ကယ်တင်ရှင်သည် သူ ကြွလာချိန်တွင် လူသားမျိုးနွယ်ကို မည်သို့ကယ်တင်သနည်း

08.09.2021

ကယ်တင်ရှင်အကြောင်း ဆွေးနွေးတဲ့အခါ နောက်ဆုံးသော ကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကမ္ဘာမြေကို သူ ကြွလာဖို့ သေချာတယ်လို့ ယုံကြည်သူအားလုံးက လက်ခံကြတယ်။ ကယ်တင်ရှင်က နောက်ဆုံးသော ကာလမှာ ကြွလာမယ်လို့ ပရောဖက်တွေအများကြီးက ပြောထားပြီးပြီ။ ဒီတော့ ကယ်တင်ရှင်က ဘယ်သူများလဲ။ မတူတဲ့ ဂိုဏ်းဂဏတွေက မတူတဲ့ ရှင်းလင်းချက်တွေ ရှိတယ်၊ ပြီးတော့ သူနဲ့ပတ်သက်ပြီး ဘာသာတရား အမျိုးမျိုးက မတူတာတွေ ပြောကြတယ်။ ဘယ်သူက စစ်မှန်တဲ့ ကယ်တင်ရှင်လဲ။ စစ်မှန်တဲ့ ကယ်တင်ရှင်က ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တဲ့ အရှင်ဖြစ်ပြီး၊ စစ်မှန်တဲ့ တစ်ပါးတည်းသော ဖန်ဆင်းရှင် ဘုရားဖြစ်တယ်။ အရာရာကို ဖန်ဆင်းခဲ့တဲ့ သခင်ကပဲ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားဖြစ်ပြီး၊ လူ့ဇာတိခံ စစ်မှန်တဲ့ ဘုရားကသာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်တဲ့ ကယ်တင်ရှင်ပါ။ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တဲ့ စစ်မှန်တဲ့ ဘုရားမဟုတ်ရင်၊ ဒီလူက ဖန်ဆင်းရှင်မဟုတ်သလို လူသားမျိုးနွယ်ကို မကယ်တင်နိုင်ပါဘူး။ ဒါက ကျွန်တော်တို့ ရှင်းရှင်းသိထားဖို့လိုတဲ့ အရာတစ်ခုဖြစ်တယ်။ သတိရပါ။ စစ်မှန်တဲ့ ဘုရားတစ်ပါးတည်းပဲရှိပြီး၊ လူ့ဇာတိခံ ဘုရားကပဲ ကယ်တင်ရှင် ဖြစ်ပါတယ်။ လူ့ဇာတိထဲက စစ်မှန်တဲ့ ဘုရားကပဲ သမ္မတရားကို ဖော်ပြပြီး၊ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်နိုင်သလို၊ လှပတဲ့ ခရီးပန်းတိုင်ဆီ ကျွန်တော်တို့ကို ခေါ်သွားနိုင်တယ်။ အယောင်ဆောင် ဘုရားတွေ အများကြီးရှိလို့ အားလုံးကို စာရင်းမှတ်ဖို့ မလိုပါဘူး၊ ဒါပေမယ့် စစ်မှန်တဲ့ ကယ်တင်ရှင်က တစ်ပါးတည်းပဲရှိပါတယ်။ ဒီတော့ ဒီကယ်တင်ရှင်က တကယ် ဘယ်သူများလဲ။ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ တုန်းက သခင်ယေရှုက လာပြီး ပြောတယ်၊ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။(ရှင်မဿဲခရစ်ဝင် ၄:၁၇) အဲဒီနောက် လူသားကို အပြစ်က ရွေးနုတ်ဖို့ သူ ကားစင်တင်ခံခဲ့ရတယ်။ ရွေးနုတ်ခြင်း အမှုကို ပြီးစီးပြီး ကျေးဇူးတော်ခေတ်ကို စတင်ခဲ့တယ်၊ လူတွေကို ဘုရားရှေ့လာဖို့၊ ဆုတောင်းဖို့၊ ဘုရားနဲ့ မိတ်သဟာယပြုပြီး အခုထိ ဘုရားနောက်လိုက်ဖို့ အခွင့်ပေးခဲ့တယ်။ ဒါက သခင်ယေရှုရဲ့ ရွေးနုတ်ခြင်း အမှု ဖြစ်တယ်။ သခင်ယေရှုက လူသားအလယ် ကြွလာပြီး အမှုပြုခဲ့တဲ့ ကယ်တင်ရှင်ဖြစ်ပါတယ်။ ခုထိ ကျွန်တော်တို့ သိတဲ့အချက်အရ၊ ဘယ်သူက ကယ်တင်ရှင်လဲ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကိုယ်တိုင်ကိုယ်ကျ လာတဲ့ လူ့ဇာတိခံ ဘုရားပါပဲ။ သခင်ယေရှုက လူတွေရဲ့ အပြစ်တွေကို ဖြေလွှတ်ရင်းနဲ့ ရွေးနုတ်ခြင်း အမှုကို လုပ်ခဲ့တယ်၊ ဒါပေမယ့် လူတွေက စဉ်ဆက်မပြတ် အပြစ်လုပ်နေတုန်းဖြစ်သလို စစ်မှန်တဲ့ နောင်တမရနိုင်ဘူး။ ဘုရားရဲ့ ကယ်တင်ခြင်းဆိုတာ လူတွေကို တကယ်နောင်တရစေဖို့ဖြစ်ပြီး၊ အပြစ်တွေကို ခွင့်လွှတ်ရုံ ခွင့်လွှတ်ပြီး တော်လိုက်ဖို့ မဟုတ်ဘူး။ ဒါကြောင့် လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့ နောက်ဆုံးသော ကာလမှာ သူ ပြန်ကြွလာမယ်လို့ သခင်ယေရှုက ကတိပြုခဲ့တာပါ။ အခု ကယ်တင်ရှင် ကြွလာပြီးပြီဖြစ်သလို ကျွန်တော်တို့အလယ်မှာ ရှိတယ်။ ကျွန်တော်တို့အနေနဲ့ ဘုရားဘက် အပြည့်အဝ လှည့်ပြီး သူ့ရဲ့ ရယူတာ ခံရဖို့၊ အဲဒီနောက် ကျွန်တော်တို့အတွက် သူ ပြင်ဆင်ထားတဲ့ လှပတဲ့ ခရီးပန်းတိုင်၊ သူ့ရဲ့ နိုင်ငံတော်ထဲ ဝင်ရောက်နိုင်အောင်လို့၊ သူက လူကို သန့်စင်ပြီး အပြစ်က ကယ်တင်ဖို့ သမ္မာတရား အများကြီး ဖော်ပြတယ်။ အခု ကမ္ဘာအနှံ့မှာ ဘုရားရဲ့ အသံကို ကြားပြီးသလို၊ သူ့ရဲ့ ပလ္လင်တော်ရှေ့ ချီမခံရပြီးတဲ့ လူတွေ ရှိနေပြီ။ သူတို့က ဘုရားရဲ့ တရားစီရင်ပြီး သန့်စင်တာ ခံနေရသလို၊ နှစ်သက်စရာ သက်သေရှိကြတယ်။ သူတို့က ဘုရားရဲ့ စုံလင်စေတာ ခံရပြီးပြီဖြစ်တဲ့ အောင်မြင်တဲ့သူတွေပဲ။ ဝမ်းနည်းစရာက၊ ဘုရားရဲ့ အသံတော်ကို မကြားရသေးတဲ့ သူတွေ၊ ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို မမြင်ရသေးတဲ့သူတွေ အများကြီး ရှိသေးတယ်။ ဒါကြောင့် လူသားမျိုးနွယ်ကို ကယ်တင်ရှင်က ဘယ်လိုကယ်တင်တယ် ဆိုတာကို အခု ကျွန်တော်တို့ သက်သေခံနေတာပါ။

ကယ်တင်ခြင်းအကြောင်း ပြောတဲ့အခါ၊ လူတချို့က ဘုရားအနေနဲ့ ကောင်းကင်က ရုတ်တရက် ဆင်းကြွပြီး ယုံကြည်သူတွေကို ကပ်ဘေးတွေကနေ လွတ်စေရင်းနဲ့ ကောင်းကင်ကို သွားဖို့ အပေါ်ကို တန်းတန်းမတ်မတ် ခေါ်သွားမယ်ဆိုတဲ့ ဒီမရေရာတဲ့ စိတ်ကူးရှိကြတယ်။ ဒါက လူသားအယူအဆနဲ့ စိတ်ကူးဖြစ်ပေမယ့် လက်တွေ့မကျဘူး။ နောက်ထပ် အရေးကြီးတဲ့ ပြဿနာတစ်ခု ရှိတယ်။ လူတွေအားလုံး စာတန်ရဲ့ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေတာ ခံခဲ့ရပြီး ဆိုးယုတ်တဲ့ သဘာဝရှိခဲ့ကြတယ်။ လူတိုင်းက ညစ်ညူးခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း အပြည့်နဲ့ အပြစ်ထဲမှာ အသက်ရှင်ကြတယ်။ ကျွန်တော်တို့ တကယ်ပဲ တိုက်ရိုက် ချီဆောင်ခံရ နိုင်ပါ့မလား။ ကောင်းကင်နိုင်ငံတော်နဲ့ ထိုက်တန်ကြရဲ့လား။ ဒီအယူအဆကို ဖက်တွယ်ရင်းနဲ့ လူတိုင်း ကယ်တင်ရှင် ဆင်းကြွဖို့ စောင့်ဆိုင်းကြရင်၊ အချည်းနှီးဖြစ်ဖို့ သေချာတယ်။ ကပ်ဘေးထဲကို ငိုကြွေးပြီး အံသွားခဲကြိတ်ရင်းနဲ့ သူတို့ ကျရောက်ကြမှာပဲ။ ဒါဆို ကယ်တင်ရှင်က သူကြွလာတဲ့အခါ လူသားမျိုးနွယ်ကို ဘယ်လို ကယ်တင်လဲ။ ပထမဆုံး၊ အပြစ်ကနေ ကယ်တင်တယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေ ဖြေလွှတ်ခံရဖို့ သခင်ယေရှုက ရွေးနုတ်ခြင်း အမှုကိုပဲ လုပ်ခဲ့တယ်၊ ဒါပေမယ့် အဲဒီ ဖြေလွှတ်ခြင်း ရှိပေမယ့်၊ ကျွန်တော်တို့က အပြစ်ဆက်မလုပ်ဘဲ မနေနိုင်ကြသေးဘူး။ အပြစ်ရဲ့ အချည်အနှောင်တွေကနေ မလွတ်သေးဘူး။ ဒါက ငြင်းလို့မရတဲ့ အချက်တစ်ခုပဲ။ ဘုရားက သန့်ရှင်းပြီး ဖြောင့်မတ်တယ်။ သူက သန့်ရှင်းတဲ့ နေရာတစ်ခုအတွက် ပေါ်ထွန်းပြီး ညစ်ညူးတဲ့ နယ်မြေကနေ ကိုယ့်ကိုယ်ကိုယ် ကွယ်ဝှက်တယ်။ မသန့်ရှင်းဘဲနဲ့ လူတွေက သခင့်ကို မရှုမြင်နိုင်ဘူး။ ဒီတော့ အပြစ်ထဲ ရှင်သန်နေတဲ့ ကျွန်တော်တို့က ဘုရားနိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ဘယ်လို ထိုက်တန်နိုင်မှာလဲ။ အဲဒါကြောင့် လူတွေကို အပြည့်အဝ သန့်စင်စေပြီး အပြစ်ကနေ၊ စာတန်ကနေ ကယ်တင်ဖို့ နောက်ဆုံးသော ကာလမှာ ဘုရားက လူ့ဇာတိ ပြန်ခံပြီးပြီဖြစ်သလို သမ္မာတရားကို ဖော်ပြနေပြီး တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း အမှုကို လုပ်နေတာပဲ။ အဲဒါက အနန္တတန်ခိုးရှင် ဘုရားသခင် ပြောတဲ့အတိုင်းပါပဲ- “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ကယ်တင်ရှင်က ကြွလာနှင့်ပြီးပြီ။ သခင်ယေရှုက လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အနေနဲ့ လူ့ဇာတိနဲ့ ပြန်ကြွလာပြီးပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်းအမှုကို လုပ်ရင်းနဲ့ လူသားမျိုးနွယ်ကို သန့်စင်၊ ကယ်တင်တဲ့ သမ္မာတရားအားလုံး ဖော်ပြပြီးပါပြီ။ ဘယ်လိုပဲ ကြီးမြတ်၊ ကျော်ကြားပါစေ၊ လူ့ဇာတိနဲ့ ဘုရားသခင်ကလွဲလို့ တခြားဘယ်သူကမှ သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကို မကယ်တင်နိုင်ပါဘူး။ ကမ္ဘာမြေကိုကြွလာတဲ့ လူ့ဇာတိခံ ဘုရားကပဲ ခရစ်တော်၊ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ဖြစ်တယ်။ “ခရစ်တော်”ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ကယ်တင်ရှင်လို့ ဆိုလိုပါတယ်။ ဒီတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ ခရစ်တော်က လူသားမျိုးနွယ်ကို သန့်စင်၊ ကယ်တင်ဖို့ တရားစီရင်ခြင်းအမှုကို ဘယ်လိုပြုလဲ။

အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောတယ်- “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

နောက်ဆုံးသော ကာလမှာ၊ ဘုရားက ကျွန်တော်တို့ရဲ့ အပြစ်နဲ့ ပြည့်ရတဲ့ အရင်းအမြစ်နဲ့ စာတန်ကြောင့် ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို မြင်နိုင်အောင် အပြစ်နဲ့ ပြည့်တဲ့ သဘာဝကို ဖော်ထုတ်ဖို့ သမ္မာတရားကို ဖော်ပြခြင်းအားဖြင့် လူသားမျိုးနွယ်ကို ကယ်တင်ပါတယ်။ ဒါကို လူတစ်ယောက်က သတိပြုမိတာနဲ့၊ စစ်မှန်တဲ့ နောင်တ ဖြစ်ပေါ်လာနိုင်ပြီး သူတို့ကိုယ်သူတို့ စက်ဆုပ်၊ မုန်းတီးနိုင်တယ်။ အဲဒီနောက် သူတို့ စပြီး အမှန်တကယ် နောင်တရနိုင်သလို၊ သမ္မာတရားကို နားလည်ပြီး ရဖို့ပဲ တောင့်တကြတယ်။ သမ္မာတရားကို သူတို့ လက်တွေ့ လုပ်လာနိုင်တဲ့အခါ၊ ဘုရားကို ဘယ်လို ကျိုးနွံနာခံရမယ်ဆိုတာ သူတို့ သင်ယူပြီးပြီ။ သမ္မာတရားကို သူတို့ နားလည်ပြီး ဘုရားရဲ့ နှုတ်ကပတ်တော်တွေနဲ့ သမ္မာတရားအတိုင်း အသက်ရှင်ကြတယ်၊ ဒါကြောင့် သူတို့ရဲ့ အသက်စိတ်သဘောထား စပြောင်းလဲလာတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းကို အမြဲ တွေ့ကြုံရလို့၊ နောက်ဆုံးမှာ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကနေ သန့်စင်ခံရတယ်။ ဒါက အပြည့်အဝ ကယ်တင်ခံရပြီးတဲ့ သူတစ်ယောက်ဖြစ်ပြီး၊ အဲဒီနောက် လူသားအတွက် ဘုရား ပြင်ဆင်ထားတဲ့ လှပတဲ့ ခရီးပန်းတိုင်ထဲကို သူတို့ ဝင်ရောက်နိုင်ကြတယ်။ အဲဒါကြောင့် အနန္တတန်ခိုးရှင် ဘုရား နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံရမယ်။ ကျွန်တော်တို့ အမှန်တကယ် နောင်တရရမယ်၊ တကယ် ပြောင်းလဲရမယ်၊ ပြီးတော့ ဘုရားကိုကျိုးနွံနာခံပြီး ကိုးကွယ်တဲ့ သူတွေ ဖြစ်လာရမယ်။ ဒါကသာ စစ်မှန်တဲ့ ကယ်တင်ခြင်းဖြစ်ပြီး ဒါကသာ ဘုရားနိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ကျွန်တော်တို့ကို ထိုက်တန်စေတာပါ။

အခု ကျွန်တော်တို့ တကယ်ရှင်းရှင်းလင်းလင်း သိတာတစ်ခုရှိတယ်။ ဘုရားကပဲ၊ ဖန်ဆင်းရှင်ကပဲ လူသားမျိုးနွယ်ကို ကယ်တင်နိုင်ပြီး အဲဒီလှပတဲ့ ခရီးပန်းတိုင်ထဲကို ခေါ်သွားနိုင်တယ်။ ဒီဘုရား၊ ဒီဖန်ဆင်းရှင်က ဒီတစ်ချိန်လုံး၊ လူသားမျိုးနွယ်ကို လမ်းပြ၊ ကယ်တင်ဖို့ ဒီနေ့ထိ စကားပြောပြီး အလုပ်လုပ်နေခဲ့တာပဲ။ ကျမ်းစာတစ်အုပ်လုံးက ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုအတွက် သက်သေခံချက် တစ်ခုဖြစ်တယ်။ ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဘုရားက ဖန်ဆင်းခဲ့မှန်း သက်သေခံချက်ပေးသလို၊ ဖန်ဆင်းရှင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို သက်သေခံတယ်။ ကျွန်တော်တို့အလယ် ကြွလာတဲ့ ဒီစစ်မှန်တဲ့ လူ့ဇတိခံ ဘုရားတစ်ပါးတည်းကပဲ ကယ်တင်ရှင်ဖြစ်ပါတယ်။ သူကပဲ လူသားမျိုးနွယ်ကို ကယ်တင်နိုင်တယ်။ ဒီကယ်တင်ရှင်က လူ့ဇာတိနဲ့ ဘုရားဖြစ်ရမှာဖြစ်ပြီး သမ္မာတရားကို ဖော်ပြရမှာပါ။ ဒါက တစ်ပါးတည်းသော စစ်မှန်တဲ့ ကယ်တင်ရှင်ပါ။ သမ္မာတရားကို မဖော်ပြနိုင်တဲ့ ကယ်တင်ရှင်လို့ခေါ်တဲ့ ဘယ်သူမဆိုဟာ လူတွေကို လှည့်ဖြားတဲ့ ဝိညာဉ်ဆိုး ဖြစ်တယ်။ အယောင်ဆောင် ဘုရားတွေ အများကြီးပါ။ အရမ်းမြှောက်စားခံရပြီး သေပြီးတဲ့နောက် ဧကရာဇ်တွေက ဘုရားအနေနဲ့ စီမံကြတဲ့ ကျော်ကြားသူတွေလိုပေါ့။ ဒါက တကယ် ခိုင်လုံနိုင်ရဲ့လား။ အဲဒီလူတွေက သေတဲ့အခါ ငရဲသွားကြတဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေပါပဲ၊ ဒီတော့ ဘယ်သူကို သူတို့ ကယ်နိုင်လို့လဲ။ သူတို့ကိုယ်သူတို့တောင် မကယ်နိုင်သလို၊ သူတို့အပြစ်တွေအတွက် ဘုရားက အပြစ်ပေးပါတယ်။ ဒီတော့ လူသားမျိုးနွယ်ကို သူတို့ ကယ်နိုင်လို့လား။ ဟိုးအရင်ကတည်းက အဲဒီ ဧကရာဇ်တွေအားလုံး သေသွားခဲ့ကြသလို၊ အခု ငရဲမှာ အားလုံးရှိတယ်။ သူတို့ စီမံတဲ့ အယောင်ဆောင်ဘုရားတွေက လူသားမျိုးနွယ်ကို တကယ် မကယ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ်၊ အယောင်ဆောင် ဘုရားကို မယုံပါနဲ့။ အဲဒါက မိုက်မဲပြီး မသိနားမလည်တာ ဖြစ်သလို၊ ခင်ဗျားတို့ကို တကယ် ပျက်စီးစေမှာပါ။ ကယ်တင်ရှင်က လူ့ဇာတိခံ ဘုရားဖြစ်ရမယ်၊ သမ္မာတရားကို ဖော်ပြရမယ်ဆိုတာ မမေ့ပါနဲ့။ ဒါက ဘုရားဆီကပဲ လာနိုင်တယ်။ သမ္မာတရားကို မဖော်ပြနိုင်တဲ့ ကယ်တင်ရှင်လို့ခေါ်တဲ့သူ ဘယ်သူမဆိုက လူတွေကို လမ်းလွဲစေတာပဲ။ လူ့ဇာတိနဲ့ ဘုရားမဟုတ်ဘဲ ဘုရားအနေနဲ့ အခိုင်အမာပြောတဲ့သူ ဘယ်သူမဆိုက အယောင်ဆောင် ခရစ်တော်နဲ့ နတ်ဆိုးပဲ ဖြစ်တယ်။ အဲဒီလူတွေက ကယ်တင်ရှင်တွေ မဟုတ်သလို လူသားမျိုးနွယ်ကို မကယ်နိုင်ဘူး။ စာတန်နဲ့ နတ်ဆိုးတွေအားလုံးက ဘုရားအနေနဲ့ ဟန်ဆောင်ကြပေမယ့်၊ အရာခပ်သိမ်းရဲ့ ဖန်ဆင်းရှင်အနေနဲ့ သူတို့ အခိုင်အမာ မပြောရဲကြသေးဘူး၊ ပြီးတော့ အထူးသဖြင့် လူကို ဖန်ဆင်းခဲ့တယ်လို့ သူတို့ မပြောရဲဘူး။ လူသားရဲ့ ကံကြမ္မာကို သူတို့ တာဝန်ယူနိုင်တယ်လို့လည်း အခိုင်အမာ မပြောရဲဘူး။ လူတွေကို လမ်းလွဲစေဖို့နဲ့ သူတို့ သစ္စာခံတာ ရဖို့ နိမိတ်လက္ခဏာနဲ့ အံ့ဖွယ်ရာတချို့ပဲ ဟိုဟို သည်သည် ပြကြတယ်။ ဒီအယောင်ဆောင် ဘုရားနဲ့ နတ်ဆိုးတွေ အားလုံးက လူတွေကို လှည့်စားပြီး ဖောက်ပြန်ပျက်စီးစေတဲ့ မကောင်းဆိုးဝါး၊ နတ်ဆိုးတွေ ဖြစ်တယ်။ သူတို့က ဖန်ဆင်းရှင်၊ တစ်ပါးတည်းသော ဘုရားရဲ့ ရန်သူတွေဖြစ်ပြီး၊ သူ့ဆီကနေ လူသားမျိုးနွယ်ကို ဆွဲလုသွားဖို့ ကြိုးစားနေကြတာ။ ဒါကြောင့်ဒီမကောင်းဆိုးဝါးတွေနဲ့ နတ်ဆိုးတွေအားလုံးက ဘုရားရဲ့ ခါးသီးတဲ့ ရန်သူတွေဖြစ်ပြီး သူတို့ကို ဘုရားက မုန်းတီးပြီး ရှုတ်ချတာပါ။ ဒီမကောင်းဆိုးဝါးတွေနဲ့ နတ်ဆိုးတွေကို ကြည်ညိုပြီး ကိုးကွယ်သူအားလုံးက ဘုရားရဲ့ ရှုတ်ချပြီး ဖျက်ဆီးတာကို ခံရမှာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လောကဟောင်း ဆက်လက် တည်ရှိနေသရွေ့၊ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို စကြဝဠာတစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန် ကြေညာမည် ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။ ငါသည် ပြောကြားရန် စကြဝဠာဆီသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ်အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့်အမှုအားလုံးကို မြင်လေသည်။ ငါ၏အလိုကို ဆန့်ကျင်သောသူတို့သည်၊ ဆိုလိုသည်မှာ ငါ့ကို လူသား၏လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှု ခံရလိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိ မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုလုပ်မည် ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့်လသည်လည်း အသစ်ပြုလုပ်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်ဘဲ၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံသွားကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားပြီး အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခု ဖြစ်လာကာ၊ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရ၍ မတည်ရှိတော့စေရန်၊ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်။ စကြဝဠာအတွင်းရှိ လူသားများတွင် မာရ်နတ်နှင့် ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး၊ စာတန်ကို ဝတ်ပြုကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးဖြင့် ချိုးနှိမ်ခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းချောင်း အတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ့အမှုများ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက် ပေါ်ထွန်းလာခြင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် သီးခြားခွဲထားခံရမည် ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းများကို ခံကြရမည်။ ငါနှင့်ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ စွမ်းဆောင်ခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည် ဖြစ်ပြီး၊ ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူသားမျိုးနွယ်အားလုံး သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြစေရန်အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါကိုယ်တော်တိုင်၏အသံနှင့် အသံပြုမည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ဘုရားရဲ့ ကယ်တင်ခြင်းနဲ့ ပတ်သက်လို့ တကယ်ကို ပြောဖို့ အများကြီး ရှိပါတယ်၊ ဒီတော့ ဒီနေ့ ဒါနဲ့ ရပ်လိုက်ရအောင်။ လာမယ့် အခန်းတွေမှာ ခင်ဗျားတို့နဲ့ ထပ်ပြီး ဆွေးနွေးဖို့ မျှော်လင့်နေပါတယ်။ နောက်မှ တွေ့ကြရအောင်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကယ်တင်ရှင် ပြန်ကြွလာသည့်အခါ၊ သူ့အား ယေရှုဟု ခေါ်ဦးမည်လော

နောက်ဆုံးသောကာလမှာ ကယ်တင်ရှင် အနန္တတန်ခိုးရှင် ဘုရားသခင်က ကမ္ဘာမြေကို ကြွလာနှင့်ပြီးပြီ။ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့...

ချီဆောင်ခံရခြင်းဆိုသည်မှာ အမှန်တကယ်တွင် မည်သည့်အရာဖြစ်သနည်း

လွန်ခဲ့တဲ့ နှစ် ၂၀ဝ၀ တုန်းက သခင်ယေရှုဟာ ကားစင်တင်ခံရပြီး သူ့ရဲ့ ရွေးနုတ်ခြင်းအမှုကို လုပ်ပြီးသွားတဲ့နောက် သူပြန်ကြွလာမယ်လို့...

ဘုရားသခင်သည် သူ၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရန်အတွက် အဘယ်ကြောင့် လူ့ဇာတိခံယူသနည်း

ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအကြောင်းကို ကျွန်တော်တို့ သုံးလေးခါလောက် ပြောခဲ့ပြီးပါပြီ။ ဒီတရားစီရင်ခြင်းအမှုကို ဘယ်သူက...

စစ်မှန်သည့် ခရစ်တော်နှင့် ခရစ်တော် အယောင်ဆောင်များကို ပိုင်းခြားသိမြင်ခြင်း

ဒီနေ့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော် အယောင်ဆောင်တွေကို ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါက ဘုရားအပေါ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။