လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် အမှုတော် အဆင့်သုံးဆင့် လိုအပ်သနည်း

24.12.2021

လွန်ခဲ့တဲ့ အနှစ် ၂၀၀၀တုန်းက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သခင်ယေရှု ပေါ်ထွန်းခဲ့ပြီး ယုဒပြည်မှာ အမှုပြုခဲ့သလို၊ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” (ရှင်မဿဲ ၄:၁၇) လို့ ဟောခဲ့တာကို အားလုံး သိပါတယ်။ သူဟာ ယုဒတိုင်းနိုင်ငံကို တုန်လှုပ်သွားစေရင်းနဲ့ သမ္မာတရားအများကြီးကို ဖော်ပြခဲ့သလို၊ နိမိတ်လက္ခဏာနဲ့ အံ့ဖွယ်ရာတွေ အများကြီး ထုတ်ဖော်ပြခဲ့တယ်။ ယုဒဘာသာရဲ့ အထက်ပိုင်း ခေါင်းဆောင်တွေက သခင်ယေရှုရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေ ဩဇာအာဏာရှိပြီး တန်ခိုးရှိပုံနဲ့ နောက်လိုက်တွေ သူအမြဲ ရနေခဲ့တာကို မြင်ခဲ့ကြတယ်။ ယေရှုရဲ့ အမှုက သူတို့ရဲ့ အဆင့်အတန်းကို ခြိမ်းခြောက်သလို ဒီခေါင်းဆောင်တွေက ခံစားခဲ့ရတယ်၊ ဒါကြောင့် သူ့ကို ဆန့်ကျင်အသုံးပြုဖို့ အကြောင်းကိစ္စတွေကို ရှာဖို့ စကြိုးစားလာကြတယ်၊ ကောလာဟလနဲ့ အလိမ်အညာတွေ လုပ်ကြံဖန်တီးကြတယ်၊ ယေရှုကို ရှုတ်ချပြီး သူ့နောက်လိုက်ရာကနေ လူတွေကို တားဆီးကြတယ်။ ယေရှုဟာ လူသားဖြစ်ပြီး ဝိညာဉ်ပုံစံနဲ့ ဖြစ်မနေခဲ့တာက သူတို့ကို ပိုလို့တောင် ရိုင်းစိုင်းပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်စေခဲ့တယ်။ သူ့ရဲ့ အမှုနဲ့ နှုတ်ကပတ်တော်တွေဟာ ပညတ်တရားကို ကျော်လွန်တာက သူ့ကို အရူးအမူး ရှုတ်ချပြီး လိုက်ဖမ်းရခြင်းနဲ့ ကားတိုင်ပေါ် သံမှိုရိုက်နှက်ရခြင်းအတွက် သူတို့ရဲ့ ဆင်ခြေဖြစ်ခဲ့တယ်။ အဲဒါက အစ္စရေးနိုင်ငံကို အနှစ် ၂၀၀၀ကြာ ပျက်ကိန်းဆိုက်စေရင်းနဲ့ ဘုရားရဲ့ ဖျက်ဆီးခြင်းနဲ့ အပြစ်ပေးခြင်းကို ရရှိစေခဲ့တယ်။ အခု ယေရှုက နောက်ဆုံးသော ကာလမှာ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အနေနဲ့ ပြန်ကြွလာပြီ၊ လူသားမျိုးနွယ်ကို အပြည့်အဝ သန့်စင်၊ ကယ်တင်ဖို့ သမ္မာတရားကို ဖော်ပြနေပြီး၊ ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်း အမှုကို ပြုနေတယ်။ ဂိုဏ်းဂဏအားလုံးဆီက ဘုရားရဲ့ ပေါ်ထွန်းခြင်းကို တောင့်တသူတွေဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးကြပြီ၊ ဘုရားရဲ့ အသံကို သတိပြုမိပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ဆီကို လှည့်သွားကြပြီ။ ဒါပေမဲ့ ဘာသာရေး ခေါင်းဆောင်တွေ အများကြီးက ဒါကို လက်မခံနိုင်ကြဘူး။ သူတို့ရဲ့ သိုးကောင်းတွေက သိုးစုကို စွန့်ခွာကြပြီဖြစ်သလို သူတို့ရဲ့ အဆင့်အတန်းနဲ့ အသက်မွေးမှုက အန္တရာယ်ရှိလာတယ်၊ အဲဒါကို သူတို့ သည်းမခံနိုင်ဘူး။ သူတို့ဟာ ယုံကြည်သူတွေကို လှည့်စားဖို့နဲ့ လမ်းမှန်ကို စုံစမ်းစစ်ဆေးရာကနေ တားဖို့ သူတို့ တတ်နိုင်သမျှ လုပ်ရင်းနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ငြင်းပယ်၊ ရှုတ်ချဖို့ အလိမ်အညာမျိုးစုံ လုပ်ကြံဖန်တီးကြတယ်။ သူတို့ ပြောတာက သခင်ယေရှုက လူသားမျိုးနွယ်ကို ရွေးနုတ်ပြီးသား ဖြစ်သလို ဘုရားရဲ့ ကယ်တင်ခြင်းအမှုက စုံလင်နေပြီ၊ ပြီးတော့ သူကြွလာတဲ့အခါ ယုံကြည်သူတွေကို သူ ချီဆောင်လိမ့်မယ်။ နောက်ထပ် ကယ်တင်ခြင်း အမှု မရှိတော့ဘူးတဲ့။ သူတို့က ဒီလိုတောင် ကန့်ကွက်ကြတယ်- “သခင်ပြန်ကြွလာပြီး နိုင်ငံတော်ထဲကို ကျွန်တော်တို့ကို မခေါ်သွားရင်၊ သူက သခင် တကယ် မဟုတ်ဘူး။ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်နေတဲ့ လူ့ဇာတိနဲ့ သခင်က သခင် တကယ် မဟုတ်နိုင်ဘူး။ ကျွန်တော်တို့ ချီဆောင်ခံရမှပဲ သခင်ဟာ ကျွန်တော်တို့ ယုံကြည်တဲ့ သခင် ဖြစ်တယ်”တဲ့။ အထူးသဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်က ဝိညာဉ်ပုံစံနဲ့ မဟုတ်ဘဲ ပုံမှန် လူသားတစ်ယောက် ဖြစ်တာကို မြင်တော့၊ ပိုပြီးတောင် ပြောရခက်လာကြသလို၊ သူ့ကို ပိုပြင်းပြင်းထန်ထန် ရှုတ်ချပြီး ပြစ်မှားစော်ကားလာကြတယ်။ ဧဝံဂေလိကို မျှဝေနေတဲ့ ယုံကြည်သူတွေကို ဖမ်းဖို့ ကွန်မြူနစ်ပါတီနဲ့တောင် အင်အား ပူးပေါင်းလိုက်ကြတယ်။ သူတို့ လုပ်ရပ်တွေနဲ့၊ ဘုရားကို သူတို့ နောက်တစ်ကြိမ်ကားစင်တင်သတ်လိုက်ကြပြီ။ အဲဒီအကြောင်း တွေးကြည့်လိုက်။ ဘာလို့ ဘုရားရဲ့ အမှုတော် အဆင့်တိုင်းဟာ ဘာသာရေးလောကရဲ့ ငြင်းပယ်တာ၊ ရှုတ်ချတာနဲ့ ခုခံတာ ခံရတာလဲ။ လူသားမျိုးနွယ်က စာတန်ရဲ့ သိပ်ကို နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေတာ ခံရလို့ပါပဲ။ လူတိုင်းမှာ ဆိုးယုတ်တဲ့ သဘာဝရှိတယ်၊ လူတိုင်းက သမ္မာတရားကို မုန်းပြီး ငြီးငွေ့ကြတယ်။ နောက်ထပ် အကြောင်းရင်းက ဘုရားရဲ့ အမှုတော်ကို လူတွေ နားမလည်ကြတာ။ ဒီတော့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားရဲ့ အမှုကို အမှန်တကယ်ထက် ပိုရိုးရှင်းတယ်လို့ မြင်ကြတယ်။ ဣသရေလလူမျိုးတွေက ဘုရားရဲ့ ပညတ်တော်ခေတ် အမှု ပြီးတာနဲ့ ပညတ်တရားကိုပဲ သူတို့ လိုက်နာရမှာဖြစ်ပြီး သူတို့ ကယ်တင်ခံရမယ်၊ ပြီးတော့ မေရှိယကြွလာတဲ့အခါ နိုင်ငံတော်ထဲကို သူတို့ ချက်ချင်း ခေါ်ဆောင်ခံရမယ်လို့ ယုံကြည်ခဲ့ကြမှန်း ကျွန်တော်တို့ သိပါတယ်။ ပြီးတော့ ဘာဖြစ်ခဲ့လဲ။ သခင်ယေရှု ကြွလာခဲ့ပြီး ဂျူးလူမျိုးတွေက သူ့ကို ကားစင်တင်သတ်ခဲ့ကြတယ်။ ပညတ်တော်ခေတ်က လူတွေက ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုနဲ့အတူ၊ သူတို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရပြီး အပြီးသတ် သူတို့ ကယ်တင်ခံခဲ့ရတယ်၊ ဒါကြောင့် သခင် ပြန်ကြွလာတဲ့အခါ နိုင်ငံတော်ထဲကို တန်တန်းမတ်မတ် သူတို့ ခေါ်ဆောင်ခံရသင့်တယ်လို့ တွေးခဲ့ကြတယ်။ ပြီးတော့ ဘာဖြစ်ခဲ့လဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ကြွလာပြီဖြစ်ပြီး၊ စာတန်ရဲ့ အစိုးရနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဘာသာရေးလောကရဲ့ ထပ်ပြီး ကားစင်တင်တာကို ခံနေရတယ်။ သူတို့ထင်တာက သခင်ယေရှုက သူ့အမှုတော်ကို ပြီးစီးတဲ့အခါ၊ ဘုရားရဲ့ ကယ်တင်ခြင်းအမှု ပြီးစီးတယ်လို့ပေါ့။ ဒါပေမဲ့ အဲဒါ တကယ်မှန်လား။

အမှန်တော့၊ ဘုရားလုပ်ဆောင်တဲ့ အမှုရဲ့ အဆင့်သစ်တိုင်းကို အချိန်ကြာမြင့်စွာက ကြိုတင် ပရောဖက်ပြုထားခဲ့တာ ဖြစ်ပါတယ်။ ရွေးနုတ်ခြင်း အမှုအတွက် ယေရှု ကြွလာခဲ့ချိန်မှာ၊ ပရောဖက်တွေက သူ့ရဲ့ ကြွလာခြင်းကို ဟောကိန်းထုတ်နှင့်ခဲ့ပြီးသားပါ။ “သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သား ယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့်ရလတံ့။” (ဟေရှာယအနာဂတ္တိကျမ်း ၇:၁၄) “အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဘွား မြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်ကာ အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ် ခြင်းကို ခံတော်မူလိမ့်မည်။” (ဟေရှာယအနာဂတ္တိကျမ်း ၉:၆) ပြီးတော့ နောက်ဆုံးသော ကာလမှာ ဘုရားရဲ့ တရားစီရင်ခြင်း အမှုအတွက်၊ အနည်းဆုံး ၂၀၀ လောက်ရှိတဲ့ ကျမ်းဆိုင်ရာ ပရောဖက်ပြုချက်တွေ အများကြီးပဲ။ သခင်ယေရှု ပြောခဲ့တာကို ကြည့်လိုက်- “ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) “ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၅:၂၃) ပြီးတော့ ရှင်ပေတရုကျမ်းမှာ- “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) ဘုရားအမှုတော်ကို စိတ်ဝင်စားသူ ဘယ်သူမဆို အဲဒီအတွက် အခြေပြုချက်ကို လွယ်လွယ် ရှာတွေ့နိုင်တယ်။ အဲဒါဆို ဘုရားကို ကားတိုင်မှာ သံမှိုရိုက်နှက်ဖို့ ထက်ထက်သန်သန်နဲ့ မဆုတ်မနစ် လုပ်မှာ မဟုတ်ဘူး။ ဒီတစ်ခုတည်းကပဲ လူသားမျိုးနွယ်ဟာ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ခံခဲ့ရလဲဆိုတာကို ပြတယ်။ လူသားအားလုံးမှာ ဆိုးယုတ်တဲ့ သဘာဝ ရှိပြီး၊ လူသားတွေက ဘုရားရဲ့ ရန်သူတွေဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒီအချက်ကို ကျွန်တော်တို့အားလုံး မြင်ကြပြီးပြီ။ ပညတ်တော်ခေတ်ကနေ ကျေးဇူးတော်ခေတ်ထဲက ယေရှုရဲ့ ရွေးနုတ်ခြင်းအထိ၊ ပြီးတော့ အခု နောက်ဆုံးသော ကာလမှာ၊ ဒီခေတ်ကာလတွေနဲ့ဆိုင်တဲ့ အမှုတော်ကို အဆုံးသတ်ဖို့ လူ့ဇာတိနဲ့ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်နေတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့အတူ၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ အမှုတော်က အဆင့်သုံးဆင့် အတိအကျ ဖွဲ့စည်းပါဝင်တာ သိသာတယ်။ ဒီတော့ သူ့ရဲ့ ကယ်တင်ခြင်း အမှုက အဆင့်သုံးဆင့်နဲ့ ဆောင်ရွက်ဖို့ ဘာလို့ လိုတာလဲ။ အဲဒါ လူသားတွေ နားမလည်နိုင်တဲ့ အရာတစ်ခုပဲ၊ အဲဒါက တော်တော်များများကို ဘုရားရဲ့အမှုတော်ကို ခုခံ၊ ရှုတ်ချစေခဲ့တယ်။ ဒီအရာရဲ့ အကျိုးဆက်တွေက ကြီးလေးတယ်။ အဲဒါကြောင့် ဒီနေ့ ကျွန်တော်တို့ လေ့လာစူးစမ်းနေတဲ့ ကိစ္စက အမှုတော်ရဲ့ အဆင့်သုံးဆင့်ကို ဘုရားဆောင်ရွက်ရတဲ့ အကြောင်းရင်း ဖြစ်တယ်။

နောက်ဆုံးသော ကာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ့ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ နက်နဲမှုတွေအားလုံးကို ထုတ်ဖော်ပြပြီးပါပြီ။ ဒါကို ပိုပြီး နားလည်နိုင်အောင်လို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်း အမှုကို အဆင့်သုံးဆင့် ခွဲခြားထား၏- ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ဟူ၍ ဖြစ်သည်။ အမှု၏ ဤအဆင့်သုံးဆင့်အားလုံးသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဖြစ်၏၊ ဆိုလိုသည်မှာ ၎င်းတို့သည် စာတန်၏ ပြင်းထန်စွာ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရသည့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်သည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်အနေဖြင့် စာတန်နှင့် တိုက်ပွဲဝင်နိုင်ရန်အလို့ငှာလည်း ဖြစ်၏။ ထို့ကြောင့်၊ ကယ်တင်ခြင်း အမှုသည် အဆင့်သုံးဆင့်ခွဲခြားထားသကဲ့သို့ပင်၊ စာတန်နှင့် တိုက်ပွဲသည်လည်း အဆင့်သုံးဆင့် ခွဲခြားထားသောကြောင့် ဘုရားသခင်၏အမှုနှင့်သက်ဆိုင်သည့် ဤကဏ္ဍနှစ်ရပ်ကို တစ်ပြိုင်နက် ဆောင်ရွက်လေသည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်တကယ်တွင် လူသားမျိုးနွယ်၏ကယ်တင်ခြင်းအတွက် ဖြစ်ကာ၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှုသည် အဆင့်တစ်ဆင့်တည်းဖြင့် အောင်မြင်စွာ ပြီးဆုံး နိုင်သည့်အရာတစ်ခု မဟုတ်သောကြောင့်၊ စာတန်နှင့်တိုက်ပွဲသည်လည်း အဆင့်များနှင့် ကာလများအဖြစ် ပိုင်းခြားထားပြီး၊ လူသား၏လိုအပ်ချက်များနှင့် ၎င်းအပေါ် စာတန်၏ဖောက်ပြန်ပျက်စီးစေခြင်း အတိုင်းအတာတို့နှင့်အညီ စာတန်အပေါ် စစ်ပွဲဆင်နွှဲရလေသည်။...လူသား၏ကယ်တင်ခြင်းအမှုအဖို့ အဆင့်သုံးဆင့်ရှိ၏၊ ဆိုလိုသည်မှာ စာတန်ကို တစ်ကြိမ်တည်းနှင့် လုံးဝရှုံးနိမ့်စေဖို့အလို့ငှာ စာတန်နှင့်တိုက်ပွဲကို အဆင့်သုံးဆင့် ခွဲထားပေသည်။ သို့ရာတွင် စာတန်နှင့်တိုက်ပွဲ အမှုတစ်ခုလုံး၏ အတွင်းသမ္မာတရားမှာ အမှု၏ လူသားအပေါ် ကျေးဇူးတော် အပ်နှင်းခြင်း၊ လူသား၏ အပြစ်ဖြေရာယဇ် ဖြစ်လာခြင်း၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ခြင်း၊ လူသားကို သိမ်းပိုက်ခြင်းနှင့် လူသားကို စုံလင်စေခြင်း ဟူသော အချို့သောအဆင့်တို့မှတစ်ဆင့် ၎င်း၏ အကျိုးတရားများကို ရရှိပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း”) ဘုရားရဲ့ ကယ်တင်ခြင်း အမှုက အဆင့်သုံးဆင့်နဲ့ ဖြစ်ပွားတာ ကျွန်တော်တို့ မြင်နိုင်တယ်။ အဲဒါတွေ ပညတ်တော်ခေတ်ထဲက ယေဟောဝါ ဘုရားသခင်ရဲ့ အမှု၊ ကျေးဇူးတော်ခေတ်ထဲက သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းနဲ့ နိုင်ငံတော်ခေတ်ထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုဖြစ်တယ်။ အမှုတော်ရဲ့ ဒီအဆင့်သုံးဆင့်က ဘုရားရဲ့ ပြည့်ဝတဲ့ ကယ်တင်ခြင်းအမှုကို ဖွဲ့စည်းပြီး၊ ဒါကဘုရားရဲ့ အပြည့်အဝ ရယူတာကို ခံရဖို့ လူသားမျိုးနွယ်ကို စာတန်ရဲ့ အင်အားစုတွေကနေ ဘုရားက တစ်ဆင့်ပြီးတစ်ဆင့် ကယ်တင်ပုံဖြစ်တယ်။ အဆင့်တစ်ခုစီရဲ့ နောက်ကွယ်က အရေးပါမှုက နက်နဲတယ်။ ဒါက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ စီမံခန့်ခွဲမှု အစီအစဉ်ထဲက မရှိမဖြစ် အမှုတော်နဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို အပြစ်နဲ့ စာတန်ရဲ့ အင်အားစုတွေကနေ ကယ်တင်ဖို့ လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်။

နောက်ထပ်၊ ဘုရား အမှုတော်ရဲ့ အဆင့်သုံးဆင့်ကို သူကိုယ်တိုင်ရဲ့ နှုတ်ကပတ်တော်တွေပေါ် အခြေခံပြီး အကျဉ်းချုပ် ဖော်ပြချင်ပါတယ်။ ပထမဆုံးအနေနဲ့ လူ့ရဲ့ ကယ်တင်ခြင်းအတွက် ဘုရားအမှုတော်ရဲ့ ပထမအဆင့်— ပညတ်တော်ခေတ်ထဲက အမှုတော် အကြောင်း ပြောကြစို့။ ပညတ်တော်ခေတ်အတွက် ဘုရားက သူ့အမှုကို မဆောင်ရွက်ခင်မှာ၊ လူသားတွေက လုံးဝ နုံအခဲ့ကြမှန်း ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဘုရားကို ဘယ်လိုကိုးကွယ်ရမယ်၊ မြေကြီးပေါ် သူတို့ဘဝတွေကို ဘယ်လို အသက်ရှင်ရမယ်မှန်း သူတို့ မသိခဲ့ကြဘူး။ စဉ်ဆက်မပြတ် အပြစ်ပြုမိကြပြီး ဘုရားကို ပုန်ကန်ပြစ်မှားနေခဲ့ကြသလို၊ အပြစ်ကဘာလဲဆိုတာတောင် မသိခဲ့ကြဘူး။ လူတွေကို အပြစ်ကနေ ကင်းအောင်နေစေဖို့နဲ့ ကောင်းကောင်းမွန်မွန် အသက်ရှင်စေဖို့၊ ပညတ်တော်ခေတ်နဲ့ဆိုင်တဲ့ သူ့အမှုတော်ကို ဘုရားက စတင်ခဲ့တယ်။ ဒါနဲ့ပတ်သက်လို့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရအောင်။ “အဲဂုတ္တုပြည်ထဲမှထွက်ကာ မောရှေနောက်သို့ လိုက်လာကြသော ဣသရေလလူတို့ကို လက်ဆင့်ကမ်းပေးအပ်ရန် ယေဟောဝါသည် မောရှေအတွက် ပညတ်တော်အများအပြားကို ပညတ်တော်ခေတ် ကာလအတွင်း ချပေးခဲ့သည်။ ဤပညတ်တော်များသည် ဣသရေလ လူမျိုးတို့အတွက် ယေဟောဝါပေးအပ်ခဲ့သည့် အရာများဖြစ်ကာ အဲဂုတ္တုလူမျိုးတို့နှင့် ဘာမျှမသက်ဆိုင်ပေ၊ ၎င်းပညတ်တော်များမှာ ဣသရေလလူမျိုးတို့ကို ကန့်သတ်ထိန်းချုပ်ရန်အတွက် ရည်ရွယ်ထားပြီး ဣသရေလလူတို့အပေါ် တောင်းဆိုချက်များ ပြုလုပ်ရန် ထို၎င်းပညတ်တော်များကို သူအသုံးပြုခဲ့သည်။ ၎င်းတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းကြခြင်းရှိမရှိ၊ ၎င်းတို့၏ မိဘများကို ရိုသေကြခြင်း ရှိမရှိ၊ ရုပ်တုဆင်းတုများကို ကိုးကွယ်ကြခြင်း ရှိမရှိ အစရှိသည်တို့မှာ ၎င်းတို့အနေဖြင့် အပြစ်ရှိမရှိ၊ ဖြောင့်မတ်ခြင်းရှိမရှိကို စီရင်သည့် အခြေခံသဘောတရားများ ဖြစ်ခဲ့သည်။ ထိုသူတို့ထဲ၌ ယေဟောဝါ၏မီးဖြင့် ဒဏ်ခတ်ခံရသူအချို့ ရှိခဲ့သည်၊ ကျောက်ခဲဖြင့် ပေါက်သတ်ခံရသူအချို့ ရှိခဲ့ပြီး၊ ယေဟောဝါထံမှ ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရသူအချို့ ရှိခဲ့ပြီးလျှင်၊ ဤအရာအား ၎င်းတို့ ထိုပညတ်တော်များကို နာခံမှုရှိမရှိအပေါ်မူတည်၍ ဆုံးဖြတ်သည်။ ဥပုသ်နေ့ကို စောင့်ထိန်းခြင်း မရှိသူတို့သည် ကျောက်ခဲဖြင့် သေသည်အထိ ပေါက်သတ်ခံခဲ့ရသည်။ ဥပုသ်နေ့ကို စောင့်ထိန်းခြင်းမရှိသည့် ယဇ်ပုရောဟိတ်တို့မှာမူ ယေဟောဝါ၏မီးဖြင့် ဒဏ်ခတ်ခံခဲ့ရသည်။ မိမိတို့၏မိဘများကို ရိုသေခြင်း မရှိသူတို့သည်လည်း ကျောက်ခဲဖြင့် သေသည်အထိ ပေါက်သတ်ခံခဲ့ရသည်။ ဤအရာအားလုံးကို ယေဟောဝါက အကြံပြုခဲ့ခြင်း ဖြစ်သည်။ ယေဟောဝါက သူ၏ပညတ်တော်များနှင့် ဥပဒေများကို ချမှတ်ခဲ့သည်မှာ လူတို့၏ အသက်တာ၌ သူဦးဆောင်သည့်အခါ၊ လူတို့သည် သူ၏နှုတ်ကပတ်တော်ကို နားထောင်ပြီး နာခံကြကာ သူ့ကို ပုန်ကန်ခြင်း မပြုကြစေရန် ဖြစ်သည်။ သူ၏အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ်ကို ပို၍ကောင်းမွန်စွာ ချမှတ်နိုင်ရေးအတွက် မွေးကင်းစ လူသားမျိုးနွယ်ကို ဆက်လက် ထိန်းချုပ်ထားရန် ထိုပညတ်တော်များကို သူအသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါပြုခဲ့သော အမှုပေါ်မူတည်၍ ပထမခေတ်ကို ပညတ်တော်ခေတ်ဟုခေါ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပညတ်တော်ခေတ်ရှိ အမှုတော်”) ပညတ်တော်ခေတ်မှာ၊ ယေဟောဝါ ဘုရားသခင်က လူသားမျိုးနွယ်ကို ဘုရားကို ဘယ်လိုကိုးကွယ်ပြီး၊ သူတို့ဘဝတွေကို ဘယ်လို နေထိုင်ရမယ်ဆိုတာတွေကို သွန်သင်ပေးရင်းနဲ့ ပညတ်တရားနဲ့ ပညတ်ချက်တွေ အများကြီး ထုတ်ပြန်ခဲ့တယ်။ ပညတ်တရားကို လိုက်နာခဲ့သူတွေဟာ ဘုရားရဲ့ ကွယ်ကာခြင်းနဲ့ ကောင်းချီးတွေ ရခဲ့ကြပေမဲ့၊ ပညတ်တရားကို ချိုးဖောက်ခဲ့သူတွေကတော့ သူတို့ အပြစ်တွေ ခွင့်လွှတ်ခံရဖို့ ယဇ်တွေကို ပူဇော်ခဲ့ကြရတယ်။ မဟုတ်ရင် ဘုရားရဲ့ အပြစ်ပေးခြင်းနဲ့ ဖျက်ဆီးခြင်းကို ရင်ဆိုင်ရမှာပါ။ ပညတ်တော်ခေတ်နဲ့ဆိုင်သူတွေက ဘုရားရဲ့ ဖြောင့်မတ်ခြင်းနဲ့ အမျက်ဒေါသ၊ သူ့ရဲ့ ပုန်ကန်ပြစ်မှားမရတဲ့ စိတ်သဘောထားကို ကိုယ်တိုင်ကိုယ်ကျ သိခဲ့ကြပြီး၊ သူ့ရဲ့ သနားကရုဏာနဲ့ ကောင်းချီးမင်္ဂလာတွေကို သိခဲ့ကြတယ်။ အဲဒါကြောင့် လူတိုင်းက ယေဟောဝါ ဘုရားသခင်ကို ကြောက်ရွံ့ခဲ့ကြပြီး သူ့ရဲ့ ပညတ်တရားနဲ့ ပညတ်ချက်တွေကို လိုက်နာခဲ့ကြတယ်။ ဘုရားရဲ့ ကွယ်ကာမှု ရှိခဲ့ကြပြီး မြေကြီးပေါ်မှာ ကောင်းမွန်တဲ့ ဘဝတွေကို အသက်ရှင်ခဲ့ကြတယ်။ အခု ဒါကို နည်းနည်း တွေးကြည့်ရအောင်- ဘုရားက သူ့ရဲ့ ပညတ်တော်ခေတ် အမှုတော်ကို မပြီးစီးခဲ့ရင်၊ လူသားမျိုးနွယ် ဘာဖြစ်သွားခဲ့မလဲ။ ပညတ်တရားရဲ့ ကန့်သတ်ချက်တွေ၊ ဘုရားရဲ့ လမ်းပြမှုမရှိဘဲ၊ လူသားမျိုးနွယ်အားလုံး လုံးလုံး ပရမ်းပတာဖြစ်ခြင်းထဲ ကျဆင်းသွားကြမှာဖြစ်ပြီး စာတန်ရဲ့ ဖမ်းဆီးတာ ခံခဲ့ရမှာပါ။ ဘုရားက လူသားမျိုးနွယ်ကို ပညတ်တရားပေးခဲ့တာက အရမ်းကို အရေးကြီးတဲ့ အလုပ်ပါပဲ။ သူ့ရဲ့ ပညတ်တော်ခေတ် အမှုက လူကို အပြစ်က ဘာဖြစ်တယ်ဆိုတာနဲ့ ဖြောင့်မတ်ခြင်းက ဘာဖြစ်တယ်ဆိုတာကို သွန်သင်ခဲ့ပြီး၊ အပြစ်ပြုခြင်းက အပြစ်ဖြေဖို့အတွက် ယဇ်တစ်ခုလိုအပ်မှန်း ပြခဲ့တယ်။ ဘုရားအမှုရဲ့ ပထမအဆင့်က လူသားမျိုးနွယ်ကို သူတို့ဘဝတွေမှာ လမ်းမှန်ပေါ် ခေါ်ဆောင်ခဲ့ရုံမက၊ ကျေးဇူးတော်ခေတ်ရဲ့ ရွေးနုတ်ခြင်းအမှုအတွက် အဆင့်ကိုလည်း ပြင်ဆင်တယ်၊ လမ်းကိုလည်း ခင်းပေးခဲ့တယ်။

ပညတ်တော်ခေတ် နှောင်းပိုင်းမှာ၊ လူသားမျိုးနွယ်အားလုံးက စာတန်ရဲ့ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေတာ ခံခဲ့ရလို့ ပိုပိုပြီး အပြစ်လုပ်နေခဲ့ကြသလို၊ ပညတ်တရားက သူတို့ကို မထိန်းချုပ်နိုင်တော့ဘူး။ သူတို့ အပြစ်အတွက် လုံလောက်တဲ့ ယဇ်တွေ မရှိခဲ့ကြဘူး၊ ဒါကြောင့် ပညတ်တရားအောက်မှာ ရှုတ်ချခြင်းနဲ့ စီရင်ခြင်းကို ရင်ဆိုင်နေခဲ့ကြရတယ်၊ အားလုံးက သူတို့ရဲ့ နာကျင်မှုထဲမှာ ဘုရားကို ဟစ်အော်နေခဲ့ကြတယ်။ ဒါကြောင့် ဘုရားက ကျေးဇူးတော်ခေတ်ကို အစပြုပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ရင်းနဲ့ သခင်ယေရှု အဖြစ် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံခဲ့ပြီး ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်ခဲ့တယ်။ နောက်ထပ် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရအောင်။ “ကျေးဇူးတော်ခေတ်တွင် ယေရှုသည် ကျဆုံးသွားပြီးသော လူသားမျိုးနွယ်တစ်ရပ်လုံးကို (ဣသရေလလူမျိုးများသာမဟုတ်) ရွေးနုတ်ရန်အလို့ငှာ ကြွဆင်းလာခဲ့သည်။ သူသည် လူသားများကို သနားခြင်းနှင့် ချစ်ခြင်းကရုဏာကို ပြသခဲ့သည်။ ကျေးဇူးတော်ခေတ်တွင် လူသားများ မြင်တွေ့ခဲ့ရသည့် ယေရှုသည် ချစ်ခြင်းကရုဏာနှင့် ပြည့်နှက်နေခဲ့ပြီး လူသားများကို အစဉ်အမြဲ ချစ်သောသူဖြစ်ခဲ့သည်၊ အကြောင်းမှာ သူသည် လူသားမျိုးနွယ်ကို အပြစ်မှ ကယ်တင်ရန်အလို့ငှာ ကြွလာသောကြောင့်ဖြစ်သည်။ သူ၏ ကားတိုင်ပေါ်အသေခံခြင်းသည် လူသားမျိုးနွယ်ကို အပြစ်မှ လုံးလုံးလျားလျား ရွေးနုတ်ခဲ့သည်အထိ လူသားများ၏ အပြစ်များကို သူခွင့်လွှတ်နိုင်ခဲ့သည်။ ထိုအချိန်ကာလတွင် ဘုရားသခင်သည် လူသားတို့၏ရှေ့တွင် သနားခြင်းနှင့် ချစ်ခြင်းကရုဏာတို့နှင့် ပေါ်ထွန်းလာခဲ့သည်၊ ဆိုလိုသည်မှာ သူသည် လူသားတို့အတွက် အပြစ်ဖြေရာယဇ်ဖြစ်ခဲ့ပြီး လူသားတို့ ထာဝရခွင့်လွှတ်ခြင်းကို ရရှိနိုင်ရန်အလို့ငှာ သူတို့၏ အပြစ်များအတွက် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်”) “ယေရှု၏ရွေးနှုတ်ခြင်းသာ မရှိခဲ့လျှင်၊ လူသားမျိုးနွယ်သည် အပြစ်၌ ထာဝရ ရှင်သန်နေထိုင်ခဲ့ကြမည်ဖြစ်ကာ၊ အပြစ်၏ သားသမီးများ၊ မိစ္ဆာတို့မှ ဆင်းသက်လာသူများ ဖြစ်လာကြ လိမ့်မည်။ ဤသို့သာ ဆက်ဖြစ်ခဲ့သော်၊ ကမ္ဘာလောက တစ်ခုလုံးသည် စာတန် ကျိန်းဝပ်သော နယ်မြေ၊ ၎င်း၏နေထိုင်ရာ အရပ်ဖြစ်လာပေမည်။ သို့ရာတွင် ရွေးနှုတ်ခြင်းအမှုသည် လူသားတို့အပေါ် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့အား ပြသရန် လိုအပ်ခဲ့၏၊ ယင်းသို့သော နည်းလမ်းအားဖြင့်သာ လူသားမျိုးနွယ်သည် ခွင့်လွှတ်ခြင်းကို ရရှိနိုင်ခဲ့၍၊ အဆုံး၌ ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံရရန်နှင့် အပြည့်အဝ ရယူခြင်းခံရစေရန် အခွင့်ကိုလည်း ရနိုင်ခဲ့ကြသည်။ အမှု၏ ဤအဆင့်သာ မရှိခဲ့လျှင်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် တိုးတက်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ အကယ်၍ ယေရှုသည် ကားတိုင်၌ အဆုံးစီရင်ခြင်း မခံခဲ့ရသော်၊ သူသည် နာမကျန်းသူကိုသာ ပျောက်ကင်းစေ၍ နတ်ဆိုးတို့ကိုသာ နှင်ထုတ် ခဲ့သော်၊ လူတို့သည် ၎င်းတို့၏ အပြစ်များအတွက် ခွင့်လွှတ်ခြင်းကို လုံးလုံးခံရနိုင်ခဲ့မည် မဟုတ်ချေ။ ယေရှုသည် ကမ္ဘာလောကပေါ်တွင် သူ၏အမှုကိုပြုရင်း ကုန်ဆုံးခဲ့သည့် သုံးနှစ်ခွဲကာလအတွင်း၌၊ သူသည် ရွေးနှုတ်ခြင်းအမှု၏ တစ်ဝက်ကိုသာ ပြီးမြောက်ခဲ့၏၊ ထို့နောက် ကားတိုင်တွင် သံမှိုစွဲရိုက်ခံရခြင်းနှင့် အပြစ်တို့ဖြင့် ပြည့်နှက်သော ဇာတိပကတိပုံသဏ္ဌာန် ဖြစ်လာခြင်းအားဖြင့်လည်းကောင်း၊ နတ်ဆိုးထံ အပ်နှံခံရခြင်းအားဖြင့်လည်းကောင်း၊ သူသည် ကားတိုင်၌ အဆုံးစီရင်ခံရခြင်းအမှုကို ပြီးမြောက်ခဲ့ကာ၊ လူသားမျိုးနွယ်၏ ကံကြမ္မာကို ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ သူ့အား စာတန်၏လက်သို့ လွှဲအပ်ပြီးနောက်မှသာ၊ သူသည် လူသားမျိုးနွယ်ကို ရွေးနှုတ် ခဲ့ခြင်းဖြစ်၏။ သုံးဆယ့်သုံးနှစ်ခွဲ ကြာကာလအတွင်း သူသည် ကမ္ဘာလောကပေါ်၌ လှောင်ပြောင် ခံရခြင်း၊ အသရေဖျက်ခံရခြင်း၊ ပစ်ပယ်ခံရခြင်းတို့ကို ခံစားခဲ့ရကာ၊ သူ၌ ခေါင်းချရန်နေရာ၊ နားခိုရန်နေရာ မရှိသည် အထိဖြစ်ခဲ့ပြီး၊ ထို့နောက်တွင် သန့်ရှင်း၍ အပြစ်ကင်းသော ခန္ဓာဖြစ်သည့် သူ၏ဖြစ်ခြင်းတစ်ခုလုံးသည် ကားတိုင်ထက်၌ သံမှိုစွဲရိုက်ခံရလျက် အဆုံးစီရင်ခြင်းခံခဲ့ရ၏။ သူသည် ရှိရှိသမျှသော ဒုက္ခဆင်းရဲမှန်သမျှကို ကြံ့ကြံ့ခံခဲ့၏။ အာဏာ ရှိသူတို့က သူ့အား ပြက်ရယ်ပြု၍ ကျာပွတ်နှင့်ရိုက်နှက်ခဲ့သလို၊ စစ်သားများ ကလည်း သူ၏မျက်နှာကို တံတွေးနှင့်ပင် ထွေးခဲ့ကြ၏၊ သို့သော် သူသည် ဆိတ်ဆိတ်သာ နေခဲ့၍၊ အဆုံးထိတိုင် ကြံ့ကြံ့ခံခဲ့ကာ၊ သေဆုံးသည်အထိ အကြွင်းမဲ့ နာခံသွားခဲ့ပြီးနောက် လူသားအားလုံး တို့ကို သူရွေးနှုတ်ခဲ့ခြင်း ဖြစ်လေသည်။ ထို့နောက်မှသာ သူသည် အနားယူခွင့်ရခဲ့သည်။ ယေရှုပြုခဲ့သောအမှုသည် ကျေးဇူးတော်ခေတ် ကိုသာ ကိုယ်စားပြုခဲ့၏၊ ယင်းသည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုခြင်း မဟုတ်သကဲ့သို့၊ နောက်ဆုံးသောကာလ၏ အမှုအတွက် အစားထိုးခြင်းတစ်ခုလည်း မဟုတ်ချေ။ ဤသည်မှာ ရွေးနှုတ်ခြင်းခေတ်ဖြစ်သည့် လူသားမျိုးနွယ် ဖြတ်သန်းခဲ့ပြီးသော ဒုတိယခေတ်ဟူသည့် ကျေးဇူးတော်ခေတ် အတွင်းရှိ ယေရှုအမှု၏ အနှစ်သာရပင် ဖြစ်လေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွေးနှုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်”) ယေရှုက ကျွန်တော်တို့အလယ် အသက်ရှင်ခဲ့ချိန်မှာ၊ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” (ရှင်မဿဲ ၄:၁၇) လို့ ဟောခဲ့တယ်။ သူက လူကို ဝန်ချပြီး နောင်တရဖို့၊ တခြားလူတွေကို ကိုယ်နှင့်အမျှချစ်ဖို့၊ အကြိမ် ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်ဖို့၊ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှနဲ့ချစ်ဖို့၊ ဘုရားကို နမ်ဝိညာဉ်နဲ့ သစ္စာနဲ့ ကိုးကွယ်ဖို့၊ ပြီးတော့ နောက်ထပ်အကြောင်းအရာတွေ သွန်သင်ခဲ့တယ်။ ယေရှုရဲ့ နှုတ်ကပတ်တော်တွေက ဘုရားရဲ့ အလိုတော် ဘာဖြစ်တယ်ဆိုတာကို ပြခဲ့ပြီး၊ သူတို့ရဲ့ ယုံကြည်ခြင်းမှာ ထင်ရှားတဲ့ ရည်မှန်းချက်နဲ့ ဦးတည်ချက် ပေးခဲ့တယ်။ ဒါဟာ ပညတ်တရားနဲ့ စည်းမျဉ်းတွေရဲ့ ကန်သတ်ချက်တွေကို ကျော်လွန်တဲ့ အဆင့်တစ်ခုဖြစ်တယ်။ နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်ရာတွေကိုလည်း သူပြခဲ့တယ်။ နာမကျန်းဖြစ်သူကို ပျောက်ကင်းစေတာ၊ နတ်ဆိုးတွေကို နှင်ထုတ်ပြီး အပြစ်တွေ ခွင့်လွှတ်ပေးတာတွေပေါ့။ သူဟာ သည်းခံ၊ စိတ်ရှည်ခြင်း အပြည့်ရှိခဲ့တယ်။ ဘုရားရဲ့ ချစ်ခြင်းနဲ့ သနားကရုဏာကို လူတိုင်း ခံစားလို့ရခဲ့တယ်၊ သူ့ရဲ့ ချစ်ခင်ဖွယ်ဖြစ်ခြင်းကို မြင်ရပြီး၊ ဘုရားဆီ တိုးဝင်ချဉ်းကပ်လို့ ရခဲ့ကြတယ်။ နောက်ဆုံးမှာ သခင်ယေရှုဟာ ထာဝရ အပြစ်ဖြေရာယဇ်အနေနဲ့ အသုံးတော်ခံရင်း၊ ကျွန်တော်တို့ အပြစ်တွေကို အပြီးသတ် ခွင့်လွှတ်ပေးရင်းနဲ့ ကားတိုင်မှာ သံမှိုရိုက်နှက်ခံခဲ့ရတယ်။ အဲဒီနောက်မှာ၊ လူတွေဟာ သူတို့ အပြစ်တွေ ခွင့်လွှတ်ခံရဖို့ သခင့်ဆီ ဝန်ချပြီး နောင်တရဖို့ပဲ လိုအပ်ခဲ့သလို၊ ပညတ်တရားအောက်မှာ ရှုတ်ချ၊ အပြစ်ပေးမခံခဲ့ရဘူး။ ဆုတောင်းခြင်းနဲ့ ဘုရားရှေ့ကို သူတို့ လာလို့ရခဲ့ကြသလို၊ သခင် ပေးသနားတဲ့ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ ကြွယ်ဝတဲ့ ကောင်းချီးတွေကို မွေ့လျော်နိုင်ခဲ့ကြတယ်။ သိသိသာသာပဲ၊ ယေရှုရဲ့ရွေးနုတ်ခြင်းအမှုက ဒီနေ့ချိန်ထိ ကျွန်တော်တို့ကို ဆက်အသက်ဆက်၊ ရှင်သန်ခွင့်ပေးရင်းနဲ့ လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ ကောင်းကြီးတစ်ခု ဖြစ်ခဲ့တာပါ။

ဒီတော့ အဲဒီတုန်းက၊ သခင်ယေရှုဟာ သူ့ရဲ့ အမှုတော်ကို ပြီးစီးခဲ့ပြီး စာတန်ရဲ့ အာဏာစက်ကနေ ကျွန်တော်တို့ကို ရွေးနုတ်ခဲ့တဲ့အတွက်၊ အဲဒါက ဘုရားရဲ့ ကယ်တင်ခြင်းအမှု ပြီးစီးတယ်လို့ ဆိုလိုသလား။ ဘုရားရဲ့ နောက်ထပ် ကယ်တင်ခြင်း အမှုကို ကျွန်တော်တို့ မလိုအပ်တော့ဘူး ဆိုတဲ့သဘောလား။ အဖြေကတော့ မဟုတ်ဘူး ဆိုတာပါပဲ။ ဘုရားရဲ့အမှုက အဆုံးမသတ်သေးဘူး။ လူသားမျိုးနွယ်က ဘုရားကယ်တင်ခြင်း အမှုရဲ့ နောက်တစ်ဆင့် လိုအပ်နေတုန်းပဲ။ လူဟာ သခင်ယေရှုရဲ့ ရွေးနုတ်တာခံခဲ့ရပြီး ကျွန်တော်တို့အပြစ်တွေ ခွင့်လွှတ်ခံခဲ့ရပေမဲ့၊ ကျွန်တော်တို့ရဲ့ အပြစ်ရှိတဲ့ သဘာဝက ဖြေရှင်းမခံရသေးဘူး။ ကျွန်တော်တို့ဟာ ဖောက်ပြန်ပျက်စီးခြင်းထဲမှာ အမြဲ အသက်ရှင်ရင်းနဲ့ ကိုယ့်ရဲ့ အပြစ်ရှိတဲ့ သဘာဝရဲ့ လှုံ့ဆော်တာခံရတယ်။ ကျွန်တော်တို့က တစ်ချိန်လုံး မလိမ်ဘဲ၊ အပြစ်မလုပ်ဘဲ မနေနိုင်ကြဘူး။ သခင့်ကို ကျွန်တော်တို့ ဆန့်ကျင်၊ ခုခံပြီး သူ့နှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်နိုင်ကြဘူး။ အပြစ်လုပ်တာ၊ ဝန်ချတာနဲ့ ထပ်ပြီး အပြစ်လုပ်တဲ့ သံသရာထဲမှာ၊ နာကျင်စရာ အပြစ်ကို ဆန့်ကျင်ရုန်းကန်မှုထဲမှာ အားလုံး အသက်ရှင်ကြတယ်။ အပြစ်ရဲ့ အနှောင်အဖွဲ့နဲ့ ချုပ်ချယ်မှုတွေကို ဘယ်သူမှ မလွတ်မြောက်နိုင်ကြဘူး။ ဒါကြောင့် အပြစ်ကို မလွတ်မြောက်နိုင်တဲ့ လူတွေဟာ၊ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းမရှိဘဲ နိုင်ငံတော်ထဲကို တကယ်ပဲ ချီဆောင်ခံရနိုင်မလား။ ဘယ်ဟုတ်မလဲ။ ဘုရားက သန့်ရှင်းတဲ့ ဘုရားဖြစ်တယ်။ “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄) အပြစ်လုပ်နိုင်သေးပြီး သူ့ကို ဆန့်ကျင်တဲ့သူတွေကို ဘုရားက သူ့နိုင်ငံတော်ထဲ လုံးဝ ဝင်ခွင့်ပြုမှာ မဟုတ်ဘူး။ အဲဒါကြောင့် သခင်က သူ့ရဲ့ ရွေးနုတ်ခြင်းအမှုကို ပြီးစီးပြီးတဲ့နောက် ထပ်ပြီး ကြွလာမယ်လို့ ပရောဖက်ပြုခဲ့တယ်။ သခင်ယေရှုရဲ့ ပြန်ကြွလာခြင်းက လူ့ရဲ့ အပြစ်ရှိတဲ့ သဘာဝကို အပြည့်အဝ ဖြေရှင်းပေးဖို့၊ ကျွန်တော်တို့အနေနဲ့ သန့်ရှင်းလာပြီး ဘုရားနိုင်ငံတော်ထဲ ဝင်ရောက်နိုင်အောင် အပြစ်ကနေ ကယ်တင်ဖို့ပဲ။ သခင်ယေရှု ပြောခဲ့တဲ့အတိုင်းပါပဲ၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) “ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇) ဗျာဒိတ်ကျမ်းကလည်း ပရောဖက်ပြုထားတယ်- “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ...ဟု ကြီးသော အသံနှင့် ပြောဆို၏။” (ဗျာဒိတ်ကျမ်း ၁၄:၇) သခင်ယေရှုက သူ့ရဲ့ ပြန်ကြွလာခြင်းမှာ လူကို သမ္မာတရားအလုံးစုံထဲ ဝင်ရောက်ဖို့ ဦးဆောင်ရင်းနဲ့ သမ္မာတရားတွေကို ဖော်ပြပြီး၊ တရားစီရင်ခြင်းအမှုကို ပြုတယ်ဆိုတာ မြင်လို့ရပါတယ်။ အဲဒါက လူသားမျိုးနွယ်ကို အပြစ်နဲ့ စာတန်ရဲ့ အင်အားစုတွေကနေ အပြည့်အဝ ကယ်တင်တာ၊ ဘုရားနိုင်ငံတော်ထဲ ကျွန်တော်တို့ကို ဦးဆောင်တာဖြစ်တယ်။ ဒါဟာ ဟိုးကတည်းက ဘုရားစီစဉ်ခဲ့တဲ့ အမှုရဲ့ အဆင့်တစ်ခုဖြစ်ပြီး၊ ဘုရားရဲ့ စီမံခန့်ခွဲမှု အစီအစဉ်ထဲက နောက်ဆုံး အဆင့်ဖြစ်တယ်။ သမ္မာတရားရဲ့ ဒီသွင်ပြင်ကို ပိုနားလည်အောင် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ဖတ်ရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

ကားစင်တင်ခံရခြင်း အမှုသည် အဆုံးသို့ ရောက်ရှိလာပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်သည် စာတန်အပေါ် အောင်နိုင်ပြီးဖြစ်သည့်အတွက်၊ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ့အတွင်းတွင် ကျန်ရှိနေဆဲဖြစ်သည်၊ လူသည် အပြစ်ပြုနိုင်ဆဲဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်ဆဲဖြစ်ကာ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရယူသေးပေ။ ယင်းမှာ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်စေလျက်၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးပြီး လူ၏ စိတ်သဘောထားကို လုံးဝ အသစ်ပြုပြင်စေနိုင်သည်မှာ နှုတ်ကပတ်တော် ဖြစ်သည့်အတွက်၊ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမို အဓိပ္ပာယ်ရှိသည့်အပြင် အကျိုးလည်း ပိုမို ဖြစ်ထွန်းလေသည်။ ယင်းသည် များစွာ သာ၍ စေ့စပ်သေချာသော အမှု၏ အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသောကာလတွင် လူ့ဇာတိကို ခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံစေပြီးဖြစ်သကဲ့သို့၊ လူသား၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝ ပြီးဆုံးစေပြီး ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)”)

နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”)

ဒါကို ဖတ်လိုက်ရတာက နောက်ဆုံးသော ကာလမှာ ဘုရားက တရားစီရင်ခြင်းအမှုကို ဘာဖြစ်လို့ လုပ်ဆောင်နေလဲဆိုတာကို မြင်စေတယ်။ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုက ကျွန်တော်တို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ရုံခွင့်လွှတ်ခဲ့ပေမဲ့၊ ကျွန်တော်တို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတုန်းပဲ။ လူသားမျိုးနွယ်ကို လုံးဝ သန့်စင်၊ ကယ်တင်ဖို့ ပိုများတဲ့ သမ္မာတရားကို ပြောဖို့နဲ့ တရားစီရင်ခြင်း အမှုရဲ့ အဆင့်တစ်ဆင့်ကို လုပ်ဖို့ ဘုရားကို ကျွန်တော်တို့ လိုအပ်တယ်။ အဲဒါပဲ၊ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုက ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုအတွက် လမ်းခင်းရုံလမ်းခင်းပေးခဲ့တာပါ၊ အဲဒါက ဘုရားရဲ့ ကယ်တင်ခြင်း အမှုရဲ့ အဓိကအကျဆုံး၊ အချက်အချာအကျဆုံး အပိုင်းပဲ။ ပြည့်ဝတဲ့ကယ်တင်ခြင်းနဲ့ နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းအတွက် ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော လမ်းကြောင်းလည်း ဖြစ်ပါတယ်။ အမှုရဲ့ ဒီအဆင့် ပြီးသွားတော့၊ လူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ သန့်စင်ခံရမှာဖြစ်ပြီး၊ အပြစ်လုပ်တာနဲ့ ဘုရားကို ဆန့်ကျင်တာတွေ ကျွန်တော်တို့ ရပ်ကြမှာပါ။ ဘုရားကို တကယ် ကျိုးနွံနာခံပြီး ချစ်နိုင်ကြမှာ ဖြစ်သလို၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားရဲ့ အမှုတော်က အပြည့်အဝ ပြီးစီးသွားမှာပါ။ အဲဒါက ဘုရားရဲ့ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ် ပြီးစီးခြင်း ဖြစ်လိမ့်မယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီးနိုင်ငံတော်ခေတ်ကို အစပြုရင်း၊ နောက်ဆုံးသော ကာလမှာ ပေါ်ထွန်းခဲ့ပြီး စအမှုပြုနေတယ်။ သူက ဘုရားရဲ့ စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ နက်နဲမှုတွေကို ထုတ်ဖော်ပြရုံသာမက၊ ဘုရားကို ဆန့်ကျင်နေတဲ့ လူသားရဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့စိတ်သဘောထားအားလုံးကို တရားစီရင်ပြီး ဖော်ထုတ်သလို၊ ဘုရားအကြောင်း ကျွန်တော်တို့ရဲ့ အယူအဆအားလုံးနဲ့ ယုံကြည်ခြင်းထဲက မှားယွင်းတဲ့ စိတ်ကူးတွေကိုလည်း ထုတ်ဖော်ပြရင်း၊ လူသားမျိုးနွယ်ကို သန့်စင်ပြီး အပြည့်အဝ ကယ်တင်ဖို့ လိုအပ်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြပြီးပါပြီ။ အပြစ်က လွတ်မြောက်ခြင်းနဲ့ အပြည့်အဝ ကယ်တင်ခံရခြင်းဆီ လမ်းကြောင်းနဲ့ နောက်ထပ်အရာတွေကိုလည်း သူပေးပြီးပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက တန်ဖိုးမဖြတ်နိုင်ဘူး။ ဒါတွေဟာ သန့်စင်ခံရပြီး အပြည့်အဝ ကယ်တင်ခံရဖို့ လူတွေ ပိုင်ဆိုင်ရမယ့် သမ္မာတရားရဲ့ စစ်မှန်မှုတွေပဲ ဖြစ်တယ်၊ ပြီးတော့ ပညတ်တော်ခေတ်၊ ဒါမှမဟုတ် ကျေးဇူးတော်ခေတ်မှာ ဘုရား လုံးဝ မမိန့်မြွက်ခဲ့တဲ့ နှုတ်ကပတ်တော်တွေပဲ။ ဒါဟာ နောက်ဆုံးသော ကာလမှာ ဘုရားက ကျွန်တော်တို့ကို ထာဝရအသက် လမ်းကြောင်းကို ဆောင်ကြဉ်းလာတာပါ။ ဘုရားရဲ့ တရားစီရင်ခြင်းကို ကြုံကြရပြီဖြစ်တဲ့ ဘုရားရွေးချယ်ထားသူ တော်တော်များများဟာ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားနဲ့ ဘုရားကို ခုခံတဲ့ ဆိုးယုတ်တဲ့ သဘာဝကို မြင်ကြရပြီ၊ ဘုရားရဲ့ ဖြောင့်မတ်တဲ့၊ ပုန်ကန်ပြစ်မှားမရနိုင်တဲ့ စိတ်သဘောထားကို စစ်မှန်တဲ့ သိနားလည်မှု ရကြပြီးပြီဖြစ်သလို၊ ဘုရားကို ကြောက်ရွံ့မှု ဖြစ်ပေါ်ကြပြီးပြီ။ နောက်ဆုံးမှာ အပြစ်ရဲ့ အချုပ်အနှောင်တွေကနေ သူတို့ လွတ်မြောက်ပြီး စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ကြတယ်။ သူတို့အားလုံးက အပြစ်ကနေ လွတ်မြောက်ပြီး စာတန်အပေါ် အောင်နိုင်ခြင်းနဲ့ဆိုင်တဲ့ မယုံနိုင်စရာ သက်သေခံချက် ရှိကြတယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းက လူသားမျိုးနွယ်အတွက် တကယ်ကို သူ့ရဲ့ နောက်ဆုံး ကယ်တင်ခြင်း ဖြစ်မှန်း ဘုရားရွေးချယ်ထားသူအားလုံးက သိကြတယ်။ ဒီတရားစီရင်ခြင်း အမှုမရှိဘဲနဲ့၊ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို လုံးဝ မြင်ကြမှာ မဟုတ်ဘူး၊ ကျွန်တော်တို့်ရဲ့ အပြစ်အရင်းအမြစ်ကို လုံးဝ သိကြမှာ မဟုတ်သလို၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို လုံးဝ သန့်စင်၊ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကပ်ဘေးတွေမတိုင်ခင် အောင်မြင်သောသူတစ်စုကို စုံလင်စေနှင့်ပြီဖြစ်သလို၊ သူ့ရဲ့ နိုင်ငံတော် ဧဝံဂေလိက တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့သွားပါပြီ။ အချက်အလက်တွေ ပြတာက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ စာတန်ကို အပြည့်အဝ အနိုင်ယူပြီး ဘုန်းအသရေအားလုံး ရရှိပြီးပြီဖြစ်သလို၊ သူ့ရဲ့ အနှစ်၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ် ပြီးစီးသွားပြီဆိုတာပါပဲ။ ကပ်ဘေးကြီးတွေ စတင်ပြီဖြစ်သလို၊ ဘုရားကို ခုခံတဲ့ မကောင်းမှုပြုသူတွေဟာ ကပ်ဘေးတွေထဲမှာ အပြစ်ပေးခံရပြီး ဖျက်ဆီးခံရမှာပါ၊ ဒါပေမဲ့ တရားစီရင်ခြင်းကို ကြုံရပြီး သန့်စင်ခံရသူတွေဟာ ကပ်ဘေးတွေတစ်လျှောက်မှာ ဘုရားရဲ့ ကွယ်ကာတာခံရမှာဖြစ်တယ်။ အဲဒီနောက် ကောင်းကင်သစ်နဲ့ မြေကြီးသစ် ရှိမယ်- ခရစ်တော်ရဲ့နိုင်ငံတော်ဟာ မြေကြီးပေါ် ထင်ရှားမှာဖြစ်ပြီး၊ ကျန်ရှိသူတွေဟာ ဘုရားရဲ့နိုင်ငံတော်ထဲမှာ ထာဝရအသက်ရှင်ပြီး၊ သူ့ရဲ့ ကောင်းချီးတွေနဲ့ သူ ကတိပြုခဲ့တဲ့ အရာကို မွေ့လျော်ခံစားရမယ့် ဘုရားရဲ့ လူတွေ ဖြစ်ကြလိမ့်မယ်။ ဒါက တကယ်ကို ဗျာဒိတ်ကျမ်းရဲ့ ပရောဖက်ပြုချက်တွေကို ပြည့်စုံစေပါတယ်- “လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်။” (ဗျာဒိတ်ကျမ်း ၁၁:၁၅) “ကောင်းကင်မှ ကြီးသောအသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာဒိတ်ကျမ်း ၂၁:၃-၄)

ဒီအချိန်မှာ ကျွန်တော်တို့ မြင်နိုင်တာက ဘုရားရဲ့ အမှုတော် အဆင့်သုံးဆင့် ဘယ်လောက် တန်ဖိုးရှိပြီး လက်တွေ့ကျတယ်ဆိုတာပဲ။ တစ်ခုစီတိုင်းက လူ့အပြစ် ပြဿနာကို ဖြေရှင်းဖို့နဲ့ ရည်မှန်းချက်တစ်ခု ပြီးစီးဖို့ ဖြစ်တယ်။ အဲဒါက ဘုရားရဲ့ နိုင်ငံတော်ထဲ ကျွန်တော်တို့ ဝင်ပြီး သူ့ရဲ့ ကတိတော်တွေနဲ့ ကောင်းချီးတွေကို ရနိုင်အောင်လို့ လူသားမျိုးနွယ်ကို စာတန်ရဲ့ တန်ခိုးနဲ့ အပြစ်က‌နေ တစ်ဆင့်ပြီးတစ်ဆင့် ကယ်တင်ဖို့ ဖြစ်ပါတယ်။ အမှုရဲ့ အဆင့်တစ်ခုစီက နောက်တစ်ခုနဲ့ ဆက်နွှယ်နေပြီး၊ အဆင့်တစ်ခုစီက ပြီးခဲ့တဲ့ အဆင့်ရဲ့ အခြေခံအုတ်မြစ်ပေါ် တည်ဆောက်ထားတာပါ၊ တစ်ခုစီက ပြီးခဲ့တဲ့ အဆင့်ထက် ပိုနက်နဲပြီး မြင့်မားပါတယ်။ အဲဒီအဆင့်တွေက နီးနီးကပ်ကပ် ဆက်နွှယ်တယ်၊ ခွဲမရနိုင်သလို၊ တခြားအဆင့်တွေမရှိဘဲ တစ်ခုမှ အလုပ်လုပ်မှာ မဟုတ်ဘူး။ ကြည့်လိုက်၊ ပညတ်တော်ခေတ်ရဲ့ အမှုမရှိဘဲနဲ့၊ အပြစ်က ဘာလဲဆိုတာကို ဘယ်သူမှ သိမှာမဟုတ်သလို၊ အပြစ်ထဲ အသက်ရှင်ရင်းနဲ့ အားလုံး စာတန်ရဲ့ နင်းခြေတာခံရမှာပါ။ စာတန်ရဲ့ ဆွဲလုယူသွားတာ၊ ချေဖျက်တာ ကျွန်တော်တို့ ခံရကြမှာပါ။ ကျေးဇူးတော်ခေတ်ရဲ့ ရွေးနုတ်ခြင်း အမှုမရှိဘဲနဲ့၊ အရမ်းများလွန်းတဲ့ အပြစ်တွေ ကျူးလွန်တဲ့အတွက် လူသားမျိုးနွယ်ဟာ အပြစ်ပေးတာ ခံရမှာဖြစ်ပြီး ဒီနေ့ထိ ကျွန်တော်တို့ ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ဘုရားက နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုကို မလုပ်ခဲ့ရင်ရော။ အဲဒါမရှိဘဲနဲ့ အပြစ်ရဲ့ အနှောင်အဖွဲ့တွေကနေ လုံးဝ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး၊ ဒါမှမဟုတ် ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ထိုက်ကြမှာ မဟုတ်ပါဘူး။ အကြီးအကျယ် အပြစ်ရှိတဲ့အတွက် ဖျက်ဆီးခံရတာနဲ့ အဆုံးသတ်ကြရမှာပါ။ သိသိသာသာပဲ၊ အမှုတော် အဆင့်သုံးဆင့်ထဲက တစ်ဆင့်မရှိတာနဲ့ပဲ လူသားမျိုးနွယ်ဟာ စာတန်နဲ့သက်ဆိုင်သွားမှာ ဖြစ်ပြီး လုံးဝ အပြည့်အဝ ကယ်တင်ခံရနိုင်မှာ မဟုတ်ဘူး။ ဒီအမှုရဲ့ အဆင့်သုံးဆင့်က ဘုရားရဲ့ လူသားကယ်တင်ခြင်းအတွက် ပြည့်ဝတဲ့ စီမံခန့်ခွဲမှု အစီအစဉ်ကို ဖွဲ့စည်းတာ ဖြစ်တယ်။ အဆင့်တစ်ခုစီဟာ ပြီးခဲ့တဲ့ အဆင့်ထက် ပိုလို့တောင် အရေးပါသလို၊ အားလုံးက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ စေ့စပ်တဲ့ အစီအစဉ်တွေပဲ ဖြစ်တယ်။ ဒီအရာက လူသားမျိုးနွယ်အတွက် ဘုရားရဲ့ ကြီးမားတဲ့ မေတ္တာနဲ့ ကယ်တင်ခြင်းကို ပြသလို၊ သူ့ရဲ့ ဉာဏ်ပညာနဲ့ အနန္တတန်ခိုးကို ပြပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောတဲ့အတိုင်းပါပဲ၊ “အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊ အစအဦး၏ ပညတ်တော်ခေတ်၊ (ရွေးနုတ်ခြင်းခေတ်လည်းဖြစ်သော) ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်တို့ဖြစ်လေသည်။ ဤခေတ်သုံးခေတ်တို့မှ ငါ၏အမှုသည် ခေတ်တစ်ခုစီ၏ သဘာဝနှင့်အညီ အကြောင်းအရာကွဲပြား၏၊ သို့ရာတွင် အဆင့်တစ်ခုစီတိုင်း၌ ဤအမှုသည် လူသား၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိသည်၊ သို့တည်းမဟုတ် ပို၍အတိအကျဆိုသော် စာတန်နှင့် ငါဆင်နွှဲသည့် စစ်ပွဲတွင် သူအသုံးပြုသည့် လှည့်ကွက်များနှင့်အညီ ဤအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ့အမှု၏ ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန်၊ ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ထင်ရှားစေရန်နှင့် စာတန်၏ လှည့်ကွက်များ အားလုံးကို ဖော်ထုတ်ပြရန်ဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်၏အုပ်စိုးမှု အောက်တွင် နေထိုင်ကြသည့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ပြသရန်နှင့် စာတန်၏ မခံမရပ်နိုင် လောက်အောင် ကြောက်မက်ဖွယ်ကောင်းခြင်းကို ထုတ်ဖော်ပြရန်ဖြစ်၏၊ ယင်းထက်ပို၍ပင် ဖန်ဆင်းခံသက်ရှိတို့ အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား ခွဲခြားသိမြင်စေရန်၊ ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကြောင်းကို သိကြစေရန်၊ စာတန်သည် လူသားတို့၏ ရန်သူ၊ အကျင့်ပျက်ယိုယွင်းသော နတ်ဆိုးဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်စေရန်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား၊ သမ္မာတရားနှင့် မုသားကြား၊ သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်းကြား၊ ကြီးမြတ်သောအရာနှင့် ယုတ်ညံ့သော အရာကြား ခြားနားမှုကို အကြွင်းမဲ့ သေချာမှုဖြင့် သိကြစေရန် ဖြစ်သည်။ သို့မှသာ မသိနားမလည်သော လူသားတို့သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီး စေသည်မှာ ငါမဟုတ်ကြောင်းကို လည်းကောင်း၊ ဖန်ဆင်းရှင်ဖြစ်သော ငါကသာ လူသားတို့ကို ကယ်တင်နိုင်ပြီး လူတို့မွေ့လျော်ခံစား နိုင်သောအရာတို့ကို လူတို့အပေါ် အပ်နှင်းနိုင်ကြောင်းကိုလည်းကောင်း၊ ငါ့အတွက် သက်သေခံနိုင်လာကြလိမ့်မည်၊ ထို့ပြင် ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကာ၊ စာတန်မူကား ငါက ဖန်ဆင်းခဲ့ပြီး နောက်ပိုင်းတွင် ငါ့ကိုဆန့်ကျင်ခဲ့သော သတ္တဝါများထဲမှ တစ်ယောက်မျှသာ ဖြစ်ကြောင်းကို ၎င်းတို့သိလာကြလိမ့်မည်။ ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်သုံးဆင့် ပိုင်းခြားထားပြီး၊ ငါသည် ဤသို့လုပ်ဆောင်ရခြင်းမှာ ဖန်ဆင်းခံသတ္တဝါ တို့ကို ငါ့အတွက် သက်သေခံနိုင်စေခြင်းဟူသည့် အကျိုးရလဒ်ကို ရရှိစေရန်၊ ငါ၏အလိုတော်ကို နားလည်သဘောပေါက်ကြစေရန်နှင့် ငါသည် သမ္မာတရားဖြစ်ကြောင်းကို သိကြစေရန်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွေးနှုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်”)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

“အမှုပြီးပြီ”ဟု ဆိုခဲ့ချိန်တွင် သခင်ယေရှုက အမှန်တကယ် မည်သည့်အရာကို ဆိုလိုခဲ့သနည်း

ဒါကြောင့် သခင်ယေရှုက၊ “အမှုပြီးပြီ။” လို့ ကားတိုင်မှာပြောတဲ့အခါ၊ သူ ဘာနဲ့ပတ်သက်ပြီး ပြောနေခဲ့တာများလဲ။ ဒါကို နားလည်ဖို့ဆိုတာ နောက်ဆုံးသော ကာလမှာ သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေကို သေချာတွေးဖို့ လိုတယ်။ အထူးသဖြင့် သူလုပ်မယ်လို့ သခင်ယေရှု ကိုယ်တိုင် ‌ပြောခဲ့တဲ့ အရာတွေနဲ့ ကောင်းကင်နိုင်ငံတော်အကြောင်း သူ့ရဲ့ ပုံဝတ္ထုတွေကိုပေါ့။

အမှုတော်၏ အဆင့်သုံးဆင့်အား ဘုရားတစ်ပါးတည်းက လုပ်ဆောင်ပုံကို အသိအမှတ်ပြုခြင်း

ဒီနေ့၊ ကျွန်မတို့ မိတ်သဟာယရဲ့ အကြောင်းအရာက အမှုတော်၏ အဆင့်သုံးဆင့်အား ဘုရားတစ်ပါးတည်းက လုပ်ဆောင်ပုံကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။...

ယုံကြည်ခြင်းမှရရှိသော ကယ်တင်ခြင်းသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်သည့်လမ်းကို ပေးပါသလား

ကပ်ဘေးရောဂါတစ်ခုက မရပ်မနား ပျံ့နှံ့နေပါတယ်။ ပြီးတော့ ငလျင်တွေ၊ ရေလွှမ်းမိုးမှုတွေ၊ အင်းဆက်ပိုးကောင်အုပ်တွေ၊ အစာငတ်မွတ်မှုတွေ...

ကယ်တင်ရှင်သည် သူ ကြွလာချိန်တွင် လူသားမျိုးနွယ်ကို မည်သို့ကယ်တင်သနည်း

ကယ်တင်ရှင်အကြောင်း ဆွေးနွေးတဲ့အခါ နောက်ဆုံးသော ကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကမ္ဘာမြေကို သူ ကြွလာဖို့ သေချာတယ်လို့ ယုံကြည်သူအားလုံးက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။