သမ္မာကျမ်းထဲတွင် ဘုရားသခင်၏ အမှုတော်နှင့်နှုတ်ကပတ်တော် များအားလုံး ရှိသည် ဆိုသည်မှာ မှန်ပါသလား

07.12.2021

ကယ်တင်ရှင်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ဟာ နောက်ဆုံးသောကာလမှာ ပေါ်ထွန်းလာပြီး အမှုပြုနေတဲ့အပြင် သန်းနဲ့ချီတဲ့နှုတ်ကပတ်တော် တွေကို ဖော်ပြခဲ့ပါတယ်။ လူသားမျိုးနွယ်ကို အပြည့်အဝသန့်စင်ပြီး ကယ်တင်ဖို့ တရားစီရင်ခြင်းအမှုကို ဘုရားအိမ်တော်ကနေစပြီး သူ ဆောင်ရွက်နေပါ တယ်။ သူ့ရဲ့နှုတ်ကပတ်တော်ပေါင်းချုပ်ဖြစ်တဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတာကို အွန်လိုင်းပေါ်မှာ ရနိုင်တယ်။ အဲဒါဟာ ဘာသာရေးလောကတစ်ခုတည်းတင် မကဘဲ တစ်ကမ္ဘာလုံးကိုပါ တုန်လှုပ်စေခဲ့တာပါ။ နိုင်ငံတိုင်းနဲ့ဂိုဏ်းဂဏတိုင်းမှာရှိတဲ့ သမ္မာတရား ကိုချစ်ပြီး ဘုရားသခင်ပေါ်ထွန်းမှာကို စောင့်စားနေ တဲ့ လူတချို့ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေကို ဖတ်ပြီးတဲ့အပြင် အဲဒါတွေဟာ သမ္မာတရားဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ မိန့်မြွက်ချက်တွေ ဖြစ်တာကို တွေ့ခဲ့ကြပါပြီ။ သူတို့ဟာ ဘုရားအသံတော်ကို ကြားခဲ့ကြပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပြန်ကြွလာတဲ့ သခင်ယေရှုအဖြစ် အသိအမှတ်ပြုလို့ ဘုရားရဲ့ပလ္လင်တော်ရှေ့မှောက်ကို လာကြတယ်။ သခင်ယေရှု ပြောခဲ့တဲ့အတိုင်းပါပဲ၊ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေဟာ သမ္မာတရားဖြစ်တဲ့အပြင် တန်ခိုးကြီးပြီး ဩဇာအာဏာရှိတယ်ဆိုတာကို ဘာသာရေးလောကမှာရှိတဲ့ လူအများအပြားက လက်ခံကြပေမဲ့၊ သူ့ရဲ့နှုတ်ကပတ်တော်တွေဟာ သမ္မာကျမ်းထဲမှာ မှတ်တမ်းမတင်ထားတာကြောင့် သူတို့က လက်ခံဖို့ ငြင်းဆန်ကြတယ်။ သူတို့ ယုံကြည်တာက ဘုရားရဲ့အမှုတော်နဲ့နှုတ်ကပတ်တော်တွေ အားလုံးဟာ သမ္မာကျမ်းထဲမှာရှိပြီး အဲဒီပြင်ပမှာ တစ်ခုမှ မတွေ့နိုင်ဘူးဆိုတာပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေဟာ သမ္မာတရားဖြစ်ပေမဲ့၊ သမ္မာကျမ်းထဲမှာ မပါတာကြောင့် အဲဒါတွေဟာ ဘယ်လိုလုပ်ပြီး ဘုရားသခင်ရဲ့ အမှုတော်နဲ့နှုတ်ကပတ်တော်တွေ ဖြစ်နိုင်မလဲပေါ့။ တချို့ကျတော့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့အဖွဲ့ဝင်တွေက သမ္မာ ကျမ်းအစား နှုတ်ကပတ်တော်သည် လူဇာတိ၌ ပေါ်လာ၏ဆိုတာကို ဖတ်တာ တွေ့တဲ့အခါမှာ သမ္မာကျမ်းကနေ ခွဲထွက်တာဟာ သခင်ကို သစ္စာဖောက်တာဖြစ်ပြီး ဒါဟာ မိစ္ဆာဒိဋ္ဌိ ဖြစ်တယ်လို့ ပြောရင်း ပြစ်တင်ရှုတ်ချကြတယ်။ အဲဒါဟာ ကျွန်တော့်ကို ဂျူးလူမျိုးဖာရိရှဲတွေကို သတိရစေတယ်၊ သခင်ယေရှုရဲ့အမှုတော်နဲ့နှုတ်ကပတ်တော်တွေဟာ သူတို့ရဲ့ကျမ်းစာဘောင်ကို ကျော်လွန်နေရုံလေးနဲ့ သူတို့က သူ့ကို ဝေဖန်၊ ရှုတ်ချပြီး ဆန့်ကျင်တိုက် ခိုက်ကြတဲ့အပြင် မေရှိယလို့ မခေါ်ကြဘူး။ သူတို့ဟာ သူ့ကို ကားစင်တင်ပြီးတောင် သတ်ခဲ့ကြ တယ်၊ နောက်ဆုံးမှာ ဘုရားသခင်ရဲ့အပြစ်ဒဏ်ပေးပြီး ဒဏ်ခတ်တာကို ခံခဲ့ရတဲ့အပြင် ဣသရေလနိုင်ငံ ဟာ ကံဆိုးမိုးမှောင်ကျခဲ့တယ်။ ဒါဟာ စဉ်းစားစရာ သင်ခန်းစာတစ်ခုပါပဲ။ ဘုရားသခင်ရဲ့ အမှုတော်နဲ့နှုတ်ကပတ်တော်တွေ အားလုံးဟာ သမ္မာကျမ်းထဲမှာရှိပြီး ကျမ်းစာပြင်ပမှာ ဘာတစ်ခုမှ မတွေ့နိုင်ဘူးလို့ ဒီနေ့ခေတ် ဘာသာရေးလောကမှာ ရှိတဲ့ လူအများအပြားက မလျှော့တမ်းပြောကြ တယ်။ သူတို့ဟာ ဒီမှားယွင်းတဲ့အယူအဆကို ဖက်တွယ် ရင်းနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်နဲ့နှုတ်ကပတ်တော်တွေကို ငြင်းပယ်ပြီး ရှုတ်ချနေကြတာ။ တချို့ဆိုရင် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရားဖြစ်တယ်လို့ ခပ်ဘွင်းဘွင်းဝန်ခံကြပေမဲ့ အဲဒါကို စုံစမ်းစစ်ဆေး မှုတွေ မလုပ်တာကြောင့် ရလဒ်အနေနဲ့ ကပ်ဘေးတွေမတိုင်ခင် သခင့်ကို ကြိုဆိုခွင့် ဆုံးရှုံးသွားကြတယ်။ စိတ်မကောင်းစရာက သူတို့ဟာ ကပ်ဘေးတွေထဲ ကျရောက်သွားကြတာပါပဲ။ “ဘုရားသခင်ရဲ့အမှုတော်နဲ့နှုတ်ကပတ်တော်တွေ အားလုံးဟာ သမ္မာကျမ်းထဲမှာရှိပြီး ကျမ်းစာပြင်ပ မှာ တစ်ခုမှ မတွေ့နိုင်ဘူး။” ဒီအယူအဆကြောင့် ရေတွက်လို့မရတဲ့လူတွေဟာ ကမ်းကုန်အောင်ဆိုးတဲ့ ဘေးဥပဒ်တွေလုပ်ရင်း သခင့်ကို ကြိုဆိုခွင့် ဆုံးရှုံးသွားကြတယ်။ အဲဒီအယူအဆဟာ တကယ် ဘာများမှားနေပါ သလဲ။ ကျွန်တော်သိသလောက်ကို ဝေငှပေးသွာပါ့မယ်။

အဲဒီအကြောင်းကို မသွားခင် သမ္မာကျမ်းက ဘယ်ကလာ တယ်ဆိုတာကို ကျွန်တော်တို့ ရှင်းလင်းသွားအောင် လုပ်ကြစို့လား။ သမ္မာကျမ်းကို နှစ်ပိုင်းခွဲထားပါတယ်၊ ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းပါ။ ယေဟောဝါကို ယုံကြည်တဲ့ ဂျူးလူမျိုးတွေဟာ ဓမ္မဟောင်းကျမ်းထဲက ကျမ်းစာတွေကို အသုံးပြု ကြပြီး သခင်ယေရှုကို ယုံကြည်တဲ့ ခရစ်ယာန်တွေကတော့ ဓမ္မသစ်ကျမ်းကို အသုံးပြုကြတယ်။ သူ့အမှုတော်ကို ဘုရားပြုပြီးတဲ့နောက် ရာစုနှစ်နဲ့ ချီ ကြာပြီးသွားမှ လူသားတွေက ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်း နှစ်ကျမ်းစလုံးကို စုစည်းပြုစုထားတာပါ။ သမ္မာကျမ်းဟာ ကောင်းကင်က ကျလာတာ မဟုတ်သလို၊ ဘုရားသခင်က ကိုယ်တိုင်ရေးပြီး ကျွန်တော်တို့ကို ပေးခဲ့တာလည်း မဟုတ်ပါဘူး။ အဲဒီအချိန်တုန်းကရှိတဲ့ ဘာသာရေးခေါင်းဆောင် တွေ အတူပူးပေါင်းပြီး ပြုစုထားကြတာ ဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဉာဏ်အလင်းပေး ခြင်းနဲ့လမ်းပြပေးခြင်းတွေကို သူတို့ရရှိထားတာ ကတော့ သံသယရှိစရာ မလိုပါဘူး။ သမ္မာကျမ်းကို လူသားတွေက စုစည်းပြုစုထား တာကြောင့် ဓမ္မသစ်ကျမ်းထဲမှာ ပါဝင်တဲ့အရာတွေဟာ ဓမ္မဟောင်းကျမ်းထဲမှာ ဘယ်နည်းနဲ့မှမပါနိုင် သလို ဓမ္မသစ်ကျမ်းထဲမှာလည်း နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့အမှုတော်ဟာ ဘယ်နည်းနဲ့မှ မပါနိုင်ဘူး။ လူတွေဟာ အနာဂတ်ကို ကြိုမမြင်နိုင်လို့ပါပဲ။ သမ္မာကျမ်းထဲ ထည့်သွင်းခံရတဲ့ ကျမ်းပိုဒ်တွေနဲ့ ကျမ်းဝတ္ထုတွေဟာ ရွေးချယ်ခံထားရတာကြောင့် ပရောဖက်တွေ၊ တမန်တော်တွေရဲ့ စာအားလုံးက သမ္မာကျမ်းထဲမှာ ပါတာမဟုတ်ဘူး။ အတော်များများက ချန်လှပ်တာ၊ ဖယ်ရှားတာခံခဲ့ရ တယ်။ ဒါပေမဲ့ ဒါက ပြဿနာမဟုတ်ပါဘူး။ လူသားတွေက စုစည်းပြုစုထားတာကြောင့် တချို့သောရွေးချယ်မှုတွေ၊ ဖယ်ရှားမှုတွေ နဲ့ ချန်လှပ်မှုတွေရှိမှာက ပုံမှန်ပါပဲ။ ဒါနဲ့ပတ်သက်ပြီး လူတွေ မှားသွားကြတာက ဘုရားရဲ့အမှုတော်နဲ့နှုတ်ကပတ်တော်တွေအားလုံး ဟာ သမ္မာကျမ်းထဲမှာ ပါတယ်လို့ မလျှော့တမ်း ပြောကြတဲ့နေရာမှာပါ၊ မသိရင် အဲဒါတွေဟာ အရင်ခေတ်တွေတုန်းက ဘုရားသခင် ပြောဆိုလုပ်ကိုင်ခဲ့တာ အကုန်လုံး ဖြစ်နေတဲ့အတိုင်းပါပဲ။ ဒါဟာ ဘယ်လိုပြဿနာမျိုးလဲ။ ပရောဖက်တွေရဲ့ကျမ်းဝတ္ထုတချို့ဟာ ဓမ္မဟောင်း ကျမ်းထဲမှာ မှတ်တမ်းမတင်ခံထားရပါဘူး။ ကျွန်တော်တို့သိတဲ့ ဧနောက်နဲ့ဧဇရတို့ရဲ့ ကျမ်းဝတ္ထုတွေလို ကျမ်းဝတ္ထုတချို့ဟာ သမ္မာကျမ်းထဲမှာ မရှိပါဘူး။ ဓမ္မသစ်ကျမ်းထဲ မထည့်သွင်းခံရတဲ့ တမန်တော် တွေရဲ့ တခြားကျမ်းဝတ္ထုတွေလည်း ရှိနေမှာ ကျိန်းသေပါ တယ်။ ဒါ့အပြင် သခင်ယေရှုဟာ သုံးနှစ်ကျော်ကြာ တရား‌ဟောခဲ့တာကြောင့် ပြောခဲ့တာတွေ အများကြီးရှိ မှာဖြစ်ပေမဲ့၊ သမ္မာကျမ်းထဲမှာ မဆိုစလောက်လေးပဲ ပါတယ်။ တမန်တော်ယောဟန် ပြောခဲ့သလိုပါပဲ၊ “ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅) သမ္မာကျမ်းထဲမှာ မှတ်တမ်းတင်ထားတဲ့ ဘုရားသခင်ရဲ့ အမှုတော်နဲ့နှုတ်ကပတ်တော်တွေ ဟာ အနည်းအကျဉ်းလေးပဲရှိတာ ရှင်းပါတယ်။ ဓမ္မဟောင်းကျမ်းရော ဓမ္မသစ်ကျမ်းထဲမှာပါ အဲဒီခေတ်အတွက် ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်အလုံးစုံ မပါဘူးဆိုတာ သံသယရှိစရာမလိုဘဲ ကျွန်တော်တို့ သိကြပါတယ်။ ဒါဟာ အားလုံးအသိအမှတ်ပြုမဲ့ အမှန်တရား တစ်ခုပါပဲ။ သမ္မာကျမ်းကို နားမလည်သလို၊ စုစည်းပြုစုထား ပုံကိုလည်း မသိတဲ့လူတွေ ဘာသာရေးလောကထဲမှာ အများကြီးရှိတယ်။ သမ္မာကျမ်းထဲမှာ ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေအားလုံး ပါတယ်လို့ သူတို့က ယုံကြည်ကြပြီး သမ္မာကျမ်းပြင်ပမှာရှိတဲ့ ဘယ်အရာကိုမဆို သူတို့က ငြင်းပယ်ပြီး ပြစ်တင်ရှုတ်ချကြတယ်။ အဲဒါဟာ သမိုင်းကြောင်းအထောက်အထားတွေနဲ့ ကိုက်ညီရဲ့လား။ ဒါဟာ ဘုရားသခင်ရဲ့အမှုတော်ကို ဝေဖန်တဲ့ အခိုင်အမာပြောဆိုမှုပဲ မဟုတ်လား။ ဒါဟာ ဘုရားသခင်ကို ခုခံနေတာပဲ မဟုတ်လား။ အဖြစ်အပျက်တွေ ဖြစ်ပွားပြီးနောက်မှ သမ္မာကျမ်းကို စုစည်းပြုစုတာဖြစ်ပြီး လူသားတွေက ပြုစုထားတာကြောင့် ဘုရားအမှုတော်ရဲ့ နောက်လာမဲ့အဆင့်ကို လူသားတွေက ဘယ်လိုလုပ် သမ္မာကျမ်းထဲ ကြိုပြီး ထည့်ထားနိုင်မှာလဲ။ ဒါဟာ မဖြစ်နိုင်ပါဘူး၊ လူတွေမှာ ရှေ့ကိုကြိုမြင်နိုင်တဲ့ အစွမ်းသတ္တိ မရှိလို့ပါ။ ဓမ္မဟောင်းကျမ်းကို စုစည်းပြုစုတဲ့လူတွေဟာ သခင်ယေရှုလက်ထက်မှာ သက်ရှိထင်ရှားမရှိခဲ့ သလို သခင်ယေရှုရဲ့အမှုတော်ကိုလည်း သူတို့ မတွေ့ကြုံ ခဲ့ရဘူး။ သူတို့အနေနဲ့ ဓမ္မဟောင်းကျမ်းထဲမှာ သူရဲ့အမှုတော်နဲ့နှုတ်ကပတ်တော်တွေအပြင် တမန်တော်တွေရဲ့ ကျမ်းဝတ္ထုတွေကို ဘယ်လိုလုပ် ကြိုပြီး ထည့်ထားနိုင်မှာလဲ။ ဓမ္မသစ်ကျမ်းကို စုစည်းပြုစုတဲ့သူတွေဟာ နောက်နှစ် ၂,၀၀၀ မှာ ဖြစ်မဲ့ နောက်ဆုံးသော ကာလအတွက် ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို ကျမ်းစာထဲမှာ ကြိုထည့်ထားဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ယနေ့ခေတ် ဘာသာရေးလောကတစ်ခုလုံးဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို မျက်မြင်တွေ့ပြီးကြပြီ။ တချို့အနေနဲ့ အဲဒါတွေကို လေ့လာစူးစမ်းပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေအားလုံးဟာ သမ္မာတရားဖြစ်ပြီး ဩဇာအာဏာရှိတာကို အသိအမှတ်ပြုကြတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ သူ့ရဲ့နာမတော်ဟာ သမ္မာကျမ်းထဲမှာ မပါတာကြောင့်နဲ့ သမ္မာကျမ်းထဲမှာ ရှာမတွေ့နိုင်တာကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ဘုရားကိုယ်တိုင် ပေါ်ထွန်းလာခြင်းဖြစ်တာကို သူတို့ လက်မခံကြ ဘူး။ သူတို့ရဲ့အမှားဟာ သခင်ယေရှုကို ခုခံပြီး ပြစ်တင်ရှုတ်ချခဲ့ကြတဲ့ ဖာရိရှဲတွေရဲ့အမှားနဲ့ အတူတူပဲ မဟုတ်ဘူးလား။ သခင်ယေရှုရဲ့နာမဟာ မေရှိယမဟုတ်တာ ကြောင့်နဲ့ သူ့ရဲ့အမှုတော်နဲ့နှုတ်ကပတ်တော်တွေ ဟာ သူတို့ကျမ်းစာတွေနဲ့ မကိုက်ညီတာကြောင့် သူဟာ မေရှိယဖြစ်တယ် ဆိုတာကို ငြင်းပယ်လို့ ရတယ်လို့ ဖာရိရှဲတွေက ထင်ကြ တယ်။ ယနေ့ ဘာသာရေးသမားတွေကလည်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နာမတော်ကို သမ္မာကျမ်းထဲမှာ ပရောဖက်ပြုထားခြင်း မရှိတာကြောင့်နဲ့ သမ္မာကျမ်းထဲမှာ သူ့ရဲ့နှုတ်ကပတ်တော်တွေကို ရှာမတွေ့နိုင်တာကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို ငြင်းပယ်ပြီး ပြစ်တင်ရှုတ်ချကြတယ်။ သူတို့ဟာ ဘုရားသခင်ကို ကားစင်တင်တဲ့အပြစ်ကို နောက်ထပ်တစ်ကြိမ် ကျူးလွန်နေတာပဲ။ တကယ်တမ်းဆိုရင် ကျမ်းစာထဲမှာ နောက်ဆုံးသောကာလအတွက် ဘုရားသခင်ရဲ့ အမှုတော်နဲ့နှုတ်ကပတ်တော်တွေ မပါပေမဲ့ နောက်ဆုံးသောကာလမှာရှိတဲ့ ဘုရားသခင်ရဲ့ နာမတော်အသစ်အကြောင်း ပရောဖက်ပြုချက်တွေ ရှိပါတယ်။ ဥပမာဆိုရင် ဟေရှာယကျမ်းထဲက ဒီတစ်ခုလိုပေါ့၊ “တပါးအမျိုးသားတို့သည် သင်၏ဖြောင့်မတ်ခြင်း ကို၎င်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ ဘုန်းအသရေ ကို၎င်း မြင်ရကြလိမ့်မည်။ သင့်ကို ယေဟောဝါ၏ နှုတ်တော်မှ မှည့်ခေါ်မည့် အမည်နာမသစ်ဖြင့် ခေါ်ရလိမ့်မည်။(ဟေရှာယ အနာဂတ္တိကျမ်း ၆၂:၂) ဗျာဒိတ်ကျမ်းထဲမှာလည်း ကျွန်တော်တို့ တွေ့နိုင်တယ်၊ “အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။(ဗျာဒိတ်ကျမ်း ၃:၁၂)ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏၊ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူ၏။(ဗျာဒိတ်ကျမ်း ၁:၈)ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင်သည် စိုးစံတော်မူ၏။(ဗျာဒိတ်ကျမ်း ၁၉:၆) နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ပိုပြောဆိုပြီး ပိုအမှုပြုမယ်လို့လည်း သမ္မာကျမ်းထဲ မှာ ပရောဖက်ပြုထားတယ်၊ သခင်ယေရှု ပြောခဲ့သလိုပဲ၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဒါ့အပြင် ဗျာဒိတ်ကျမ်းထဲမှာ ခုနစ်ကြိမ် တွေ့ရတဲ့ သတိပေးချက်လည်း ရှိပါတယ်၊ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း အခန်းကြီး ၂-၃) တံဆိပ်ခတ်ထားတဲ့စာစောင်ကို နောက်ဆုံးသော ကာလမှာ ဘုရားဖွင့်မှာကိုလည်း ဗျာဒိတ်ကျမ်းထဲ မှာ ပရောဖက်ပြုထားတယ်။ သေချာတာက နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ အသင်းတော်တွေကို စကားပြော ပြီး သမ္မာတရားအားလုံးဆီ လူသားတွေကို ဦးဆောင် သွားမယ်ဆိုတာကို ပရောဖက်ပြုထားတာပါ။ နောက်ဆုံးသောကာလအတွက် ဘုရားသခင်ရဲ့ ဒီအမှုတော်နဲ့နှုတ်ကပတ်တော်တွေဟာ သမ္မာကျမ်း ထဲမှာ ဘယ်လိုလုပ်ပြီး ကြိုတင်ရှိနေနိုင်မှာလဲ။ ဒါလုံးဝမဖြစ်နိုင်ဘူး။ ဒီပရောဖက်ပြုချက်တွေနဲ့ ထင်ရှားတဲ့ အချက်အလက်တွေအားလုံး ရှိနေတာကို ဘာဖြစ်လို့ လူအများအပြားဟာ မျက်လုံးတွေ ဖွင့်ထားရက်နဲ့ မမြင်နိုင်ကြဘဲ ဘုရားသခင်ရဲ့ အမှုတော်နဲ့နှုတ်ကပတ်တော်တွေ အားလုံးဟာ သမ္မာကျမ်းထဲမှာ ပါပြီး သမ္မာကျမ်း အပြင်မှာ ဘာမှမရှိနိုင်ဘူးလို့ ဝေဖန်ရင်း မလျှော့တမ်းပြောနေကြတာလဲ။ အခု ဘုရားပေါ်ထွန်းလာခဲ့ပြီး အမှုပြုနေပြီကို ဒီလူတွေ ဘုရားကို ဝေဖန်ပြီး ဆန့်ကျင်ရဲကြတာ ကြည့်ရင် သူတို့ဟာ ဘုရားသခင်ရဲ့အမှုတော်ကို နားမလည် သလို သမ္မာတရားကိုလည်း လုံးဝနားမလည်တာ တွေ့နိုင်တယ်။ သူတို့ဟာ ဘုရားရဲ့ ရှုတ်ချ၊ သုတ်သင်တာ ခံရသလို ကပ်ဘေးတွေထဲ ကျရောက်နေကြပြီ ဖြစ်တယ်။ ဒါဟာ သမ္မာကျမ်းထဲက ကျမ်းပိုဒ်တွေကို စုံလင်စေတာပါပဲ၊ “မိုက်သောသူတို့က ဉာဏ်မရှိသောကြောင့် သေကြလိမ့် မည်။” (သုတ္တံကျမ်း ၁၀:၂၁)ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။(ဟောရှေ အနာဂတ္တိကျမ်း ၄:၆)

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တချို့ကို ကျွန်တော်တို့ ကြည့်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည့် အရာများသည် အကန့်အသတ်ရှိ၏။ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုကို အလုံးစုံ ကိုယ်စားမပြုနိုင်ပေ။ ခရစ်ဝင်ကျမ်း လေးကျမ်းသည် ယေရှုက သင်္ဘောသဖန်းပင်ကို ကျိန်ဆိုခြင်း၊ ပေတရုက သခင်ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခြင်း၊ သူ၏ လက်ဝါးကားတိုင်ပေါ် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ပြီးနောက် နောက်လိုက် တပည့်တော်များရှေ့တွင် ယေရှု၏ ကိုယ်ထင်ပြခြင်း၊ အစာရှောင်ခြင်းအကြောင်း သွန်သင်မှု၊ ဆုတောင်းခြင်းအကြောင်း သွန်သင်မှု၊ ကွာရှင်းခြင်းအကြောင်း သွန်သင်မှု၊ ယေရှု၏မွေးဖွားခြင်းနှင့် ဆွေစဉ်မျိုးဆက်စာရင်း၊ တပည့်တော်များကို ယေရှုခန့်အပ်ခြင်း စသည့် ဖြစ်ပျက်မှုများကို အရေအတွက် ကန့်သတ်ချက်ဖြင့် ရေးထားသော အခန်းကြီးများ အားလုံး တစ်ရာထက် လျော့နည်းလေသည်။ သို့သော်၊ ယနေ့ အမှုကို ယင်းတို့နှင့် နှိုင်းယှဉ်လျက်ပင် လူသားသည် ယင်းတို့ကို ရတနာများကဲ့သို့ တန်ဖိုးထားကြသည်။ ယေရှုသည် မွေးဖွားလာသည့် အချိန်မှစ၍ များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟုပင် သူတို့ ယုံကြည်ကြသည်။ ဘုရားသခင်က ဤမျှသာ လုပ်နိုင်စွမ်းရှိပြီး နောက်ထပ် ဘာမျှမလုပ်တော့သည့်အလား၊ ယေရှုက သူ၏ဘဝတွင် လုပ်ခဲ့သည့် အလုပ်အားလုံးမှာ ထိုမျှသာဖြစ်သည်ဟုပင် ၎င်းတို့ ယုံကြည်ကြလေသည်။ ဤသည်မှာ ရယ်စရာ မကောင်းသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁))

အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့အရနှင့် ဓမ္မဟောင်းကျမ်းလာ ပညတ်များအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁))

သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာမှတ်တမ်းတစ်ခု သက်သက်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခင်အမှုအဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်များနှင့်ဆိုင်သည့် သိနားလည်မှုကို သင့်ကို လုံးဝ မပေးကြောင်း သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလနိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းခြင်းအချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါရှိသည့် ကမ္ဘာမြေပေါ်တွင် ယေရှု၏ အလုပ်နှင့် ပေါလု၏ အလုပ်တို့ကို ဖော်ပြထားသည်- ဤအရာတို့သည် သမိုင်းဆိုင်ရာ မှတ်တမ်းများ မဟုတ်ပေလော။ အတိတ်ကာလက အရာများကို ယနေ့ဆီ တင်ပြခြင်းက ၎င်းတို့ကို သမိုင်းဖြစ်စေပြီး၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်သည်ဖြစ်စေ စစ်မှန်သည်ဖြစ်စေ၊ သမိုင်းဖြစ်နေဆဲပင်ဖြစ်ပြီး၊ ဘုရားသခင်သည် သမိုင်းကို ပြန်လှည့်မကြည့်သည့်အတွက် သမိုင်းသည် ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် အမှုအကြောင်း ဘာမျှမသိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မရှာဖွေပါက၊ သင်သည် ဘုရားသခင်အား ရှာဖွေခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သင်သည် ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်းကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့သည့် သမိုင်းကို သုတေသနပြုရန်အတွက် သမ္မာကျမ်းစာကို ဖတ်ရှုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်စားသည့်အတွက်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို လိုက်စားပြီး အသက်မဲ့သော စကားလုံးများနှင့် အယူဝါဒများ သို့မဟုတ် သမိုင်းကို နားလည်မှုအား မလိုက်စားသည့်အတွက်၊ သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု၏ လမ်းညွှန်ချက်ကို ရှာဖွေရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်းသုတေသန ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ ဘုရားသခင်ကို ယုံကြည်သောသူများထဲမှ တစ်ဦးဖြစ်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေပါက အကောင်းဆုံး ဖြစ်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄))

သင်က ပညတ်တော်ခေတ်၏ အလုပ်ကို ကြည့်လိုပြီး၊ ဣသရေလအမျိုးသားများ ယေဟောဝါ၏ လမ်းခရီးကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုလျှင်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုရမည်။ သင်သည် ကျေးဇူးတော်ခေတ်၏ အလုပ်ကို နားလည်လိုလျှင်၊ ဓမ္မသစ်ကျမ်းကို ဖတ်ရှုရမည်။ သို့သော်လည်း နောက်ဆုံးသောကာလ၏ အမှုကို သင် မည်သို့ မြင်သနည်း။ သင်သည် ယနေ့၏ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံလျက် ယနေ့၏အမှုတော်ထဲကို ဝင်ရောက်ကြရမည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အမှုသစ်ဖြစ်ပြီး၊ မည်သူမျှ ယခင်က သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားခဲ့သောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီး တရုတ်နိုင်ငံ၌ အခြားရွေးကောက်ခံရသူများကို ရွေးထားပြီ ဖြစ်သည်။ ဘုရားသခင်သည် ထိုလူများ၌ အမှုပြုသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုတော်မှ ဆက်လက်ဆောင်ရွက်ပြီး၊ ကျေးဇူးတော်ခေတ်၏အမှုတော်မှ ဆက်ပြီး ဆောင်ရွက်သည်။ ယနေ့၏အမှုတော်သည် လူသားတို့ မည်သည့်အခါကမျှ မလျှောက်ဖူးသေးသည့် လမ်းကြောင်းဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ယင်းသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုတော်ဖြစ်သည်၊ ယင်းသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုတော် ဖြစ်သည်။ ထို့ကြောင့် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အလုပ်သည် သမိုင်းမဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ပစ္စုပ္ပန်သည် ပစ္စုပ္ပန်သာဖြစ်ပြီး၊ အတိတ်ဖြစ်သွားရန် လိုသေး၍ ဖြစ်သည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ဣသရေလ၏ ပြင်ပ၊ ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ပြီးကြောင်း၊ ထိုအမှုသည် ဣသရေလ၏ နယ်ပယ်အပြင်ထိ ကျော်လွန်နှင့်ပြီး၊ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်ကြောင်း၊ ယင်းသည် ပရောဖက်ပြုချက်များ၌ မပါဝင်သည့် အသစ်သော အံ့သြဖွယ်အမှု၊ ဣသရေလအပြင်ရှိ ပိုမိုသစ်လွင်သည့် အမှု၊ လူသားများ မည်သည့်အခါတွင်မျှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အမှုဖြစ်ကြောင်းကို လူများက မသိကြပေ။ သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သောအမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများ မည်သို့ ပါဝင်နိုင်မည်နည်း။ မည်သူသည် ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမျှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် ထိုစာအုပ်ထဲ၌ ယခုကဲ့သို့ ပိုမို ကြီးမြတ်ပြီး ပို၍ ဉာဏ်ပညာရှိကာ၊ အစဉ်အလာကို အာခံသည့် အမှုကို မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ ယနေ့အမှုသည် သမိုင်းမဟုတ်ပေ၊ သို့ဖြစ်၍ သင်က ယနေ့၏လမ်းကြောင်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာမှ သွေဖည်ရမည်ဖြစ်သည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းကို ကျော်လွန်ပြီးသွားရမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို မှန်ကန်စွာ လျှောက်နိုင်မည် ဖြစ်သည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် လောကသစ်နှင့် အမှုသစ်ထဲကို ဝင်ရောက်နိုင်မည် ဖြစ်သည်။...ပိုမြင့်မားသည့် လမ်းခရီး ရှိနေသောကြောင့်၊ နိမ့်ကျပြီး ဟောင်းနေသည့် လမ်းခရီးကို အဘယ့်ကြောင့် လေ့လာနေသနည်း။ ပိုသစ်သည့် မိန့်မြွက်ချက်များနှင့် ပိုသစ်သည့်အမှု ရှိနေလျှင်၊ သမိုင်းမှတ်တမ်း အဟောင်းများအကြားတွင် အဘယ့်ကြောင့် နေထိုင်နေသေးသနည်း။ မိန့်ကြားချက် အသစ်များက သင့်ကို ပံ့ပိုးပေးနိုင်သည်၊ ဤအချက်က ယင်းသည် အမှုသစ် ဖြစ်ကြောင်းကို သက်သေပြနေသည်၊ မှတ်တမ်းအဟောင်းများက သင့်ကိုဆန္ဒ ပြည့်ဝစေနိုင်ခြင်း၊ သင်၏လက်ရှိ လိုအပ်ချက်များကို ဖြည့်ဆည့်းပေးနိုင်ခြင်း မရှိဘဲ၊ ၎င်းတို့သည် သမိုင်းဖြစ်ပြီး ယခုအချိန် ယခုနေရာ၏ အမှုမဟုတ်ကြောင်းကို သက်သေပြနေသည်။ အမြင့်ဆုံးလမ်းခရီးသည် အသစ်ဆုံးအမှုဖြစ်ပြီး၊ အမှုသစ်နှင့်ဆိုလျှင် အတိတ်က လမ်းခရီး မည်မျှပင် မြင့်မားခဲ့ပါစေ၊ ယင်းသည် လူများ ပြန်ပြောင်းတွေးတောသည့် သမိုင်းကြောင်းမျှသာ ဖြစ်ပြီး ရည်ညွှန်း ပြောဆိုချက်အဖြစ် ၎င်း၏တန်ဖိုးမှာ မည်သို့ပင်ရှိပါစေ၊ ယင်းသည် လမ်းခရီးဟောင်း ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းကို ‘သန့်ရှင်းသည့် ကျမ်းစာအုပ်’ ထဲ မှတ်တမ်းတင်ထားစေကာမူ၊ လမ်းခရီးဟောင်းသည် သမိုင်းဖြစ်သည်၊ ‘သန့်ရှင်းသည့် ကျမ်းစာအုပ်’ ထဲမှာ မည်သို့မျှ ရေးမှတ် မထားသော်လည်း၊ လမ်းခရီးသစ်သည် ယခုအချိန် ယခုနေရာမှာ ရှိနေ၏။ ၎င်းလမ်းခရီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည့် အတွက်ကြောင့်၊ သင့်ကို ကယ်တင်နိုင်ပြီး ဤလမ်းခရီးသည် သင့်ကို ပြောင်းလဲနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁))

ဤနေရာတွင် ငါ ရှင်းပြရန် ဆန္ဒရှိသည့် အချက်မှာ ဤသို့ဖြစ်သည်- ဘုရားသခင်၏ ဖြစ်ခြင်းနှင့် အရာအားလုံးသည် ထာဝရ မကုန်ခမ်းနိုင်သကဲ့သို့ အဆုံးမရှိဖြစ်သည်။ ဘုရားသခင်သည် အသက်နှင့် အရာခပ်သိမ်း၏ အရင်းအမြစ် ဖြစ်သည်။ သူ့ကို မည်သည့် ဖန်ဆင်းခံသတ္တဝါကမျှ နားမလည်နိုင်ပေ။ နောက်ဆုံးအနေနှင့်၊ အယောက်တိုင်းကို ငါ ဆက်လက်သတိပေးရမည်။ ဘုရားသခင်အား စာအုပ်များ၊ စကားလုံးများ၊ သို့မဟုတ် သူ၏ အတိတ်က မိန့်မြွက်ချက်များဖြင့် နောက်တစ်ဖန် ဘောင်မခတ်နှင့်။ ဘုရားသခင့်အမှု၏ ထူးခြားသော ပင်ကိုလက္ခဏာအတွက် စကားလုံးတစ်လုံးသာ ရှိသည်- အသစ်ဟူ၍ ဖြစ်၏။ သူသည် လမ်းဟောင်းများကို လျှောက်ရန် သို့မဟုတ် သူ၏ အမှု တစ်ကျော့ပြန်ရန် မနှစ်သက်ပေ။ ထို့အပြင် သူသည် လူတို့အား သူ့ကို နယ်ပယ်တစ်ခုအတွင်း ဘောင်ခတ်ခြင်းအားဖြင့် မကိုးကွယ်စေချင်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိဂုံးအမှာစကား)

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော် တွေဟာ အားလုံးကို ရှင်းလင်းသွားစေတယ် မဟုတ်လား။ သမ္မာကျမ်းဟာ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော် ခေတ်အတွင်းမှာ ပြုလုပ်တဲ့ ဘုရားအမှုတော် အဆင့်နှစ်ဆင့်ရဲ့ မှတ်တမ်းတစ်ခုပါပဲ။ ဒါဟာ သမိုင်းမှတ်တမ်းစာအုပ်ဖြစ်ပြီး ဘုရားသခင်ရဲ့ အမှုတော်နဲ့နှုတ်ကပတ်တော် တွေအားလုံးကို လုံးဝကိုယ်စားမပြုနိုင်ဘူး။ ဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်ပြီး လူ့အသက်ရဲ့ ဇာစ်မြစ် ဖြစ်တယ်။ သူဟာ ထောင်စုနှစ်ချီကြာ ပြောဆိုလုပ်ကိုင်နေခဲ့ တာပါ၊ သူဟာ လူသားမျိုးနွယ်အတွက် မကုန်ခမ်းနိုင်တဲ့ အာဟာရရဲ့ဇာစ်မြစ်လည်း ဖြစ်ပြီး ကျွန်တော်တို့ကို ရှေ့ကိုသွားဖို့ အမြဲဦးဆောင်နေ တယ်။ သူ့ရဲ့နှုတ်ကပတ်တော်တွေဟာ အသက်ရေတွေရဲ့ စမ်းဝဖြစ်ပြီး အမြဲစီးဆင်းနေတယ်။ ဘုရားသခင်ရဲ့ အမှုတော်နဲ့နှုတ်ကပတ်တော်တွေကို ကျမ်းစာက ကန့်သတ်ထားဖို့ မပြောနဲ့၊ ဘယ်သူ၊ ဘယ်အရာကမှ မဆွဲထားနိုင်ပါဘူး။ သူ့ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်နဲ့ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေအပေါ် မူတည်ပြီး သူဟာ စကားပိုပြီးပြောတာနဲ့ အလုပ်အသစ်တွေ လုပ်ဆောင်တာကို ဘယ်တော့မှ မရပ်ခဲ့ပါဘူး။ သမ္မာကျမ်း လုံးဝမရှိတဲ့ ပညတ်တော်ခေတ်မှာ ကမ္ဘာပေါ်က လူသားမျိုးနွယ်တွေရဲ့ အသက်တာကို လမ်းပြပေးဖို့ ယေဟောဝါဘုရားသခင်ဟာ ပညတ်ထုတ်ခဲ့ တယ်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ဓမ္မဟောင်းကျမ်းဘောင်ကို ကျော်လွန်ပြီး နောင်တ တရားလမ်းကို ဟောပြောရင်း ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့တယ်။ နောက်ဆုံးသောကာလမှာတော့ အနန္တတန်ခိုးရှင် ဘုရားသခင် ကြွလာပြီး ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို စဆောင်ရွက်နေတယ်။ တံဆိပ်ခုနစ်ချက်နဲ့စာစောင်ကို သူဖွင့်လိုက်ပြီး လူသားမျိုးနွယ်ကို သန့်စင်စေပြီး အပြည့်အဝ ကယ်တင်ပေးတဲ့ သမ္မာတရားအားလုံးကို ဖော်ပြနေတယ်။ ဒါဟာ ကျေးဇူးတော်ခေတ်က ရွေးနုတ်ခြင်းအမှုရဲ့ အခြေခံအုတ်မြစ်ပေါ်မှာ ပြုလုပ်တဲ့ ပိုမြင့်တဲ့အလုပ် အဆင့်အသစ်ပါ။ ဒါဟာ ပိုသစ်ပြီး ပိုလက်တွေ့ကျတဲ့အလုပ်ဖြစ်သ လို သမ္မာကျမ်းထဲမှာ ကြိုတင်ပါလာဖို့ လုံးဝမဖြစ် နိုင်ဘူး။ ဒီဟာကနေ တွေ့နိုင်တာက ဘုရားရဲ့အမှုတော်ဟာ အမြဲအသစ်ဖြစ်နေပြီး ဟောင်းသွားခြင်းမရှိသလို ရှေ့ကို အမြဲသွားနေပြီး လုံးဝထပ်မကျော့တာပါပဲ။ သူ့ရဲ့အမှုတော်အသစ်ဟာ သမ္မာကျမ်းထဲမှာ ပါတာထက် ကျော်လွန်ပြီး လူသားတွေကို လမ်းကြောင်းအသစ်နဲ့ ပိုမြင့်တဲ့ သမ္မာတရားတွေ ပေးတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ယုံကြည်မှုဟာ သမ္မာကျမ်းတစ်ခုတည်းအပေါ် အခြေခံလို့မရ သလို ဘုရားသခင်ရဲ့ အမှုတော်နဲ့နှုတ်ကပတ်တော် အားလုံးဟာ သမ္မာကျမ်းထဲမှာပါတယ်လို့လည်း လုံးဝပြောလို့မရပါဘူး။ လက်ရှိဘုရားနှုတ်ကပတ်တော်တွေရဲ့ အာဟာရနဲ့ဦးဆောင်လမ်းပြမှုကို ရရှိဖို့အတွက် ကျွန်တော်တို့အနေနဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ကို ရှာဖွေ ပြီး ဘုရားအမှုတော်ရဲ့ ခြေလှမ်းတွေနောက်ကို အမီလိုက်ရမှာပါ။ ဗျာဒိတ်ကျမ်းထဲမှာ ပြောထားသလိုပါပဲ၊ “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။(ဗျာဒိတ်ကျမ်း ၁၄:၄) ဒီလူတွေဟာ နောက်ဆုံးသောကာလမှာ သိုးသငယ်ရဲ့မင်္ဂလာစားပွဲကို တက်ရောက်နိုင်ပြီး ဘုရားရဲ့ကယ်တင်ခြင်းကို ရရှိနိုင်ကြတဲ့ ပညာသတိရှိတဲ့ သတို့သမီးတွေပါပဲ။

အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သူ့ရဲ့ နောက်ဆုံး သောကာလ တရားစီရင်ခြင်းအမှုကို ဆောင်ရွက် နေတာ နှစ် ၃၀ ရှိပါပြီ၊ သန်းနဲ့ချီတဲ့နှုတ်ကပတ်တော်တွေကိုလည်း သူဖော်ပြပြီးဖြစ်တယ်။ သူမိန့်မြွက်ချက်တွေဟာ များပြားလှပြီး အကုန်စုံလင်ပါတယ်။ သူတို့ဟာ သမ္မာကျမ်းရဲ့ နက်နဲရာတွေနဲ့အတူ ဘုရားရဲ့ အနှစ် ၆,၀၀၀ ကြာ စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ နက်နဲရာအားလုံးကို ဖော်ထုတ်ပြသပေးတယ်။ အဲဒီအထဲမှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲဖို့ သူ့ရဲ့ ရည်ရွယ်ချက်တွေ၊ လူသားတွေကို စာတန် ဘယ်လိုဖောက်ပြန်စေတာ တွေ၊ စာတန်ရဲ့အင်အားစုတွေကနေ လူသားတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဘုရားသခင် ဘယ်လို ကယ်တင်တာတွေ၊ ဘုရားသခင်ဟာ စမ်းသပ်မှုတွေနဲ့ စစ်ဆေးမှုတွေ ကနေတစ်ဆင့် လူသားမျိုးနွယ်ကို ဘယ်လို သန့်စင်ပေးပြီး လူသားကို သန့်ရှင်းအောင် ဘယ်လိုလုပ်ပေးတာတွေ၊ နောက်ဆုံးသောကာလက သူ့တရားစီရင်ခြင်းအမှု ရဲ့ အဓိပ္ပာယ်နဲ့ လူ့ဇာတိခံယူမှုတွေရဲ့ နက်နဲရာတွေ အပြင် သူ့ရဲ့နာမတော်တွေ၊ သမ္မာကျမ်းရဲ့ တကယ့်ဇာတ်လမ်း၊ လူတွေရဲ့အဆုံးသတ်မျိုးစုံ၊ လူသားမျိုးနွယ်ရဲ့ နောက်ဆုံးပန်းတိုင်နဲ့ ခရစ်တော်ရဲ့နိုင်ငံတော်ဟာ ကမ္ဘာပေါ်မှာ ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတဲ့အကြောင်းတွေ ပါဝင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူသားမျိုးနွယ် ဖောက်ပြန်ပျက်စီးမှုရဲ့ အမှန်တရားနဲ့ သူတို့ရဲ့ ဘုရားကိုဆန့်ကျင်ပြီး ဆိုးယုတ်တဲ့သဘာဝ ကိုလည်း တရားစီရင်ပြီး ဖော်ထုတ်တယ်။ အပြစ်ကနေ လွတ်ပြီး ဘုရားရဲ့ အပြည့်အဝ ကယ်တင်တာ ခံရနိုင်မဲ့ လမ်းကြောင်းကို သူပြပေးတယ်။ ပြောရရင် စစ်မှန်စွာနောင်တရနည်းတို့၊ ဇာတိပကတိကို စွန့်လွှတ်နည်းနဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နည်းတို့၊ ရိုးသားတဲ့လူဖြစ် နည်းတို့၊ ဘုရားရဲ့အလိုတော်ကို လုပ်ဆောင်နည်းတို့၊ ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နည်း တို့၊ ဘုရားကို သိရှိနည်းနဲ့ ကျိုးနွံနာခံနည်း၊ ဘုရားကို ချစ်နည်းနဲ့ တခြားအရာတွေပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော် တွေဟာ ပညတ်တော်ခေတ်နဲ့ကျေးဇူးတော်ခေတ်တွေက ဘုရားနှုတ်ကပတ်တော်တွေထက် ပိုများပြားပြီး မြင့်မားသလို အားလုံးဟာ ဘုရားရဲ့ကယ်တင်ခြင်းကို ရရှိဖို့ ကျွန်တော်တို့မှာ ရှိထားရမဲ့ သမ္မာတရားတွေပါပဲ။ သူတို့ဟာ အင်မတန်မျက်စိပွင့်စေပြီး ဖြည့်ဆည်း ပေးသလို၊ အရာရာတိုင်းမှာ လက်တွေ့လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ကို လမ်းကြောင်းတစ်ခု ချပေးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော် တွေထဲမှာ ကျွန်တော်တို့ရဲ့ရုန်းကန်မှုအားလုံးနဲ့ ကျွန်တော်တို့ရဲ့ယုံကြည်မှုနဲ့ပတ်သက်တဲ့ မေးခွန်း တွေအားလုံးအတွက် အဖြေအားလုံး ပါဝင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ် တော်သည် လူဇာတိ၌ ပေါ်လာ၏ဆိုတာဟာ နိုင်ငံတော်ခေတ်အတွက် သမ္မာကျမ်းဖြစ်ပြီး၊ နောက်ဆုံးသောကာလမှာ လူသားတွေအတွက် ဘုရားသခင်ပေးတဲ့ ထာဝရအသက်လမ်း ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော် တွေကို စားသောက်ပြီး လက်တွေ့လုပ်ဆောင်ခြင်း နဲ့ သူ့နှုတ်ကပတ်တော်တွေကနေတစ်ဆင့် တရားစီရင်၊ ဆုံးမခံရခြင်းအပြင် သမ္မာတရား တချို့ကို နားလည်ခြင်းတို့နဲ့ ဘုရားရဲ့ ရွေးချယ်ခံလူတွေဟာ ဘုရားအပေါ် စစ်မှန်တဲ့နားလည်မှု ရရှိကြ တယ်။ ဖောက်ပြန်ပျက်စီးတဲ့ သူတို့စိတ်သဘောထားဟာ သန့်စင်သွားပြီး အတိုင်းအတာမျိုးစုံနဲ့ ပြောင်းလဲသွားတယ်။ သူတို့ဟာ နောက်ဆုံးမှာ အပြစ်ရဲ့ချည်နှောင်မှု ကနေ လွတ်မြောက်သွားပြီး စာတန်ကို အနိုင်ယူတဲ့ သက်သေကို ခံကြတယ်။ သူတို့ဟာ ကပ်ဘေးတွေမတိုင်ခင် ဘုရား အပြီးသတ်လုပ်ခဲ့တဲ့ အောင်မြင်သူတွေပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နာမတော်၊ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာကျမ်း ထဲမှာ မှတ်တမ်းတင်ထားခြင်းမရှိပေမဲ့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက သီးပွင့်တဲ့ အသီးအပွင့်၊ ရရှိတဲ့ရလဒ်စစ်စစ်တွေဟာ သမ္မာကျမ်းထဲက ပရောဖက်ပြုချက်တွေကို အပြည့်အဝစုံလင်စေတယ်။ ဘုရားရဲ့ ရွေးချယ်ခံရသူတွေ သက်သေခံထားတဲ့ ဗွီဒီယိုတွေနဲ့ ရုပ်ရှင်တွေ အခု အွန်လိုင်းပေါ်မှာ ရှိပါတယ်။ သူတို့ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပေါ်ထွန်းမှုနဲ့ အမှုတော်ကို ကမ္ဘာကြီးကို သက်သေခံနေကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော် တွေဟာ သိပ်တောက်ပတဲ့အလင်းရောင်တစ်ခုလို အရှေ့အရပ်ကနေ အနောက်အရပ်ကို အလင်းပေး ရင်း တစ်ကမ္ဘာလုံးကို ထွန်းလင်းစေတယ်။ စစ်မှန်တဲ့လမ်းခရီးကို စူးစမ်းရှာဖွေရင်း အနန္တတန်ခိုးရှင် ဘုရားသခင်ဆီ ခြေဦးလှည့်ကြ တဲ့ ကမ္ဘာအနှံ့က သမ္မာတရားချစ်သူတွေဟာ ပိုမိုများပြားလာနေပါတယ်။ ဒါဟာ လောကကို ရိုက်ခတ်နေပြီး ဘယ်အင်အားစု ကမှ မတားနိုင်တဲ့ လှိုင်းကြီးပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသလိုပေါ့၊ “တစ်နေ့တွင်၊ စကြဝဠာတစ်ခုလုံး ဘုရားသခင်ထံ ပြန်လာသောအခါတွင်၊ အာကာသတစ်လျှောက်လုံး သူ၏ အမှု ဗဟိုသည် သူ၏ မိန့်မြွက်ချက်များနောက်ကို လိုက်လိမ့်မည်။ အခြားတစ်နေရာရာတွင်၊ ဘုရားသခင်၏ မိန့်မြွက်ချက်များကို ရရှိဖို့ အချို့လူများက ဖုန်းကို အသုံးပြုကြလိမ့်မည်၊ အချို့က လေယာဉ်ပျံ စီးကြလိမ့်မည်၊ အချို့က ပင်လယ်ဖြတ်ကာ လှေစီးကြလိမ့်မည်ဖြစ်ပြီး၊ အချို့သည် လေဆာကို အသုံးပြုကြလိမ့်မည်။ အယောက်တိုင်းသည် ချစ်ခင်ကြင်နာ ကြလိမ့်မည်ဖြစ်ပြီး၊ တမ်းတခြင်းနှင့် ပြည့်ကြလိမ့်မည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်ဆီသို့ တိုးဝင်ချဉ်းကပ်လာကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ဆီသို့ စုရုံးကြလိမ့်မည်ဖြစ်ကာ အားလုံးသည် ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည်- ပြီးလျှင် ဤအရာ အားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ ဖြစ်လိမ့်မည်။ ဤအရာကို အောက်မေ့လော့။ ဘုရားသခင်သည် အခြား တစ်နေရာရာ၌ နောက်တစ်ဖန် ဧကန်မုချ မည်သည့်အခါတွင်မျှ စတင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအချက်အား ပြီးမြောက်စေမည် ဖြစ်သည်- သူသည် စကြဝဠာ တစ်လျှောက်လုံးရှိ လူအားလုံးကို သူ့ရှေ့မှောက်သို့ လာစေကာ ကမ္ဘာကြီးပေါ်၌ ဘုရားသခင်ကို ကိုးကွယ်စေလိမ့်မည်ဖြစ်ပြီး၊ အခြားနေရာများရှိ သူ၏ အမှုသည် ရပ်စဲလိမ့်မည်ဖြစ်ကာ လူများသည် မှန်ကန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ယင်းသည် ယောသပ်ကဲ့သို့ ဖြစ်လိမ့်မည်- သူထံ၌ စားစရာများ ရှိသည့်အတွက်၊ အယောက်တိုင်းသည် အစားအစာအတွက် သူ့ထံလာကြပြီး သူ့ရှေ့၌ ဦးညွှတ်ကြသည်။ ငတ်မွတ်ခေါင်းပါးခြင်းကို ရှောင်ရှားဖို့ရန်အလို့ငှာ၊ လူများသည် မှန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ဘာသာရေးအသိုင်းအဝိုင်း တစ်ခုလုံးသည် ပြင်းထန်သော ငတ်မွတ်ခေါင်းပါးခြင်းကို ခံစားရလိမ့်မည်ဖြစ်ပြီး၊ ယနေ့၏ ဘုရားသခင် တစ်ပါးတည်းသာ အသက်စမ်းရေတွင်း ဖြစ်သည်၊ လူ၏ မွေ့လျော်မှုအတွက် ထောက်ပံ့သည့် အစဉ်စီးဆင်းသော စမ်းရေတွင်းကို ပိုင်ဆိုင်ကာ လူများသည် သူ့ထံလာပြီး မှီခိုကြလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ ထုတ်ဖော်ပြခံရကာ ဘုရားသခင် ဘုန်းအသရေရရှိသည့် အချိန် ဖြစ်လိမ့်မည်။ စကြဝဠာ တစ်လျှောက်ရှိ လူအားလုံးသည် ဤသာမည ‘လူသား’ ကို ကိုးကွယ် ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက် ဖြစ်လိမ့်မည် မဟုတ်ပေလော။...နိုင်ငံတော်တစ်ခုလုံး ဝမ်းမြောက်သည့် အချိန်သည် ဘုရားသခင် ဘုန်းအသရေနေ့ရက် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်တို့ထံလာပြီး ဘုရားသခင်၏ သတင်းကောင်းကို ရရှိသူမည်သူမဆို ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရလိမ့်မည်။ ပြီးလျှင် ထိုသို့လုပ်ဆောင်သော နိုင်ငံများနှင့် လူများသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းနှင့် ဂရုစိုက်ခြင်းကို ခံရကြလိမ့်မည်။ အနာဂတ် ဦးတည်ချက်များက ထိုသို့ ဖြစ်လိမ့်မည်- ဘုရားသခင်၏ နှုတ်မှ မိန့်မြွက်ချက်များကို ရရှိသူများသည် ကမ္ဘာမြေပေါ်၌ လျှောက်လှမ်းဖို့ လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး စီးပွားရေးသမားများဖြစ်စေ၊ သိပ္ပံပညာရှင်များဖြစ်စေ၊ ပညာသင်ကြားပေးသူများဖြစ်စေ၊ စက်မှုလုပ်ငန်းရှင်များဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိသောသူတို့သည် ခြေလှမ်းတစ်လှမ်း လှမ်းဖို့ပင် ခက်ခဲသည့်အချိန် ရှိလိမ့်မည်ဖြစ်ပြီး၊ မှန်ကန်သော လမ်းခရီးကို ရှာဖွေဖို့ တွန်းအားပေးခံရလိမ့်မည်။ ဤသည်မှာ၊ ‘သမ္မာတရားနှင့်အတူ လောကတစ်ခွင်လုံးကို သင် လျှောက်လှမ်းလိမ့်မည်၊ သမ္မာတရား မရှိပါက၊ မည်သည့်နေရာကိုမျှ ရောက်မည်မဟုတ်။’ ဟု ဆိုလိုသည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ) နိုင်ငံတော်ခေတ်ဟာ နှုတ်ကပတ်တော်ခေတ်ဖြစ် တယ်။ လူသားမျိုးနွယ်ကို သိမ်းပိုက်ပြီး သန့်စင်၊ ကယ်တင်ဖို့ ဘုရားသခင်ဟာ သူ့ရဲ့နှုတ်ကပတ် တော်တွေကို အသုံးပြုပြီး အောင်မြင်သူလူတစ်စုကို အပြီးသတ် ဖွဲ့စည်းခဲ့တယ်။ ဒါဟာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဩဇာအာဏာနဲ့တန်ခိုးကို အပြည့်အဝပြသတယ်။ ဒါပေမဲ့ ဘာသာရေးလောကဟာ သမ္မာကျမ်းကို ဖက်တွယ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်မှုနဲ့ သန့်စင်ပေးမှုတွေကို လက်ခံဖို့ ငြင်းဆန်တယ်။ ဒီလူတွေဟာ အပြစ်လုပ်လိုက်၊ ဝန်ခံလိုက်၊ အပြစ်ပြန်လုပ်လိုက်ဆိုတဲ့ သူတို့ရဲ့ဘဝဟောင်းထဲ မှာ ပိတ်မိနေပြီး ဘုရားအမှုတော်ကနေတစ်ဆင့် သုတ်သင်ခံရပြီး ဖြစ်တဲ့အပြင် ကပ်ဘေးတွေထဲ ကျရောက်ပြီး အံသွားခဲကြိတ် ငိုနေကြရတယ်။ သခင် မိုးတိမ်စီးကြွလာပြီး ထာဝရအသက်အ တွက် ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်သွားပေး ဖို့ သူတို့ စောင့်နေကြတုန်းပဲ။ ဒါဟာ စိတ်ကူးယဉ်တာပဲ မဟုတ်လား။ သခင်ယေရှု ပြောခဲ့သလိုပါပဲ၊ “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။(ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀) သမ္မာကျမ်းကို ဖက်တွယ်နေသူတွေဟာ သမ္မာတရားတို့၊ အသက်တို့ ရမှာ မဟုတ်ဘူး။ ခရစ်တော်ကို ယုံကြည်ပြီး သူ့နောက်ကိုလိုက်ရင် ကျိုးနွံနာခံတဲ့သူတွေကသာ သမ္မာတရားနဲ့ အသက်ကို ရရှိကြမှာဖြစ်တယ်။ နောက်ဆုံးသောကာလရဲ့ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ယခုအခါမှာ လူသားမျိုးနွယ်ကို သန့်စင်ပြီး အပြည့်အဝ ကယ်တင်ဖို့ သမ္မာတရားတွေကို ဖော်ပြလျက်ရှိ တယ်။ သမ္မာတရားနဲ့အသက်ကို လိုချင်ရင် ကျွန်တော်တို့အနေနဲ့ သမ္မာကျမ်းဘောင်ထဲက ထွက်ပြီး ဘုရားရဲ့ခြေလှမ်းတွေကို အမီလိုက်ရ မယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်မှုနဲ့ သန့်စင်ပေးမှုကို လက်ခံပြီး ကျိုးနွံနာခံရပါမယ်။ အဲဒါဟာ အပြစ်က လွတ်ပြီး ဘုရားရဲ့ အပြည့်အဝကယ်တင်တာရဖို့ တစ်ခုတည်းသော နည်းပါ။ ကပ်ဘေးတွေကနေ ဘုရားရဲ့ကာကွယ်ပေးတာခံရ ဖို့နဲ့ သူ့နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ တစ်ခုတည်းသောနည်းပါ။ သမ္မာကျမ်းကို လက်မလွှတ်ဘဲ ဘုရားသခင်ရဲ့ အတိတ်က အမှုတော်နဲ့နှုတ်ကပတ်တော်တွေမှာ ပိတ်မိနေပြီး နောက်ဆုံးသောကာလမှာ ဘုရားပေးသနားတဲ့ သမ္မာတရားလမ်းခရီးကို လက်ခံဖို့ ငြင်းဆန်သူတွေ ဟာ လူသားမျိုးနွယ်ကို အပြည့်အဝကယ်တင်မဲ့ ဘုရားရဲ့အမှုတော်နဲ့ လုံးဝလွဲချော်သွားမှာ ဖြစ်ပြီး ကပ်ဘေးတွေထဲကိုပဲ ကျရောက်ပြီး အပြစ်ဒဏ် ပေးခံရမှာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသလိုပါပဲ၊ “ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားညှာတာမှု မပြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်နှုတ်ကပတ် တော်တစ်ပိုဒ်နဲ့ ကျွန်တော်တို့ အဆုံးသတ်ကြရ အောင်၊ “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် အတွေးအမြင်နှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကယ်တင်ရှင်သည် သူ ကြွလာချိန်တွင် လူသားမျိုးနွယ်ကို မည်သို့ကယ်တင်သနည်း

ကယ်တင်ရှင်အကြောင်း ဆွေးနွေးတဲ့အခါ နောက်ဆုံးသော ကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကမ္ဘာမြေကို သူ ကြွလာဖို့ သေချာတယ်လို့ ယုံကြည်သူအားလုံးက...

စစ်မှန်သည့် ခရစ်တော်နှင့် ခရစ်တော် အယောင်ဆောင်များကို ပိုင်းခြားသိမြင်ခြင်း

ဒီနေ့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော် အယောင်ဆောင်တွေကို ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါက ဘုရားအပေါ်...

ကျွန်ုပ်တို့ အပြစ်တွေခွင့်လွှတ်ခြင်းခံရသည်— သခင်သည် သူပြန်ကြွလာသောအခါ သူ၏နိုင်ငံတော်အတွင်းသို့ ကျွန်ုပ်တို့ကို တန်းတန်းမတ်မတ်ခေါ်ဆောင်မည်လော

ကပ်ဘေးတွေက ပိုပြီး ဖြစ်လာနေပါတယ်၊ ယုံကြည်သူတွေအားလုံးကလည်း ကယ်တင်ရှင်ကြွလာတာကို စိတ်ထက်ထက်သန်သန်နဲ့ စောင့်မျှော်နေကြတယ်။ သခင်နဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။