သခင်သည် အမှန်တကယ် မိုးတိမ်စီးလျက် ပြန်လာမည်လော

07.12.2021

ကျွန်မတို့ဟာ ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု တွေ့နေရပြီး ကပ်ရောဂါတွေကလည်း ကမ္ဘာအနှံ့ ဖြစ်ပွားနေပါတယ်။ မိုးတိမ်စီးလို့ သခင်ပြန်ကြွလာပြီး သူတို့ကို ကောင်းကင်ဆီ ဆောင်ယူသွားဖို့၊ ဒီမှောင်မိုက်လောကနဲ့ ကပ်ဘေးတွေကနေ သူတို့ကို ကယ်တင်ပြီး ကောင်းကင်နိုင်ငံတော် ဆီ ခေါ်သွားဖို့ ယုံကြည်သူတွေက အရေးတကြီး စောင့်နေကြတယ်။ သူတို့ဟာ မိုးတိမ်စီးလာတဲ့သခင်ကို မြင်ရဖို့ စောင့်နေရင်း ကောင်းကင်ကို မော့ကြည့်ပြီး အဆက်မပြတ်ဆုတောင်းနေကြတယ်။ သခင်ကြွလာတဲ့အခါ ကပ်ဘေးထဲ သူတို့ပစ်ပယ်ခံရမှာကို ကြောက်တာကြောင့် မျက်နှာတောင် မလွှဲရဲကြဘူး။ ဒါပေမဲ့ ကပ်ဘေးဒုက္ခတွေ ကျရောက်လာခဲ့ပေမဲ့ ကောင်းကင်ပေါ်က ဆင်းလာတဲ့ သခင်ယေရှုကို သူတို့ မကြိုဆိုရသေးတာကို တွေ့ရတော့ ယူကျုံးမရဖြစ်နေကြရစေတယ်။ သခင်ယေရှုက တကယ်ပဲ လာရောလာမှာလားလို့ စဉ်းစားနေသူတွေက လည်း အများကြီးရှိတယ်။ သခင်က သူတို့ကို ကပ်ဘေးတွေထဲ ပို့လိုက်တာများလားလို့ တချို့က ထင်ပြီး စိတ်မအေးဖြစ်နေကြတယ်။ ဘာလုပ်ရမှန်း မသိတော့ သင်းအုပ်ဆရာအများအပြားက သူတို့ရဲ့ ဇာတ်လမ်းကို ပြောင်းပြီး သခင်က ကပ်ဘေးတွေ ဖြစ်နေချိန်မှာ လာမယ်၊ ဒါမှမဟုတ် ကပ်ဘေးတွေဖြစ်ပြီးချိန်မှာ လာမယ်လို့ ပြောကြပြန်တယ်။ တချို့ကဆိုရင် သခင်ဟာ ၂၀၂၈ ခုနှစ်၊ ဒါမှမဟုတ် ၂၀၃၀ ခုနှစ်မှာ လာမယ်လို့တောင် ပြောရဲကြတယ်။ ဒီကျမ်းစာဖွင့်ဆိုချက်တွေဟာ ယုံကြည်သူတွေကို ကပ်ဘေးတွေထဲ ကျရောက် စေနိုင်ပေမဲ့၊ အားလုံးက အဆင်ပြေနေတယ်လို့ ယုံကြည် စိတ်ချမှုတော့ ရှိကြတယ်။ သူတို့ ယုံကြည်လာခဲ့တာ ဘယ်လောက်ပဲ ကြာနေပါစေ၊ ဒါမှမဟုတ် သူတို့ ဘယ်လောက်ပဲ ကြိုးစားလုပ်ခဲ့ပါစေ သခင်ကို သူတို့မကြိုဆိုကြရသေးဘူး။ ဒါဟာ ဘယ်လောက်ခက်ခဲမယ်ဆိုတာ ကျွန်မတို့ အနေနဲ့ တွေးကြည့်လို့ရတယ်။ သမ္မာကျမ်းစာထဲမှာ ဘာပြောထားတယ်ဆိုတာ ကို ယုံကြည်ခြင်းရှိသူအားလုံး သိကြတယ်၊ အံသွားခဲကြိတ်ငိုကြွေးရင်း ကပ်ဘေးထဲ ကျရောက်ရတာဟာ ရှက်စရာအမှတ်အသား ဖြစ်ပြီး၊ ကိုယ့်ယုံကြည်မှုမှာ အောင်မြင်သလား၊ ကျဆုံး သလားကို ကပ်ဘေးတွေမတိုင်ခင် သခင့်ကို ကြိုဆိုခြင်းရှိမရှိက သတ်မှတ်ပေးတယ်ဆိုတာ ကိုရောပေါ့။ ဒါဆိုရင် ဘာဖြစ်လို့ ဘာသာရေးလောကထဲက လူတွေဟာ သခင့်ကို မကြိုဆိုလိုက်ရဘဲ ကပ်ဘေးတွေထဲကို ကျရောက်သွားကြတာလဲ။ သခင်ဟာ သစ္စာမရှိတာကြောင့်များလား၊ ဒါကြောင့် သူ အခုထိ မပေါ်လာသေးတာလား။ လုံးဝမဟုတ်ပါဘူး။ ဘာသာရေးလောကက သခင့်ကို မကြိုဆိုရသေး တာဟာ သခင်မကြွလာသေးဘူးလို့ အဓိပ္ပာယ် မရောက်ပါဘူး။ အမှန်တကယ်ဆို လူ့ဇာတိကို သူပြန်ကြွလာတာ ကြာနေပြီဖြစ်တဲ့အပြင် လူသားအနေနဲ့ ပေါ်ထွန်း လာပြီး အမှုပြုနေပါတယ်။ ဂိုဏ်းဂဏအားလုံးက လူအများအပြားဟာ ဘုရားသခင်ရဲ့အသံတော်ကို ကြားခဲ့ကြပြီး သခင့်ကို ကြိုဆိုခဲ့ကြတယ်။ ဒါပေမဲ့ မိုးတိမ်စီးပြီး သခင်ကြွလာမယ်ဆိုတဲ့ အယူအဆကို ဖက်တွယ်ထားတဲ့ ဘာသာရေး လောကက လူတွေကတော့ သခင့်ကို မကြိုဆိုကြရသေးဘူး။ ၁၉၉၁ တုန်းက အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပေါ်ထွန်းလာ ခြင်းနဲ့ အမှုတော်ကို စတင်သက်သေခံခဲ့တယ်။ သူတို့ဟာ ဆယ်စုနှစ် သုံးခုလုံး အဲဒါကို သက်သေခံလာခဲ့တာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သန်းနဲ့ချီတဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး ဂိုဏ်းဂဏအားလုံးက သမ္မာတရားကို ချစ်တဲ့လူတွေဟာ သူ့ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြီးပြီဖြစ် သလို အဲဒါတွေကို သမ္မာတရားစစ်စစ်အနေနဲ့ လက်ခံခဲ့ကြတယ်၊ သူတို့ဟာ ဘုရားသခင်ရဲ့အသံတော်ကို ကြားနေရတယ်ဆိုတာ သဘောပေါက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရှေ့မှောက်ကို တိုးဝင်လို့ သခင့်ကို ကြိုဆိုကြတယ်။ ‌အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြခဲ့တဲ့ သမ္မာတရားတွေဟာ အွန်လိုင်းမှာ ရှိနေတာ ကြာပါပြီ၊ ဒါတွေဟာ အရှေ့အရပ်ကနေ အနောက်အရပ်ကို သိပ်တောက်ပတဲ့အလင်းရောင်တစ်ခုလို အလင်းပေးပြီး တစ်ကမ္ဘာလုံးကို ထွန်းလင်းစေ ပါတယ်၊ ဒါဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို အပြည့်အဝစုံလင်စေတာပါ၊ “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ဟာ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွား စေပေမဲ့၊ ဘာသာရေးလောကရဲ့ အန္တိခရစ်အင်အားစုတွေ ကတော့ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့အမှုတော်ကို ကြည့်တောင်မကြည့်ဘဲ အရှေ့အရပ်မှ လျှပ်ပြက် ခြင်းကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချကြရင်း ဆန့်ကျင်ကြ တယ်။ သူတို့ရဲ့ တစ်ခုတည်းသောအခြေအမြစ်ဟာ မိုးတိမ်စီးပြီး မကြွလာတဲ့ ဘယ်သခင်ယေရှု မဆိုဟာ အယောင်ဆောင်ဖြစ်တယ်၊ လူ့ဇာတိခံပြီး ကြွလာတဲ့သခင်ဟာ အယောင်ဆောင်ခရစ်တော်ဖြစ်မယ်ဆိုတာပါပဲ။ ဘာသာရေးလောကဟာ သခင့်ကို မကြိုဆိုကြဘဲ ကပ်ဘေးထဲ ကျရောက် သွားတာကို ကျွန်မတို့အားလုံး တွေ့နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သခင်ယေရှု ကို ကြိုဆိုဖို့ သူ့ရဲ့ပရောဖက်ပြုချက်တွေနောက် ကို မလိုက်ဘဲ သူတို့ရဲ့ကိုယ်ပိုင်အယူအဆတွေနောက်သာ လိုက်ပြီး သခင်ဟာ မိုးတိမ်စီးပြီး ပြန်ကြွလာမှဖြစ်မယ်လို့ စိတ်ကူးပေါက်ရာ ဆုံးဖြတ်ကြလို့ပါပဲ။ သခင့်ရဲ့နှုတ်ကပတ်တော်တွေကို လက်တွေ့ မလုပ်ဆောင်ပါဘဲနဲ့ သခင်ကြွလာပြီး သူတို့ကို ကောင်းကင်နိုင်ငံတော်ထဲ တန်းခေါ်သွားဖို့ သူတို့ စောင့်မျှော်နေကြတယ်။ သခင့်ကို ကြိုဆိုတာမျိုးလို အရေးကြီးတဲ့ကိစ္စမှာ ဒီလောက်ဆိုးရွားတဲ့အမှားမျိုး လုပ်တာဟာ ချီဆောင်ခံရဖို့ သူတို့ရဲ့အခွင့်အရေးကို ဆုံးရှုံးတာလို့ ဆိုလိုတာပါပဲ။ နောက်ဆုံးမှာ သူတို့ဟာ အံသွားခဲကြိတ်ငိုကြွေး ရင်း ကပ်ဘေးတွေထဲ ကျရောက်ကြရမှာပါ။ ဒါဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို စုံလင်စေတာပါပဲ၊ “ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။(ဟောရှေ အနာဂတ္တိကျမ်း ၄:၆)

သခင်ယေရှုဟာ မိုးတိမ်စီးလို့ ကြွလာသလား၊ ဒါမှမဟုတ် လူ့ဇာတိခံထားတဲ့လူသားအနေနဲ့ အမှုပြုဖို့ ပေါ်ထွန်းလာသလား သိရဖို့ ကျွန်မတို့အနေနဲ့ ပထမဆုံး စိတ်အေးအေးထား ပြီး သခင်ယေရှုရဲ့ ဒုတိယအကြိမ်လာခြင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ပရောဖက်ပြုချက်တချို့ကို လေးလေးနက်နက်စဉ်းစားရပါမယ်။ ဒါဆို ကျွန်မတို့ အကြီးအကျယ်ဉာဏ်ပွင့်သွား မှာဖြစ်ပါတယ်။ ကျမ်းပိုဒ်တချို့ကို ကြည့်ကြရအောင်။ “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇)ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၄၄)လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၃၇)သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ထို့ကြောင့် စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင် မသိရ။(ဗျာဒိတ်ကျမ်း ၃:၃)ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။(ဗျာဒိတ်ကျမ်း ၁၆:၁၆)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) ကျွန်မတို့အနေနဲ့ ဒါတွေကို လေးလေးနက်နက် သုံးသပ်ကြည့်ရင် သူပြန်လာခြင်းနဲ့ပတ်သက်တဲ့ သခင့်ရဲ့ပရောဖက်ပြုချက်တွေထဲမှာ “လူသား”၊ “လူသားသည် ကြွလာတော်မူလတ္တံ့”၊ “လူသားသည် ကြွလာလိမ့်မည်”၊ “လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့” ဆိုတာကို အမြဲထည့်ပြောတယ်၊ “လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။” သခင်ယေရှုဟာ “လူသားကြွလာခြင်း” ကို အကြိမ်ပေါင်းများစွာ ပြောခဲ့တာဖြစ်ပြီး နောက်ဆုံးသောကာလမှာ ကျွန်မတို့အနေနဲ့ သခင်ကို ကြိုဆိုဖို့အတွက် အဲဒါ သိပ်ကိုအရေးကြီးတယ်။ အဲဒီလိုဆိုရင် “လူသား” ဆိုတာ ဘာကို ဆိုလိုတာလဲ။ အဲဒါဟာ ဘုရားဝိညာဉ်တော်က လူသားအနေနဲ့ ဇာတိခန္ဓာဝတ်ဆင်ထားတာကို ရည်ညွှန်းတယ် ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံမှုအကြောင်းပဲ ဖြစ်နိုင်ပါတယ်။ သူဟာ “သူခိုးတစ်ယောက်လို” ပြန်လာ မယ်ဆိုတာကိုလည်း အကြိမ်ပေါင်းများစွာ သခင်က ပြောခဲ့တယ်။ “သူခိုးတစ်ယောက်လို” ဆိုတာ ဘာကို ဆိုလို တာလဲ။ ဆိုလိုတာက သခင်ဟာ တိတ်တိတ်ကလေး၊ လျှို့ဝှက်စွာလာမယ်၊ လူတွေ မသိတဲ့အချိန်မှာ၊ ဘုရားသခင်ဟာ လူသားအနေနဲ့ လူ့ဇာတိခံယူ ပြီး ဟောပြောဖို့နဲ့အမှုပြုဖို့ လျှို့ဝှက်စွာဆင်းလာ မှာပါ။ ကျွန်မတို့အနေနဲ့ သေချာတာက သခင်ဟာ နောက်ဆုံးသောကာလမှာ လူသားအနေနဲ့ ပြန်လာမှာဖြစ်ပြီး ကပ်ဘေးတွေမတိုင်ခင်၊ ဆိုလိုတာက လောကရဲ့အမိုက်မှောင်ဆုံးအချိန်မရောက်ခင် ဖြစ်ပွားမယ် ဆိုတာပါ။ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆) အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဟာ ၁၉၉၁ ခုနှစ်က စပြီး ယခု ၂၀၂၁ ခုနှစ်အထိ အနန္တတန်ခိုးရှင် ဘုရားသခင်ကို သက်သေခံနေခဲ့ပါတယ်။ အဲဒီနှစ်ပေါင်း ၃၀ တစ်လျှောက်မှာ CCP ရဲ့ သွေးရူးသွေးတန်းဖိနှိပ်၊ ဖမ်းဆီးပြီး ဒုက္ခပေး တာတွေကို ခံခဲ့ရတယ်။ CCP ဟာ သူ့ရဲ့ တစ်နိုင်ငံလုံးအနှံ့ရှိတဲ့ ဝါဒဖြန့်ယန္တရားတွေကိုတောင် အသုံးပြုခဲ့တယ်။ ဒီလိုနဲ့ ကမ္ဘာအနှံ့မှာ အရှေ့အရပ်မှ လျှပ်ပြက် ခြင်းက သက်သေခံနေတဲ့ “အနန္တတန်ခိုးရှင် ဘုရားသခင်”ဆိုတဲ့ နာမတော်က ပျံ့နှံ့သွားပြီး လူတိုင်း ရင်းနှီးတဲ့ ရပ်သိရွာသိနာမည်တစ်ခု ဖြစ်လာတယ်။ ဒါဟာ သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို စုံလင်စေတာပါပဲ၊ “ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဟာ အနန္တတန်ခိုးရှင် ဘုရားသခင်အကြောင်း နှစ်ပေါင်းများစွာ သက်သေခံပြီးတဲ့နောက် ဂိုဏ်းဂဏအားလုံးမှာရှိတဲ့ သမ္မာတရားကို ချစ်တဲ့လူတွေဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော် တွေကို ဖတ်ပြီး အဲဒါတွေကို သမ္မာတရားအဖြစ်၊ အသင်းတော်တွေအတွက် သန့်ရှင်းသောဝိညာဉ်တော်ရဲ့နှုတ်ကပတ်တော် တွေအဖြစ် လက်ခံပြီးအသိအမှတ်ပြုခဲ့ကြတယ်။ သူတို့ဟာ ဘုရားသခင်ရဲ့အသံတော်ကိုကြားပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပျော်ရွှင်စွာနဲ့ လက်ခံကြတယ်။ သူတို့ဟာ ဘုရားပလ္လင်တော်ရှေ့မှောက်ကို ချီမခံရပြီး သခင့်ရဲ့စားပွဲကို တက်ရောက်နေတဲ့ ပညာသတိရှိတဲ့ သတို့သမီးတွေပဲ ဖြစ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချလေ့ရှိခဲ့ပေမယ့် သူ့ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် အဆုံးမှာ ဘုရားအသံတော်ကို ကြားသွားပြီး ဘုရားရှေ့မှောက်ကို လာကြတဲ့သူတွေတောင် အများကြီးရှိပါတယ်။ အဲဒီအခါမှာ သူတို့အနေနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်ပြီး ပြစ်တင်ရှုတ်ချခဲ့ မိလို့ အကြီးအကျယ်နောင်တရကုန်ကြတယ်။ သိုးသငယ်ရဲ့မင်္ဂလာပွဲကို တက်ရောက်နေတဲ့ ပညာသတိရှိတဲ့ သတို့သမီးတွေဟာ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံး သောကာလမှာ လူသားရဲ့ ပေါ်ထွန်းလာမှု၊ ဆင်းသက်လာမှုဖြစ်တာကို သက်သေခံနေကြပါ တယ်။ ဒါပေမဲ့ ကျမ်းစာကို စာအတိုင်း ဖက်တွယ်နေပြီး မိုးတိမ်စီးကြွလာတဲ့ သခင်ကလွဲလို့ တခြားဘာကိုမှ လက်မခံတဲ့သူတွေဟာ ကပ်ဘေးထဲကို ကျဆင်းနေကြတဲ့ မိုက်မဲတဲ့ သတို့သမီးတွေပါ။ သူတို့ဟာ ကပ်ဘေးကြီးတွေ ပြီးတဲ့အခါ သခင်ယေရှု မိုးတိမ်စီးလို့ ပေါ်ထွန်းလာတာကို တွေ့ဖို့ပဲ စောင့်နေနိုင်ကြတယ်။ အဲဒီလူတွေ သခင်ကို မကြိုဆိုတဲ့ အဓိက အကြောင်းရင်းက သူတို့ဟာ လူတွေဆီကနေလာတဲ့ ကျမ်းစာပရောဖက်ပြုချက်တွေကိုသာ ယုံပြီး သခင်ယေရှုကိုယ်တိုင်ပြောတဲ့ ပရာဖက်ပြုချက် တွေကိုတော့ မယုံကြတာပါပဲ။ သူတို့ဟာ မိုးတိမ်စီးလာတဲ့သခင်ကိုပဲ လက်ခံကြ မှာပါ။ ဇာတိခန္ဓာနဲ့ ဘုရားသခင်က လူသားအဖြစ် ပေါ်ထွန်းလာပြီး အမှုပြုတဲ့အဖြစ်မှန်ကိုတော့ လက်မခံကြဘူး။ သူတို့ဟာ အင်မတန်လွဲမှားပြီး မိုက်မဲကြတယ်။ သခင်ဟာ သူပြန်လာမဲ့အကြောင်း ပြောတဲ့အ ခါ“လူသား” ဆိုတာကို အကြိမ်ပေါင်းများစွာ ထည့်ပြောခဲ့ပေမဲ့၊ “ဉာဏ်ထက်” ပြီး “ပညာသတိရှိ” တဲ့ သင်းအုပ်ဆရာနဲ့ ကျမ်းစာပညာရှင် အများအပြားဟာ လူသားဆိုတဲ့အယူအဆကို ရှုပ်ထွေးအောင် လုပ်ကြပြီး ကြီးလေးတဲ့အမှားကို ကျူးလွန်ထား ကြတယ်။ သူတို့ဟာ ကိုယ့်အတတ်နဲ့ ကိုယ်စူးကြတာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သမ္မာတရား များစွာကို ဖော်ပြခဲ့ပေမဲ့၊ သူတို့ဟာ ကိုယ်တော့် ကို လူသားအနေနဲ့မြင်ဖို့ ငြင်းဆန်နေကြတုန်းပဲ။ ဒါဟာ မျက်စိကန်းနေတာပဲ မဟုတ်လား။ ကိုယ်တော်ဟာ လူ့ဇာတိခံ ဘုရားသခင်မဟုတ် ရင် ဘယ်လိုလုပ်ပြီး သမ္မာတရားအများအပြား ကို ဖော်ပြနိုင်မှာလဲ။ မိုးတိမ်စီးပြီး ကြွဆင်းလာတဲ့ သခင်ယေရှုကိုပဲ လက်ခံနိုင်မယ်ဆိုတဲ့ အယူအဆကို သူတို့ ဖက်တွယ်ထားနေကြတုန်းပဲ။ ဒါကြောင့် သူတို့ဟာ ချီဆောင်ခံရမဲ့အခွင့်အရေး ကို ဆုံးရှုံးသွားပြီး ကပ်ဘေးထဲကို ကျဆင်းနေ ကြတာပါ။ ဒါဟာ ထာဝရနောင်တရစရာ ဖြစ်မှာပဲ။

သခင်ဟာ အမှုပြုဖို့အတွက် လူ့ဇာတိခံလူသားအနေနဲ့ ပြန်ကြွလာခဲ့တာကို ကျွန်မတို့အားလုံး တွေ့နိုင်ပါတယ်။ ဒါဟာ ဘယ်သူမှ မငြင်းနိုင်တဲ့ စောဒကတက် စရာ မရှိတဲ့ ဖြစ်ရပ်မှန်တစ်ခုပဲ။ ဒါပေမဲ့ လူအများကြီးက ဗျာဒိတ်ကျမ်း ၁:၇ မှာ ပါတဲ့ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူ သည် ဖြစ်၍” ဆိုတာကို မေးကြပြီး ဒါက သခင်ဟာ မိုးတိမ်စီးဆင်းလာမှာကို ဆိုလိုတယ်လို့ ထင်ကြတယ်။ မိုးတိမ်စီးပြီး သူကြွလာမယ်ဆိုတဲ့ စကားဟာ လူသားအဖြစ် သူကြွလာမယ်ဆိုတဲ့ စကားနဲ့ မဆန့်ကျင်နေဘူးလားပေါ့။ အဲဒီလိုထင်ရပေမယ့်၊ တကယ်တော့ ဒီမှာ ကွဲလွဲမှု လုံးဝမရှိပါဘူး။ လူသားတွေ နားလည်ရခက်ရုံသက်သက်ပါ။ ကျမ်းစာလာ ပရောဖက်ပြုချက်တိုင်းက လုံးဝစုံလင်သွားမှာပါပဲ။ ဒါပေမဲ့ လုပ်ငန်းစဉ်ရှိပြီး၊ အဆင့်တွေပါတယ်။ လူသားရဲ့ပေါ်ထွန်းမှုနဲ့ မိုးတိမ်စီးပြီး သခင်ကြွ လာမှုအတွက် ရှေ့နောက်ဖြစ်စဉ်တစ်ခုရှိတယ်။ ပထမဆုံးအနေနဲ့ သခင်ဟာ လူ့ဇာတိခံပြီး အမှုပြုဖို့ လျှို့ဝှက်စွာကြွလာမယ်၊ အဲဒီနောက်မှာ သူဟာ လူပုံအလယ်မှာ မိုးတိမ်စီးပြီး ပေါ်ထွန်းလာမယ်။ ဘာဖြစ်လို့ အဆင့်နှစ်ဆင့်နဲ့ ဖြစ်ရတာလဲ။ အဲဒီကြားအချိန်မှာ ဘာဖြစ်မှာလဲ။ အဲဒီအထဲမှာ နက်နဲမှုတွေ ရှိပါတယ်။ အရင်ဆုံး သခင်ယေရှုက ဘာကို ပရောဖက်ပြု ထားလဲ ကြည့်ကြရအောင်။ သခင်ယေရှု ပြောခဲ့သည်မှာ- “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇)ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။...သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃၊ ၂၇) ပြီးတော့ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇) သခင်ယေရှုရဲ့ပရောဖက်ပြုချက်တွေဟာ လုံးဝစုံလင်နေပါပြီ။ လူသားမျိုးနွယ် လုံးဝမမျှော်လင့်ထားတဲ့အချိန် မှာ လူသားက လျှို့ဝှက်စွာကြွလာပြီး နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှု ကို ဆောင်ရွက်ရင်း သမ္မာတရားအများအပြားကို ဖော်ပြခဲ့ပါတယ်။ သူဟာ ဘုရားရဲ့ ရွေးချယ်ခံလူတွေကို လမ်းညွှန်ပေးနေတဲ့ သမ္မာတရားရဲ့ ဝိညာဉ်တော်ဖြစ်ပြီး ကပ်ဘေးတွေမတိုင်ခင်မှာ အောင်မြင်သူ လူတစ်စုကို ဖွဲ့စည်းပြီးပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရားဟာလည်း ကမ္ဘာပေါ်က နိုင်ငံတိုင်းကို ပျံ့နှံ့နေပါတယ်။ ဒါက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ စာတန်ကို အောင်နိုင်ခဲ့ပြီး ဘုန်းတော်အလုံးစုံ ရရှိခဲ့တာကို ပြပါတယ်။ အခုအချိန်မှာ ကပ်ဘေးကြီးတွေ စတင်ဖြစ်ပွား နေပြီဖြစ်လို့ ဘုရားသခင်ဟာ အောင်မြင်သူလူတစ်စုကို ဖွဲ့စည်းပြီးဖြစ်တဲ့အပြင် သူ့ရဲ့ကြီးမားတဲ့ အမှုတော်ကိုလည်း လက်စသတ်နေပါတယ်။ ကပ်ဘေးတွေ ပြီးဆုံးသွားတဲ့အခါ ဘုရားသခင် ဟာ တိုင်းနိုင်ငံအားလုံးနဲ့ လူမျိုးအားလုံးဆီ မိုးတိမ်စီးပြီး ထင်ထင်ရှားရှားပေါ်ထွန်းလာမှာ ပါ။ အဲဒီအချိန်ကျရင် လူသားပေါ်ထွန်းမယ်ဆိုတာနဲ့ မိုးတိမ်စီးပြီး သခင်ကြွလာမယ်ဆိုတဲ့ ပရောဖက်ပြုချက်တွေက လုံးဝစုံလင်သွားမှာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပေါ်ထွန်းလာပြီး ဘုရားအိမ်တော်မှာ သူ့ရဲ့တရားစီရင်ခြင်း အမှုတော်ကို စလုပ်နေတာကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံခဲ့တဲ့ လူတွေဟာ ဘုရားနှုတ်ကပတ်တော်တွေကို နေ့စဉ်စားသောက်နေကြပါတယ်၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့သန့်စင်ပေး ခြင်းတွေကို လက်ခံရင်း သူတို့ဟာ အပြစ်နဲ့စာတန်ရဲ့အင်အားစုတွေကနေ တဖြည်းဖြည်း လွတ်မြောက်နေပါတယ်။ ကပ်ဘေးတွေမတိုင်ခင် ဘုရားသခင်ဟာ သူတို့ကို အောင်မြင်သူတွေဖြစ်အောင် လုပ်ခဲ့ပြီးပြီဖြစ်ပြီး သူတို့ဟာ ပထမဆုံး အသီးအပွင့်တွေပါပဲ။ ဒါဟာ ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက် တွေကို လုံးဝစုံလင်စေပါတယ်။ “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀)လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။(ဗျာဒိတ်ကျမ်း ၁၄:၄) အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နောက်ဆုံး သောကာလမှာ သူ့ရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့ လျှို့ဝှက်စွာကြွလာတာဟာ ဆယ်စုနှစ်သုံးခုတောင် ရှိနေပါပြီ။ သူဟာ သမ္မာတရားအများကြီးကို ဖော်ပြခဲ့ပြီး သမ္မာကျမ်းရဲ့ နက်နဲရာအားလုံးနဲ့ ဘုရားသခင်ရဲ့ အနှစ် ၆,၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်ကို ဖော်ထုတ်ခဲ့ပါတယ်။ လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့အဖြစ်အနေကို တရားစီရင်ဖို့နဲ့ဖော်ထုတ်ဖို့ အများကြီး သူပြောခဲ့တာပါ။ အဲဒီနှုတ်ကပတ်တော်တွေဟာ ကျွန်မတို့ကို အပြစ်နဲ့စာတန်ရဲ့အင်အားစုတွေကို ဖယ်ရှားခွင့် ပေးပြီး ကယ်တင်ခြင်း အပြည့်အဝ ရရှိစေတဲ့ သမ္မာတရားလမ်းဖြစ်ပါတယ်။ ဘုရားရဲ့ရွေးချယ်ခံလူတွေဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်၊ ဆုံးမတာ၊ ပြုပြင်၊ ကိုင်တွယ်တာ၊ စမ်းသပ်၊ စစ်ဆေးတာတွေ ခံရတဲ့အပြင်၊ ကိုယ့်ဖောက်ပြန်ပျက်စီးမှုကို ရှင်းရှင်းလင်းလင်း တွေ့ရလို့ ပုန်းစရာနေရာ မရှိဘဲ အရှက်ရကြပြီး ကိုယ့်ကိုယ်ကိုယ် မုန်းတီးရွံရှာကြရင်း နောင်တအပြည့်နဲ့ ဘုရားရှေ့မှာ ဦးညွှတ်ကြတယ်။ ဘုရားရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားဟာ ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းခံမှာ မဟုတ် တာကို သူတို့တွေ့ကြပြီး ဘုရားအပေါ် ရိုသေလေးစားလာတဲ့အပြင် တဖြည်းဖြည်းနဲ့ ဘုရားကို ကြောက်ရွံ့လာပြီး မကောင်းမှုကို ရှောင်ရင်း အမှန်တကယ် နောင်တရလို့ ပြောင်းလဲသွားကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ကပ်ဘေးတွေ မတိုင်ခင် အောင်မြင်သူလူတစ်စုကို အပြီးဖွဲ့စည်းခဲ့ပြီး ပထမဆုံးအသီးအပွင့်တွေကို ရရှိခဲ့တယ်။ အဲဒီအောင်မြင်သူတွေရဲ့ သက်သေခံချက်တွေကို ဗီဒီယိုနဲ့ရုပ်ရှင်တွေအဖြစ် ရိုက်ကူးထားပြီး အားလုံးက အွန်လိုင်းပေါ်မှာ ရှိပါတယ်၊ အဲဒါတွေကို ကြည့်တဲ့လူအားလုံးက လုံးဝလက်ခံယုံကြည်သွားကြတယ်။ ဒါဟာ နောက်ဆုံးသောကာလမှာ ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့အမှုတော်ဖြစ်တာ လုံးဝရှင်းပါ တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သမ္မာတရား အများအပြား ဖော်ပြခဲ့ပြီး ကြီးမားတဲ့အမှုတော် ကို ဆောင်ရွက်ခဲ့တာကြောင့် တစ်ကမ္ဘာလုံးတင်မကဘဲ စကြဝဠာတစ်ခုလုံး ပါ တုန်လှုပ်သွားရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ခေတ်ဟောင်း ကို အဆုံးသတ်ပြီး ခေတ်သစ်ကို စတင်ပေးရင်းနဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေပါတယ်။ နိုင်ငံတော်ခေတ် စတင်ပါပြီ။ ဒါက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူသားရဲ့ပေါ်ထွန်းမှု၊ ‌ပြန်ကြွလာတဲ့ သခင်ယေရှုပဲ ဆိုတာကို သက်သေပြပါတယ်။ ကျွန်မတို့ရဲ့ကယ်တင်ရှင်ဟာ ပေါ်ထွန်းလာပြီး အမှုပြုနေပါတယ်။ တရားစီရင်ခြင်းအမှုဟာ ဘုရားအိမ်တော်နဲ့ စတင်နေပြီဖြစ်ပြီး ပြီးလုပြီဖြစ်တာမို့ ကပ်ဘေးကြီးတွေလည်း ကျရောက်လာပါပြီ။ ကပ်ဘေးတွေဟာ စတင်နေပြီဖြစ်ပြီး တိုးပွားလာဖို့ပဲရှိတယ်လို့ ကျွန်မတို့ ပြောလို့ရပါတယ်။ ဘုရားကို ဆန့်ကျင်တဲ့ မကောင်းမှုပြုသူတွေနဲ့ ဆိုးယုတ်တဲ့အင်အားစုတွေ အားလုံးဟာ ကပ်ဘေးတွေထဲမှာ အပြစ်ဒဏ်ပေးခံရပြီး ဖျက်စီးခံရမှာပါ။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကတစ်ဆင့် သန့်စင်သွားတဲ့သူတွေကတော့ ကပ်ဘေးတွေကြားမှာ ဘုရားရဲ့ကွယ်ကာမှုနဲ့ စောင့်ရှောက်မှုကို ခံရပါလိမ့်မယ်။ ကပ်ဘေးတွေ အဆုံးသတ်သွားတဲ့အခါ စာတန်ရဲ့ဆိုးယုတ်တဲ့ ဒီလောကကြီးဟာ အမြစ်ဖြတ်ခြေမှုန်းခံရမှာဖြစ်ပြီး အဲဒီအခါမှာ ဘုရားသခင်ဟာ လူတိုင်းရှေ့မှာ မိုးတိမ်စီးပြီး ထင်ထင်ရှားရှားပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ ဒါဟာ ဗျာဒိတ်ကျမ်း ၁:၇ မှာ ပါတဲ့ ပရောဖက်ပြုချက်ကို စုံလင်စေတာပါပဲ၊ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။” မြေကြီးသားအမျိုးမျိုးက ငိုကြွေးနေကြမယ် ဆိုတာ ဘာကြောင့်လဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သမ္မာတရား အများကြီး ဖော်ပြခဲ့ပြီး ကြီးမားတဲ့အမှုတော်ကို ဆောင်ရွက်ခဲ့ပေမဲ့ သူတို့ဟာ အဲဒါတွေကို စုံစမ်းစစ်ဆေးဖို့ ငြင်းဆန်ကြတဲ့အပြင် တခြားဘာသာရေးလောကက အန္တိခရစ် အင်အားစုတွေနဲ့အတူ သူ့ကို ပြစ်တင်ရှုတ်ချ၊ ဝေဖန်ပြီး ပြစ်မှားကြလို့ပါပဲ။ သူတို့ဟာ ဘုရားရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားကြပြီး ကပ်ဘေးတွေထဲ ကျရောက်သွားကြတာပါ။ နောက်ဆုံးမှာ သူတို့ဟာ ရင်ထုမနာနဲ့ အံသွားခဲကြိတ်ပြီးပဲ ငိုကြွေးကြရမှာပါ။ ဒါဟာ ဗျာဒိတ်ကျမ်းမှာပါတဲ့ “မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။” ဆိုတဲ့ စိတ်မကောင်းစရာ ပရောဖက်ပြုချက်ကို ဖြည့်ဆည်းရာ ရောက်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်း နဲ့ပြစ်တင်ဆုံးမခြင်းကို လက်ခံလို့ သန့်စင်၊ စုံလင်အောင်ပြုလုပ်ပေးခံရသူတွေအနေနဲ့ လူပုံအလယ် ဘုရားပေါ်ထွန်းလာတာကို တွေ့ရမှာဖြစ်ပြီး ဘုရားရဲ့ အနန္တတန်ခိုးရှိမှု၊ ဉာဏ်ပညာနဲ့ ဖြောင့်မတ်မှုတွေကို ချီးမွမ်းရင်း ချုပ်တည်းမရတဲ့ပျော်ရွှင်မှုနဲ့ ကခုန်ကြမှာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောတဲ့အတိုင်း ပါပဲ၊ “ငါ့ကိုချစ်ပြီး မိမိကိုယ်ကို ငြင်းပယ်သူတို့အား ငါ၏သနားကရုဏာကို ဖော်ပြ၏။ သို့သော်လည်း ကောက်ကျစ်စဉ်းလဲသူတို့အပေါ် ကျရောက်သည့် အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်သဘောထား၏ သက်သေအတိအကျဖြစ်ပြီး ငါ့အမျက်ဒေါသအား သက်သေခံချက် သာ၍ပင် ဖြစ်၏။ ဘေးဒုက္ခ ရောက်လာသည့်အခါ ငါ့ကိုဆန့်ကျင်သူ အားလုံးသည် ၎င်းတို့အပေါ် အငတ်ဘေးနှင့် ကပ်ဆိုးကျရောက်သည်နှင့်အမျှ ငိုကြွေးကြလိမ့်မည်။ ကောက်ကျစ် စဉ်းလဲမှုအမျိုးမျိုး ကျူးလွန်ခဲ့သော်လည်း ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သူများသည် မိမိတို့၏အပြစ်များအတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာ တစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ ထိုးဆင်း၍ စဉ်ဆက်မပြတ် ထိတ်လန့်တုန်လှုပ်၊ ကြောက်ရွံ့ခြင်း၌ အသက်ရှင်ရလိမ့်မည်။ ထို့အပြင် ငါ့အပေါ်၌ သစ္စာစောင့်သိမှုကို ပြသပြီးဖြစ်သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏အစွမ်းသတ္တိကို ချီးမွမ်းကြလိမ့်မည်။ သူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်းအလယ် အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် လူသား၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များကို စက်ဆုပ်သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင်ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေခဲ့သည်။ သို့သော်လည်း ငါ၏စိတ်တော်နှင့် တညီတညွတ်တည်း မရှိသောသူတို့ကိုမူ ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်း မရှိပေ။ ထိုသူတို့အပေါ် အပြစ်ဒဏ်ခတ်ရန် အခွင့်အရေးကို မြင်တွေ့ရလျှင် ငါသည် သဘောတွေ့မည် ဖြစ်ပြီး၊ ယင်းအခွင့်အရေးကိုသာ စောင့်စားလျက် ငါ့နှလုံးသားထဲတွင် သူတို့ကို ငါအမြဲတစေ စက်ဆုပ်ရွံရှာ၏။ ယခု ငါ၏နေ့ရက်သည် နောက်ဆုံးတွင် ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက် စောင့်ဆိုင်းရန် မလိုတော့ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့)

အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို အပြည့်အဝသန့်စင်ပြီး ကယ်တင်ဖို့ နောက်ဆုံးသောကာလမှာ သူ့ရဲ့တရားစီရင်ခြင်းအမှုတော်အတွက် သမ္မာတရားတွေကို ဖော်ပြခဲ့တယ်။ ဒါဟာ ကယ်တင်ခံရဖို့နဲ့ ဘုရားရဲ့နိုင်ငံတော်ဆီ ဝင်ရောက်ဖို့အတွက် လူသားမျိုးနွယ်ရဲ့ တစ်ခုတည်းသောအခွင့်အရေးဖြစ်ပြီး တစ်သက်မှ တစ်ခါရတဲ့ အခွင့်အလမ်းပါပဲ။ ကပ်ဘေးကြီးတွေဟာ စဖြစ်နေပါပြီ။ မဆိုင်းမတွ နိုးထပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်ကို ကြည့်ရှုစစ်ဆေးတဲ့ သူတွေဟာ အချိန်မီကြမှာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောထားလို့ပါ ပဲ၊ “လူများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ့အမှုများ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက် ပေါ်ထွန်းလာခြင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆)) တချို့လူတွေဟာ ဘုရားအသံတော်ကိုကြားပြီး သူ့ရဲ့လုပ်ဆောင် ချက်တွေကို တွေ့လို့ ဘုရားသခင်ရှေ့မှောက်ကို လာပြီး ကပ်ဘေးတွေကြားမှာ သူ့ရဲ့ကင်တင်ခြင်းကို ရရှိကြမယ်ဆိုတာ ကျွန်မတို့ တွေ့နိုင်တယ်။ ဒါဟာ ကပ်ဘေးတွေထဲမှာ ချီဆောင်ခြင်းခံရတာ ဖြစ်ပြီး သူတို့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်တဲ့အပြင်၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ ကြီးမားတဲ့ကရုဏာလည်း ဖြစ်ပါတယ်။ ဉာဏ်ထက်တဲ့သူတွေဟာ ဘယ်ဟာကို ရွေးရမယ်ဆိုတာ သိကြမှာပါ။ စိတ်ကူးယဉ်ပြီး သခင် မိုးတိမ်စီးကြွလာမှာကို စောင့်နေတဲ့လူတွေကတော့ ဘယ်လိုအဆုံးသတ်မယ်ဆိုတာ သိသာထင်ရှား ပါတယ်။ ဒီနေ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို နောက်ဆုံးအနေနဲ့ ကြည့်ကြရအောင်။ “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုသည် လူသားမျိုးနွယ်ကို မည်သို့သန့်စင်ကယ်တင်ပုံ

ကပ်ဘေးကြီးတွေက ကျွန်တော်တို့အပေါ် ကျရောက်နေပြီဆိုတာ လူတွေက သတိပြုမိလာကြသလို သခင်မိုးတိမ်စီးပြီး ကြွလာတာကို မျှော်လင့်နေသူတွေဟာလည်း...

ဘုရားသခင်၏ အသံကို မိတ်ဆွေကြားပြီးပြီလား

မင်္ဂလာပါ၊ ညီအစ်ကိုမောင်နှမတို့၊ ကျွန်မတို့ အတူတကွ စုဝေးရတာ အရမ်းကံကောင်းပါတယ်။ ကျေးဇူးတော်ပါပဲ။ ကျွန်မတို့အားလုံးက ဘုရားနှုတ်ကပတ်တော်ကို...

သခင်ယေရှုသည် လူသားမျိုးနွယ်အား ရွေးနှုတ်ကယ်တင်ပြီးဖြစ်သောကြောင့် နောက်ဆုံးသောကာလ သူပြန်လာသည့်အခါတွင် အဘယ်ကြောင့် တရားစီရင်ခြင်းအမှုတော်ကို သူ ဆောင်ရွက်မည်နည်း

လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ က သခင်ယေရှုဟာ လူသားမျိုးနွယ်ကို သူတို့ရဲ့အပြစ်တွေ ကနေ ရွေးနှုတ်ကယ်တင်ဖို့ လူ့ဇာတိခံပြီး လက်ဝါးကပ် တိုင်မှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။