သခင်ယေရှုသည် လူသားမျိုးနွယ်အား ရွေးနှုတ်ကယ်တင်ပြီးဖြစ်သောကြောင့် နောက်ဆုံးသောကာလ သူပြန်လာသည့်အခါတွင် အဘယ်ကြောင့် တရားစီရင်ခြင်းအမှုတော်ကို သူ ဆောင်ရွက်မည်နည်း

13.10.2021

လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ က သခင်ယေရှုဟာ လူသားမျိုးနွယ်ကို သူတို့ရဲ့အပြစ်တွေ ကနေ ရွေးနှုတ်ကယ်တင်ဖို့ လူ့ဇာတိခံပြီး လက်ဝါးကပ် တိုင်မှာ အသတ်ခံခဲ့တာဖြစ်ပြီး အပြစ်တွေအတွက် ယစ်ပူဇော်ခံပြီး သူ့ရဲ့ရွေးနှုတ်ကယ် တင်ခြင်းအမှုတော်ကို ပြီးဆုံးအောင် လုပ်ခဲ့တယ်။ ကိုယ်တော်က နောက်ဆုံးသောကာလမှာ ပြန်လာမယ် လို့ ကတိပေးခဲ့တာကြောင့် ယုံကြည်သူအားလုံးဟာ သခင်ရဲ့ပြန်လာခြင်းကို သတိဝိရိယနဲ့ စောင့်နေကြတာဖြစ်ပြီး သခင့်ကို ယုံကြည်သူတွေအနေနဲ့ သူတို့ရဲ့အပြစ်တွေ အားလုံး ခွင့်လွှတ်ခံရပြီးဖြစ်သလို ကိုယ်တော့်အနေနဲ့ သူတို့ကို အပြစ်သားတွေအဖြစ် မမြင်တော့ဘူးလို့ သူတို့က ထင်မြင်ယူဆကြတယ်။ သူတို့ဟာ အပြည့်အဝ အဆင်သင့်ဖြစ်ပြီး၊ သူတို့အနေနဲ့ သခင်ပြန်လာပြီး သူတို့ကို ကောင်းကင်နိုင်ငံတော်ကို ခေါ်သွားဖို့ စောင့်နေရုံပဲ လိုတယ်လို့ သူတို့က ထင်မြင်ယူဆကြတယ်။ ဒါကြောင့် လူတွေဟာ ကောင်းကင်ကို အမြဲမော့ကြည့် ရင်း တိမ်ပေါ်ကနေ ကိုယ်တော် ရုတ်တရက်ပေါ်လာပြီး သူတို့ကို ကောင်းကင်နိုင်ငံတော်ကို ခေါ်သွားပြီး သူနဲ့တွေ့ခွင့်ရမယ့်နေ့ကို စောင့်နေကြတာဖြစ်တယ်။ ဒါပေမယ့် သူတို့ကို အကြီးအကျယ်အံ့ဩသွားစေတာက သူတို့ဟာ ဘေးဒုက္ခကြီးတွေ စတင်ဖြစ်ပွားတာကို ကြည့်နေကြပေမယ့် သခင့်ကို ကြိုဆိုခြင်းမပြုလုပ်ရ သေးဘူး။ တကယ်ဘာတွေဖြစ်နေတယ်ဆိုတာကို ဘယ်သူမှ မသိဘူး။ သခင် တိမ်စီးပြီးလာတာကို သူတို့က မတွေ့ရသေးပေ မယ့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက လူ့ဇာတိခံထားတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အနေနဲ့ သူပြန်ရောက်လာ ခဲ့ပြီဆိုတဲ့ ညီညွတ်တဲ့သက်သေခံချက်ပေးတာကို သူတို့ တွေ့ပြီးပြီဖြစ်တယ်။ သူဟာ သမ္မာတရားတွေကို ဖော်ပြခဲ့ပြီး ဘုရားသခင် ရဲ့အိမ်တော်ကနေ စပြီး တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်နေပြီဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ပေါ်ထွန်းခြင်းနဲ့ သူ့ရဲ့အမှု တော်ဟာ ဘာသာရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး ကြီးမားတဲ့တုံ့ပြန်မှုတွေ ဖြစ်ပေါ် စေခဲ့တယ်။ လူ့ဇာတိခံထားတဲ့ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှု တော်ဟာ လူတွေရဲ့အယူအဆတွေ၊ စိတ်ကူးတွေနဲ့ လုံးဝမတူပါဘူး။ အများက မေးကြတယ်- သခင်ယေရှုဟာ သူ့ရဲ့ကြီးမားတဲ့ ရွေးနှုတ်ကယ်တင်ခြင်း အမှုတော်ကို ဆောင်ရွက်ပြီးဖြစ်တဲ့အပြင် ဘုရားသခင်က ကျွန်မတို့ကို ဖြောင့်မတ်တယ်လို့ ပြောပြီးပြီဖြစ်တာကြောင့် နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုတော်ကို သူ ဘာဖြစ်လို့လုပ်ဖို့ လိုအပ်တာလဲပေါ့။ အဲဒါ မဖြစ်နိုင်ဘူးလို့ သူတို့က ထင်ကြတယ်။ ဘာသာရေးအသိုင်းအဝိုင်းဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်ပြီး ပြစ်တင်ရှုတ်ချတာတွေ တောင် လုပ်ကြတယ်၊ သူ့ရဲ့အမှုတော်ကို ကြည့်ဖို့ ငြင်းဆန်ကြပြီး သခင့်အနေနဲ့ တိမ်စီးပြီး သူတို့ကို ကောင်းကင်နိုင်ငံ တော်ဆီကို ခေါ်သွားမှာကို အားလုံးက စိတ်အားထက်သန်စွာစောင့်နေကြပြီး ကြီးမားတဲ့ဘေးဒုက္ခတွေကနေ လွတ်မြောက်ဖို့ မျှော်လင့် နေကြတယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့အမှုတော်ဟာ ကျယ်ပြန့်ပြီး ပြင်းထန်တာကြောင့် အဲဒါကို ဘယ်သူမှတားလို့မရဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ အောင်မြင်သောသူ တွေရဲ့အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ဘေးဒုက္ခတွေက လည်း စတင်ဖြစ်ပွားလျှက်ရှိတယ်၊ အဲဒီအချိန်မှာ ဘာသာရေးလောကက ဘေးဒုက္ခထဲကို နစ်ဝင်သွားပြီး ငိုကြွေးရင်း အံသွားခဲကြိတ်နေကြရ တယ်။ ဘေးဒုက္ခတွေ မတိုင်ခင် သူတို့ဟာ ချီဆောင်ခြင်းမခံရ သေးတာကြောင့် အဲဒီအချိန်အတွင်း ဒါမှမဟုတ် နောက်မှဖြစ်မယ်လို့ သူတို့က မျှော်လင့်ထားကြတယ်။ ဘေးဒုက္ခတွေမတိုင်ခင် သခင့်ကို သူတို့က ဘာဖြစ်လို့ မကြိုဆိုကြတာလဲ။ သူတို့ ဘယ်နေရာမှာ မှားသွားလဲ။ သခင်ယေရှုဟာ သူ့ရဲ့ကတိကို ဖျက်ခဲ့သလား၊ ဘေးဒုက္ခတွေမတိုင်ခင် ယုံကြည်သူတွေကို နိုင်ငံတော်ဆီ ကို မခေါ်သွားတာကြောင့် သူတို့ အကြီးအကျယ် စိတ်ပျက်နေကြတာလား။ ဒါမှမဟုတ် လူတွေဟာ ကျမ်းစာထဲက ဟောကိန်းတွေကို နားလည်မှုလွဲပြီး သခင်ဟာ တိမ်စီးပြီးလာမယ်လို့ သူတို့ရဲ့ထင်မြင်ယူဆ ချက်တွေကို ယုံကြည်ပြီး ဘုရားသခင်ရဲ့အသံကို ငြင်းပယ်တာကြောင့် သခင်ကို မကြိုဆိုဖြစ်ဘဲ ဘေးဒုက္ခဒဏ်ကို ခံနေကြရတာ လား။ ဘေးဒုက္ခတွေမတိုင်ခင် သခင်က တိမ်စီးပြီး ယုံကြည်သူ တွေကို ဘာဖြစ်လို့ချီဆောင်ခြင်း မပြုသလဲဆိုတာနဲ့ ပတ်သက်ပြီး အခုအချိန်မှာ လူတိုင်းက ရှုပ်ထွေးနေကြတယ်။ နောက်ဆုံးသောကာလမှာ လူသားအနေနဲ့ လူ့ဇာတိခံထားတဲ့ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုတော်နဲ့ပတ်သက်ပြီး ဒီနေ့ ကျွန်မအနေနဲ့ ကျွန်မကိုယ်တိုင် နားလည်သလို ဝေငှပေးပါမယ်။

သမ္မာကျမ်းစာနဲ့ရင်းနှီးသူတိုင်း နားလည်တာက သမ္မာကျမ်းစာထဲမှာပါတဲ့ ဟောကိန်းတွေဟာ အကြောင်းအရာနှစ်ခုကို ဟောကိန်းထုတ်တယ်- သခင် ပြန်လာမယ်၊ ပြီးတော့ နောက်ဆုံးသောကာလမှာ တရားစီရင်မှု ဆောင်ရွက်မယ်။ အမှန်တကယ်ဆို အဲဒီနှစ်ခုက တစ်ခုတည်းဖြစ်ပြီး နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ လူ့ဇာတိခံ ပြီး သူ့ရဲ့တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်ဖို့ လာမယ်ဆိုတာ ဖြစ်တယ်။ ဒီလိုပြောဖို့အတွက် သမ္မာကျမ်းစာအခြေခံ ရှိသလားလို့ တချို့က မေးမှာ သေချာတယ်။ ရှိတာပေါ့။ ဒါတွေနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာဟောကိန်း အများကြီးရှိတယ်၊ ၂၀၀ ဒါမှမဟုတ် ၂၀၀ ထက်များ တယ်။ ဥပမာတစ်ခု ကြည့်ကြရအောင်၊ ဓမ္မဟောင်းကျမ်းထဲမှာဆိုရင်၊ “သူသည် တိုင်းနိုင်ငံများအလယ်တွင် တရားစီရင်လိမ့်မည်ဖြစ်ပြီး လူများစွာတို့ကို ပြစ်တင်ဆုံးမတော်မူလိမ့်မည်။(ဟေရှာယအနာဂတ္တိကျမ်း ၂:၄)အကြောင်းမူကား၊ ကိုယ်တော်သည် ကြွလာ တော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ လူများကို သစ္စာတော်နှင့်၎င်း စီရင်ဆုံးဖြတ်တော် မူလတံ့။(ဆာလံ ၉၆: ၁၃) ဓမ္မသစ်ကျမ်းထဲမှာလည်း ပြောတာက၊ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) သခင်ယေရှုကိုယ်တိုင်ကလည်း နောက်ဆုံးသောကာလ မှာ သူပြန်လာပြီး တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်သွားမယ်လို့ ဟောကိန်းထုတ်ထားတယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃)သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၇) ဗျာဒိတ်ကျမ်းထဲမှာလည်း ဟောကိန်းထုတ်ထားတာက၊ “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ...ဟု ကြီးသော အသံနှင့် ပြောဆို၍...(ဗျာဒိတ်ကျမ်း ၁၄:၇) ဒီဟောကိန်းတွေ အရမ်းရှင်းရှင်းလင်းလင်းပြောတာက သခင်ဟာ နောက်ဆုံးသောကာလမှာ လူသားအနေနဲ့ ပြန်လာပြီး တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက် သွားမယ်ဆိုတာပါပဲ။ ဒါနဲ့ပတ်သက်ပြီး သံသယဖြစ်စရာမရှိပါဘူး။ ကိုယ်တော်ဟာ နောက်ဆုံးသောကာလမှာ သူ့ရဲ့ တရားစီရင်ခြင်းအမှုတော်အတွက် လူသားအနေနဲ့ ပြန်လာမယ်ဆိုတာကို ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ရှင်းရှင်းလင်း လင်းဟောကိန်းထုတ်ထားတာကို ကျွန်မတို့ တွေ့နိုင်တယ်။ ဗျာဒိတ်ကျမ်းထဲမှာလည်း ရှင်းရှင်းလင်းလင်း ဟောကိန်းထုတ်ထားတာက “တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။” နောက်ဆုံးသောကာလမှာ သခင်ဟာ လူသားအနေနဲ့ လူ့ဇာတိခံပြီး တရားစီရင်ခြင်းအမှုတော် ကို ကျွန်မတို့ကြားမှာ ဆောင်ရွက်ဖို့ ကိုယ်တိုင်လာမယ်ဆိုတာကို ဒီဟောကိန်း တွေက ပြသတယ်။ ဒါကို ဘုရားသခင်က ကြာမြင့်စွာကပင် စီစဉ်ခဲ့တာ ဖြစ်ပြီး ဒါကို ဘယ်သူမှ ငြင်းလို့မရဘူး။ တရားစီရင်ခြင်းအမှုတော်အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေကို ဖော်ပြခဲ့ပြီးဖြစ် တယ်၊ သူဟာ စကားတွေ အများကြီးပြောခဲ့ပြီး အောင်မြင်သော သူတွေပါဝင်တဲ့အဖွဲ့ကို ဖွဲ့ခဲ့တယ်။ ဟောကိန်းတွေ အပြည့်အဝဖြည့်ဆည်းပြီးကြောင်းကို ဒါတွေက ပြသတယ်။ သခင်က သူ့ရဲ့ရွေးနှုတ်ကယ်တင်ခြင်းအမှုတော် ပြီးဆုံးသွားပြီဖြစ်တာကြောင့် နောက်ဆုံးသောကာလမှာ သူ့ရဲ့တရားစီရင်ခြင်းအမှုတော်ကို သူလုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ လူအများစုရဲ့ ဘာသာရေးယုံကြည် ချက်ကို ကျွန်မတို့ အခု ကြည့်ကြရအောင်။ ဒီဟာအတွက် သမ္မာကျမ်းစာအခြေခံ ရှိသလား။ သခင်ယေရှုက အဲဒီလိုပြောခဲ့ဖူးသလား။ လုံးဝမရှိပါဘူး။ အဲဒီလိုအတွေးတွေဟာ လူသားရဲ့အယူအဆနဲ့စိတ်ကူး သက်သက်သာဖြစ်ပြီး၊ အဲဒါဟာ သူတို့ လိုရာတွေးတာပဲ ဖြစ်တယ်။ အဲဒါတွေဟာ သမ္မာကျမ်းစာထဲမှာပါတဲ့ ဟောကိန်းတွေနဲ့ လုံးဝဆန့်ကျင်နေပြီး အဲဒါတွေကို ထောက်ခံတဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ် တော်တွေ မရှိဘူး။ အဲဒီအတွေးဟာ လုံးဝမိုက်မဲတယ်။ လူတွေဟာ သခင့်ရဲ့စကားတွေနဲ့ သမ္မာကျမ်းစာထဲက ဟောကိန်းတွေကို ဘာဖြစ်လို့ အလေးအနက်ထားပြီး မရှာနိုင်ကြဘဲ၊ သူတို့ရဲ့ကိုယ်ပိုင်အယူအဆတွေနဲ့ နောက်ဆုံးသော ကာလရဲ့ ဘုရားသခင်ရဲ့အမှုတော်ကို ထင်မြင်ချက်ပေး ပြီး ပြစ်တင်ရှုတ်ချကြတာလဲ။ ဒါဟာ ထင်ရာလုပ်တာဖြစ်ပြီး ဘဝင်မြင့်ရာမကျဘူး လား။ လူသားပြန်လာခြင်းနဲ့ နောက်ဆုံးသောကာလမှာ ပြုလုပ်မယ့် တရားစီရင်ခြင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာထဲမှာ ဟောကိန်းတွေအများကြီးရှိတယ်၊ ဒါကြောင့် လူတွေဟာ ဘာဖြစ်လို့ သူတို့မျက်စိရှေ့မှာရှိ တဲ့ ကျမ်းစာကို မတွေ့ကြတာလဲ။ သမ္မာကျမ်းစာထဲမှာ ပြောထားတဲ့အတိုင်းပဲ “သင်တို့သည် ကြားလျက်ပင် အနက်ကိုနားမလည် ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲမြင်ကြလိမ့်မည်။ အကြောင်းမူကား၊ ဤလူမျိုးသည် မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့ အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ်နှလုံးသည်မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ် မျက်စိကိုပိတ်လျက်ရှိကြ၏။(ရှင်မဿဲခရစ်ဝင် ၁၃:၁၄-၁၅) အမြော်အမြင်ရှိတဲ့လူအနေနဲ့ နောက်ဆုံးသောကာလမှာ ဘုရားသခင်က ဘာကြောင့် တရားစီရင်ခြင်းအမှုတော် ကို လုပ်ဆောင်မယ်ဆိုတာရယ်၊ အမှုတော်ကိုဆောင်ရွက်ဖို့ လာတဲ့သူဟာ ဘာဖြစ်လို့ လူသားဖြစ်ရတယ်ဆိုတာတွေကို ရှာဖွေပြီးစုံစမ်းသင့် တယ်။ သမ္မာကျမ်းစာထဲက ဟောကိန်းတွေကို အမှန်တကယ် နားလည်နိုင်ဖို့ ကျွန်မတို့အနေနဲ့ ဒီမေးခွန်းတွေကို ဖြေနိုင်ဖို့လိုတယ်။

လူသားမျိုးနွယ်ကို ရွေးနှုတ်ကယ်တင်ပြီးတဲ့အခါ တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်ဖို့ ဘာကြောင့် သခင်က နောက်ထပ်လူ့ဇာတိခံမယ်ဆိုတဲ့ အကြောင်းကို ကျွန်မတို့ အခု ကြည့်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဒီနက်နဲမှုကို ဖွင့်လှစ်ပြသပြီးဖြစ်တယ်။ ဒီအကြောင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဘာပြောလဲဆိုတာ ကျွန်မတို့ ကြည့်ကြရအောင်။ “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများ နှင့်အညီ မဆက်ဆံခြင်း ဟုသာ မှတ်ယူ၍ ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။...လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထို့သို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်းရှင်းလင်းတယ် မဟုတ်လား။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုဟာ လူသားမျိုးနွယ် ကို ရွေးနှုတ်ကယ်တင်ပြီးဖြစ်တာကြောင့် နောက်ဆုံးသောကာလမှာ တရားစီရင်ဖို့အတွက် ဘာကြောင့် သူ ပြန်လာမှာလဲ။ ဘာကြောင့်လဲဆိုတော့ သခင်ယေရှုဟာ ရွေးနှုတ်ကယ် တင်ခြင်းအမှုတော်ကိုသာ ဆောင်ရွက်ပြီးတာဖြစ်ပြီး၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအမှုတော်ရဲ့တစ်ဝက်ကို သာ ပြီးဆုံးသေးတာဖြစ်တယ်။ ဒါဟာ လူသားတွေရဲ့အပြစ်တွေကနေ ရွေးနှုတ်ကယ်တင် ခြင်းကို ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်တာကြောင့် ကျွန်မတို့အနေနဲ့ သခင်နဲ့မိတ်သဟာယဖွဲ့ပြီး ဆုတောင်း ဖို့ သူ့ရဲ့ကျေးဇူးတော်နဲ့ကောင်းချီးမင်္ဂလာတွေကိုလည်း ခံစားဖို့ အရည်အချင်းပြည့်မီတာဖြစ်တယ်။ ကျွန်မတို့ရဲ့အပြစ်တွေကနေ ခွင့်လွှတ်ခြင်းခံခဲ့ရပြီး သန့်ရှင်းသောဝိညာဉ်တော်ကပေးတဲ့ ငြိမ်းချမ်းရေးနဲ့ ပျော်ရွှင်မှုတွေကို ခံစားရပေမယ့် ကျွန်မတို့ဟာ အမြဲဆက်ပြီး တစ်ချိန်လုံး အပြစ်တွေ လုပ်နေတယ်၊ အပြစ်လုပ်ခြင်းသံသရာထဲမှာ ပိတ်မိနေပြီး ဝန်ချတောင်းပန်လိုက်၊ အပြစ်ပြန်လုပ်လိုက် ဖြစ်နေကြ တယ်။ အပြစ်ရဲ့ချည်နှောင်မှုတွေနဲ့အဟန့်အတားတွေကနေ ဘယ်သူမှ ရုန်းထွက်လို့မရပေမယ့် ကျွန်မတို့ဟာ ရုန်းကန်ရင်းနဲ့ပဲ ရှင်သန်နေကြရတယ်။ ဒါဟာ နာကျင်ပြီး လွတ်ထွက်ဖို့ နည်းလမ်းလည်း မရှိဘူး။ ဒါက ဘာကိုပြလဲဆိုရင် သခင်က ကျွန်မတို့ရဲ့အပြစ်တွေကို ခွင့်လွှတ်ပေမယ့် ကျွန်မတို့ရဲ့ အပြစ်လုပ်တဲ့သဘာဝဟာ တည်ရှိနေဆဲ ဖြစ်ပြီး ကျွန်မတို့ရဲ့ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘော ထားတွေကလည်း ရှိနေတုန်းပဲဖြစ်တယ်။ ကျွန်မတို့ဟာ ဘယ်အချိန်မဆို ဘုရားသခင်ကို ပုန်ကန်၊ ဆန့်ကျင်ပြီး ထင်မြင်ချက်ပေးနိုင်ခြေရှိတယ်။ ဒါဟာ ငြင်းလို့မရတဲ့အရှိတရားပဲ။ လူတစ်ယောက်အနေနဲ့ ယုံကြည်သူဖြစ်တာ ဘယ်လောက်ပဲကြာနေပါစေ သူတို့ဟာ အပြစ်လုပ်ခြင်းကနေ ရုန်းထွက်လို့မရသလို ဘုရားသခင်ကို ရင်ဆိုင်ဖို့ သန့်ရှင်းခြင်း သို့မဟုတ် ထိုက်တန်ခြင်း ဘယ်တော့မှရရှိမှာ မဟုတ်ဘူး။ ဒါဟာ သခင်ရဲ့ဟောကိန်းကို အပြည့်အဝဖြည့်ဆည်းပေး တာဖြစ်တယ်- “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ပြီးတော့ ဟေဗြဲ ၁၂:၁၄ မှာ ပြောထားတာက၊ “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” ဘုရားသခင်ရဲ့အလိုတော်ကို ဖြည့်ဆည်းပေးတဲ့သူတွေ သာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ်ဆိုတဲ့ အကြောင်း ဒီမှာ ကျွန်မတို့ တွေ့နိုင်တယ်။ ဒါဖြင့်ရင် သူ့ရဲ့နာမတော်နဲ့ တရားဟောပြီး နတ်ဆိုးတွေ ကို နှင်ထုတ်တဲ့သူတွေဟာ ဆိုးယုတ်တဲ့အရာတွေကို လုပ်တဲ့သူတွေလို့ ဘာဖြစ်လို့ သခင်က ပြောသလဲ။ ဒါဟာ လူအများအပြားအတွက် ရှုပ်ထွေးစရာတစ်ခု ဖြစ်နိုင်တယ်။ ဆိုလိုတာက သူတို့ဟာ သူတို့ရဲ့ယုံကြည်ခြင်းကို ကြေညာကြပေမယ့် အပြစ်ကို ဆက်လုပ်နေကြပြီး၊ အမှန်တကယ် နောင်တမရကြဘူး။ သူတို့ဟာ သခင်ရဲ့နာမတော်နဲ့ ဘယ်လောက်ပဲ တရားဟောသည်ဖြစ်စေ၊ ဒါမှမဟုတ် ဘယ်လောက်ပဲ နတ်ဆိုးတွေကို နှင်သည်ဖြစ်စေ၊ အံ့ဩဖွယ်ရာတွေ ဘယ်လောက်ပဲ လုပ်လုပ် သခင့်ရဲ့ခွင့်ပြုချက်ကို သူတို့ မရရှိထားဘူး။ သခင့်ရဲ့မျက်စိထဲမှာ အဲဒီလိုလူမျိုးတွေဟာ ဆိုးယုတ်တဲ့ အလုပ်ကို လုပ်နေတဲ့သူတွေပဲဖြစ်တယ်။ သခင့်ရဲ့နာမတော်နဲ့ သူတို့ အများကြီးလုပ်ချင်လုပ်မယ်၊ ဒါပေမယ့် ဒါဟာ သခင့်ကို စော်ကားနေတာဖြစ်ပြီး၊ သူက အဲဒါကို မုန်းတီးတယ်။ အပြစ်တွေ ခွင့်လွှတ်ခံထားရတဲ့ ဒီလူတွေက နိုင်ငံတော် ကို ဝင်ရောက်ဖို့အတွက် ထိုက်တန်ရဲ့လား။ လုံးဝမထိုက်တန်ဘူး။ သခင်လာပြီး သူတို့ကို ကောင်းကင်ပေါ် ခေါ်သွားမယ့် နေ့ကို သူတို့ အိပ်မက်မက်နေကြတုန်းဖြစ်တယ်။ ဒါဟာ လူသားရဲ့စိတ်ကူးယဉ်မှုသက်သက်ပဲ။ သေချာတာက သခင်ယေရှုက သူပြန်လာမယ့်အကြောင်း ကို ဟောကိန်းထုတ်တဲ့အခါမှာ သူနဲ့တွေ့ဆုံဖို့ လူတွေကို တန်းပြီး ကောင်းကင်ပေါ် ခေါ်သွား မယ်လို့ ပြောတာမဟုတ်ဘဲ တရားစီရင်ခြင်းကို ဆောင်ရွက်ပြီး လူတွေရဲ့အပြစ်လုပ် တဲ့သဘာဝနဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို သန့်စင်ပေး မယ်၊ အပြစ်နဲ့ စာတန်ရဲ့အင်အားစုတွေကနေ ကျွန်မတို့ကို အပြည့်အဝကယ်တင်ပြီး လှပတဲ့ပန်းတိုင်တစ်ခုဆီကို ကျွန်မတို့ကို ခေါ်သွားမယ် လို့ ဆိုလိုတာဖြစ်တယ်။ ဒါဟာ နောက်ဆုံးသောကာလမှာ ပြုလုပ်မယ့် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုတော်ရဲ့ အဓိပ္ပာယ် ဖြစ်တယ်။ ကျေးဇူးတော်ခေတ်အတွင်း ရွေးနှုတ်ကယ်တင်ခြင်းအမှု တော်ဟာ ကျွန်မတို့ရဲ့အပြစ်တွေကနေ ကျွန်မတို့ကို ရွေးနှုတ်ကယ်တင်သွားမှာပဲဖြစ်ပြီး ဒါကြောင့် ကျွန်မတို့ရဲ့အပြစ်တွေကိုလည်း ခွင့်လွှတ်ပေး မှာဖြစ်တယ်။ ဒါဟာ ကယ်တင်ခြင်းအမှုတော်ရဲ့တစ်ဝက် ပြီးစီးသွား တာ ဖြစ်ပြီး နောက်ဆုံးသောကာလမှာ ဘုရားသခင်က အမှုတော်ရဲ့ ပိုမိုကြီးမားတဲ့အဆင့်တစ်ဆင့်ကို ဆောင်ရွက်လျှက်ရှိ တယ်။ သခင်ယေရှုရဲ့ ရွေးနှုတ်ကယ်တင်ခြင်းရဲ့ အခြေခံအုတ်မြစ်အပေါ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နောက်ဆုံးသော ကာလရဲ့ တရားစီရင်ခြင်းအမှုတော်အတွက် သမ္မာတရားတွေ ဖော်ပြလျှက်ရှိပြီး လူသားမျိုးနွယ်ကို အပြစ်ကနေ အပြည့်အဝသန့်စင်၊ ကယ်တင်ပြီး စာတန်ရဲ့အင်အားစုတွေကနေ ကျွန်မတို့ လွတ်မြှောက်သွားဖို့ဖြစ်တယ်။ ဒီမှာ ကျွန်မတို့ ဘာတွေ့နိုင်လဲဆိုတော့ သခင်ယေရှုရဲ့ ရွေးနှုတ်ကယ်တင်ခြင်းဟာ နောက်ဆုံး သောကာလမှာ ပြုလုပ်မယ့် ဘုရားသခင်ရဲ့တရားစီရင် ခြင်းကို အပြည့်အဝလမ်းဖွင့်ပေးတာပဲဖြစ်တယ်။ ဒါဟာ အခြေခံကျတဲ့အလုပ်ပဲ။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင် ခြင်းအမှုတော်ဟာ လူသားတွေကို ကယ်တင်ဖို့အတွက် ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်မှာ အရေးကြီးဆုံးအဆင့်ဖြစ်ပြီး ခေတ်ကို အဆုံးသတ်ပေးမှာဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို လက်မခံဘဲ၊ သခင်ယေရှုရဲ့ ရွေးနှုတ်ကယ်တင်ခြင်းအမှု တော်ကိုသာ လက်ခံရင် ယုံကြည်မှုလမ်းခရီးရဲ့ လမ်းတစ်ဝက်မှာ ရပ်နေတဲ့ သဘောဖြစ်ပြီး အရေးကြီးဆုံးဖြစ်တဲ့ နောက်ဆုံးအဆင့်ဟာ ကျွန်မတို့ ရဲ့ကံကြမ္မာနဲ့ရလဒ်ကို ဆုံးဖြတ်ပေးမှာဖြစ်တယ်။ ဒီအဆင့်ကို အမှန်တကယ်မလုပ်ရင် လမ်းတစ်ဝက်မှာ အရှုံးပေးတာဖြစ်ပြီး၊ အရင်ကြိုးပမ်းအားထုတ်မှုတွေ အားလုံး အချည်းနှီးဖြစ်သွားမှာဖြစ်တယ်။ လမ်းခရီးရဲ့ နောက်ဆုံးအပိုင်းဟာ အများအားဖြင့် အခက်ဆုံးဖြစ်တယ်ဆိုတာကို လူတိုင်း နားလည်မယ်လို့ ကျွန်မထင်တယ်။ ကိုယ့်ရဲ့ယုံကြည်မှုလမ်းခရီးရဲ့ ဒီနောက်ဆုံးအဆင့်ဟာ ကိုယ့်ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် အရေးအကြီးဆုံး အဆင့်ဖြစ်တယ်။ ယုံကြည်သူတွေအတွက်ဆိုရင် ကျွန်မတို့ရဲ့ရလဒ်နဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးမှာဟာ နောက်ဆုံးသောကာလမှာ ပြုလုပ်မယ့် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုတော်ပဲ ဖြစ်တယ်။ ဒါကို လူတွေက လက်မခံရင် ဘုရားသခင်က သူတို့ကို ဖယ်ရှားပစ်မှာဖြစ်ပြီး၊ အဲဒါ အရမ်းဝမ်းနည်းကြေကွဲ စရာကောင်းတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ သေချာတာက လူတစ်ယောက်က ယုံကြည်သူဖြစ်ခဲ့တာ ဘယ်လောက်ပဲ ကြာသည်ဖြစ်စေ၊ သူတို့ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်မခံရင် ဘုရားသခင်က သူတို့ကို ဖယ်ရှားပစ်မှာဖြစ်ပြီး၊ သူတို့ဟာ ငိုရင်း၊ အံကြိတ်ရင်းနဲ့ ဘေးဒုက္ခထဲ ကျသွား တဲ့ မိုက်မဲတဲ့သတို့သမီးတစ်ယောက်လို ဖြစ်နေမှာ ဖြစ်တယ်။ အရင်က ယုံကြည်သူမဟုတ်တဲ့လူအများအပြားဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်ကို တိုက်ရိုက်လက်ခံပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလကယ်တင်ခြင်းကို ရရှိကြတယ်။ သူတို့ဟာ ကံကောင်းတဲ့လူတွေဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံဖို့ ငြင်းပယ်ပြီး ဖယ်ရှားပစ်ခံရတဲ့ ယုံကြည်သူတွေအစား သူတို့က ဝင်ရောက်မှာဖြစ်တယ်။ ဒါဟာ ယုံကြည်သူတွေအတွက် အကြီးမားဆုံး နောင်တရစရာ မဟုတ်လား။ နှစ်ပေါင်းများစွာ သခင့်ကို စောင့်နေကြပြီးမှ အနန္တတန်ခိုးရှင် ဘုရားသခင်က တရားစီရင်ခြင်းအမှု တော်ကို လုပ်ပြီး သမ္မာတရားအများအပြား ဖော်ပြနေ တာကို တွေ့ပေမယ့် အဲဒါကို လက်ခံဖို့ ငြင်းဆိုကြပြီး ခေါင်းမာစွာနဲ့ သခင် မိုးတိမ်စီးလာတာကို စောင့်နေကြ ပြီး ဘုရားသခင်နဲ့ ဒီအလောင်းအစားကို လုပ်ကြတယ်။ နောက်ဆုံးတော့ သူတို့ဟာ ကယ်တင်ခြင်းရမယ့် သူတို့ရဲ့ အခွင့်အရေးကို ဆုံးရှုံးသွားမှာဖြစ်တယ်။ ယုံကြည်သူတစ်ယောက်အတွက် အဲဒါဟာ အရမ်းစိတ်မကောင်းဖြစ်စရာ မဟုတ်လား။

အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို အပြည့်အဝကယ်တင်ဖို့အတွက် တရားစီရင်ခြင်းအမှုတော်နဲ့သန့်စင်ခြင်းတွေကို ဘယ်လိုလုပ်မလဲလို့ တချို့က မေးကြမယ်။ ဒါနဲ့ပတ်သက်တဲ့ သမ္မာတရားတွေကို မိတ်သဟာယဖွဲ့ဖို့ အများကြီးရှိတာကြောင့် ဒီနေ့ ကျွန်မတို့အနေနဲ့ အပေါ်ယံကိုပဲ သွားနိုင်မှာ ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ရှင်းရှင်းလင်းလင်းနဲ့ဖော်ပြထားတာက နောက်ဆုံးသောကာလမှာ သူ့ရဲ့တရားစီရင်မှုဟာ အဓိကအနေနဲ့ သမ္မာတရားကို ဖော်ပြခြင်းဖြင့် လူသားမျိုးနွယ်ရဲ့ အကျင့်ပျက်နေတဲ့အနှစ်သာရကို တရားစီရင်ပြီး ကျွန်မတို့ရဲ့ အကျင့်ပျက်နေမှုကို ဖော်ထုတ်ဖို့အတွက် ဖြစ်ပြီး ဒါမှသာ ကျွန်မတို့အနေနဲ့ ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် သိနိုင်မယ့်အပြင်၊ ကျွန်မတို့ရဲ့ အကျင့်ပျက်မှုတွေကို တွေ့ရှိနိုင်မှာဖြစ်တယ်။ ဒါဆိုရင် ကျွန်မတို့ဟာ နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် မုန်းတဲ့အပြင် ကျွန်မတို့ရဲ့ဇာတိကိုပါမုန်းပြီး စစ်မှန်တဲ့ နောင်တရခြင်းဆီကို ဦးတည်မှာဖြစ်တယ်။ ဒီတရားစီရင်ခြင်းအမှုတော်ဟာ လူတွေနားလည်ဖို့အတွက် အမှန်တရားအချို့ကို ဖော်ပြတာကိုပဲ ပြုလုပ်တာမဟုတ်ဘဲ သမ္မာတရားရဲ့ကဏ္ဍအများအပြားကို ဘုရားသခင်က ဖော်ပြနေတာဖြစ်တယ်။ ဒီသမ္မာတရားတွေအားလုံးဟာ လူသားမျိုးနွယ်ကို တရားစီရင်ဖို့၊ ဖော်ထုတ်ဖို့၊ ပြုပြင်ဖို့နဲ့ ကိုင်တွယ်ဖြေရှင်း ဖို့အတွက် ဖြစ်တဲ့အပြင် ကျွန်မတို့ကို စမ်းသပ်ပြီး စစ်ဆေးဖို့အတွက်လည်း ဖြစ်တယ်။ အထူးသဖြင့် လူသားရဲ့ဖောက်ပြန်ပျက်စီးနေတဲ့ အနှစ်သာရကို တရားစီရင်ပြီး ဖော်ထုတ်တဲ့ ဘုရားသခင် ရဲ့နှုတ်ကပတ်တော်တွေဟာ လူသားရဲ့ စာတန်ဆန်တဲ့စိတ်သဘောထားနဲ့ ကျွန်မတို့ ရဲ့သဘာဝနဲ့အနှစ်သာရကို ပြတ်ပြတ်သားသားဖော် ထုတ်ပြသပေးတယ်။ ဒီနှုတ်ကပတ်တော်တွေကို ဖတ်ရတာ အရမ်းဆွတ်ပျံ့ဖွယ် ကောင်းပြီး ကျွန်မတို့ရဲ့နှလုံးသားကို တန်းထိတယ်။ ကျွန်မတို့ ဘယ်လောက်နက်ရှိုင်းစွာအကျင့်ပျက်နေ တယ်ဆိုတာကို ကျွန်မတို့ တွေ့ရပြီး၊ ကျွန်မတို့ဟာ လူလို့တောင် အခေါ်ခံရဖို့ မထိုက်တန်ဘူး။ ကျွန်မတို့ ပုန်းစရာ ဘယ်နေရာမှ မရှိတာကြောင့် ဘုရားသခင်ရဲ့အမျက်ဒေါသကနေ ရှောင်ထွက်ဖို့ ကမ္ဘာမြေကြီးရဲ့ ကွဲအက်နေတဲ့နေရာတွေမှာ ကျွန်မတို့ ပုန်းအောင်းနေချင်ကြတယ်။ ဒီတရားစီရင်ခြင်းကို ဖြတ်သန်းတာကသာ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးနေခြင်းရဲ့ အမှန်တရားကို ကျွန်မတို့ တွေ့နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီး အဲဒီအခါမှာ ကျွန်မတို့ဟာ နောင်တတွေနဲ့ပြည့်ပြီး ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာကိုရော သူ့ရဲ့နိုင်ငံ တော်ဆီကို အခေါ်ခံရဖို့ကိုရော ကျွန်မတို့က မထိုက်တန်ကြဘူးဆိုတာကို သိရတယ်။ အရမ်းဖောက်ပြန်ပျက်စီးနေတာကြောင့် ကျွန်မတို့ ဘုရားသခင်ကိုတွေ့ဖို့ မထိုက်တန်ဘူး။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ပြစ်တင်ဆုံးမခြင်း မပါဘဲ ကျွန်မတို့ကိုယ်ကျွန်မတို့ အမှန်တကယ် ဘယ်တော့မှ သိမှာမဟုတ်ဘဲ ကျွန်မတို့ဟာ စာတန်ဆန်တဲ့စိတ်သဘောထားတွေနဲ့ အပြည့်အဝနေထိုင်နေတယ်ဆိုတာကို မသိဘဲနဲ့ ပါးစပ်ပြောနဲ့သာ ကျွန်မတို့ရဲ့အပြစ်တွေကို ဝန်ချတောင်းပန်နေတာဖြစ်တယ်။ ကျွန်မတို့ဟာ ဘုရားသခင်ကို အမြဲတော်လှန်ပြီး ဆန့်ကျင်နေပေမယ့် ကောင်းကင်နိုင်ငံတော်ကို ကျွန်မတို့ ရောက်နိုင်တယ်လို့ ဆက်ထင်နေကြတယ်။ ဒါဟာ အရှက်မရှိခြင်းဖြစ်ပြီး ထင်ယောင်ထင်မှားမှုဖြစ် တယ်၊ ကိုယ့်ကိုယ်ကိုယ်သိခြင်း လုံးဝမရှိကြဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို တွေ့ကြုံနေရတဲ့ ကျွန်မတို့ဟာ ကိုယ်တော့်ရဲ့နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ် တယ်ဆိုတဲ့ စစ်မှန်တဲ့ကိုယ်တွေ့အသိပညာကို ရရှိကြပြီး အဲဒါတွေက တန်ဖိုးဖြတ်လို့မရဘူး။ ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေကသာ ကျွန်မတို့ ရဲ့ဖောက်ပြန်ပျက်စီးမှုကို သန့်စင်အောင်လုပ်နိုင်မှာဖြစ် ပြီး ကျွန်မတို့ကို အပြစ်ကနေ ကယ်တင်နိုင်မှာဖြစ်တယ်။ ကိုယ်တော့်ရဲ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းကို တွေ့ကြုံမှသာ ကျွန်မတို့ရဲ့ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားတွေကို သန့်စင်ပြီး ပြောင်းလဲပစ်နိုင် မှာဖြစ်သလို ဒါမှသာ ကျွန်မတို့ဟာ ဘုရားသခင်ရဲ့အလိုတော်အတိုင်း ဆောင်ရွက်တဲ့သူတွေဖြစ်လာပြီး နိုင်ငံတော်ဆီကို ဝင်ရောက်နိုင်ဖို့ ထိုက်တန်မှာဖြစ်တယ်။ လမ်းခရီး၊ သမ္မာတရားနဲ့ အသက်ကို ကျွန်မတို့ဆီ သယ်ဆောင်လာတာဟာ နောက်ဆုံးသောကာလမှာ ပြုလုပ်မယ့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းပဲဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်ကနေမှ ကျွန်မတို့အနေနဲ့ သမ္မာတရားနဲ့အသက်ကို ရရှိပြီး ဘုရားသခင်ရှေ့မှောက်မှာ ရှင်သန်နိုင်မှာဖြစ်လို့ အဲဒါဟာ ဘုရားသခင်ဆီကနေ ရရှိတဲ့ ကြီးမားတဲ့ ကောင်းချီးမင်္ဂလာဖြစ်တယ်။

ကျွန်မတို့မိတ်သဟာယရဲ့ ဒီနေရာမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့အမှု တော်ဟာ ကျွန်မတို့ထင်ခဲ့သလောက် ရိုးရှင်းတာမဟုတ်ကြောင်း ကို ကျွန်မတို့အများစုအနေနဲ့ နားလည်ကြပြီလို့ ကျွန်မထင်တယ်။ အဲဒါဟာ ကျွန်မတို့ကို ရွေးနှုတ်ကယ်တင်ပြီး အပြစ်တွေခွင့်လွှတ်ရုံနဲ့ ပြီးသွားတာမျိုးမဟုတ်ဘဲ သူ့ရဲ့ကယ်တင်ခြင်းအမှုတော်ဟာ ကျွန်မတို့ကို ဆိုးယုတ်မှုနဲ့အပြစ်တွေကနေ အပြည့်အဝကယ်တင်ဖို့နဲ့ စာတန်ရဲ့လက်ထဲကနေ ကျွန်မတို့ကို ကယ်တင်ဖို့ဖြစ်ပြီး ဒါမှသာ ကျွန်မတို့အနေနဲ့ ဘုရားသခင်ကို နာခံနိုင်ပြီး ကိုယ်တော့်ကို ဝတ်ပြုနိုင်မှာဖြစ်တယ်။ ဒါကိုရရှိနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက တရားစီရင်ခြင်းအမှုတော်ပဲ ဖြစ်တယ်။ အခုအချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး တရားစီရင်ခြင်းအမှု တော်ကို ဆောင်ရွက်လျှက်ရှိတယ်။ ကိုယ်တော်ရဲ့ ဒီအမှုတော်ဟာ လုံးဝကြီးမားပြီး နှိုင်းယှဉ် လို့မရဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ ဟာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေပြီး စကြဝဠာကို လှုပ်ခါစေတယ်။ နောက်ဆုံးသောကာလရဲ့ ဘုရားသခင်ရဲ့ ကြီးမားတဲ့အမှု တော်ကို လူတိုင်းက ကြည့်နေကြပြီး ကမ္ဘာကြီးကို တုန်လှုပ်စေတယ်။ သမ္မာတရားကို မြတ်နိုးတဲ့လူတိုင်းဟာ နောက်ဆုံးသော ကာလရဲ့ ဘုရားသခင်ရဲ့အမှုတော်ကို စုံစမ်းစစ်ဆေးကြ ပြီး သမ္မာတရားကို မမြတ်နိုးတဲ့သူတွေကသာ မျက်စိပိတ် ထားပြီး ဘုရားသခင်ရဲ့အမှုတော်ကို ဂရုမစိုက်ကြဘူး။ ဒါပေမယ့် ဘုရားသခင်ရဲ့အမှုတော်ဟာ ဘာသာရေး လောက ဒါမှမဟုတ် မယုံကြည်တဲ့လူတွေအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူး။ အဲဒါက ရှေ့ကိုဆက်သွားပြီး တားလို့မရဘူး။ မျက်တောင်တစ်ခတ်မှာပဲ ကြီးမားတဲ့ဘေးဒုက္ခတွေ စတင်ဖြစ်ပွားနေပြီဖြစ်ပြီး ဘုရားသခင်ရဲ့ တရားစီရင် ခြင်းအမှုတော်ဟာ နောက်ဆုံးသောကာလမှာ အထွတ်အထိပ်ကို ရောက်နေပြီဖြစ်တယ်။ ကိုယ်တော့်နောက်ကိုလိုက်တဲ့လူတွေအတွက် အဲဒီ တရားစီရင်ခြင်းဟာ ဘုရားသခင်ရဲ့အိမ်တော်မှာ စတင်နေပြီဖြစ်ပြီး၊ တချို့ကို စုံလင်အောင်ပြုလုပ်ပေးပြီး အများအပြားကို ဖယ်ရှားပစ်လျှက်ရှိတယ်။ အခြားသူတွေအတွက်ကတော့၊ အဲဒါက ဘေးဒုက္ခတွေကို အသုံးပြုပြီး ဘုရားသခင်ကိုဆန့်ကျင်တဲ့ ဆိုးယုတ်တဲ့ အလုပ်ကို လုပ်တဲ့လူတွေကို တဖြည်းဖြည်းချင်း ကိုင်တွယ်သွားပြီး၊ စာတန်ဦးစီးတဲ့ ဒီဆိုးယုတ်တဲ့ခေတ်ကို အပြီးသတ် အဆုံးသတ်စေမှာဖြစ်တယ်။ အဲဒီအခါမှာ ကျွန်မတို့ဟာ ခေတ်သစ်ကို ကြိုဆိုရင်း ဝင်ရောက်မှာဖြစ်ပြီး အဲဒီအခါမှာ ခရစ်တော်ရဲ့နိုင်ငံတော်ဟာ ကမ္ဘာပေါ်မှာ ဖြစ်မြောက်လာမှာဖြစ်တယ်။ သခင်တိမ်စီးပြီးလာမှာကို စောင့်နေသေးတဲ့လူတွေက တော့ ငိုရင်း၊ အံကြိတ်ရင်းနဲ့ ဘေးဒုက္ခထဲကို ကျရောက် သွားမှာဖြစ်ပြီး ဗျာဒိတ်ကျမ်းမှာပါတဲ့ ဟောကိန်းတွေကို ဖြည့်ဆည်း သွားမှာဖြစ်တယ်။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇) အနန္တတန်ခိုးရှင် ဘုရားသခင်က ဒါကိုလည်း ပြောသွား တယ်၊ “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သည့် ခရစ်တော်နှင့် ခရစ်တော် အယောင်ဆောင်များကို ပိုင်းခြားသိမြင်ခြင်း

ဒီနေ့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော် အယောင်ဆောင်တွေကို ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါက ဘုရားအပေါ်...

ကျွန်ုပ်တို့ အပြစ်တွေခွင့်လွှတ်ခြင်းခံရသည်— သခင်သည် သူပြန်ကြွလာသောအခါ သူ၏နိုင်ငံတော်အတွင်းသို့ ကျွန်ုပ်တို့ကို တန်းတန်းမတ်မတ်ခေါ်ဆောင်မည်လော

ကပ်ဘေးတွေက ပိုပြီး ဖြစ်လာနေပါတယ်၊ ယုံကြည်သူတွေအားလုံးကလည်း ကယ်တင်ရှင်ကြွလာတာကို စိတ်ထက်ထက်သန်သန်နဲ့ စောင့်မျှော်နေကြတယ်။ သခင်နဲ့...

အမှုတော်၏ အဆင့်သုံးဆင့်အား ဘုရားတစ်ပါးတည်းက လုပ်ဆောင်ပုံကို အသိအမှတ်ပြုခြင်း

ဒီနေ့၊ ကျွန်မတို့ မိတ်သဟာယရဲ့ အကြောင်းအရာက အမှုတော်၏ အဆင့်သုံးဆင့်အား ဘုရားတစ်ပါးတည်းက လုပ်ဆောင်ပုံကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။...

ဘုရားသခင်သည် သူ၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရန်အတွက် အဘယ်ကြောင့် လူ့ဇာတိခံယူသနည်း

ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအကြောင်းကို ကျွန်တော်တို့ သုံးလေးခါလောက် ပြောခဲ့ပြီးပါပြီ။ ဒီတရားစီရင်ခြင်းအမှုကို ဘယ်သူက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။