စစ်မှန်သည့် ခရစ်တော်နှင့် ခရစ်တော်အယောင်ဆောင်သူများကို ခွဲခြားသိမြင်ပုံ

03.04.2026

သခင်ယေရှုက တစ်ခါတုန်းက ပြောခဲ့ဖူးတယ်။ “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမှာ ခရစ်တော်၏ အယောင်ကို ဆောင်သောသူများနှင့် အယောင်ဆောင် ပရောဖက်များသည် ပေါ်လာ၍ ကြီးမားသော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြကြလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့သည် ရွေးချယ်သောသူတို့ကိုပင် ဖြစ်နိုင်လျှင် အထင်အမြင်မှားစေမည်ဖြစ်သည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) ဘာသာရေးလောကက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေဟာ နောက်ဆုံးသော ကာလမှာ ဘုရားသခင် လူ့ဇာတိခံပြီး ပေါ်ထွန်းလို့ အမှုဆောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်သတ်မှတ်ဖို့ ဒီကျမ်းချက်ကို အခြေခံအနေနဲ့ ခဏခဏ အသုံးပြုကြတယ်။ သခင့်ရဲ့ ကြွလာခြင်းကို သက်သေခံတဲ့ ဘယ်အဆိုအမိန့်မဆို အတုအယောင်ပဲလို့ ဆုံးဖြတ်သတ်မှတ်ကြတယ်။ ဒီလိုနဲ့ ယုံကြည်သူ အတော်များများက သခင့်ကို ကြိုဆိုတဲ့အခါ ခရစ်တော်အယောင်ဆောင်သူတွေကို မျက်စိစုံမှိတ်လို့ သတိထား ရှောင်ကြဉ်နေကြပြီး ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို တက်တက်ကြွကြွ ရှာဖွေစူးစမ်းဖို့ မရဲကြတော့ဘူး။ ရလဒ်အနေနဲ့ သခင့်ကို ကြိုဆိုဖို့ သူတို့အတွက် မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် သခင့်ကို ကြိုဆိုတဲ့နေရာမှာ သော့ချက်ကတော့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်အယောင်ဆောင်သူတွေကို ခွဲခြားသိမြင်နိုင်ဖို့ပဲ ဖြစ်တယ်။ ဒါဆို စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်အယောင်ဆောင်သူတွေကို ရှင်တို့ ဘယ်လို ခွဲခြားသိမြင်မလဲ။ ပထမဆုံးအနေနဲ့ “နောက်ဆုံးသော ကာလမှာ လူတွေကို အထင်အမြင်မှားစေဖို့ ခရစ်တော်အယောင်ဆောင်သူတွေ ပေါ်လာမယ်” ဆိုတဲ့ စကားကို သခင်ယေရှု ကိုယ်တိုင် ပြောခဲ့တယ်ဆိုတာကို ကျွန်မတို့ သိထားရမယ်။ ဒီစကားက မှန်ပါတယ်။ ဒါ အမှန်တရားပါ။ နိုင်ငံတချို့မှာ လူတွေကို အထင်အမြင်မှားစေဖို့ ခရစ်တော်အယောင်ဆောင်သူတွေ ပေါ်လာတဲ့ ဖြစ်ရပ်တွေကို ကျွန်မတို့အားလုံး မြင်တွေ့ခဲ့ရပြီးပြီ၊ ဒါက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေ ပြည့်စုံသွားပြီဆိုတာကို သက်သေပြနေတယ်။ ဒါပေမဲ့ တချို့လူတွေက နောက်ဆုံးသော ကာလမှာ ခရစ်တော်အယောင်ဆောင်သူတွေ ပေါ်လာလို့ သခင် ပြန်ကြွလာတာကို ငြင်းပယ်ကြတယ်။ သူတို့ ဘာအမှား လုပ်နေကြတာလဲ။ ဒါက နင်မှာစိုးလို့ အစာမစားဘဲ နေတာနဲ့ မတူဘူးလား။ သခင်ယေရှု ပြန်ကြွလာမယ်ဆိုတဲ့ ပရောဖက်ပြုချက်တွေကို သူတို့ ငြင်းပယ်နေတာ မဟုတ်ဘူးလား။ လူတွေက သခင့်ကို ယုံကြည်ပေမဲ့ သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေကို ငြင်းပယ်ရဲတယ်ဆိုရင် သူတို့ဟာ သခင့်ကို အတိုက်အခံလုပ်နေတာ မဟုတ်ဘူးလား။ အဲဒီလိုလူတွေက သခင့်ကို ဘယ်လိုလုပ် ကြိုဆိုနိုင်မှာလဲ။ ဒါဆို နောက်ဆုံးသော ကာလမှာ ခရစ်တော်အယောင်ဆောင်သူတွေကို သတိထားဖို့ သခင်ယေရှုက လူတွေကို ဘာကြောင့် သတိပေးခဲ့တာလဲ။ ဒါဟာ ဘုရားသခင်ရဲ့ မေတ္တာတော်ပဲ။ ကျွန်မတို့ကို ကာကွယ်ဖို့နဲ့ ခရစ်တော်အယောင်ဆောင်သူတွေရဲ့ အထင်အမြင်မှားအောင်လုပ်တာကို မခံရဖို့၊ သူတို့နောက် မလိုက်သွားဖို့ ဘုရားသခင်က ဒီလိုလုပ်ခဲ့တာပါ။ ကျွန်မတို့သာ အထင်အမြင်မှားအောင် လုပ်ခံခဲ့ရရင် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ခရစ်တော်အယောင်ဆောင်သူတွေကို ကျွန်မတို့ သတိထား ရှောင်ကြဉ်နိုင်ဖို့ သခင်ယေရှုက ကျေးဇူးတော်ခေတ်မှာ ဒီစကားတွေကို စောစောစီးစီး ပြောခဲ့တာဖြစ်တယ်။ ဒီအထဲမှာ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေကို ကျွန်မတို့ မြင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ လူအတော်များများဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေအပေါ် စင်ကြယ်တဲ့ နားလည်သဘောပေါက်မှု မရှိကြဘူး။ ခရစ်တော်အယောင်ဆောင်သူတွေကို သတိထားရင်းနဲ့ နောက်ဆုံးသော ကာလမှာ သခင်ယေရှု ပြန်ကြွလာတာကို သူတို့ ငြင်းပယ်ကြတယ်။ ခရစ်တော်အယောင်ဆောင်သူတွေကို သတိထား ရှောင်ကြဉ်ဖို့အတွက် ဘုရားသခင် လူ့ဇာတိခံပြီး သမ္မာတရားကို ဖော်ပြတယ်ဆိုတဲ့ အဖြစ်မှန်ကို သူတို့ ငြင်းပယ်ကြတယ်။ ဒါက နင်မှာစိုးလို့ အစာမစားဘဲ နေတာနဲ့ မတူဘူးလား။ အဲဒီလိုလူတွေဟာ မိုက်မဲတဲ့ သတို့သမီးတွေ မဟုတ်ဘူးလား။ ဒီလိုလုပ်တာက လုံးဝကို ရယ်စရာကောင်းမနေဘူးလား။ ခရစ်တော်အယောင်ဆောင်သူတွေကို သတိထားဖို့ သခင်ယေရှုက ကျွန်မတို့ကို ပြောရင်းနဲ့ စောင့်ကြည့်ပြီး ပြင်ဆင်ထားဖို့ လိုအပ်တယ်ဆိုတာကို ကျွန်မတို့ကို သတိပေးနေတာပါ။ ကျွန်မတို့က စောင့်ကြည့်ပြီး ပြင်ဆင်မထားလို့ ခရစ်တော်အယောင်ဆောင်သူတွေရဲ့ အထင်အမြင်မှားအောင် လုပ်တာကို ခံလိုက်ရရင် ကျွန်မတို့ ဇာတ်သိမ်းသွားမှာ မဟုတ်ဘူးလား။ သခင့်ကို ကြိုဆိုဖို့ ပျက်ကွက်ရုံတင်မကဘဲ အဆုံးမှာ ငရဲကို သွားရပြီး အပြစ်ဒဏ်ပေးခံရမှာ ဖြစ်တယ်။ ခရစ်တော်အယောင်ဆောင်သူတွေ ပေါ်လာပြီဆိုတာကို အခု ကျွန်မတို့ သိနေပြီဖြစ်လို့ သခင် ပြန်ကြွလာတာကို ကြိုဆိုဖို့ ကျွန်မတို့ ဘယ်လို စောင့်ကြည့်ပြီး ပြင်ဆင်ထားသင့်သလဲ။ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်အယောင်ဆောင်သူတွေကို ကျွန်မတို့ ဘယ်လို ခွဲခြားသိမြင်သင့်သလဲ။ ပထမဆုံးအနေနဲ့ သမ္မာတရားဆိုတာ တကယ်တမ်း ဘာလဲဆိုတာနဲ့ သမ္မာတရားကို ဘယ်သူ ဖော်ပြနိုင်လဲဆိုတာကို ပိုင်းခြားသိမြင်ဖို့ ကျွန်မတို့ သင်ယူရမယ်။ ဒီအချက်ကို ရှင်းရှင်းလင်းလင်း မြင်သွားတာနဲ့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်အယောင်ဆောင်သူတွေကို ခွဲခြားသိမြင်ဖို့ ကျွန်မတို့အတွက် လွယ်ကူသွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရစ်တော်အယောင်ဆောင်သူတွေနဲ့ ပရောဖက်အယောင်ဆောင်သူတွေမှာ သမ္မာတရား မရှိတဲ့အပြင် ဆိုးယုတ်တဲ့ ဝိညာဉ် အမျိုးမျိုးမှာလည်း မရှိလို့ပါပဲ။ သမ္မာတရား မရှိတဲ့သူတွေက သမ္မာတရားကို ဖော်ပြနိုင်ပါ့မလား။ သူတို့ သေချာပေါက် မဖော်ပြနိုင်ပါဘူး။ ခရစ်တော်အယောင်ဆောင်သူတွေနဲ့ ပရောဖက်အယောင်ဆောင်သူတွေ အားလုံးဟာ ဆိုးယုတ်တဲ့ ဝိညာဉ်တွေ ပူးကပ်ခံရတဲ့ လူတွေဖြစ်တယ်။ သူတို့က စာတန်ဆီက လာတာဖြစ်လို့ သူတို့မှာ သမ္မာတရား မရှိတဲ့အပြင် သမ္မာတရားကိုလည်း မဖော်ပြနိုင်ဘူး။ ဒါဆို ခရစ်တော်အယောင်ဆောင်သူတွေက လူတွေကို အထင်အမြင်မှားစေဖို့ ဘာကို မှီခိုကြတာလဲ။ ပထမအနေနဲ့၊ သူတို့က မှားယွင်းတဲ့ ပရောဖက်ပြုချက်တွေ ပြောတာကို မှီခိုကြတယ်။ ဒုတိယအနေနဲ့၊ မိစ္ဆာဒိဋ္ဌိအယူတွေနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တာတွေ ဖြန့်ဝေတာကို မှီခိုကြတယ်။ တတိယအနေနဲ့၊ အဓိပ္ပာယ်မရှိတဲ့ ဘာသာစကားတွေကို ပြောဖို့နဲ့ နိမိတ်လက္ခဏာတွေ၊ အံ့ဖွယ်အမှုတွေကို လုပ်ဆောင်ဖို့ ဆိုးယုတ်တဲ့ ဝိညာဉ်တွေရဲ့ အလုပ်အပေါ် မှီခိုကြတယ်။ အခုခေတ်မှာ ခရစ်တော်အယောင်ဆောင်သူတွေက လူတွေကို အထင်အမြင်မှားစေတဲ့အခါ ယေဘုယျအားဖြင့် မှားယွင်းတဲ့ ပရောဖက်ပြုချက် တချို့ကို ပြောပြီး မိစ္ဆာဒိဋ္ဌိအယူတွေနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တာ တချို့ကို ဖြန့်ဝေရင်း လုပ်ဆောင်ကြတယ်။ သူတို့က လူတွေကို အထင်အမြင်မှားစေဖို့ ဒါကို မှီခိုကြတာပါ။ လူတွေကို အထင်အမြင်မှားစေဖို့ ကြီးမားတဲ့ နိမိတ်လက္ခဏာတွေ၊ အံ့ဖွယ်အမှုတွေ လုပ်တာကိုတော့ ကျွန်မတို့ မမြင်ရသေးဘူး။ ဒါက အလွန် ရှားပါးပါတယ်။ ဘုရားသခင် ခွင့်မပြုလို့လည်း ဖြစ်နိုင်တယ်။ ဘုရားသခင်ကသာ လူတွေကို အထင်အမြင်မှားစေဖို့ ကြီးမားတဲ့ နိမိတ်လက္ခဏာတွေ၊ အံ့ဖွယ်အမှုတွေကို လုပ်ဆောင်ဖို့ စာတန်ကို တကယ် ခွင့်ပြုလိုက်ရင် ဘာသာရေးလောက တစ်ခုလုံးရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းလောက်က ခရစ်တော်အယောင်ဆောင်သူတွေကို သွားပြီး ယုံကြည်သွားကြလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားအားလုံးထဲမှာ သမ္မာတရားကို အမှန်တကယ် နားလည်တဲ့သူ အရမ်းနည်းလို့ပါပဲ။ သမ္မာတရားမရှိတဲ့ လူတွေဟာ အရမ်း အန္တရာယ်ကြီးတဲ့ အခြေအနေမှာ ရှိနေပြီး ခရစ်တော်အယောင်ဆောင်သူတွေနဲ့ ပရောဖက်အယောင်ဆောင်သူတွေရဲ့ အထင်အမြင်မှားအောင် လုပ်တာကို လွယ်လွယ်လေး ခံကြရတယ်။ ဒါကြောင့် နောက်ဆုံးသော ကာလမှာ ပေါ်လာတဲ့ ခရစ်တော်အယောင်ဆောင်သူတွေကို လူတွေ သတိထား ရှောင်ကြဉ်စေဖို့နဲ့ ခရစ်တော်အယောင်ဆောင်သူတွေရဲ့ လက္ခဏာတွေကို လူတွေကို ပြောပြဖို့အတွက် အဓိကရည်ရွယ်ပြီး သခင်ယေရှုက ဒီပရောဖက်ပြုချက်ကို ပြောခဲ့တာပါ။ ဒီနည်းအားဖြင့် လူတွေက ခရစ်တော်အယောင်ဆောင်သူတွေကို ခွဲခြားသိမြင်နိုင်ပြီး အထင်အမြင်မှားအောင် လုပ်ခံရတာကို ရှောင်ရှားနိုင်မယ်လေ။ ဒါက ဒီစကားတွေကို ပြောရာမှာ သခင်ယေရှုရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့အပြင် သခင့်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်လည်း ဖြစ်တယ်။ ဒါပေမဲ့ သခင်ယေရှုက သူ ပြန်ကြွလာမှာ မဟုတ်ဘူးလို့ ဘယ်တော့မှ မပြောခဲ့ပါဘူး။ ခရစ်တော်အယောင်ဆောင်သူတွေ ပေါ်လာမယ်လို့ သခင်ယေရှု ပြောခဲ့တာကြောင့် သခင် ပြန်ကြွလာပြီဆိုတာကို တစ်ယောက်ယောက်က မယုံကြည်ရင် မှားပါတယ်။ သခင်ယေရှု ပြောခဲ့သည်မှာ “ငါသည်အလျင်အမြန်လာမည်။(ဗျာဒိတ်ကျမ်း ၃:၁၁) ဒါကြောင့် သခင်ယေရှု ပြန်ကြွလာဖို့ဆိုတာ မလွဲမသွေ ဖြစ်လာမဲ့အရာပါ။ ဒါပေမဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဒီကျမ်းချက်ကို ဘယ်လို ရှင်းပြကြသလဲ။ သူတို့က ယုံကြည်သူတွေကို “နောက်ဆုံးသော ကာလမှာ လူတွေကို အထင်အမြင်မှားစေဖို့ ခရစ်တော်အယောင်ဆောင်သူတွေ ပေါ်လာမှာဖြစ်လို့ သခင် ပြန်ကြွလာပြီလို့ ပြောတဲ့ ဘယ်သတင်းစကားမဆို အတုအယောင်ပဲ။ ရှင်တို့ ရှာဖွေစူးစမ်းဖို့ ခွင့်မပြုဘူး၊ ဒါကို လက်ခံဖို့ဆိုတာတော့ ဝေးရော” လို့ ပြောကြတယ်။ ဒါဟာ သခင်ယေရှု ပြောခဲ့တဲ့ “ကြည့်လော့၊ ငါသည်အလျှင်အမြန် လာသည်” ဆိုတဲ့ နှုတ်ကပတ်တော်တွေကို သွယ်ဝိုက်တဲ့နည်းနဲ့ လုံးဝ ငြင်းပယ်နေတာပါပဲ။ ဒီလို ရှင်းပြရင်းနဲ့ သင်းအုပ်ဆရာတွေဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို အဓိပ္ပာယ်ကောက်လွဲနေကြတာပါ။ လူတွေက သင်းအုပ်ဆရာတွေရဲ့ အဆိုအမိန့်တွေကို ယုံကြည်ပြီး မှန်တဲ့ လမ်းခရီးကို ဆက်မစူးစမ်းရင် စာတန်တွေနဲ့ နတ်ဆိုးတွေရဲ့ လှည့်ကွက်ထဲ ကျသွားတာပဲ။ ဒါကြောင့် ဒီကျမ်းချက်ကို ဒီလို ရှင်းပြတဲ့ ဘယ်သင်းအုပ်ဆရာမဆို လူတွေကို အထင်အမြင်မှားအောင် လုပ်နေတာ သက်သက်ပဲ ဖြစ်တယ်။ သခင်ယေရှု ပြန်ကြွလာတာကို ငြင်းပယ်ဖို့၊ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းကို ငြင်းပယ်ဖို့၊ ပြီးတော့ နောက်ဆုံးသော ကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်တဲ့အလုပ် လုပ်ဆောင်ဖို့အတွက် ဘုရားသခင်က သမ္မာတရားကို ဖော်ပြတယ်ဆိုတာကို ငြင်းပယ်ဖို့ လူတွေကို အထင်အမြင်မှားစေတဲ့ ခရစ်တော်အယောင်ဆောင်သူတွေရဲ့ ဥပမာကို သူတို့ အသုံးပြုကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က သခင် ပြန်ကြွလာတာကို ရှင်တို့ ကြိုဆိုတာကို တားဆီးဖို့၊ ခရစ်တော်အကြောင်း သက်သေခံတာ ဒါမှမဟုတ် ခရစ်တော် ဘယ်မှာရှိတယ်ဆိုတာကို ပြောနေတာ ရှင်တို့ ကြားရရင်တောင် မယုံကြည်အောင်၊ ဒါမှမဟုတ် မစုံစမ်းအောင် လုပ်ဖို့၊ ပြီးတော့ အဆုံးမှာ သူတို့နောက် ငရဲကို ရှင်တို့ လိုက်လာအောင်လို့ ရှင်တို့ကို အသင်းတော်ထဲမှာပဲ နေစေပြီး သူတို့ တရားတွေကို နားထောင်၊ သူတို့စကားတွေကို ယုံကြည်အောင် လုပ်ဖို့ပဲ ဖြစ်တယ်။ ဒါက သင်းအုပ်ဆရာတွေ ရည်ရွယ်တဲ့အရာပါ။ ဒါဆိုရင် ဒီကျမ်းချက်ကို အနက်ဖွင့်ဖို့ စင်ကြယ်တဲ့ နည်းလမ်းက ဘာလဲ။ ဒီလို ဖွင့်ဆိုသင့်ပါတယ်။ “သခင့်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မတို့ ယုံကြည်တယ်။ နောက်ဆုံးသော ကာလမှာ လူတွေကို အထင်အမြင်မှားစေတဲ့ ခရစ်တော်အယောင်ဆောင်သူတွေ မလွဲမသွေ ပေါ်လာမယ်ဆိုတာက အမှန်တရားတစ်ခု ဖြစ်တယ်၊ ဒါပေမဲ့ သခင်ယေရှု သေချာပေါက် ပြန်ကြွလာမယ်ဆိုတာကလည်း အမှန်တရားပါပဲ။ ဒါဟာ သခင့်ရဲ့ ကတိတော် ဖြစ်တယ်။ သခင်ဟာ သစ္စာရှိပါတယ်။ သူ ပြန်ကြွလာမယ်လို့ ကတိပေးခဲ့တယ်၊ ဒါကြောင့် သေချာပေါက် ကြွလာပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်၊ နောက်ဆုံးသော ကာလမှာ ခရစ်တော်အယောင်ဆောင်သူတွေ ပေါ်လာတာနဲ့ သခင် ပြန်ကြွလာတာကို ကျွန်မတို့ ငြင်းပယ်လို့မရဘူး၊ ခရစ်တော်အယောင်ဆောင်သူတွေကို ကျွန်မတို့ သတိထားရှောင်နေရုံသက်သက်နဲ့ မှန်တဲ့ လမ်းခရီးကို စုံစမ်းဖို့ နောက်တွန့်နေတာမျိုး၊ ဒါမှမဟုတ် သခင့်ကို ကြိုဆိုဖို့ ငြင်းပယ်တာမျိုးလည်း လုပ်လို့မရပါဘူး။ ဒီလိုလုပ်တာက သခင့်ကို ကြိုဆိုဖို့နဲ့ ကယ်တင်ခံရဖို့ ကျွန်မတို့ရဲ့ အခွင့်အရေးကို လက်လွတ်သွားမဲ့ အန္တရာယ် ရှိပါတယ်” လို့ပေါ့။ ဒီလို ရှင်းပြတာက လူတွေကို အထင်အမြင်မှားအောင် လုပ်တာ မဟုတ်ဘူး။ ဒါပေမဲ့ သင်းအုပ်ဆရာတွေက မှားယွင်းပြီး အဓိပ္ပာယ်မဲ့တာတွေကို ခဏခဏ ဖြန့်ဝေကြတယ်၊ သခင် ကြွလာပြီလို့ ပြောတဲ့ ဘယ်သတင်းစကားမဆို အတုအယောင်ဖြစ်တယ်လို့ ဆုံးဖြတ်သတ်မှတ်ကြပြီး လူသားအနေနဲ့ သခင် လူ့ဇာတိခံပြီး ကြွလာပြီလို့ ပြောတဲ့ ဘယ်သတင်းစကားမဆို အတုအယောင်ပဲလို့ ပြောကြတယ်။ ဒါဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို အဓိပ္ပာယ်ကောက်လွဲတာ မဟုတ်ဘူးလား။ ဒါတွေအားလုံးဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို အဓိပ္ပာယ်ကောက်လွဲတာ ဖြစ်တယ်၊ အဲဒါက သင်းအုပ်ဆရာတွေဟာ လူတွေကို အထင်အမြင်မှားအောင် လုပ်နေတယ်ဆိုတာကို သက်သေပြနေတယ်။ လူတွေကို အထင်အမြင်မှားစေချင်တဲ့ သူတို့ရဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် သူတို့က သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို အဓိပ္ပာယ်ကောက်လွဲပြီး အဖြစ်မှန်တွေကို လိမ်လည်လှည့်စားနေကြတာပါ။ ဒီကျမ်းချက်ကို သူတို့ ရှင်းပြတဲ့ပုံစံက သင်းအုပ်ဆရာတွေရဲ့ ရည်ရွယ်ချက်နဲ့ အကြံအစည်ပဲ ဖြစ်တယ်။ ဒါဆိုရင် သခင့်ကို ကြိုဆိုတဲ့နေရာမှာ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်အယောင်ဆောင်သူတွေကို ကျွန်မတို့ ဘယ်လို ခွဲခြားသိမြင်သင့်သလဲ။ လူတွေ နားလည်ထားဖို့ လိုအပ်တဲ့ အရာသုံးခု ရှိပါတယ်။ ပထမအနေနဲ့၊ “နောက်ဆုံးသော ကာလမှာ လူတွေကို အထင်အမြင်မှားစေဖို့ ခရစ်တော်အယောင်ဆောင်သူတွေ ပေါ်လာမယ်” ဆိုတဲ့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို ဘယ်လို အနက်ဖွင့်မလဲ၊ ဒုတိယအနေနဲ့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်အယောင်ဆောင်သူတွေကို ဘယ်လို ခွဲခြားသိမြင်မလဲ၊ ပြီးတော့ တတိယအနေနဲ့ သင်းအုပ်ဆရာတွေက ဒီကျမ်းချက်ကို ရှင်းပြတဲ့ပုံစံရဲ့ နောက်ကွယ်က ရည်ရွယ်ချက်နဲ့ ပန်းတိုင်က ဘာလဲဆိုတာကို နားလည်ထားဖို့ ဖြစ်တယ်။ ဒီအရာသုံးခုကို ရှင်တို့ ရှင်းရှင်းလင်းလင်း သိသွားပြီဆိုရင် စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်အယောင်ဆောင်သူတွေကို ခွဲခြားသိမြင်နိုင်ပါလိမ့်မယ်။ ခရစ်တော်သာလျှင် သမ္မာတရားကို ဖော်ပြနိုင်တယ်။ ခရစ်တော်အယောင်ဆောင်သူတွေမှာ သမ္မာတရား မရှိပါဘူး၊ လူတွေကို အထင်အမြင်မှားစေဖို့ မှားယွင်းတဲ့ ပရောဖက်ပြုချက်တွေကို ပြောတာ ဒါမှမဟုတ် နိမိတ်လက္ခဏာတွေ၊ အံ့ဖွယ်အမှုတွေ တချို့ကို လုပ်ပြတာပဲ သူတို့ တတ်နိုင်ကြတယ်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး နတ်ဆိုးဖြစ်တဲ့သူတွေက နိမိတ်လက္ခဏာတွေ၊ အံ့ဖွယ်အမှုတွေကိုပဲ ယုံကြည်ပြီး သမ္မာတရားကို မယုံကြည်ကြဘူး၊ ဒါကြောင့် သူတို့ဟာ အထင်အမြင်မှားပြီး ခရစ်တော်အယောင်ဆောင်သူတွေနောက် လိုက်သွားကြတာပါ။ ဒါပေမဲ့ သမ္မာတရားကို ယုံကြည်ပြီး ချစ်မြတ်နိုးတဲ့သူတွေကတော့ ခရစ်တော်နောက်ကိုပဲ လိုက်ပြီး သမ္မာတရားကို လက်ခံကြတယ်၊ ပြီးတော့ နောက်ဆုံးမှာ သူတို့ဟာ အသက်ကို ရရှိပြီး ဘုရားသခင်က သူတို့ကို စုံလင်အောင် ပြုလုပ်ပေးတာခံရပါတယ်။

ဒါဆို နောက်ဆုံးသော ကာလရဲ့ ခရစ်တော်က အဓိကအားဖြင့် ဘယ်အလုပ်ကို လုပ်ဖို့ ကြွလာတာလဲ။ သခင်ယေရှု ပြောခဲ့သည်မှာ “သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၃) အတိအကျပြောရရင် ဘုရားသခင်က ဒီအလုပ်ကို လုပ်ဖို့ နောက်ဆုံးသော ကာလမှာ လူ့ဇာတိခံယူတာပါ၊ သူက လူတွေကို သမ္မာတရားအားလုံးထဲ လမ်းပြပေးလိမ့်မယ်။ ဒါဆို သူက သီးခြား ဘယ်အလုပ်ကို လုပ်တာလဲ။ နောက်ဆုံးသော ကာလရဲ့ တရားစီရင်တဲ့ အလုပ်ပဲ ဖြစ်တယ်။ သမ္မာကျမ်းစာထဲတွင် ပြောထားသည်မှာ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇)တဖန်တုံ၊ ဖြူသောပလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များ ကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။(ဗျာဒိတ်ကျမ်း ၂၀:၁၁-၁၂) ဗျာဒိတ်ကျမ်းထဲမှာ ပရောဖက်ပြုထားတဲ့ ပလ္လင်ဖြူကြီးရဲ့ တရားစီရင်မှုက ဘာကို ရည်ညွှန်းတာလဲ။ သမ္မာတရားကို ဖော်ပြဖို့ ဘုရားသခင် လူ့ဇာတိခံတာကို ရည်ညွှန်းတာပါ။ ဒါဆို လူ့ဇာတိခံယူတယ်ဆိုတာ ဘာကို ရည်ညွှန်းတာလဲ။ လူသားဖြစ်လာတာကို ဆိုလိုတာပါ။ သခင်ယေရှုလိုပဲ ဒီလူသားဟာ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင် ဖြစ်တယ်။ သူ့မှာ ဘုရားရဲ့သဘောသဘာဝ အနှစ်သာရ ရှိတယ်၊ ပြီးတော့ သူဟာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်း ဖြစ်တယ်၊ တိုင်းနိုင်ငံ အားလုံးနဲ့ လူမျိုး အားလုံးကို တရားစီရင်ဖို့ ပလ္လင်ဖြူကြီးပေါ်မှာ ထိုင်နေတာ ဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး တရားစီရင်တဲ့ အလုပ်ကို လုပ်ဆောင်နေတာကို ရှင်တို့ မြင်တဲ့အခါ အဲဒါက သူ ကြွလာပြီလို့ ဆိုလိုတာပါ။ အခုဆိုရင် အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နောက်ဆုံးသော ကာလမှာ သမ္မာတရားကို ဖော်ပြပြီး တရားစီရင်တဲ့ အလုပ်ကို လုပ်ဆောင်နေပြီမို့လို့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နောက်ဆုံးသော ကာလရဲ့ ခရစ်တော် ဖြစ်တယ်ဆိုတာကို သက်သေပြဖို့ လုံလောက်ပါတယ်။ ခရစ်တော်အယောင်ဆောင်သူတွေက သမ္မာတရားကို ဖော်ပြနိုင်သလား။ သူတို့ သမ္မာတရားကို မဖော်ပြနိုင်ပါဘူး။ သမ္မာတရားကို ဖော်ပြနိုင်သူဟာ ပေါ်ထွန်းပြီး အလုပ်လုပ်နေတဲ့ ဘုရားသခင်ပဲ ဖြစ်တယ်၊ သမ္မာတရားကို ဖော်ပြနိုင်သူသာလျှင် တရားစီရင်တဲ့ အလုပ်ကို လုပ်ဆောင်နိုင်တဲ့သူ ဖြစ်တယ်။ သမ္မာတရားဟာ မကောင်းဆိုးဝါးတွေကို ထုတ်ဖော်ပြတဲ့ မှန်တစ်ချပ်နဲ့ တူတယ်။ သမ္မာတရားကသာ လူတွေကို အများဆုံး ထုတ်ဖော်ပြတဲ့အရာ ဖြစ်တယ်။ ဘုရားသခင်က သမ္မာတရားကို ဖော်ပြတဲ့အခါ လူအားလုံးဟာ သမ္မာတရားရဲ့ ရှေ့မှောက်မှာ အရှက်ရကြပြီး သူတို့ရဲ့ သရုပ်မှန်ဟာ ထုတ်ဖော်ပြခံရမှာ အသေအချာပါပဲ။ သူတို့ရဲ့ အဆင့်အတန်း ဘယ်လောက်ပဲ မြင့်မြင့်၊ သူတို့မှာ အသိပညာ ဘယ်လောက်ပဲ ရှိရှိ၊ သမ္မာတရားကို မြင်တဲ့အခါ သူတို့ဟာ ကောင်းကောင်းမွန်မွန် ပြုမူလာကြပြီး မဆင်မခြင် စကားမပြောရဲကြတော့ဘူး။ သူတို့ရဲ့ စကားနည်းနည်းနဲ့ သီအိုရီတွေဟာ သမ္မာတရားရှေ့မှာ လုံးဝ တန်ဖိုးမရှိတော့ဘူး။ ဒါကြောင့် သမ္မာတရားရှေ့မှာ စာတန်တောင် ကောင်းကောင်းမွန်မွန် ပြုမူပြီး ဘာမှ မပြောရဲဘူး။ အရင်တုန်းက ဘာသာရေးလောကဟာ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ဖြန့်ဝေပြီး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အသရေဖျက်ခဲ့တယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အွန်လိုင်းမှာ တင်လိုက်တဲ့ အချိန်ကစလို့ ဘာသာရေးလောကဟာ တိတ်ဆိတ်သွားပြီး အများကြီး ပိုငြိမ်သွားတယ်။ အခုဆိုရင် အသင်းတော်ကို တရားစီရင်ပြီး ပြစ်တင်ရှုတ်ချရဲတဲ့သူ သိပ်မရှိတော့ဘူး၊ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အပေါ် ဝေဖန်မှုတွေကလည်း ပိုပိုနည်းလာပြီ။ နတ်ဆိုးနည်းနည်းက ဝေဖန်ရဲကြပေမဲ့ မကြာခင်မှာပဲ သူတို့ရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တာတွေဟာ ယုတ္တိမရှိမှန်း ပေါ်လွင်သွားတယ်၊ ပြီးတော့ ဘုရားသခင်ကို တရားစီရင်ပြီး ပြစ်တင်ရှုတ်ချတဲ့သူ အများစုဟာလည်း ကျဆုံးသွားကြတယ်။ လူအတော်များများဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မြင်တဲ့အခါ ဒီနှုတ်ကပတ်တော်တွေမှာ သြဇာအာဏာနဲ့ တန်ခိုးရှိတယ်၊ ပြီးတော့ အဲဒါတွေ အားလုံးက သမ္မာတရားဖြစ်တယ်လို့ ခံစားကြရတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှာ သမ္မာတရားနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် ရှိတယ်ဆိုတာ၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပေါ်ထွန်းပြီး အမှုဆောင်နေတဲ့ သခင်ယေရှု ဖြစ်နိုင်ချေ အရမ်းများတယ်ဆိုတာကို သူတို့ ခံစားကြရတယ်။ တချို့လူတွေက တစ်နှစ်၊ နှစ်နှစ်လောက် စူးစမ်းပြီး နောက်ဆုံးသော ကာလမှာ လုပ်တဲ့ ဘုရားသခင်ရဲ့ အလုပ်ကို လက်ခံကြတယ်၊ တချို့က သုံးနှစ်ကနေ ငါးနှစ်လောက် စူးစမ်းပြီးမှ လက်ခံကြတယ်၊ ပြီးတော့ တချို့ကတော့ လက်မခံခင်မှာ ခုနစ်နှစ်၊ ရှစ်နှစ် ဒါမှမဟုတ် ဆယ်စုနှစ်တစ်ခုလောက်တောင် စုံစမ်းကြတယ်။ အနောက်နိုင်ငံ အသီးသီးမှာ သင်းအုပ်ဆရာတွေ၊ စာရေးဆရာတွေနဲ့ ပါမောက္ခတွေလိုမျိုး ထင်ရှားတဲ့ လူအမျိုးမျိုး အပါအဝင် ဒါကို လက်ခံခဲ့တဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေ ရှိပါတယ်။ သူတို့ ဘယ်လိုဖြစ်ပြီး လက်ခံလာကြတာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရား အားလုံးဖြစ်တယ်ဆိုတာကို သူတို့ မြင်ခဲ့ကြတယ်၊ ဒီနှုတ်ကပတ်တော်တွေကို ဘုရားသခင်က ဖော်ပြတာဖြစ်တယ်ဆိုတာ သေချာသွားကြတယ်၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အလုပ်ဟာ ဘုရားသခင်ရဲ့ အလုပ်ဖြစ်တယ်ဆိုတာကို သူတို့ သေချာသွားကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သာမန် လူသားတစ်ယောက်အနေနဲ့ လူ့ဇာတိခံယူထားပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေ အားလုံးက သမ္မာတရားဖြစ်ပြီး လူတွေကို အပြည့်အဝ ယုံကြည်လက်ခံသွားစေတယ်၊ ဒါကြောင့် သမ္မာတရားကို ချစ်မြတ်နိုးတဲ့သူတွေက ကိုယ်တော့်ကို လက်ခံကြတာပါ။ သမ္မာတရားကို မချစ်မြတ်နိုးတဲ့သူတွေကတော့ သခင်ယေရှု ပေါ်ထွန်းပြီး အမှုပြုခဲ့တုန်းက ဖာရိရှဲတွေလိုပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ သြဇာအာဏာနဲ့ တန်ခိုးရှိတယ်ဆိုတာကိုလည်း သူတို့ အသိအမှတ်ပြုပေမဲ့ သမ္မာတရားကို မချစ်မြတ်နိုးတဲ့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို သူတို့ လက်မခံကြဘူး။ ဘာသာရေးလောကရဲ့ ဘောင်ခတ်တာကို ခံရတဲ့ လူနည်းစုလည်း ရှိပါသေးတယ်။ ဘာသာရေးလောကရဲ့ နှင်ထုတ်ခံရမှာကို ကြောက်လို့ သူတို့ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ဖို့ ဒါမှမဟုတ် လက်ခံဖို့ မရဲကြဘူး။ ဒါက မိုက်မဲပြီး အသိဉာဏ်မဲ့တာ မဟုတ်ဘူးလား။ သခင့်ကို ယုံကြည်ရာမှာ၊ မှန်တဲ့ လမ်းခရီးကို စူးစမ်းရာမှာ ရှင်တို့ဟာ ကိုယ့်ဘာသာကိုယ် တွေးတောဆင်ခြင်နိုင်ရမယ်။ သင်းအုပ်ဆရာတွေကိုချည်းပဲ အမြဲ နားထောင်လို့ မရဘူး၊ ရှင်တို့ရဲ့ ဘိုးဘေးတွေကို ယုံကြည်ဖို့ဆိုတာ ဝေလာဝေးပဲ၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဘုရားသခင်ကို ကိုယ်စားမပြုတဲ့အပြင် သမ္မာတရား ရှိတာကိုလည်း ကိုယ်စားမပြုလို့ပါပဲ။ ပညာရှိတဲ့ သတို့သမီးတစ်ယောက် ဖြစ်ဖို့ဆိုရင် စောင့်ကြည့်ဖို့၊ ဆုတောင်းဖို့နဲ့ သမ္မာတရားကို ဘယ်လို ရှာဖွေရမယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်။ ရှင်တို့က ဘယ်လို ဆုတောင်းရမယ်ဆိုတာကို မသိဘူး၊ ဘုရားသခင်ကို ဘယ်လို မှီခိုရမယ်ဆိုတာကို မသိဘူးဆိုရင် စာတန်နဲ့ သင်းအုပ်ဆရာတွေရဲ့ အထင်အမြင်မှားအောင်လုပ်တာ၊ ထိန်းချုပ်တာနဲ့ ဖမ်းဆီးတာကို ခံရဖို့ လွယ်ကူပါတယ်။

ဒါဆို မှန်တဲ့ လမ်းခရီးကို ရှာဖွေပြီး စုံစမ်းဖို့အတွက် ရှင်တို့မှာ ဘာတွေ ရှိဖို့ လိုအပ်သလဲ။ ပထမဆုံးအနေနဲ့ သမ္မာတရားဆိုတာ ဘာလဲ၊ သမ္မာတရားကို ဘယ်သူ ပိုင်ဆိုင်ထားလဲ၊ ပြီးတော့ သမ္မာတရားကို ဘယ်သူ ဖော်ပြနိုင်လဲဆိုတာကို ရှင်တို့ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိရမယ်။ ဒီအရာတွေကို ရှင်းရှင်းလင်းလင်း မြင်သွားတာနဲ့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်အယောင်ဆောင်သူတွေကို ရှင်တို့ ပိုင်းခြားသိမြင်နိုင်လိမ့်မယ်။ သူဟာ ခရစ်တော်ဆိုရင် သေချာပေါက် သမ္မာတရားကို ဖော်ပြနိုင်မယ်။ သူ ခရစ်တော် မဟုတ်ဘူးဆိုရင်တော့ သမ္မာတရားကို မဖော်ပြနိုင်ဘူးပေါ့။ ခရစ်တော်အယောင်ဆောင်သူတွေက လူတွေကို အထင်အမြင်မှားစေဖို့ ဘာကို မှီခိုကြတာလဲ။ မှားယွင်းတဲ့ ပရောဖက်ပြုချက်တွေ ပြောတာနဲ့ မိစ္ဆာဒိဋ္ဌိအယူတွေ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တာတွေကို ဖြန့်ဝေတာကို မှီခိုကြတယ်။ ခရစ်တော်အယောင်ဆောင်သူတွေမှာ သမ္မာတရား လုံးဝ မရှိပါဘူး။ ဒါကို ရှင်တို့ ရှင်းရှင်းလင်းလင်း မြင်နိုင်ရင် ခရစ်တော်အယောင်ဆောင်သူတွေရဲ့ အထင်အမြင်မှားအောင်လုပ်တာကို ခံရဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ဒါ့အပြင် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေမှာ သမ္မာတရား မရှိဘူး၊ သိုးထိန်းအယောင်ဆောင်သူတွေ ဖြစ်တယ်ဆိုတာကို ရှင်တို့ ရှင်းရှင်းလင်းလင်း မြင်နိုင်ရင် သူတို့ရဲ့ အထင်အမြင်မှားအောင် လုပ်တာကိုလည်း ခံရမှာ မဟုတ်ဘူး။ သခင့်ကို ယုံကြည်တဲ့သူတွေဟာ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ ထိန်းချုပ်တာကို ခံနေရတယ်ဆိုရင် သူတို့ဟာ ဘုရားသခင် ရွေးချယ်ထားသူတွေ လုံးဝ မဟုတ်ဘဲ စာတန်နဲ့ဆိုင်တဲ့သူတွေ ဖြစ်တယ်။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို ကိုးကွယ်တဲ့သူတွေ အားလုံးဟာ မိုက်မဲတဲ့ သတို့သမီးတွေ ဖြစ်ပြီး သခင့်ကို မကြိုဆိုနိုင်ပါဘူး။ ဒါကို မှတ်ထားပါ။ မှန်တဲ့ လမ်းခရီးကို စုံစမ်းတယ်ဆိုတာ တစ်ချက်ကတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ သြဇာအာဏာနဲ့ တန်ခိုးရှိပြီး သမ္မာတရား အားလုံးဖြစ်တယ်၊ ဘုရားသခင်သာ သမ္မာတရားကိ ဖော်ပြနိုင်တယ်၊ ဘုရားသခင်ကလွဲရင် ဘယ်သူမှ သမ္မာတရားကို မဖော်ပြနိုင်ဘူးဆိုတာကို ဆုံးဖြတ်သတ်မှတ်နိုင်တာ ဖြစ်တယ်။ နောက်တစ်ချက်ကတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ လုံးဝ သမ္မာတရားဖြစ်ပြီး ဘုရားသခင်ကပဲ ဖော်ပြနိုင်တယ်၊ ဘယ်နတ်ဆိုး၊ စာတန် ဒါမှမဟုတ် ဆိုးယုတ်တဲ့ ဝိညာဉ်မှ သမ္မာတရားကို မဖော်ပြနိုင်ဘူး၊ အထင်အမြင်မှားစေတဲ့ စကားတွေနဲ့ အပျက်သဘောဆောင်တဲ့ ဝါဒဖြန့်တာ မှန်သမျှဟာ ယုံကြည်ဖို့ မထိုက်တန်တဲ့ လိမ်ညာမှုတွေနဲ့ နတ်ဆိုးဆန်တဲ့ စကားတွေ ဖြစ်တယ်ဆိုတာကို ဆုံးဖြတ်သတ်မှတ်တာ ဖြစ်တယ်။ မှန်တဲ့ လမ်းခရီးကို စုံစမ်းတဲ့အခါ ဒီအရာနှစ်ခုကို သေချာသိရင်ပဲ လုံလောက်ပါပြီ။ ဒီသာမန် လူသားတစ်ယောက်က သမ္မာတရားကို ဖော်ပြနိုင်ပြီး သြဇာအာဏာနဲ့ တန်ခိုးရှိတဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြနိုင်တယ်ဆိုရင် သူဟာ သခင်ယေရှု ပရောဖက်ပြုခဲ့တဲ့ လူသားရဲ့ ပေါ်ထွန်းခြင်းပဲ ဖြစ်တယ်။ ဒါဟာ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်း ဖြစ်တယ်။ ဒါကို လူဇာတိ၌ ပေါ်လာတဲ့ နှုတ်ကပတ်တော်လို့လည်း ပြောနိုင်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင် “လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်ခြင်းသည် လွန်ကဲခြင်း လုံးဝ မဟုတ်ပေ။ အကြောင်းမှာ ကိုယ်တော်သည် ဘုရားသခင်၏ အနှစ်သာရ၊ လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော ဉာဏ်ပညာတို့ ပိုင်ဆိုင်သောကြောင့်ဖြစ်၏။ မိမိတို့ကိုယ်ကို ခရစ်တော်ဟု ခေါ်သည့်တိုင် ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် အတုအယောင်များ ဖြစ်၏။ ခရစ်တော်သည် မြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံမျှသာမက ဘုရားသခင်က မြေကြီးပေါ်တွင် သူ၏အမှုကို ဆောင်ရွက်ပြီး လူသားအလယ် သူ၏အမှုကို ပြီးစီးစေရန် ဘုရားသခင်ခံယူထားသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိပကတိကို မည်သည့်လူသား တစ်ဦးမျှ အစားထိုး၍ မရနိုင်ဘဲ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်သော ဇာတိပကတိဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိပကတိဖြစ်၏။ ၎င်းတို့သည် ခရစ်တော်ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသော်လည်း ခရစ်တော်၏ အနှစ်သာရထဲမှ မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အတွက် ခရစ်တော်၏ အယောင်ကိုဆောင်သောသူ အားလုံးတို့သည် အနှေးနှင့်အမြန် ကျရှုံးကြလိမ့်မည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရနိုင်ဘဲ ဘုရားသခင် ကိုယ်တိုင်က အဖြေပေးကာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်ဟု ငါပြောရပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အဘယ်ကြောင့်ဘုရားသခင်၏အသံတော်ကို နားထောင်ခြင်းအားဖြင့်သာ သခင့်ကို ကျွန်ုပ်တို့ ကြိုဆိုနိုင်သနည်း

အခုအချိန်မှာ ယုံကြည်သူတွေအားလုံးက သခင်ယေရှု မိုးတိမ်စီးကြွလာတာကို တောင့်တနေကြတယ်။ အကြောင်းကတော့ ဘေးဒုက္ခတွေက ပို ပြင်းထန်လာနေပြီး ကပ်ရောဂါ...

ကယ်တင်ရှင်သည် သူ ကြွလာချိန်တွင် လူသားမျိုးနွယ်ကို မည်သို့ကယ်တင်သနည်း

ကယ်တင်ရှင်အကြောင်း ဆွေးနွေးတဲ့အခါ နောက်ဆုံးသော ကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကမ္ဘာမြေကို သူ ကြွလာဖို့ သေချာတယ်လို့ ယုံကြည်သူအားလုံးက...

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သခင်ယေရှုကို သစ္စာဖောက်တာလား

အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နောက်ဆုံးသော ကာလမှာ ပေါ်ထွန်းပြီး အမှုဆောင်နေတယ်၊ စကားလုံး သန်းဆယ်ချီအထက် ဖော်ပြနေပါတယ်။ လူအတော်များများက...

လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် အမှုတော် အဆင့်သုံးဆင့် လိုအပ်သနည်း

လွန်ခဲ့တဲ့ အနှစ် ၂၀၀၀တုန်းက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သခင်ယေရှု ပေါ်ထွန်းခဲ့ပြီး ယုဒပြည်မှာ အမှုပြုခဲ့သလို၊ “နောင်တရကြလော့။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။