အဘယ်သူသည် တစ်ပါးတည်းသော စစ်မှန်သော ဘုရားသခင် ဖြစ်သနည်း

20.09.2021

ဒီရက်အတွင်းမှာ၊ လူအများစုက ယုံကြည်ခြင်းရှိကြပြီး ဘုရားတစ်ပါးရှိတယ်လို့ ယုံကြတယ်။ သူတို့ စိတ်နှလုံးထဲက ဘုရားကို သူတို့ ယုံကြတယ်။ ဒီတော့ အချိန်ကြာလာတဲ့အခါ၊ နေရာအမျိုးမျိုးမှာ လူတွေက ရာချီ ဒါမှမဟုတ် ထောင်ချီထောင်ဖြစ်နိုင်တဲ့ မတူတဲ့ ဘုရားအများကြီးကို ယုံကြည်လာကြတယ်။ ဘုရားအများကြီး ရှိနိုင်လို့လား။ လုံးဝ မရှိနိုင်ပါဘူး။ ဒါဆိုရင် ဘယ်နှစ်ပါးရှိပြီး ဘယ်သူက စစ်မှန်တဲ့ ဘုရားလဲ။ ဘယ်ကျော်ကြား၊ ကြီးမြတ်ပုဂ္ဂိုလ်ကမှ ဒါကို ရှင်းလင်းတဲ့ အဖြေတစ်ခု မပေးနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဘယ်လူသားကမှ ဘုရားကို မမြင်သလို၊ သူနဲ့ တိုက်ရိုက် မဆက်သွယ်နိုင်လို့ပါ။ လူတိုင်းက တိုတောင်းတဲ့ ဘဝသက်တမ်းရှိပြီး တွေ့ကြုံခံစားပြီး မျက်မြင်ကြုံတာတွေက အရမ်းအကန့်အသတ်ရှိတယ်၊ ဒီတော့ ဘုရားနဲ့ပတ်သက်လို့ ဘယ်သူက ရှင်းလင်းတဲ့ သက်သေတစ်ခု ခံနိုင်မှာလဲ။ ခံနိုင်တဲ့သူက အခါကျဲပြီး အလာနည်းပါတယ်။ ကျမ်းစာက ဘုရားကို သက်သေခံတဲ့ အထူးခြားဆုံးနဲ့ ဩဇာအာဏာအရှိဆုံး လက်ရာမှန်း ကျွန်မတို့ သိတယ်။ အဲဒါက အရာရာကို ဘုရားဖန်ဆင်းခဲ့ပြီး၊ လူသားမျိုးနွယ်ကို ဖန်ဆင်းကတည်းက ကမ္ဘာမြေပေါ်က လူ့ဘဝကို သူလမ်းပြတာ လုံးဝ မရပ်တန့်ခဲ့ဘူးဆိုတဲ့ သက်သေခံချက် ပါရှိတယ်။ သူက လူသားအတွက် ပညတ်တရားနဲ့ ပညတ်ချက်တွေကို ထုတ်ပြန်ခဲ့ပြီး၊ အဲဒါကလည်း သခင်ယေရှုက လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ ကြွလာခဲ့တယ်လို့ လူ့ဇာတိခံ ဘုရားကို သက်သေခံတယ်။ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ပြီး လူသားကို လှပတဲ့ ခရီးပန်းတိုင်းတစ်ခုဆီ ခေါ်ဆောင်သွားဖို့ တရားစီရင်ခြင်း အမှုကို လုပ်ဖို့ နောက်ဆုံးသော ကာလမှာ ဘုရားရဲ့ ပြန်ကြွလာခြင်းကို ပရောဖက်ပြုထားတယ်။ ဒီတော့ သမ္မာကျမ်းစာက သက်သေခံတဲ့ ဘုရားဟာ ဖန်ဆင်းရှင်၊ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားမှန်း သိသာပါတယ်။ ဒါကအခြေအမြစ်ရှိတယ်။ တချို့က မေးကြတယ်၊ “ကျမ်းစာက သက်သေခံတဲ့ ဒီဘုရားက တကယ် ဘယ်သူများလဲ။ သူ့နာမက ဘာလဲ။ သူ့ကို ငါတို့ ဘယ်လိုခေါ်ရမလဲ”ဆိုပြီးပေါ့။ သူ့ကို ယေဟောဝါလို့ ခေါ်ပြီးတဲ့နောက် နောက်ပိုင်း လူ့ဇာတိခံရာမှာ သခင်ယေရှုလို့ ခေါ်တယ်၊ ပြီးတဲ့အခါ ဗျာဒိတ်ကျမ်းက နောက်ဆုံးသော ကာလမှာ ကြွလာမယ့် အနန္တတန်ခိုးရှင်ကို ပရောဖက်ပြုထားတယ်— အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ။ ဒီဘုရားက ကောင်းကင်၊ မြေကြီး၊ အရာခပ်သိမ်းနဲ့ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့တဲ့ သူပဲ။ သူက လူသားမျိုးနွယ်ကို အမြဲ လမ်းပြ၊ ကယ်တင်နေတဲ့ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားပဲ။ သူက ထာဝရဖြစ်တယ်၊ သူက အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိပြီး အရာရာအပေါ် အုပ်စိုးတယ်။ ဒီတော့ ဒီဖန်ဆင်းရှင်နဲ့ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားကလွဲလို့ ဘယ်သူမဆိုက အယောင်ဆောင် ဘုရားပဲ။ စာတန်က အယောင်ဆောင် ဘုရားဖြစ်ပြီး သူ့နောက်လိုက်တဲ့ ကျဆုံးကောင်းကင်တမန်တွေက လူတွေကို တစ်ယောက်မကျန် လှည့်ဖြားမယ့် ဘုရားအတုအယောင်တွေပဲ။ ဥပမာအနေနဲ့၊ ဗုဒ္ဓ၊ ကွမ်ရင်နဲ့ တာအိုဝါဒရဲ့ ကျောက်စိမ်းဧကရာဇ်က အားလုံး အယောင်ဆောင် ဘုရားတွေပဲ။ အရင်က ဧကရာဇ်တွေ စီမံခဲ့ကြတဲ့သူတွေလို၊ အယောင်ဆောင် ဘုရားတွေ အများကြီးရှိပြီး၊ တခြားဘာသာတရားတွေရဲ့ ဘုရားတွေအကြောင်း အကျယ်ဆွေးနွေးစရာမလိုဘူး။ ဒီတော့ သူတို့က အယောင်ဆောင် ဘုရားတွေလို့ ကျွန်မတို့ ဘာလို့ ပြောတာလဲ။ ဘာလို့လဲဆိုတော့ ကောင်းကင်နဲ့ မြေကြီးပေါ်က အရာရာကို သူတို့ မဖန်ဆင်းခဲ့သလို၊ လူသားမျိုးနွယ်ကို မဖန်ဆင်းခဲ့လို့ပါ။ ဒါက အခိုင်လုံဆုံး သက်သေပဲ။ အရာခပ်သိမ်းကို ဖန်ဆင်းနိုင်စွမ်းမရှိ၊ အရာရာအပေါ် အုပ်စိုးနိုင်စွမ်းမရှိတဲ့သူအားလုံးက အယောင်ဆောင် ဘုရားတွေပါပဲ။ အယောင်ဆောင် ဘုရားက အရာခပ်သိမ်းကို သူ ဖန်ဆင်းခဲ့တယ်လို့ အခိုင်အမာ ပြောရဲမယ်ထင်လား။ မပြောရဲပါဘူး။ လူသားတွေကရော။ ပြောရဲမှာ မဟုတ်ဘူး။ လူသားမျိုးနွယ်ကို စာတန်ဆီကနေ ကယ်နိုင်တယ်လို့ သူ အခိုင်အမာ ပြောရဲမလား။ လုံးဝ မပြောရဲဘူး။ ကပ်ဘေးတွေ တကယ် ရောက်လာတဲ့အခါ၊ အယောင်ဆောင် ဘုရားကို ရှင် အသနားခံရင်၊ သူပေါ်လာမလား။ ဘယ်ပေါ်လာနိုင်မလဲ— ပုန်းနေမှာပေ့ါ၊ ဟုတ်တယ်နော်။ ဒီတော့ အယောင်ဆောင် ဘုရားတွေက လူသားမျိုးနွယ်ကို မကယ်နိုင်သလို၊ သူတို့ကို ယုံကြည်တာက အချည်းနှီး ယုံကြည်ခြင်းပဲ။ သူတို့ကို ယုံကြည်တာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာဖြစ်ပြီး၊ ပျက်စီးခြင်းထဲကို ကျဆင်းသွားရုံပဲ ရှိနိုင်တယ်။ ဒါဟာ ဘယ်သူက စစ်မှန်တဲ့ ဘုရား၊ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တဲ့ အရှင်ဖြစ်တယ်ဆိုတာကို ဆုံးဖြတ်ခြင်းရဲ့ အရေးပါမှုကို ပုံကြီးချဲ့လို့ မရနိုင်တဲ့ အကြောင်းရင်းပဲ။

ကမ္ဘာဦးကျမ်း ၁:၁ မှာ ပြောတဲ့အရာကို တစ်ချက် ကြည့်လိုက်ရအောင်။ အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ ဒါဟာ ကျမ်းစာထဲက ပထမဆုံး ကျမ်းပိုဒ်ဖြစ်တယ်။ အရမ်းအရမ်းကို ဩဇာအာဏာရှိပြီး အဓိပ္ပာယ်ရှိတယ်။ အဲဒါက ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဘုရားဖန်ဆင်းခဲ့တဲ့ နက်နဲမှုကို လူသားမျိုးနွယ်ဆီ အသိပေးတယ်။ ကမ္ဘာဦးကျမ်းဟာ အလင်းနဲ့ လေအပြင်၊ တိရစ္ဆာန်နဲ့ အပင်အားလုံးကို သူ့နှုတ်ကပတ်တော်တွေနဲ့ ဘုရားဖန်ဆင်းပြီး၊ လူသားကို သူကိုယ်တိုင်ရဲ့ လက်နဲ့ ဖန်ဆင်းခဲ့တဲ့ မှတ်တမ်းတစ်ခုလည်း ဖြစ်တယ်။ ဘုရားက အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းကို အားဖြည့်သလို အာဟာရဖြစ်စေတယ်။ အရာရာကို ကျွန်မတို့ ရှင်သန်မှုအတွက် ကျွန်မတို့ကို ပေးခဲ့တယ်။ ဘုရားစီမံထားတဲ့ နိယာမတွေအောက်မှာ လူသားမျိုးနွယ်နဲ့ တခြားသက်ရှိအရာတွေအားလုံး ရှင်သန်ကြတယ်။ ဒါက ဖန်ဆင်းရှင်ရဲ့ တမူထူးတဲ့ တန်ခိုးနဲ့ ဩဇာအာဏာဖြစ်ပြီး၊ ဘယ်လူသား၊ ကောင်းကင်တမန်၊ ဒါမှမဟုတ် ဘယ်စာတန်ရဲ့ နတ်ဆိုးကမှ ပိုင်ဆိုင်လို့၊ စွမ်းဆောင်လို့ မရနိုင်တဲ့ အရာတစ်ခုပဲ။ အရာခပ်သိမ်းနဲ့ လူသားမျိုးနွယ်ကို ဖန်ဆင်းနိုင်စွမ်းရှိတဲ့ တစ်ပါးတည်းသော သူကသာ ဖန်ဆင်းရှင်၊ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားသခင်ပဲလို့ ကျိန်းသေ ကျွန်မတို့ ပြောလို့ရတယ်။

ဘုရားက အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့တယ်။ အရာရာအပေါ် သူ အုပ်စိုးတယ်။ ဒီအတောအတွင်းမှာ၊ သူက လူသားမျိုးနွယ်ကို ဦးဆောင်လမ်းပြပြီး ကယ်တင်နေတယ်။ ကျမ်းစာက ဘာပြောလဲ ကြည့်ရအောင်။ အစအဦးမှာ ဘုရားက လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး၊ အာဒံနဲ့ ဧဝက စာတန်ရဲ့ ဖြားယောင်းသွေးဆောင်တာ ခံခဲ့ရတဲ့နောက်၊ လူက အပြစ်ထဲ အသက်ရှင်ခဲ့တယ်။ အာဒံနဲ့ ဧဝံတို့ရဲ့ သားစဉ်မြေးဆက်တွေက ကမ္ဘာမြေပေါ်မှာ တိုးပွားခဲ့ပေမယ့်၊ ဘယ်လို အသက်ရှင်ရမယ်၊ စစ်မှန်တဲ့ ဘုရားကို ဘယ်လိုကိုးကွယ်ရမယ် မသိခဲ့ကြဘူး။ သူ့ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်အရ၊ ဘုရားက ပညတ်တရားနဲ့ ပညတ်ချက်တွေကို ထုတ်ပြန်ရင်း၊ အပြစ်က ဘာဖြစ်တယ်၊ သူတို့ ဘာလုပ်သင့်ပြီး၊ ဘာမလုပ်သင့်ဘူးလဲဆိုတာကို သွန်သင်ရင်းနဲ့ သူ့ရဲ့ ပညတ်တော်ခေတ် အမှုတော်ကို စတင်ခဲ့တယ်၊ ဒီတော့ သူတို့က ဘယ်လိုအသက်ရှင်ပြီး ယေဟာဝါ ဘုရားကို ဘယ်လိုကိုးကွယ်ရမယ်ဆိုတာ သိခဲ့ကြတယ်။ ဒါက လူသားမျိုးနွယ်ကို ဘုရားက ဘဝအတွက် မှန်တဲ့လမ်းကြောင်းပေါ် လမ်းပြခဲ့ပုံဖြစ်ပါတယ်။ ပညတ်တော်ခေတ် နှောင်းပိုင်းမှာ၊ လူသားမျိုးနွယ်က စာတန်ရဲ့ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေတာ ခံခဲ့ရတယ်၊ သူတို့ ပညတ်တရားကို မလိုက်လျှောက် နိုင်ခဲ့ကြသလို၊ ပိုပိုပြီး အပြစ်လုပ်ခဲ့ကြတယ်။ ပေးစရာ အပြစ်ဖြေရာယဇ်တွေတောင် မလောက်ခဲ့ကြဘူး။ အဲဒီလိုသာ ဆက်ဖြစ်ရင် လူသားမျိုးနွယ်အားလုံး ပညတ်တရားအောက်မှာ စီရင်ခံရပြီး သေခြင်းကို အပို့ခံရမှာပါ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့၊ ဘုရားက သခင်ယေရှုအနေနဲ့ လူ့ဇာတိခံယူခဲ့တယ်။ သူဟာ လူသားအပြစ်ကို ယူဆောင်ရင်းနဲ့ အပြစ်ဖြေရာယဇ်အနေနဲ့ လူသားမျိုးနွယ်အတွက် ကိုယ်တိုင်ကားစင်တင်သတ်ခံခဲ့ရတယ်။ အဲဒီနောက်မှာ သူတို့အပြစ်တွေအတွက် ဘယ်သူမှ အပြစ်ဖြေရာယဇ် ပေးစရာမလိုတော့ဘူး။ သူတို့ ယုံကြည်၊ ဝန်ချပြီး သခင့်ဆီ နောင်တရသရွေ့၊ သူတို့အပြစ်တွေ ဖြေလွှတ်ခံခဲ့ရသလို၊ သူတို့ကို ဘုရားကျေးဇူးပြုတဲ့ အရာရာတိုင်းကို မွေ့လျော်ဖို့ ဘုရားရှေ့ကို သူတို့ လာနိုင်ကြတယ်။ သခင်ယေရှုရဲ့ အပြစ်ဖြေရာယဇ် မရှိဘဲနဲ့၊ ပညတ်တရားအောက်မှာ လူတိုင်း စီရင်ခံရပြီး သေခြင်းကို အပို့ခံရမှာဖြစ်သလို၊ ဒီနေ့ ဒီနေရာမှာ ကျွန်မတို့ ရှိစရာအကြောင်း မရှိပါဘူး။ ဒါကြောင့် သခင်ယေရှုဟာ လူသားမျိုးနွယ်အားလုံးရဲ့ ရွေးနုတ်ရှင်၊ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားရဲ့ ပေါ်ထွန်းခြင်းဖြစ်မှန်း ကျွန်မတို့ သိတာဖြစ်တယ်။ သူ့ရဲ့ ဝိညာဉ်က ယေဟာဝါ ဘုရားရဲ့ ဝိညာဉ်တော် ဖြစ်တယ်။ သူဟာ လူ့ဇာတိခံ ယေဟောဝါ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်း ဖြစ်တယ်။ ပိုပြီး ပေါ့ပေါ့ ပြောရရင်၊ ယေဟောဝါ ဘုရားက လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ လူသားတစ်ယောက်အနေနဲ့ လောကကို ကြွာလာခဲ့တာဖြစ်ပြီး၊ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားဖြစ်တယ်။

ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုပြုခဲ့ပြီး၊ သခင့်ကို ယုံကြည်တဲ့သူတိုင်း သူတို့အပြစ်တွေ ဖြေလွှတ်ခံခဲ့ရတယ်။ အပြစ်ဖြေလွှတ်ခြင်းရဲ့ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်း၊ လူသားအပေါ် ဘုရားအပ်နှင်းတဲ့ ကျေးဇူးတော်အားလုံးကို မွေ့လျော်ခံစားရပေမယ့်၊ လူသားမျိုးနွယ်က လုံးဝ အပြစ်လုပ်တာ ရပ်မသွားဘူး။ အပြစ်လုပ်၊ ဝန်ချပြီး ပြန်အပြစ်လုပ်တဲ့ သံသရာထဲမှာ လူတွေက အသက်ရှင်ကြတယ်။ သန့်ရှင်းခြင်းကို သူတို့ မရသေးသလို၊ ဘုရားနိုင်ငံတော်ထဲကို ဝင်ဖို့ ထိုက်တန်မလာကြသေးဘူး။ လူသားကို အပြစ်က အပြည့်အဝ ကယ်တင်ဖို့နဲ့ သန့်စင်စေဖို့၊ သူ့နိုင်ငံတော်ထဲ ခေါ်သွားဖို့ သခင်ယေရှုက နောက်ဆုံးသော ကာလမှာ သူပြန်ကြွလာမယ်လို့ ကတိပြုထားခဲ့တယ်။ သူကတိပြုခဲ့တဲ့အတိုင်းပဲ၊ ဘုရားက အခု ကမ္ဘာမြေကို ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံ ကြွလာပြီ။ သူက သမ္မာတရားကို ဖော်ပြပြီး သူ့ရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်နေတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘုရားရဲ့ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ နက်နဲမှုတွေကို ထုတ်ဖော်ပြရင်း၊ လူသားရဲ့ အပြစ်လုပ်ပြီး ဘုရားကို ခုခံတဲ့ ရင်းမြစ်၊ လူသားကို စာတန်က ဘယ်လို ဖောက်ပြန်ပျက်စီးစေခဲ့တယ်၊ လူကို ကယ်တင်ဖို့ ဘုရားက တစ်ဆင့်ပြီးတစ်ဆင့် ဘယ်လိုအမှုပြုတယ်၊ သန့်စင်ခံရပြီး သူ့ရဲ့ နိုင်ငံတော်ထဲဝင်ရောက်ဖို့ ယုံကြည်ခြင်းကို ဘယ်လို လက်တွေ့လုပ်ဆောင်ရမယ်၊ ဘုရားကို ကျိုးနွံနာခံခြင်းနဲ့ ချစ်ခြင်း ဘယ်လို စွမ်းဆောင်ရရှိရမယ်ဆိုတာအပြင်၊ လူအမျိုးအစားတိုင်းရဲ့ ရလဒ်နဲ့ နောက်ဆုံး ခရီးပန်းတိုင်အကြောင်း အားလုံးကို လူသားမျိုးနွယ်ဆီ ပြောပြရင်းနဲ့ နှုတ်ကပတ်တော်တွေကို သန်းနဲ့ချီ မြွက်ဆိုပြီးပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင် မိန့်မြွက်တဲ့ သမ္မာတရားတွေထဲမှာ မျိုးစုံ ထူးကဲဆန်းစုံလွန်းတယ်— ဘာမှ ချို့တဲ့တာ မရှိဘူး။ အနန္တတန်ခိုးရှင် ဘုရားက နှုတ်ကပတ်တော် ဘယ်လောက်များများ ဖော်ပြပြီးပြီဆိုတာ မြင်ရတော့၊ သူဟာ ပြကြွလာတဲ့ သခင်ယေရှုမှန်း ကျွန်မတို့ အတည်ပြုလို့ရတယ်၊ ဘာလို့လဲဆိုတာ သခင်က ဒီလို ပရောဖက်ပြုခဲ့လို့ပဲ။ “သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၃) အနန္တတန်ခိုးရှင် ဘုရားက သမ္မာတရား အများကြီး ထုတ်ဖော်ပြနေတာဟာ သခင်ယေရှုရဲ့ ပရောဖက်ပြုချက် ပြည့်စုံတာ မဟုတ်လား။ ဒါက သူဟာ လူ့ဇာတိနဲ့ အလုပ်လုပ်ဖို့ ပြန်ကြွလာတဲ့ သခင်ယေရှုရဲ့ ဝိညာဉ်တော်ဖြစ်မှန်း သက်သေပြတာ မဟုတ်လား။ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားနဲ့ သခင်ယေရှုက ဝိညာဉ်တော် တစ်ပါးတည်းရှိပြီး အနန္တတန်ခိုးရှင် ဘုရားက လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့ ကမ္ဘာမြေကို ကြွလာတဲ့ ကယ်တင်ရှင်ပဲ။ ဘုရားကိုယ်တိုင်ကပဲ သမ္မာတရားကို ဖော်ပြနိုင်တယ်။ ဘုရားအပြင်၊ ဘယ်လူသားကမှ ဒါကို တကယ်လုပ်နိုင်မှာ မဟုတ်ဘူး။ လူသားမျိုးနွယ်ရဲ့ သမိုင်းတစ်လျှောက်လုံးမှာ၊ ဘယ်လူသားကမှ သမ္မာတရားတွေကို မဖော်ပြနိုင်ခဲ့ဘူး။ ကျော်ကြားပြီး ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဘုရားတွေကို တုပနေတဲ့ နတ်ဆိုးနဲ့ ဝိညာဉ်ဆိုးတွေအားလုံး ပြောတာတွေက သမ္မာတရား တစ်လုံးမှမရှိဘဲ အတွေးမှားတွေနဲ့ လှည့်စားတဲ့ အလိမ်အညာတွေ သက်သက်ပဲ။ ဘုရားကိုယ်တိုင်ကပဲ သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားမျိုးနွယ်ကို ကယ်တင်နိုင်တယ်။ အဲဒါနဲ့ပတ်သက်လို့ သေချာပါတယ်။

ဘုရားက ကောင်းကင်၊ မြေကြီး၊ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့တယ်။ ဒီတစ်ချိန်လုံး လူသားမျိုးနွယ်ကို လမ်းပြကယ်တင်ဖို့ သူ စကားပြောပြီး အမှုပြုနေခဲ့တာ။ ကျွန်မတို့ ယုံယုံကြည်ကြည်နဲ့ပြောနိုင်တယ်၊ ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းနိုင်ပြီး လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို အုပ်စိုးနိုင်တဲ့ ဖန်ဆင်းရှင်သာလျှင် တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ပဲ။ ဘုရားက လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး၊ ဘုရားကသာ လူသားရဲ့ ကံကြမ္မာနဲ့ တိုးတက်ရေးကို စိတ်ဝင်စားတယ်။ ကမ္ဘာကို ဖန်ဆင်းတဲ့အလုပ်ပြီးသွားကတည်းက၊ ဘုရားက ကျွန်မတို့ကို ထိန်းကျောင်းပြီး ကျွန်မတို့ လိုအပ်တဲ့အရာမှန်သမျှနဲ့ ထောက်ပံ့ရင်း၊ ကြီးမားတဲ့ ပေါလျှံမှုနဲ့ ကျွန်မတို့အတွက် ထောက်ပံ့ရင်း လူသားမျိုးနွယ်အပေါ် အာရုံစိုက်နေခဲ့တယ်။ ကျွန်မတို့ကို ဖန်ဆင်းပြီးတဲ့နောက်မှာ မထွက်ခွာသွားသလို၊ ကျွန်မတို့ကို လျစ်လျူမရှုခဲ့ဘူး။ လူသားမျိုးနွယ်က ကမ္ဘာပေါ်မှာ တရားဝင် စနေထိုင်တဲ့အခါမှာ၊ ဘုရားသခင်က သူ့ရဲ့ပညတ်တော်ခေတ် အမှုကို စတင်ခဲ့တယ်။ ကမ္ဘာပေါ်က လူ့အသက်တာကို လမ်းပြဖို့ ပညတ်တရားတွေ ထုတ်ပြန်ခဲ့တယ်။ လူတွေက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းကို ပြင်းပြင်းထန်ထန် ခံလာရပြီး တရားတော်တွေကို မစောင့်ထိန်းတဲ့အခါမှာ၊ လူတိုင်းက တရားတော်တွေအောက်မှာ စီရင်ခြင်းကို ရင်ဆိုင်နေရပြီး ပြန်လှည့်လို့မရတဲ့ နေရာကို ရောက်နေကြတယ်။ ဒါကြောင့် ဘုရားက လူသားမျိုးနွယ်ကို ဘုရားပေးတဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ပျော်မွေ့ခွင့်ပေးရင်း သူတို့အပြစ်တွေက ခွင့်လွှတ်ဖို့ သခင်ယေရှုအဖြစ် လူ့ဇာတိခံယူပြီး ရွေးနုတ်ခြင်းအမှုကို ကိုယ်တိုင်ကိုယ်ကျ အဆုံးသတ်ခဲ့တယ်။ အဲဒီခေတ်ပြီးတဲ့အခါမှာ ဘုရားသခင်က လူသားမျိုးနွယ်ကို အပြစ်နဲ့ စာတန်ရဲ့စွမ်းအားတွေကနေ အပြည့်အဝ ကယ်တင်ဖို့နဲ့ လှပတဲ့ ပန်းတိုင်ထဲကို ဦးဆောင်လမ်းပြဖို့ရာ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကို ပြုဖို့ ဒီတစ်ကြိမ်တော့ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် လူ့ဇာတိခံယူပြန်တယ်။ ဘုရားအမှုရဲ့ ခေတ်တိုင်းမှာ ကွဲပြားတဲ့ နာမရှိပြီး သူက မတူတဲ့အမှုတွေကို အဆုံးသတ်ခဲ့ပေမဲ့လည်း အဲဒါတွေအားလုံးကို ဘုရားတစ်ပါးတည်းကသာ လုပ်ဆောင်တာပါ။ သူ့မှာ ဝိညာဉ်တော်တစ်ပါးတည်း ရှိပြီး သူက စစ်မှန်တဲ့ ဘုရားသခင် ဖြစ်ပါတယ်။ ဒါကို ငြင်းလို့မရဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောတဲ့အတိုင်းပါပဲ- “ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးနှင့်ဆိုင်သည့် အမှုကို ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်ထားပေသည်။ ပထမဆုံးအဆင့်- ကမ္ဘာလောကကို ဖန်ဆင်းခြင်း- သည် ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်ထားခြင်းဖြစ်ကာ၊ ထိုသို့ မဟုတ်ခဲ့ပါက၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းငှာ မည်သူမျှ တတ်စွမ်းနိုင်မည် မဟုတ်ချေ။ ဒုတိယအဆင့်သည် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်းဖြစ်ခဲ့ပြီး ယင်းကိုလည်း ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်ခဲ့ပေသည်။ တတိယအဆင့်မှာ ပြောရန်မလိုပေ။ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်ရမည့် အမှုအားလုံး၏ နိဂုံးကို ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်ဖို့ သာ၍ပင် လိုအပ်ပေသည်။ လူသားမျိုးနွယ်တစ်ခုလုံးကို ရွေးနုတ်ခြင်း၊ သိမ်းပိုက်ခြင်း၊ ရယူခြင်းနှင့် စုံလင်စေခြင်းအမှုအားလုံးကို ဘုရားသခင် ကိုယ်တော်တိုင် ဆောင်ရွက်ထားပေသည်။ သူသည် ဤအမှုကို ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်ပါက၊ သူ၏ ပင်ကိုလက္ခဏာကို လူသားက ကိုယ်စားပြုနိုင်မည် မဟုတ်သကဲ့သို့၊ သူ၏အမှုကို လူသားက လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ စာတန်ကို အနိုင်ယူရန်အလို့ငှာ၊ လူသားမျိုးနွယ်ကို ရယူရန်အလို့ငှာနှင့် လူသားကို ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်အသက်တာတစ်ခု ပေးရန်အလို့ငှာ၊ သူသည် ကိုယ်တိုင်ကိုယ်ကျ လူသားကို ဦးဆောင်ပြီး လူသားအလယ်တွင် ကိုယ်တိုင်ကိုယ်ကျ အမှုပြုလေသည်။ သူ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံးအတွက်၊ ပြီးလျှင် သူ၏အမှုအားလုံးအတွက် သူသည် ဤအမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း)အစအဦးမှသည် ယနေ့ထိတိုင် ဆောင်ရွက်ခဲ့သည့် အမှု၏အဆင့်သုံးဆင့်ကို ဘုရားသခင်ကိုယ်တော်တိုင်က အားလုံး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ၊ တစ်ဆူတည်းသော ဘုရားသခင်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်၏ အမှန်တရားသည် လူသားမျိုးနွယ်အားလုံးကို ဘုရားသခင်၏ ဦးဆောင်လမ်းပြခြင်း အမှန်တရား၊ မည်သူမျှ မငြင်းနိုင်သော အမှန်တရား ဖြစ်၏။ စကြဝဠာ တစ်ခုလုံးတွင် ဤတစ်ဆူတည်းသော ဘုရားသခင်သာ တည်ရှိပြီး၊ အခြားဘာသာတရားများ မရှိသည့်အတွက်၊ အမှု၏ အဆင့်သုံးဆင့် အဆုံးတွင် အရာခပ်သိမ်းသည် အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုအောက် ပြန်လာကြလိမ့်မည်။ ကမ္ဘာလောကကို ဖန်ဆင်းနိုင်စွမ်း မရှိသူသည် ယင်းကို အဆုံးသတ်နိုင်စွမ်းလည်း ရှိလိမ့်မည် မဟုတ်၊ ကမ္ဘာလောကကို ဖန်ဆင်းသူမှာမူ ကမ္ဘာလောကကို ဧကန်မုချ အဆုံးသတ်နိုင်စွမ်း ရှိပေလိမ့်မည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်သည် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းနိုင်ခြင်း မရှိသကဲ့သို့၊ လူသားကို သူ၏စိတ်အား ပျိုးထောင်ဖို့ အထောက်အကူပြုရုံသာ ပြုနိုင်ပါက၊ သူသည် ဧကန်မုချ ဘုရားသခင် ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏သခင် ဧကန်မုချ ဖြစ်လိမ့်မည် မဟုတ်ပေ။ သူသည် ထိုသို့သော ကြီးမားသည့်အမှုကို လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုသို့သောအမှုကို ဆောင်ရွက်နိုင်သူ တစ်ဦးတည်းသာ ရှိပြီး၊ ဤအမှုကို မလုပ်ဆောင်နိုင်သူ အားလုံးသည် ဧကန်မုချ ရန်သူများဖြစ်ပြီး ဘုရားသခင် မဟုတ်ပေ။ ဆိုးယုတ်သော ဘာသာတရားအားလုံးသည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သကဲ့သို့၊ ယင်းတို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သည့်အတွက် ဘုရားသခင်၏ရန်သူများ ဖြစ်ကြ၏။ အမှုအားလုံးကို ဤစစ်မှန်သော ဘုရားသခင်တစ်ဆူတည်းက လုပ်ဆောင်ပြီး စကြဝဠာ တစ်ခုလုံးကို ဤဘုရားသခင်တစ်ဆူတည်းက ကွပ်ကဲ၏။ ယင်းမှာ ဣသရေလနိုင်ငံရှိ သူ၏အမှုဖြစ်စေ၊ တရုတ်နိုင်ငံရှိ သူ၏အမှုဖြစ်စေ၊ အမှုကို ဝိညာဉ်တော် သို့မဟုတ် လူ့ဇာတိဖြင့် ဆောင်ရွက်သည်ဖြစ်စေ၊ အားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က လုပ်ဆောင်ပြီး၊ အခြားမည်သူကမျှ မလုပ်ဆောင်နိုင်ပေ။ မည်သည့် သတ်မှတ်ချက်များ၏ ဘောင်ခတ်ခံရခြင်း မရှိဘဲ၊ လွတ်လပ်စွာ သူ အမှုပြုသည်မှာ အတိအကျအားဖြင့် သူသည် လူသားမျိုးနွယ်အားလုံး၏ ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်- ဤသည်မှာ ရူပါရုံများ အားလုံးအနက် အကြီးမားဆုံး ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကနေ မြင်ရတာက၊ ဘုရားတစ်ပါးတည်း၊ ဖန်ဆင်းရှင်တစ်ပါးတည်းရှိတယ်၊ ဘုရားကိုယ်တိုင်ကပဲ အရာခပ်သိမ်းကို ဖန်ဆင်းနိုင်တယ်၊ လူသားမျိုးနွယ် အားလုံးရဲ့ ကံကြမ္မာအပေါ် အုပ်စိုးနိုင်တယ်၊ ကမ္ဘာမြေပေါ် လူသားမျိုးနွယ်ရဲ့ ဘဝကို လမ်းပြနိုင်တယ်၊ လူသားကို ကယ်တင်ပြီး လှပတဲ့ ခရီးပန်းတိုင်ထဲကို လမ်းပြနိုင်တယ်ဆိုတာပါပဲ။ ဗျာဒိတ်ကျမ်းထဲမှာ ပြောတဲ့အတိုင်းပါပဲ၊ “ငါသည် အာလဖဖြစ်၏။ ဩမေဃလည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသော သူဖြစ်၏။ အစနှင့် အဆုံးလည်း ဖြစ်၏။(ဗျာဒိတ်ကျမ်း ၂၂:၁၃) အယောင်ဆောင် ဘုရားတွေက လူသားမျိုးနွယ်ကို ကယ်တင်ဖို့၊ ခေတ်တစ်ခေတ်ကို အဆုံးသတ်ဖို့ မဆိုထားနဲ့၊ အရာခပ်သိမ်းကို မဖန်ဆင်းနိုင်ဘူး။ အယောင်ဆောင် ဘုရားက စစ်မှန်တဲ့ ဘုရားလုပ်တဲ့ အမှုကို လုံးဝ မဆောင်ရွက်နိုင်ဘူး။ နိမိတ်လက္ခဏာနဲ့ အံ့ဖွယ်ရာတချို့ကို ပြရုံပြနိုင်တယ်၊ လူတွေကို လှည့်စားပြီး ဖောက်ပြန်ပျက်စီးစေဖို့ အယူလွဲတွေနဲ့ အတွေးမှားတချို့ကို ဖြန့်ရုံဖြန့်နိုင်တယ်။ လူတွေကို သိမ်းသွင်းဖို့၊ သူတို့အတွက် လူတွေကို အမွေးနံ့သာထွန်းပြီး သူတို့ကို ဘုရားလို ကိုးကွယ်စေဖို့ အကူအညီတချို့ ပေးကောင်းပေးနိုင်တယ်။ ဒါပေမယ့် အယောင်ဆောင် ဘုရားတွေက အပြစ်ဖြေလွှတ်မပေးနိုင်ဘူး၊ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်စေဖို့ သမ္မာတရားကို မဖော်ပြနိုင်ဘူး။ အထူးသဖြင့် စာတန်ရဲ့ အင်အားစုတွေကနေ လူသားမျိုးနွယ်ကို မကယ်တင်နိုင်ဘူး။ စစ်မှန်တဲ့ ဘုရားကို တုပရဲတဲ့ အယောင်ဆောင် ဘုရားတွေက သူတို့ ဆိုးယုတ်ပြီး အလွန်အကျူး အရှက်မဲ့တာကို ပြကြသလို၊ နောက်ဆုံးမှာ ချည်နှောင်ခံရပြီး အနက်ဆုံးသော တွင်းထဲကို ဘုရားရဲ့ ပစ်ချတာ ခံရမှာပါ— သူတို့ အပြစ်ပေးခံရမှာဖြစ်တယ်။ ဘုရားကို ဆန့်ကျင်သူအားလုံး နောက်ဆုံးမှာ ဘုရားကြောင့် ပျက်သုန်းကြရမှာ ဖြစ်တယ်။

ဒါကြောင့် စစ်မှန်တဲ့ ဘုရားကို ရှာဖို့၊ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တဲ့သူ၊ အရာခပ်သိမ်းအပေါ် အုပ်စိုးတဲ့သူ၊ သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အမှုပြုနိုင်တဲ့သူကို ရှာရမယ်။ ဒါက အဓိက အချက်ပဲ။ ဒီစစ်မှန်တဲ့ ဘုရားကို ယုံကြည်၊ ကိုးကွယ်ခြင်း၊ သူဖော်ပြတဲ့ သမ္မာတရားကို လက်ခံခြင်းနဲ့ သမ္မာတရားကို ကိုယ့်အသက်လို ရယူခြင်းအားဖြင့်ပဲ အပြစ်ကလွတ်နိုင်တယ်၊ ဘုရားရဲ့ကယ်တင်ခြင်းကို ရနိုင်ပြီး လှပတဲ့ပန်းတိုင်းထဲ ဝင်နိုင်တာပါ။ ဘယ်သူက စစ်မှန်တဲ့ ဘုရားဖြစ်တယ်ဆိုတာ မသိရင်၊ ရှာဖွေ၊ စုံစမ်းစစ်ဆေးဖို့ လိုပါတယ်။ အံ့ဖွယ်ရာတချို့ ပြလို့ပဲ၊ ဒါမှမဟုတ် အနာရောဂါတချို့ ကုသပေးလို့ပဲ စစ်မှန်တဲ့ ဘုရားအတွက် အယောင်ဆောင်တဲ့ဘုရားတွေကို ကျွန်မတို့ တလွဲယူလို့ မရဘူး။ သူတို့က စစ်မှန်တဲ့ ဘုရားမဟုတ်လို့ ဒါက မလုပ်အပ်တဲ့အရာ ဖြစ်မယ်။ အယောင်ဆောင် ဘုရားကို ကိုးကွယ်တာက ပြစ်မှားစော်ကားတာဖြစ်တယ်၊ ဘုရားကို ဆန့်ကျင်တာဖြစ်ပြီး စစ်မှန်တဲ့ ဘုရားကို သစ္စာဖောက်တာနဲ့ ညီမျှတယ်။ ဘုရားရဲ့ စိတ်သဘောထားက လူသားရဲ့ ပုန်ကန်ပြစ်မှားမှုကို သည်းခံမှာ မဟုတ်ဘူး။ ဒါကြောင့် အယောင်ဆောင် ဘုရားကို ယုံတဲ့သူအားလုံး ဘုရားရဲ့ ရှုတ်ချ၊ ဖျက်ဆီးတာ ခံရမှာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လောကဟောင်း ဆက်လက် တည်ရှိနေသရွေ့၊ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို စကြဝဠာတစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန် ကြေညာမည် ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။ ငါသည် ပြောကြားရန် စကြဝဠာဆီသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ်အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့်အမှုအားလုံးကို မြင်လေသည်။ ငါ၏အလိုကို ဆန့်ကျင်သောသူတို့သည်၊ ဆိုလိုသည်မှာ ငါ့ကို လူသား၏လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှု ခံရလိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိ မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုလုပ်မည် ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့်လသည်လည်း အသစ်ပြုလုပ်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်ဘဲ၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံသွားကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားပြီး အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခု ဖြစ်လာကာ၊ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရ၍ မတည်ရှိတော့စေရန်၊ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်။ စကြဝဠာအတွင်းရှိ လူသားများတွင် မာရ်နတ်နှင့် ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး၊ စာတန်ကို ဝတ်ပြုကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးဖြင့် ချိုးနှိမ်ခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းချောင်း အတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ့အမှုများ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက် ပေါ်ထွန်းလာခြင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် သီးခြားခွဲထားခံရမည် ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းများကို ခံကြရမည်။ ငါနှင့်ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ စွမ်းဆောင်ခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည် ဖြစ်ပြီး၊ ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူသားမျိုးနွယ်အားလုံး သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြစေရန်အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါကိုယ်တော်တိုင်၏အသံနှင့် အသံပြုမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆))

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သခင်သည် အမှန်တကယ် မိုးတိမ်စီးလျက် ပြန်လာမည်လော

ကျွန်မတို့ဟာ ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု တွေ့နေရပြီး ကပ်ရောဂါတွေကလည်း ကမ္ဘာအနှံ့ ဖြစ်ပွားနေပါတယ်။ မိုးတိမ်စီးလို့ သခင်ပြန်ကြွလာပြီး သူတို့ကို...

သမ္မာကျမ်းထဲတွင် ဘုရားသခင်၏ အမှုတော်နှင့်နှုတ်ကပတ်တော် များအားလုံး ရှိသည် ဆိုသည်မှာ မှန်ပါသလား

ကယ်တင်ရှင်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ဟာ နောက်ဆုံးသောကာလမှာ ပေါ်ထွန်းလာပြီး အမှုပြုနေတဲ့အပြင် သန်းနဲ့ချီတဲ့နှုတ်ကပတ်တော် တွေကို...

ဘုရားသခင်၏ အသံကို မိတ်ဆွေကြားပြီးပြီလား

မင်္ဂလာပါ၊ ညီအစ်ကိုမောင်နှမတို့၊ ကျွန်မတို့ အတူတကွ စုဝေးရတာ အရမ်းကံကောင်းပါတယ်။ ကျေးဇူးတော်ပါပဲ။ ကျွန်မတို့အားလုံးက ဘုရားနှုတ်ကပတ်တော်ကို...

သုံးပါးတစ်ဆူနှင့်ဆိုင်သော စိတ်ကူးသည် ယုတ္တိရှိပါသလား

လူ့ဇာတိခံ သခင်ယေရှုက ကျေးဇူးတော်ခေတ်ရဲ့ အမှုကို နှစ် ၂၀၀၀ကြာ ပြုခဲ့ပြီးကတည်းက၊ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ကို ခရစ်ယာန်အားလုံးက...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။