ကျွန်တော်တို့က သခင့်ကတိတော်ကို ယုံကြည်တယ်။ သူ ပြန်လာတဲ့အခါ ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်မယ်ဆိုတာလေ ဒီနည်းလမ်းကို ကျင့်သုံးတာက တစ်ခုခုများ မှားနိုင်လို့လား။

08.06.2019

အဖြေ- သခင်ပြန်လာတာကို သတိနဲ့စောင့်နေတဲ့အခါ လူအများယုံကြည်နေတာက သခင့်အတွက် အလုပ်ကြိုးစားဖို့နဲ့ ရှင်ပေါလုရဲ့ဥပမာအတိုင်း လိုက်ဖို့ပဲ လိုတယ်။ ဒါမှ သခင် ပြန်လာတဲ့အခါ ကောင်းကင်နိုင်ငံတော်ဆီ တိုက်ရိုက်ဝင်ရမယ်ပေါ့လေ သူတို့အတွက်တော့ ဒီနည်းလမ်းကိုကျင့်သုံးတာက မှန်သလိုထင်ရတယ်။ ဒါကို သဘောကွဲလွဲတဲ့သူကလည်း မရှိဘူးလေ ဒါပေမဲ့ ဘုရားသခင်ကိုယုံကြည်တဲ့ ကျွန်မတို့ဟာ အရာရာတိုင်းမှာ သမ္မာတရားကို ရှာဖွေသင့်တယ် ခုန နည်းလမ်းကိုကျင့်သုံးတာက လူတွေရဲ့အယူအဆတွေနဲ့ကိုက်ညီပေမယ့်၊ အဲဒါက ဘုရားသခင်ရဲ့ဆန္ဒတွေနဲ့ကော ကိုက်ညီလို့လား ကျွန်မတို့သိသင့်တာ ရှိပါတယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာ ကျွန်မတို့ရဲ့လုပ်ရပ်တွေအတွက် စည်းမျဉ်းစည်းကမ်းတွေပါပဲ။ လူတွေ၊ အကြောင်းအရာတွေ၊ အရေးကိစ္စတွေအားလုံးကို တိုင်းတာတဲ့ စံနှုန်းလည်း ဖြစ်ပါတယ် ကျွန်မတို့က ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့အညီ ကျင့်သုံးတယ်ဆိုရင်၊ ဘုရားသခင်ရဲ့သဘောကျမှုကို သေချာပေါက် ရကြမှာပါ တကယ်လို့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဆန့်ကျင်နေမယ်၊ ကျွန်မတို့ရဲ့ကိုယ်ပိုင်အယူအဆ၊ ိစိတ်ကူးတွေနဲ့အညီ ကျင့်သုံးနေမယ်ဆိုရင် သေချာတာကတော့ ဘုရားသခင်ရဲ့ ငြင်းပယ်ခြင်းကို ခံရမှာပဲ။ ကျွန်မတို့က သခင့်အတွက် အလုပ်ကြိုးစားပြီး၊ သတိနဲ့စောင့်မျှော်နေရုံနဲ့၊ ကောင်းကင်နိုင်ငံတော်ဆီ တကယ်ပဲ တိုက်ရိုက်ဝင်ရောက်နိုင်မှာလား သခင်ယေရှု ဘာပြောထားလဲဆိုတာကို ကြည့်ကြပါစို့။ "သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။" (ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေထဲမှာ ကျွန်မတို့တွေ့ရတာက "ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်" လို့ပဲ သခင်ယေရှုက ပြောခဲ့တာပါ သခင်ယေရှုရဲ့နာမတော်ကို သစ္စာရှိပြီး သခင့်အတွက် အလုပ်ကြိုးစားသူအားလုံးဟာ ဆုလာဘ်တွေရလိမ့်မယ်၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ကြရလိမ့်မယ်လို့ သူက မပြောခဲ့ပါဘူး ဒါက အမှန်ပဲ မဟုတ်ဘူးလား တကယ်လို့ ကျွန်မတို့ခံယူထားတဲ့အတိုင်း သခင့်နာမတော်ကို ထိန်းသိမ်းပြီး၊ သခင့်အတွက် အလုပ်ကြိုးစားသူအားလုံးက ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရလိမ့်မယ်ဆိုရင် နတ်ဆိုးတွေကို သခင်ယေရှုရဲ့နာမတော်နဲ့ ဟောပြော နှင်ထုတ်ခဲ့သူတချို့ကို၊ သခင်က ဘာကြောင့် သာသနာပလူတွေအဖြစ် ပြစ်တင်ရှုတ်ချခဲ့တာလဲ ဒါက ဘာကိုပြသလဲဆိုရင်၊ သခင့်အတွက် အလုပ်ကြိုးစားတာဟာ ဘုရားသခင်ရဲ့အလိုကို ဆောင်ခြင်းနဲ့ လုံးဝမတူညီဘူးဆိုတာပါပဲ ဘာကြောင့်လဲဆိုတော့ လူတော်တော်များများက သခင့်အတွက် အလုပ်ကြိုးစားတယ်ဆိုတာ၊ ကောင်းချီးပေးခြင်းကို ရနိုင်အောင်လို့ပါပဲ ဘုရားသခင်အပေါ် စစ်မှန်စွာနာခံခြင်းအတွက် မဟုတ်ပါဘူး သူတို့ရဲ့ဆိုးယုတ်တဲ့စိတ်သဘောထားက ရှိနေတုန်းပါပဲ သူတို့တွေမှာ ဘုရားသခင်ရဲ့ပတ်သက်တဲ့ အယူအဆတွေ ရှိနေတုန်းပဲ။ ကိုယ်တော့်ကို မနာခံကြသေးဘူး၊ ဆန့်ကျင်ရှုတ်ချတုန်းပါပဲ တချို့ဆိုရင် ဖာရိရှဲတွေလိုပဲ သမ္မာတရားကိုတောင် မုန်းတီးကြတယ် သူတို့တွေဟာ သခင့်အတွက် ဘယ်လောက်ပဲအလုပ်ကြိုးစားပါစေ ဒီလိုလူတွေက ဘုရားသခင်ရဲ့အလိုကို ဘယ်လိုဆောင်နိုင်မှာလဲ ဒီလိုလူတွေဟာ သဘောသဘာဝအရ ဘုရားသခင်ကို ဆန့်ကျင်ပါတယ် ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရဖို့ဆိုရင်၊ သခင့်အတွက် အလုပ်ကြိုးစားရုံပဲတဲ့လား။ ဒါက သည်းမခံနိုင်စရာပါပဲ အားလုံး သဘောတူကြလား။

ဒါဆိုရင် ဘုရားသခင်ရဲ့အလိုကို ဆောင်သူတွေဆိုတာ ဘယ်လိုလူတွေကို ရည်ညွှန်းတာလဲ ဘုရားသခင်ရဲ့အလိုကို ဆောင်သူတွေဆိုတာ ဘုရားသခင်ကို စစ်မှန်စွာနာခံသူတွေ ဖြစ်ပါတယ် ဘုရားသခင်ကို နာခံခြင်းဆိုတာကတော့ ဘုရားသခင်ကို ကြီးမြတ်စေတာ၊ ဘုရားသခင်ကို ကြည်ညိုတာ၊ ဘုရားသခင်ရဲ့အမှုတော်မှာ ဆက်ကပ်တာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို တွေ့ကြုံကျင့်သုံးတာတွေပါပဲ။ အဲဒီကနေမှ ဘုရားသခင်အပေါ် သိနားလည်မှု ရလာတာ၊ ကိုယ်တော့်အပေါ် စစ်မှန်တဲ့ချစ်ခြင်း ရှိလာတာအပြင် ကိုယ်တော့်အတွက် သက်သေခံနိုင်ခြင်းဆိုတာတွေပါပဲ။ ဘယ်လိုအခြေအနေမျိုးမှာမဆို ဘုရားသခင်ကို သစ္စာမဖောက်တာ၊ မဆန့်ကျင်တာမျိုး ဖြစ်ပါတယ် ဒါတွေကို လုပ်နိုင်သူတွေဟာ ဘုရားသခင်ရဲ့အလိုကို ဆောင်သူတွေပါပဲ သူတို့တွေက သခင့်အတွက် အလုပ်ကြိုးစားပြီး၊ ပေးဆပ်မှုကြီးတွေ ပြုကြတယ်ဆိုပေမယ့် လူတော်တော်များများက အဲဒီလိုကျင့်သုံးကြတယ်ဆိုတာဟာ ဆုလာဘ်တွေ ရဖို့၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရဖို့၊ ကောင်းချီးတွေ ခံစားရဖို့အတွက်ပဲဖြစ်တယ်ဆိုတာ အခု ကျွန်မတို့တွေ မြင်သွားကြပါပြီ အဲဒါတွေက ဘုရားသခင်ကို ချစ်ဖို့၊ နာခံဖို့အတွက် မဟုတ်ပါဘူး ဒီလိုကိုးကွယ်မှုဆိုတာ ဘုရားသခင်နဲ့ အပေးအယူလုပ်တာထက်မပိုပါဘူး။ ဘုရားသခင်အတွက် အလုပ်ကြိုးစားကြတယ်ဆိုတာတောင် လူတော်တော်များများက သမ္မာတရားကို လက်တွေ့မကျင့်သုံးဖူးကြပါဘူး။ ဘုရားသခင်ကိုလည်း ချီးမွမ်းသက်သေခံတာမျိုး မလုပ်ဖူးကြဘူး အဲဒီအစား သူတို့ကိုယ်သူတို့ စံပြုပုဂ္ဂိုလ်အဖြစ် ပြုမူပြီး၊ တခြားသူတွေကို ကိုးကွယ်ဆည်းကပ်စေပါတယ် သူတို့လုပ်သမျှက သူတို့နေရာတည်မြဲရေးနဲ့ ဝင်ငွေအတွက်သက်သက်ပါပဲ။ အဲဒီလိုလူတွေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို လက်တွေ့ကျင့်သုံးပြီး၊ ဘုရားသခင်ကို နာခံတဲ့လူတွေလား သူတို့တွေဟာ ဘုရားသခင်ရဲ့အလိုကို ဆောင်တဲ့လူတွေလား အဲဒီလိုလူတွေက ဘုရားသခင်ကို အစေခံတယ်ဆိုပေမယ့်၊ ဆန့်ကျင်နေတာပါ။ သူတို့တွေက သီလကြောင် ဖာရိရှဲတွေပါပဲ သူတို့ကို သာသနာပလူတွေလို့ ဆိုနိုင်ပါတယ် ဒီလိုလူတွေက ကောင်းကင်နိုင်ငံတော်ကိုဝင်ဖို့ ဘယ်လို အရည်အချင်းပြည့်မီနိုင်မှာလဲ ဒီနေရာမှာ ကျွန်မတို့တွေ့လိုက်ရတာက၊ သခင့်အတွက် အလုပ်ကြိုးစားနေတယ်လို့ထင်ရတဲ့လူတွေဟာ သမ္မာတရားကို လက်တွေ့မကျင့်သုံးဖူးကြပါဘူး ဒါတင်မကဘဲ ဘုရားသခင်ကိုချစ်ခြင်းအတွက်၊ သူ့ရဲ့အလိုကို ဆောင်ခြင်းအတွက်၊ ကိုယ်တော်ကို ချီးကျူးနေတာ၊ သက်သေခံနေတာလည်း မဟုတ်ဘူး အဲဒီလိုလူတွေက ဘုရားသခင်ရဲ့အလိုကို မဆောင်ပါဘူး သူတို့က သခင့်အတွက် အလုပ်ကြိုးစားတယ်ဆိုတာ၊ ကောင်းချီးတွေ ရဖို့နဲ့ ကောင်းကင်နိုင်ငံတော်ဆီ ဝင်နိုင်ဖို့ပါပဲ သူတို့ရဲ့အသက်တာအစီအစဉ်ကတော့ ပြောင်းလဲမှုမရှိပါဘူး။ ဘုရားသခင်ကို ဆန့်ကျင်နေတုန်းပါပဲ သူတို့က ဖာရိရှဲတွေလိုပဲ လူကောင်းဟန်ဆောင်ပြနေတာပါ။ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ဒဏ်ခတ်ခြင်းကို ခံရပါလိမ့်မယ် အနန္တတန်ခိုးရှင်ပြောသည် "ငါသည် လူတစ်ဦးစီ၏ ခရီး လမ်းဆုံးကို အသက်၊ အဆင့်မြင့်မှု၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအဖြစ် သူတစ်ပါးမှ ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်။ ၎င်းတို့တွင် သမ္မာတရား ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏အလိုကို မလိုက်သောသူတို့အားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်သိရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ် ပေးခံရသူ အားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းအတွက်နှင့် ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များအတွက် အပြစ်ပေးခံရခြင်းဖြစ်၏။" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့နှုတ်ကပတ်တော်တွေက သိပ်ကို ရှင်းလင်းပါတယ် ကျွန်မတို့အနေနဲ့ နောက်ဆုံးမှာ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရမလား မရဘူးလားဆိုတာ၊ ကျွန်မတို့က အလုပ်တွေ ဘယ်လောက်ကြိုးစားတယ်၊ ဒုက္ခတွေ ဘယ်လောက်ခံထားတယ်ဆိုတာကို အခြေမခံပါဘူး ကျွန်မတို့က ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို လက်တွေ့ကျင့်သုံးလား၊ ဘုရားသခင်ရဲ့ပညတ်တော်တွေကို လိုက်နာလား ဘုရားသခင်ရဲ့အလိုကို ဆောင်သလားဆိုတာတွေကိုပဲ အခြေခံပါတယ် အဲဒါတွေဟာ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်အတွက် စံတွေ၊ စည်းကမ်းတွေပါပဲ ဒါပေမဲ့ ရှင်ပေါလုရဲ့စကားတွေကို မျက်ကန်းကိုင်ဆွဲထားသူတွေ ရှိပါတယ် "ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါအဘို့သိုထားလျက်ရှိ၏။ …" (တိမောသေ သြဝါဒစာ ဒုတိယစောင် ၄:၇-၈) သူတို့တွေက ရှင်ပေါလုရဲ့မှားယွင်းတဲ့အမြင်တွေကို ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်အတွက် အယူအဆဆိုင်ရာအခြေခံအဖြစ် ယူကြတယ် ဒါကြောင့် သူတို့အနေနဲ့ ဘယ်လောက်ပဲ ဒုက္ခခံပါစေ၊ ပေးဆပ်ပါစေ၊ ဘုရားသခင်ရဲ့သဘောကျမှုကို ရနိုင်ဦးမှာမဟုတ်ပါဘူး ကောင်းကင်နိုင်ငံတော်ဆီ ဝင်နိုင်ဖို့ဆိုတာ ပိုပြီးမဖြစ်နိုင်ပါဘူး။

ကောင်းကင်ဘုံမှာရှိတဲ့အဖရဲ့အလိုကို ဆောင်မှသာလျှင် ကောင်းကင်နိုင်ငံတော်ဆီ ဝင်နိုင်တယ်ဆိုတာကို ကျွန်မတို့ မိတ်သဟာယပြုလိုက်ပါပြီ ဒါဆိုရင် သခင် ပြန်လာခြင်းကို သတိနဲ့စောင့်မျှော်ရာမှာ ဘုရားသခင်ရဲ့သတ်မှတ်ချက်တွေက ဘာတွေလဲ လူအများကတော့ သခင့်အတွက် အလုပ်ကြိုးစားရမယ်။ ကားတိုင်ကိုထမ်းပြီး ဆင်းရဲဒုက္ခခံရမယ်။ သခင့်နာမတော်မှာ သစ္စာရှိဖို့ပဲလိုတယ်ဆိုပြီး ယုံကြည်ကြတယ် ဒါတွေလုပ်နေတာက သတိနဲ့စောင့်ကြည့်တာ စောင့်မျှော်တာလို့ သူတို့က ယုံကြည်တယ်။ သခင် ကြွလာတဲ့အခါလည်း စွန့်ပစ်တာကို မခံရဘူးပေါ့လေ အမှန်တော့ သခင်ယေရှုက သတိနဲ့စောင့်ကြည့်ခြင်း၊ စောင့်မျှော်ခြင်းအကြောင်းကို တော်တော်လေး ရှင်းရှင်းလင်းလင်း ပြောခဲ့တာပါ "သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။" (ရှင်မဿဲ ၂၅:၆) ဗျာဒိတ်ကျမ်း ၁၆:၁၆ မှာလည်း "အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှါ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။" (ဗျာဒိတ်ကျမ်း ၁၆:၁၆) "ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။" (ဗျာဒိတ်ကျမ်း ၃:၂၀) ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ ဆိုတဲ့ဖော်ပြချက်ကလည်း "ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။" ဒီပရောဖက်ပြုချက်တွေမှာ ကျွန်မတို့ ရှင်းရှင်းလင်းလင်းမြင်ရတာက နောက်ဆုံးသောကာလအတွင်း သခင်ယေရှု ပြန်ကြွလာတဲ့အခါ၊ သူဟာ အသင်းတော်တွေကို ပြောဆိုလိမ့်မယ်ဆိုတာပါပဲ ဒါကြောင့် သခင်က ကျွန်မတို့ကို ပညာရှိသတို့သမီးတွေလို ဖြစ်ဖို့နဲ့ သူ့ရဲ့အသံကိုကြားအောင် ဂရုစိုက်ကြဖို့ ပြောခဲ့တာပါ ကျွန်မတို့က သခင့်ရဲ့အသံတော်ကိုကြားတာနဲ့ ရှေ့ကိုတိုးထွက်ပြီး ကြိုဆိုဖို့လိုပါတယ် ဒါမှသာ ကျွန်မတို့က သခင် ပြန်လာခြင်းကို သတိနဲ့စောင့်မျှော်သူတွေ ဖြစ်လာလိမ့်မယ် သိုးသငယ်ရဲ့မင်္ဂလာ စားပွဲကို တက်ရောက်ပြီး၊ ဘုရားသခင်ရဲ့ပလ္လင်တော်ရှေ့ ခေါ်ဆောင်ခံရသူတွေလည်း ဖြစ်လာလိမ့်မယ် ဗျာဒိတ်ကျမ်းမှာ ဟောကိန်းထုတ်ထားတဲ့ သိုးသငယ်ရဲ့မင်္ဂလာ စားပွဲဆိုတာက နောက်ဆုံးသောကာလအတွင်း ဘုရားသခင်ရဲ့တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းမှာ လက်ခံတာကို ရည်ညွှန်းသလို ဘုရားသခင်ရဲ့ပလ္လင်တော်ကနေ စီးဆင်းလာတဲ့ အသက်တာမြစ်ရေမှာ ဝမ်းမြောက်ခြင်းကိုလည်း ရည်ညွှန်းပါတယ် တစ်နည်းပြောရရင်၊ နောက်ဆုံးသောကာလရဲ့ခရစ်တော်အားဖြင့် ဖော်ပြတဲ့ အလုံးစုံသောသမ္မာတရားတွေကို လက်ခံခြင်းဖြစ်သလို အောင်နိုင်သူတစ်ယောက် ဖြစ်လာဖို့အတွက် နောက်ဆုံးမှာ ဘုရားသခင်ရဲ့သန့်စင်ခြင်းကို ခံရတာလည်း ဖြစ်ပါတယ်။ အဲဒီလိုအောင်နိုင်သူတွေသာ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ကြရမှာပါ ဒီနေ့အချိန်မှာ နောက်ဆုံးသောကာလရဲ့ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူတွေကို ကယ်တင်ခြင်း၊ သန့်စင်ခြင်းအတွက် အလုံးစုံသောသမ္မာတရားတွေကို ဖော်ပြထားပါတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုလည်း အွန်လိုင်းမှာ ဖြန့်ဝေထားပါတယ် ကမ္ဘာအနှံ့မှာရှိတဲ့ နိုင်ငံအသီးသီးက လူတွေ ရှာဖွေ ဆန်းစစ်နိုင်ဖို့အတွက်ပါပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်နဲ့နှုတ်ကပတ်တော်တွေကို ရှာဖွေစူးစမ်းကြတဲ့အတွက်၊ ပညာရှိသတို့သမီးတွေဟာ ဘုရားသခင်ရဲ့အသံတော်ကို မှတ်မိသိရှိသွားသလို၊ ဘုရားသခင်ရဲ့ပလ္လင်တော်ရှေ့ကို ပြန်ပြီးရောက်ရှိသွားကြပါပြီ အဲဒီလိုလူတွေကသာ သိုးသငယ်ရဲ့မင်္ဂလာ စားပွဲကို တက်ရောက်ကြတာဖြစ်သလို ကပ်ဘေးကြီး မလာခင်၊ ဘုရားသခင် ပြုလုပ်မယ့် အောင်နိုင်သူတွေလည်း ဖြစ်ကြပါတယ် အဲဒီလိုလူတွေကသာ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ကြရမှာလို့လည်း ဆိုနိုင်ပါတယ် လူတော်တော်များများက သခင် ပြန်လာခြင်းကို သတိနဲ့စောင့်မျှော်ရာမှာ သခင့်အတွက် အလုပ်ကြိုးစားဖို့ပဲ လိုတယ်လို့ ယုံကြည်ကြတယ် သခင် ပြန်လာခြင်းရဲ့အဓိကကျတဲ့ကိစ္စရပ်ထဲမှာ သမ္မာတရားကို မရှာဖွေကြဘူး သူတို့တှဟော သူတို့ရဲ့ အယူအဆတှနေဲ့ စိတျကူးယဉျ ပေါျ မကြျစိစုံလုံးမှိတျ ဖကျတှယျနကွေပွီး ဘုရားသခငျအသံတောျကွားဖို့ကို ငွငျးဆနျနကွေတယျ။ သခင့်ရဲ့ပေါ်ထွန်းခြင်းကိုလည်း လုံးဝမမြင်ကြပါဘူး ဒါကြောင့် ဒီလိုနည်းနဲ့ စောင့်မျှော်ခြင်းဆိုတာ မစစ်မှန်သလို၊ အဓိပ္ပာယ်လည်း မရှိပါဘူး သတိနဲ့စောင့်ကြည့်ခြင်း၊ စောင့်မျှော်ခြင်းဆိုတာ ကျွန်မတို့ရဲ့လုပ်ရပ်တွေနဲ့ မဆိုင်ပါဘူး အဓိကကတော့ ကျွန်မတို့အနေနဲ့ သခင့်ရဲ့အသံတော်ကို ကြားနိုင်သလား၊ သခင် ပြန်လာခြင်းကို ကြိုဆိုနိုင်သလားဆိုတာပါပဲ ကျွန်မတို့အနေနဲ့ ဒီအကျိုးတရားကို ရနိုင်သလား၊ မရနိုင်ဘူးလားဆိုတာက အဓိကပါပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက နောက်ထပ်စာပိုဒ်တစ်ခုကို ဖတ်ကြည့်ရအောင် "သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ယေရှုတစ်ဖန်ပြန်ကြွလာခြင်းသည် ကြီးမားသည့်ကယ်တင်ခြင်းတစ်ရပ်ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ဤသည်မှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိလမ်းကြောင်း မိမိရွေးရမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားပြောဆိုခြင်းနှင့် သမ္မာတရားကို ငြင်းပယ်ခြင်းတို့ မပြုရ။ သင်တို့သည် အသိဉာဏ်ကင်းမဲ့သူနှင့် ဝင့်ဝါသူများ မဖြစ်ရ။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်နာ၍ သမ္မာတရားကို တမ်းတကာ ရှာဖွေသူများ ဖြစ်ရမည်။ ဤနည်းဖြင့်သာ သင့်အတွက် အကျိုးရှိမည်။ ဘုရားသခင်ကိုယုံကြည်သည့်လမ်းကြောင်းကို သတိဖြင့်လျှောက်လှမ်းရန် သင်တို့ကို ငါအကြံပြု၏။ အလွယ်တကူ ကောက်ချက်ချခြင်း မပြုနှင့်။ ထို့အပြင် ဘုရားသခင်အပေါ် သင်တို့ယုံကြည်ခြင်းအရာတွင် သာမန်ကာလျှံကာဖြစ်ခြင်းနှင့် ပူပန်ကြောင့်ကြမဲ့ခြင်းတို့ မဖြစ်စေနှင့်။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် အနည်းဆုံးအနေဖြင့် စိတ်နှလုံးနှိမ့်ချ၍ ရိုသေလေးမြတ်မှု ရှိရမည်ဖြစ်ကြောင်း သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားဖူးသော်လည်း ၎င်းတို့အတွက် သေးသိမ်သဖြင့် လက်မခံသောသူတို့သည် မိုက်မဲ၍ အသိဉာဏ်ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားဖူးသော်လည်း သတိမပြုဘဲ အလွယ်တကူကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် ဝင့်ဝါခြင်းဒုက္ခ ခံစားနေကြ၏။ ယေရှုကိုယုံကြည်သူ မည်သူမျှ တစ်ပါးသူအား ကျိန်ဆဲခြင်း၊ ရှုတ်ချခြင်းများပြုရန် အရည်အချင်းမရှိပေ။ သင်တို့အားလုံးသည် ဆင်ခြင်တုံတရားရှိ၍ သမ္မာတရားကို လက်ခံသူများ ဖြစ်ရမည်။" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)

ဒီနေ့၊ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ပြုပါတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သမ္မာတရားကို ဖော်ပြခြင်းအားဖြင့်၊ လူမျိုးစုံကို ထုတ်ဖော်ပြပါတယ် ဘုရားသခင်ရဲ့ သိုးတွေကလည်း ဘုရားသခင်ရဲ့ အသံတော်ကို ကြားလိမ့်မယ်။ စစ်မှန်တဲ့လမ်းကို ရှာဖွေစူးစမ်းပြီး၊ သမ္မာတရားကို လက်ခံသူအားလုံးကို ဘုရားသခင်က ကယ်တင်ပါတယ် တစ်ချိန်တည်းမှာပဲ၊ သမ္မာတရားကိုလက်မခံတဲ့ ခေါင်းမာတဲ့ ဆိုးယုတ်သူတွေအပြင် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ရှုတ်ချစော်ကားတဲ့ အန္တိခရစ်တွေကိုလည်း ဘုရားသခင်က ထုတ်ဖော်ပြပါတယ် အဲဒီလိုလူတွေကို ဘုရားသခင်က ပြစ်တင်ရှုတ်ချပြီး ဖယ်ရှားပစ်ပါတယ် ဒီနေ့မှာ၊ ဘုရားသခင် လူ့ဇာတိခံယူခြင်းအမှုက ပြီးဆုံးလုနီးပါပြီ တစ်နည်းပြောရရင် ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်တဲ့ တရားစီရင်ခြင်းအမှုဟာ အခြေခံအားဖြင့် ပြီးသွားပါပြီ ဒါကြောင့် အသင်းတော်ရဲ့ချီဆောင်ခြင်းအမှုဟာ မကြာခင်မှာ ပြီးဆုံးတော့မှာပါ ပညာရှိတဲ့သတို့သမီးတွေအနေနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလအမှုကို စစ်ဆေး လက်ခံဖို့အတွက် အချိန်မဖြုန်းသင့်တော့ပါဘူး တကယ်လို့ သူတို့မလုပ်ခဲ့ရင် ကယ်တင်ခြင်းတံခါး ပိတ်သွားလိမ့်မယ်။ လူအများရှေ့မှာ မိုးတိမ်ကိုစီးပြီးကြွဆင်းလာတဲ့အထိ သင်စောင့်နေမယ်ဆိုရင် သခင်ရဲ့ စကားတော်တွေကို သေချာစဉ်းစားဖို့လိုတယ်။ "သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။" (ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၉) ဒီနှုတ်ကပတ်တော်ရဲ့အဓိပ္ပာယ်က ဘုရားသခင်ရဲ့သဘောကျမှု ရခြင်းကိုဆိုလိုတာလား၊ ဘုရားသခင်ရဲ့ပြစ်တင်ရှုတ်ချမှုလားဆိုတာတော့ ကျွန်မ မသိပါဘူး။

စောင့်လို့နေ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

နောက်တစ်ခုသို့- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။