင်နေကြတာဖြစ်တယ်။ ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်နေသူတွေဟာ ဘုရားသခင်က ဘာပြောသည်ဖြစ်ဖြစ်၊ ဘာလုပ်သည်ဖြစ်ဖြစ်၊ သူ့ကို နာခံနိုင်တယ်။ နှုတ်ကပတ်တော်တွေကို ကျင့်သုံးနိုင်တယ် တာဝန်ပေးစေခိုင်းချက်ကို လက်ခံနိုင်တယ်။ သူ့ကို သက်သေခံနိုင်ကြတယ် ဒါ့အပြင် အဲဒီလူတွေဟာ ဘုရားသခင်ကို ဆန့်ကျင် တွန်းလှန်​ကြခြင်းမရှိတော့ဘူး။ သူတို့ဟာ ဘုရားသခင်က ဂုဏ်တင်ချီးမွမ်းတဲ့သူတွေပဲ။ အာဗြဟံကိုပုံသက်သေအဖြစ်ယူပါ၊ သူက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို လိုက်နာနိုင်ခဲ့တယ်။ သူ့ရဲ့ချစ်လှစွာသော တစ်ဦးတည်းသောသားကို ဘုရားသခင်ဆီ လိုလိုလားလားပြန်ပေးခဲ့တယ် အာဗြဟံရဲ့အကြွင်းမဲ့နာခံမှုအတွက် ဘုရားသခင်က ဆုချီးမြှင့်ခဲ့တယ်။ သူက အာဗြဟံရဲ့မျိုးနွယ်တွေကို ကောင်းချီးပေးခဲ့ပြီး နောက်ဆုံးမှာ သူတို့ကို လူမျိုးကြီးတွေဖြစ်လာစေဖို့ခွင့်ပြုခဲ့တယ်။ နောက်ထပ် ပုံသက်သေတစ်ခုက ယောဘပါ။ သူက ဘုရားသခင်ကို ရိုသေလေးမြတ်ခဲ့ပြီးတော့၊ မကောင်းမှုကို ရှောင်ရှားခဲ့တယ် သူ့ကိုစမ်းသပ်တဲ့အချိန်တွေမှာ သူ့ကြွယ်ဝမှုနဲ့ သားသမီးတွေကို ဖယ်ရှားခံရပေမယ့်၊ ဘုရားသခင်ကို အပြစ်တင်မယ့်အစား၊ သူ့ကိုယ်သူပဲ ကျိန်ဆဲခဲ့တယ် ယေဟောဝါဘုရားသခင်ရဲ့သန့်ရှင်းတဲ့နာမတော်ကို ဆက်ပြီး ကောင်းချီးပေးခဲ့တယ် ဒါကြောင့် သူဟာ ဘုရားသခင်ရဲ့အမြင်မှာ အပြစ်အနာအဆာကင်းတဲ့လူသားတစ်ယောက် ဖြစ်ခဲ့တယ် ပေတရုကလည်း နောက်ထပ် ပုံသက်သေတစ်ခုပါ။ သူ့ဘဝတစ်လျှောက်လုံး သခင်ယေရှုနောက်ကို လိုက်ခဲ့ပြီး၊ သမ္မာတရားကို တောင့်တရှာဖွေခဲ့တယ် သခင့်ရဲ့တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက်မှာ၊ သူက သခင့်သတ်မှတ်ချက်တွေနဲ့အညီ အသင်းတော်ကို တိတိကျကျ လမ်းပြခဲ့တယ် နောက်ဆုံးတော့ သူဟာ ဘုရားသခင်ကို သေသည့်တိုင်အောင် နာခံနိုင်ခဲ့သလို၊ အရာအားလုံးထက်ပိုပြီး ချစ်မြတ်နိုးနိုင်ခဲ့တယ် သူတို့အားလုံးဟာ ဘုရားသခင်ကို နာခံပြီး ရိုသေလေးမြတ်ထားခဲ့ကြတယ်။ ဒီလိုလူတွေဟာ ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို အမှန်တကယ် ဆောင်ရွက်သူတွေပါပဲ သခင့်အတွက် အလုပ်ကြိုးစားတာဟာ ကောင်းကင်ဘုံက အဖရဲ့အလိုကို ဖော်ဆောင်တာလို့ဆိုရင် ဧဝံဂေလိတရား ဖြန့်ဝေဖို့ ကုန်းတစ်တန်ရေတစ်တန် သွားလာပြီး ကြိုးစားခဲ့ကြတဲ့ ဖာရိရှဲတွေဟာ နောက်ဆုံးမှာ သခင်ယေရှုရဲ့ပြစ်တင်ဒဏ်ခတ်မှုကို ဘာကြောင့် ခံကြရတာလဲ အဲဒါဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဘုရားသခင်ကိုယုံကြည်ခဲ့ကြပေမယ့် သူ့ရဲ့လမ်းခရီးကို မလိုက်နာခဲ့လို့ပဲ။ သခင်ယေရှု အမှုတော်သစ်တစ်ခုကို ဆောင်ရွက်ဖို့ကြွလာတဲ့အခါ၊ ဖာရိရှဲတွေက ဒါကို လက်မခံရုံမကဘူး၊ ဂျူးလူမျိုးတစ်ခုလုံးကို သခင်ယေရှုအပေါ် အယူသန်သန်နဲ့ ဆန့်ကျင်ရှုတ်ချစေခဲ့တယ်လေ သူတို့က သခင်ယေရှုကို ဆန့်ကျင်ပြီး မမှန်မကန် သက်သေခံခဲ့ကြတယ် သူတို့လုပ်ခဲ့သမျှဟာ သခင့်လမ်းခရီးကို သစ္စာဖောက်နေခဲ့တယ်၊ သခင်ယေရှုကို သူတို့ရဲ့ရန်သူအဖြစ်ယူဆခဲ့ကြတယ်။ သူတို့တွေက အပြင်ပန်းအရ ဆင်းရဲဒုက္ခတွေအများကြီး ခံပြီး၊ အလုပ်ကြိုးစားခဲ့ကြတာ ဖြစ်ပေမယ့် ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်ခဲ့တာပါလို့ ပြောနိုင်ပါ့မလား။

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။